အခန်း ၁၃၃၉
Vol. 90 Ch. 1339
အပိုင်း ( 1339 ) ရှဲ့နျန်ချင်း၏ တိုက်ခိုက်နိုင်စွမ်း။
လုမင် နှစ်ယောက် ရှိနေသည်။
လူတိုင်း အံ့ဩသွားကြသည်။ လူအချို့က ဝိညာဉ်အသိဖြင့် အကဲခတ်ကြည့်သော်လည်း လုမင်၏ အရှိန်အဝါများက အတူတူပင်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ တစ်ခုတည်းသော ခြားနားချက်ဟူ၍ လုမင်တစ်ဦးက သိုင်းတာအို၏ ရောင်ဝါဖြစ်သည်။
အခြားတစ်ဦးကတော့ ကမ္ပည်းတာအိုပင်။
ဤတွင် လုမင်နှစ်ယောက် ရှိနေသည်။ ဘာများ ဖြစ်နေပါသနည်း။ ယင်းက မည်သို့ ဖြစ်နိုင်ပါသနည်း။
လူတော်တော်များများက စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြညိ့လိုက်ကြသည်။
"လုမင်၊ အဲဒါက မင်းပဲ။ အရက်မူးအင်မော်တယ်ဝိုင်းမှာ ရှုပ်ခဲ့တဲ့သူကလည်း မင်းဖြစ်ပုံရတယ်"
ရှဲ့ချီထျန်းက တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော အံ့သြဖွယ်နည်းလမ်းများ ရှိခဲ့သည်။ လုမင်က ထိုသို့သော အံ့ဖွယ်နည်းလမ်းတစ်မျိုးကို လေ့ကျင့်ခဲ့လိမ်မည်။ ထို့ကြောင့်ပင် သူ့တွင် ကိုယ်ပွားကျင့်စဉ်နှင့် ဆင်တူသော ကိုယ်ပွား နှစ်ခု ရှိနေခြင်း ဖြစ်သည်။
ဤတွင် ရှဲ့လွမ်ကတော့ အတည်ငြိမ်ဆုံးပင်။ လုမင်တွင် အလားတူ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိမည်ဟု အစောကြီးကတည်းက သူ ခန့်မှန်းခဲ့သည်။
ထိုအချိန်က လုမင်ကို ဖူရုပ်သေးဂိုဏ်းတွင် ရှိနေသည်ကို သူခံစားခဲ့ရသော်လည်း၊ တကယ့်လုမင်က အလယ်ပိုင်းတိုက်ကြီး၏ သူတော်စင်မြို့တော်တွင် ပေါ်လာခဲ့သည်။ ထို့အတွက်ကြောင့်ပင် သူဟာ မှားယွင်းသော စီရင်ချက်ချပြီး လုမင် လေ့ကျင့်ရန် နောက်ထပ်နှစ်အနည်းငယ် ပေးခဲ့မိပေသည်။ ထိုသို့မဟုတ်ပါက လုမင်ဟာ ဤအဆင့်သို့ မည်သို့ရောက်လာပါမည်နည်း။
"ငါ့အပြင် နောက်ထပ် ဘယ်သူဖြစ်နိုင်ဦးမှာလဲ"
လုမင်က ပြုံးရုံ ပြုံးလိုက်သည်။
ရှဲ့ချီထျန်း၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။ အရက်မူးအင်မော်တယ်ဝိုင်းတွင် ပါရမီရှင်အများအပြား သေဆုံးခဲ့ကြ၏။ ရှဲ့ကျန်းပင်လျှင် အရူးတစ်ယောက် ဖြစ်လာခဲ့ရသည်။ ဤရက်ပိုင်းတွင် လူသတ်သမားကို လိုက်ရှာခဲ့သော်လည်း လူသတ်သမားက ငရဲကိုးခု နတ်ဆိုးနယ်မြေထဲသို့ ခိုးဝင်ပြီး ရှကျိုးယန်နှင့် အခြားသူများကို ကယ်တင်ခဲ့သူ လုမင် ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ့အကြည့်က လုမင်ကို ကျော်ဖြတ်ပြီး ရှဲ့နျန်ချင်းပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုအခါ ရှဲ့ချီထျန်း၏ မျက်လုံးများက အေးစက်လာတော့သည်။
