← Chapters

အခန်း ၁၃၄၀

Vol. 90 Ch. 1340

အခန်း ၁၃၄၀

Vol. 90 Ch. 1340

အပိုင်း ( 1340 ) တိုက်ပွဲစတော့မည်။

သို့ရာတွင်၊ ဖိအားများက လေနုအေးကဲ့သို့ဖြစ်ပြီး မည်သို့မျှ မခံစားရပေ။ သူမ၏ အဝတ်အစားများပင် လှုပ်ရှားမှုမရှိပါ။

"ဒူးထောက်ရမှာက နင်ပဲ"

ရှဲ့နျန်ချင်းက သူမ၏ ကျောက်စိမ်းလက်ကို ရှေ့သို့ ဖိချလိုက်သည်။ ကောင်းကင်နတ်ဆိုးပိုင်နက်က ရှဲ့ချီယုကို ဖုံးအုပ်သွား၏။

ကောင်းကင်ကင်နတ်ဆိုးပိုင်နက်၏ အစွမ်းထက်သော စွမ်းအားနယ်ပယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားက ရှဲ့ချီယု‌အပေါ် ချက်ချင်း ဖိနှိပ်လာတော့သည်။

ရှဲ့ချီယု၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ရာနှင့်ချီသော တောင်များက သူ့အပေါ် ကျရောက်နေသလို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားပြီး ဒူးထောက်လုနီးပါး ဖြစ်သွားတော့သည်။

"ပျက်စီးစမ်း"

ရှဲ့ချီယု ဟိန်းဟောက်လိုက်သည်။ သူက ကောင်းကင်နတ်ဆိုးပိုင်နက်ကို တွန်းလှန်ရန် တာအိုနယ်မြေသန္ဓေ(ဒိုမိန်းသန္ဓေ)ကို ထုတ်ဖော်လိုက်သည်။

ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးအငွေ့အသက်က ပို၍ သိပ်သည်းလာခဲ့သည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ ပုလဲလုံးတစ်ခု ပေါ်လာခဲ့၏။ ချက်ချင်းဆိုသလိုပင် သူမ၏ ကောင်းကင်နတ်ဆိုးပိုင်နက် စွမ်းအားက အလွန်တရာ တိုးတက်လာတော့သည်။

ရှဲ့နျန်ချင်းက သူမ၏လက်ကို ရှေ့သို့ဆန့်ပြီး တစ်ဖန် ဖိချလိုက်သည်။

"ဝုန်း"

ရှဲ့ချီယု၏ တာအိုနယ်မြေသန္ဓေက ပြိုကျသွားခဲ့သည်။ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း လူတိုင်း၏ မျက်စေ့ရှေ့မှာပင် တိုက်ရိုက် ဒူးထောက်ကျသွားတော့သည်။

"ဒုန်း"

ရှဲ့ချီယုမှာ ရှဲ့နျန်ချင်း၏ ရှေ့တွင် ဒူးထောက်ခဲ့ရသည်။

"အား"

ရှဲ့ချီယု အော်ဟစ်ပြီး ဒေါသတကြီး ရုန်းကန်လိုက်သည်။ သူ့မျက်နှာကလည်း မည်းမှောင်သွား၏။

မျိုးဆက်ဟောင်းတစ်ဦးဖြစ်ပြီး မျိုးဆက်သစ်တစ်ဦးကို လှုပ်ရှားရကတည်းက သူ မျက်နှာပျက်သွားပြီ ဖြစ်သည်။ သို့သော်လည်း အဆုံးတွင် ရှဲ့နျန်ချင်းကို မဖိနှိပ်နိုင်သည့်အပြင် တိုက်ပွဲတောင်မှ မဖြစ်ခဲ့ရပေ။ ထိုအစား မရေမတွက်နိုင်သော လူများ၏ရှေ့တွင် ရှဲ့နျန်ချင်းရှေ့မှာ အတင်းအကျပ် ဒူးထောက်ခိုင်းခြင်း ခံခဲ့ရသည်။

ယင်းက အရှက်ဗြန်းဗြန်းကွဲခြင်းပင်။

သူ စိတ်ဆိုးသည်၊ ဟိန်းဟောက်ပြီး ရုန်းကန်လိုက်၏။ သို့သော်လည်း ရှဲ့နျန်ချင်း၏ ကောင်းကင်နတ်ဆိုးပိုင်နက်ရှေ့တွင် အသုံးမဝင်ခဲ့ပေ။