"ရှဲ့နျန်ချင်း၊ မင်း ဒီနေရာမှာ ဘယ်လိုတောင် ပေါ်လာဝံ့တာလဲ။ မင်းက ရှဲ့မိသားစုရဲ့ သစ္စာဖောက်တစ်ဦးပဲ။ ရှဲ့မိသားစုကို ဆန့်ကျင်တဲ့အပြင် အပြင်လူတစ်ယောက်ကိုတောင် ကူညီပေးဝံ့တယ်"
လူတစ်ယောက်က စင်မြင့်မှ ထွက်လာပြီး ရှဲ့နျန်ချင်းကို စိုက်ကြည့်လိုက်သည်။
ထိုသူက ရှဲ့ချီထျန်း၏ ညီဖြစ်သူ ရှဲ့ချီယု ဖြစ်သည်။
"ဟင်းဟင်း၊ သစ္စာဖောက်တဲ့လား။ ပြင်ပလူကို ကူညီတာလား။ ရယ်စရာကောင်းလိုက်တာ။ ရှဲ့မိသားစုက ငါ့ကို ခွဲခြားဆက်ဆံတယ်။ ရှဲ့မိသားစုက ငါ့အပေါ်ကောင်းတာ ဘာမှမရှိခဲ့ဘူး။ ငါ့အမြင်တော့ ရှဲ့မိသားစုက ငါ့အတွက် အပြင်လူပဲ"
ရှဲ့နျန်ချင်းက ရယ်မောပြီး ရှဲ့ချီယုကို လှောင်ပြောင်လိုက်သည်။
"အတင့်ရဲလိုက်တာ၊ ရှဲ့နျန်ချင်း... မင်းသိအောင် ပြောလိုက်မယ်။ ရှဲ့မိသားစုမှာ မွေးလာကတည်းက ရှဲ့မိသားစုရဲ့ သရဲတစ္ဆေအဖြစ်နဲ့ပဲ မင်းသေရမယ်။ ရှဲ့မိသားစုရဲ့ အမိန့်ကို မင်းနာခံရမယ်။ မင်းနားမထောင်ဘူးဆိုရင် ဒါက မင်းဘိုးဘေးတွေကို သစ္စာဖောက်တာပဲ။ လူတိုင်းက မင်းကို ပြစ်တင်ကြလိမ့်မယ်"
ရှဲ့ချီယု အော်ဟစ်လိုက်သည်။
"ဟားဟား၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ၊ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ"
ဘေးနားတွင် ရှဲ့လွမ်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ သူက ရှဲ့မိသားစုဝင်များကို အထင်အမြင်သေးသောအကြည့်ဖြင့် ဝေ့ကြည့်လိုက်၏။
"မင်းရဲ့ သဘောအရ မင်းအနိုင်ကျင့်ခံရရင်တောင် မခုခံနိုင်ဘူး၊ ငြိမ်ခံနေရမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ အနေအထားက မြင့်လို့လေ။ ဒါပေမဲ့ စစ်မှန်တဲ့ ကျွမ်းကျင်သူနဲ့တွေ့ခဲ့ရင်တော့ မင်းက ကျွန်တစ်ယောက်သာ ပုံစံမျိုးနဲ့တောင် နေနိုင်တယ်။ ဒီလိုပုံစံမျိုးနဲ့ မင်း ဘယ်လိုလုပ်ပြီး ရှင်သန်နေနိုင်တာလဲ၊ မင်း သေသွားတာကမှ ပိုကောင်းဦးမယ်"
"မင်း…"
ရှဲ့မိသားစု၏ မိသားစုဝင်များ မျက်နှာဖြူဖျော့သွားကြသည်။ သူတို့က ရှဲ့လွမ်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်၏။ သို့သော်လည်း မည်သူမျှ စကားမပြောဝံ့ပေ။
ရှဲ့ချီယု၏ မျက်နှာက အေးစက်နေသော်လည်း ရှဲ့လွမ်ကိုတော့ ဘာမျှမပြောဝံ့ပေ။ ထို့ကြောင့် ရှဲ့နျန်ချင်းကိုသာ ပစ်မှတ်ထားပြီး ပြောလိုက်သည်။
"ရှဲ့နျန်ချင်း၊ မင်းရဲ့အဖေ ဒီမှာရှိတယ်နော်။ မင်းရဲ့ အကြီးအကဲတွေလည်း ရှိတယ်။ မင်း အမှားကို အခုနေ ဝန်ခံမယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်တာက မင်းရဲ့အသက်ကို ချမ်းသာပေးလိမ့်မယ်"
"ဝုန်း... ဝုန်း... ဝုန်း"
ရှဲ့ချီယု ပြောပြီးသည်နှင့် ရှဲ့နျန်ချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူမ၏ ခြေဖဝါးအောက်တွင် ကြာပန်းများ ထွက်လာခဲ့၏။
ရှဲ့နျန်ချင်းက စင်ပေါ်တွင်ဆင်းသက်ကာ လေထဲသို့ ခြေလှမ်းပြီး ပြောလိုက်သည်။
"အခု ငါ ဒီမှာရှိတယ်။ နင့်မှာ အရည်အချင်းရှိရင် ငါ့ကိုဖမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပေါ့"
ဤသည်က စိန်ခေါ်မှုတစ်ခုပင်။
ရှဲ့နျန်ချင်းက ရှဲ့မိသားစုကို စိန်ခေါ်လိုက်သည်။
ရှဲ့မိသားစုဝင်များ နှုတ်ဆိတ်သွား၏။
ရှဲ့နျန်ချင်းကို ဖမ်းဆီးရန် တစ်ယောက်ယောက်ကို စေလွှတ်ရမည်လော။ မည်သူ့ကို စေလွှတ်ရမည်နည်း။ ရှဲ့နျန်ချင်းက လူငယ်မျိုးဆက်မှ ဖြစ်သည်။ သူ့ကိုဖမ်းဆီးရန် နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့သော အဘိုးကြီးများကို မပို့လွှတ်နိုင်ဘူး မဟုတ်လား။
သို့သော်လည်း ရှဲ့မိသားစု၏ မျိုးဆက်သစ်များကြားတွင် မည်သူက ရှဲ့နျန်ချင်း၏ပြိုင်ဘက် ဖြစ်မည်နည်း။
ယခင်က ရှဲ့နျန်ကျွင်းရှိသော်လည်း ယခုတော့ ရှဲ့နျန်ကျွင်း ဤနေရာတွင် မရှိတော့ပေ။
ခဏချင်းတော့ မည်သူမျှ မလှုပ်ရှားဝံ့တော့ပါ။
"မျိုးဆက်သစ်တွေ ဖြစ်နေစရာ မလိုပါဘူး။ ဘယ်အသက်ရွယ်ပဲဖြစ်ဖြစ် လာလို့ရတယ်"
ရှဲ့နျန်ချင်း၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။
'ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် လာလို့ရတယ်'
ဤစကားများက ရှဲ့မိသားစုမှ လူတိုင်းကို ပါးဖြတ်ရိုက်လိုက်သလို ခံစားရစေခဲ့သည်။
ယင်းက လှောင်ပြောင်ခြင်းတစ်မျိုးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရှဲ့မိသားစု၏ သစ္စာဖောက်ဟု သတ်မှတ်ခံထားရသူက မျိုးဆက်သစ်လူငယ်များကြားတွင် ပြိုင်ဘက်ကင်းနေခဲ့သည်။ ထို့ပြင် ရှဲ့မိသားစုမှာလည်း သူ့ကို ဖမ်းဆီးနိုင်သော မျိုးဆက်သစ်များ မရှိပေ။
ယင်းက ရှဲ့မိသားစု၏ မိသားစုဝင်များကို ရှက်ရွံ့သွားစေခဲ့သည်။
'ဒီကောင်မ တမင်သက်သက် လုပ်နေတာပဲ။ သူက ရှဲ့မိသားစုကိ အရှက်ခွဲနေတာ'
ရှဲ့ချီယုက စိတ်ထဲမှ အော်ဟစ်လိုက်သည်။
"ရှဲ့နျန်ချင်း၊ ငါ မင်းကိုဖမ်းဖို့ လာပြီ"
အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ထွက်လာခဲ့သည်။
ထိုလူက အသက်လေးဆယ်ခန့် ရှိပုံရပေသည်။ သို့သော်လည်း တကယ်တမ်း သူ့အသက်က အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် ရှိနေပြီ ဖြစ်သည်။ သူက လုမင်တို့ထက် မျိုးဆက်နှစ်ခုထက် အသက်ကြီးပေသည်။
"ဝုန်း"
ထိုလူက ရှဲ့နျန်ချင်းအရှေ့တွင် ဆင်းသက်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့၏။
အဆင့်ရှစ် ဝိညာဉ်နတ်ဘုရား။
"ရှဲ့နျန်ချင်း၊ အညံ့ခံစမ်း"
လူကြီးက သူ့လက်ကိုဆန့်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ သူက ယွမ်ချီစွမ်းအင် လက်တစ်ဖက်ကို ဖွဲ့တည်ကာ ရှဲ့နျန်ချင်းကို ဖမ်းဆုပ်လိုက်၏။
"နင် တိုက်ခိုက်ပြီးကတည်းက သေဆုံးဖို့လည်း အသင့်ပြင်ထားသင့်တယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။ သူမ၏အသံက သူမ၏အကြည့်ကဲ့သို့ အေးစက်နေဆဲပင်။
သူမက သွယ်လျသောလက်တစ်ဖက်ကို ရှေ့သို့ဆန့်ပြီး အနည်းငယ် ဖိချဟန်ပြုလိုက်သည်။
ကောင်းကင်နတ်ဆိုးပိုင်နက်က ကြံ့ခိုင်သန်မာပုံရသော လူကြီးကို ဖိနှိပ်လိုက်၏။
"ဝုန်း"
ထိုလူကြီးမှာ သူ့ခန္ဓာကိုယ် ပေါက်ကွဲမသွားခင် အော်ဟစ်ရန်ပင် အချိန်မရခဲ့ပေ။ ထို့နောက် ကောင်းကင်နတ်ဆိုး ပိုင်နက်အောက်တွင် ပြာများနှင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"အရမ်းသန်မာတယ်"
လူများစွာတို့ ရင်တလှပ်လှပ် ဖြစ်သွားသည်။
အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးမှာ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ပြာများအဖြစ် ပြောင်းလဲသွားရသည်။
သန်မာလွန်းပေသည်။
ဤနေရာတွင် ကျွမ်းကျင်သူများ စုရုံးရောက်ရှိခဲ့ကြသည်။ မည်သည့် သိုင်းအုပ်ချုပ်သူမဆို ထိုသို့ လွယ်လွယ်ကူကူ လုပ်နိုင်စွမ်းရှိ၏။ သို့သော်လည်း ရှဲ့နျန်ချင်း၏အသက်က ဘယ်လောက်ရှိသေးပါသနည်း။ သူမက ယခုမှ အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည်။
ရှဲ့နျန်ချင်းက လုမင်နှင့် အတူရှိခဲ့သည်။ လုမင်၏ စွမ်းဆောင်မှုက မြင့်မားလွန်းသဖြင့် လူတိုင်းက ရှဲ့နျန်ချင်း၏ တည်ရှိမှုကို မေ့လျော့ခဲ့ပေသည်။
ယခုတော့ ရှဲ့နျန်ချင်းအပေါ် သူတို့၏အမြင်ကို ပြန်လည်အကဲဖြတ်ရတော့မည် ဖြစ်သည်။
သူ့အသက်အရွယ်တွင်၊ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို တစ်ကြိမ်တည်းဖြင့် ပြာအဖြစ် ပြောင်းလဲနိုင်သူက အများအပြား မရှိပေ။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ။ သူက မတူညီတဲ့ အထူးတစ်ခုပဲ"
လူများထဲတွင် ရှဲ့ယန်၊ ရှဲ့နျန်လင်းနှင့် ရှဲ့မိသားစု၏ အခြား ပါရမီရှင်များ တုန်လှုပ်သွားကြသည်။
ရှဲ့နျန်ချင်း၏ လုပ်ရပ်က ရှဲ့မိသားစု၏ မျိုးဆက်သစ် လူငယ်များအတွက် ထိုးနှက်ချက်ကြီးတစ်ခုပင်။
ယခင်က ရှဲ့နျန်ချင်းဟာ သူတို့အမြင်တွင် အသွင်ကွဲတစ်ဦး ဖြစ်သည်။ သို့သော်၊ ယခုအခါ ထိုအသွင်ကွဲက သူတို့ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။
ဤအပြောင်းအလဲက လက်ခံနိုင်ရန် ခက်ခဲသည်။
"ရှဲ့မိသားစု၊ နောက်ထပ် ဘယ်သူ တိုက်ခိုက်ချင်သေးလဲ"
ရှဲ့နျန်ချင်း၏ အေးစက်သောအသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ရှဲ့မိသားစုမှ တိတ်ဆိတ်နေပြီး အသံမထွက်ကြပေ။
ဘယ်သူ တိုက်ခိုက်ချင်သေးလဲ။
အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်ပင် တစ်ကြိမ်တည်းဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားရသည်။ ရှဲ့နျန်ချင်း၏ တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံးတော့ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ။
သို့ဖြစ်လျှင်၊ ရှဲ့မိသားစုက မျိုးဆက်သစ်တစ်ဦးနှင့် ဆက်ဆံရန် အဓိပတိတစ်ဦးကို စေလွှတ်ရမည်လော။
"အတင့်ရဲလိုက်တာ၊ ဒီလောက် ရက်စက်ပြီးတော့ ကိုယ့်မိသားစုဝင်ကို သတ်ဝံ့တယ်။ ဒီနေ့ မင်းကို သင်ခန်းစာကောင်းကောင်း ပေးရမယ်"
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ရှဲ့ချီယုက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ အဓိပတိ အရှိန်အဝါများက ရှဲ့နျန်ချင်းကို ဖိနှိပ်လိုက်၏။
"ဟားဟားဟား၊ နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့တဲ့ မျိုးဆက်ဟောင်းတစ်ဦးက မျိုးဆက်သစ်တစ်ဦးကို တိုက်ခိုက်ဖို့ ကြိုးစားနေပြီး ဒီလို ဂုဏ်သိက္ခာရှိတဲ့ ပုံစံမျိုးနဲ့ ပြောနိုင်တယ်။ ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ"
လုမင်က လှောင်ပြောင် ရယ်မောလိုက်သည်။ သူ့အသံက အဝေးကို ပျံ့လွင့်သွား၏။
ရှဲ့ချီယု၏ မျက်နှာက နီရဲသွားခဲ့သည်။ သို့သော်လည်း လုမင်၏စကားကို ဂရုမစိုက်နိုင်တော့ပေ။ သူက ရှဲ့နျန်ချင်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်လာခဲ့သည်။
"ဒူးထောက်"
ရုတ်တရက်၊ ရှဲ့ချီယုက အော်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။ ဤအရှိန်အဝါက ကြောက်မက်ဖွယ် ဖိအားတစ်ခုအဖြစ်နှင့် ရှဲ့နျန်ချင်းကို ဖိနှိပ်လာတော့သည်။
ဤဖိအားက အဓိပဓိတစ်ပါး၏ ဖိအား ဖြစ်သည်။ မျိုးဆက်သစ်လူငယ်အနည်းငယ်သာ ယင်းကို ရင်ဆိုင်နိုင်လိမ့်မည်။ ဤဖိအားအောက်တွင် အများစု ဒူးထောက်ကြရမည် ဖြစ်သည်။