ရှဲ့နျန်ချင်းဟာ နတ်ဆိုးတာအို အဓိပဓိကြီး၏ အမွေကို ရရှိခဲ့သည်။ သူ၏ နတ်ဆိုးတာအို ကျင့်ကြံခြင်းက အနှိုင်းမဲ့ သန့်စင်ပြီး အစွမ်းထက်၏။ ထို့အပြင်၊ ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။ သူမ၏ ခွန်အားဖြင့် သာမန် အဓိပဓိတစ်ပါးကို သတ်ဖြတ်ခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ ရိုးရှင်းသည်။

ရှဲ့ချီယုက ရှဲ့နျန်ချင်း၏ရှေ့တွင် ခုခံရန်ပင် အင်အားမရှိပေ။

"သတ်"

ရှဲ့နျန်ချင်းက ‌လျစ်လျူရှုစွာ ပြောလိုက်သည်။ သူမ၏မျက်လုံးများက အေးစက်သွား၏။ သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဓားကဲ့သို့ လက်ချောင်းများဖြင့် ရှဲ့ချီယုကို ခုတ်ပိုင်းလိုက်တော့သည်။

အနက်ရောင်ကြာပန်းပွင့်အချို့ကလည်း သူမ၏ လက်ချောင်းထိပ်တွင် ပေါ်လာကာ ကြာပန်းဓားသွားအဖြစ် ဖွဲ့တည်လာတော့သည်။

"အတင့်ရဲလိုက်တာ၊ မင်း လုပ်ဝံ့လား"

ကောင်းကင်တွင် ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်ချက်လှမ်းပြီး ရှဲ့နျန်ချင်း၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ သိုင်းအုပ်ချုပ်သူတစ်ပါး၏ ဖိအားက ရှဲ့နျန်ချင်းကို ဖိနှိပ်လာတော့သည်။

၎င်းက ရှဲ့မိသားစု၏ သိုင်းအုပ်ချုပ်သူ ဖြစ်သည်။

"ဝုန်း"

တစ်ချိန်တည်းမှာပင် ဆံပင်ဖြူ သိုင်းအုပ်ချုပ်သူက ‌လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်၏။ တောင်လုံးတမျှ ကြီးမားသော လက်ဝါးပုံရိပ်တစ်ခုက ရှဲ့နျန်ချင်းကို ဖမ်းဆုပ်လာတော့သည်။

ရှဲ့နျန်ချင်း၏ အမူအရာ ပြောင်းသွားသည်။

သူမ၏ ခွန်အားဖြင့် သာမာန် အဓိပတိကို အလွယ်တကူ သတ်နိုင်သော်လည်း သူမနှင့် သိုင်းအုပ်ချုပ်သူကြားမှာတော့ ကွာဟချက်တစ်ခု ရှိသေးသည်။

ရှဲ့နျန်ချင်းက ရှဲ့ချီယုကိုလွှတ်ပေးပြီး တိုက်ခိုက်မှုကို တားဆီးရန် ဟန်ပြင်လိုက်ချိန်တွင် သူမ၏ နားထဲမှ အသံတစ်ခု ကြားလိုက်ရသည်။

ထို့နောက်မှာတော့ ကြာပန်းဓားကို မရပ်တန့်တော့ဘဲ ရှဲ့ချီယုကို ဆက်လက်ခုတ်ပိုင်းလိုက်တော့သည်။

"မဟုတ်ဘူး"

ရှီချီယု ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

"သမီးမိုက်"

"မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ"

ကောင်းကင်တွင် ရှဲ့ချီထျန်းနှင့် ဆံဖြူသိုင်းအုပ်ချုပ်သူက ဟိန်းဟောက်လိုက်၏။ ဆံဖြူသိုင်းအုပ်ချုပ်သူ၏ လက်ဝါးပုံရိပ်က စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ပြီး ပို၍ ကြောက်စရာကောင်းသော စွမ်းအားများဖြင့် ရှဲ့နျန်ချင်းဆီသို့ ကျရောက်လာတော့သည်။

"ဂုဏ်သိက္ခာရှိတဲ့ သိုင်းအုပ်ချုပ်သူတစ်ပါးက အခြားသူနဲ့ ပူးပေါင်းပြီး မျိုးဆက်သစ်တစ်ဦးကို တိုက်ခိုက်နေတယ်။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်တဲ့ အပြုအမူလဲ။ မင်းက တိုက်ခိုက်ချင်ရင် ငါ မင်းနဲ့ အဖော်ပြုပေးမယ်"။

ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဆံဖြူ အဘိုးကြီး ရှေ့တွင် ငယ်ရွယ်နုပျိုသော အသွင်အပြင်တစ်ခု ပေါ်လာခဲ့၏။ ယင်းက ဒုတိယခန္ဓာ လုမင် ဖြစ်သည်။

ဒုတိယခန္ဓာ လုမင်က ဓားကဲ့သို့ လက်ညိုးတစ်ချက်ညွှန်လိုက်သည်။ ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။

ဓားအလင်းက ဆံဖြူအဘိုးကြီး၏ လက်ဝါးပုံရိပ်ကို အလွယ်တကူ ပိုင်းဖြတ်သွား၏။ ထိုမျှသာမကဘဲ ဓားအလင်းက ဆံပင်ဖြူအဘိုးကြီးထံ ဆက်လက် တိုးဝင်လာတော့သည်။

"အား"

ထိုအချိန်တွင် အောက်ဘက်မှ အော်သံတစ်ခု ကြားလိုက်ရသည်။

သွေးများ ဖြာရဲလာပြီး ရှဲ့ချီယု၏ ဦးခေါင်းက အဝေးကို လွင့်ထွက်သွားတော့သည်။

သူ၏ နတ်ဘုရားဝိညာဉ်က ပျံထွက်လာသော်လည်း ကောင်းကင်နတ်ဆိုးပိုင်နက်၏ အဖျက်စွမ်းအားအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားရသည်။

"အား"

ရှဲ့ချီယု သေဆုံးသွားသည်နှင့်တပြိုင်နက် အထက်ကောင်းကင်ယံမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။

ဆံဖြူအဘိုးကြီး အရူးအမူး ဆုတ်ခွာသွား၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး လက်တစ်ဖက် မရှိတော့ပေ။

သူ့မျက်လုံးများမှာလည်း ကြောက်ရွံ့မှုတို့ ပြည့်နှက်နေခဲ့သည်။ ယခုလေးတင် သူ နောက်ဆုတ်ခြင်း မမြန်ဆန်ခဲ့ပါက သူ့ခန္ဓာကိုယ်တစ်ခုလုံး လုမင်ကြောင့် ထက်ခြမ်းကွဲသွားနိုင်လောက်သည်။

"သတ်"

လုမင်က ရှေ့သို့တိုးလိုက်သည်။ သူ့အဝတ်အစားများက တဖျတ်ဖျတ်ခတ်နေပြီး အားကောင်းသော သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့၏။ သူ့လက်ချောင်းများက အလင်းရောင်လက်သွားပြီး ဆံဖြူအဘိုးကြီးထံသို့ ဓားအလင်းတစ်ခု ထပ်မံ တိုးဝင်သွားတော့သည်။

ဤဓားအလင်း၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ဤဓားအလင်းအောက်တွင် ကောင်းကင်က ပွင့်ပြီး မြေပြင် ပြိုကျသွားရ၏။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားက ဆံဖြူအဘိုးကြီးကို ထိတ်လန့်စေရုံသာမက ရှဲ့မိသားစု၏ အခြားသိုင်းအုပ်ချုပ်သူများကိုပင် တုန်လှုပ်စေခဲ့သည်။ သို့သော်၊ သူတို့ ကူညီချင်သည့်အချိန်တွင် များစွာ နောက်ကျသွားခဲ့ပြီ။

"ဝှစ်"

ရုတ်တရက်၊ သန့်စင်သော အလင်းရောင်တစ်ခုက လှံတစ်ခုထဲသို့ သိပ်သည်းလာခဲ့သည်။ ယင်းက လေထုကိုထိုးဖောက်ပြီး လုမင်ဆီသို့ ပစ်လွှတ်လိုက်၏။

ကြောက်စရာကောင်းသော စွမ်းအားက လုမင်၏ မျက်လုံးများကို အေးစက်သွားစေခဲ့သည်။ လုမင်လည်း ဓားအလင်းကို လမ်းကြောင်းပြောင်းကာ သန့်စင်သော အလင်းလှံဆီသို့ ခုတ်လိုက်သည်။

"ထန်"

ပြင်းထန်စွာ တိုက်မိသော အသံတစ်ခကို ကြားလိုက်ရ၏။ ဓားအလင်းနှင့် လှံက တစ်ချိန်တည်း ပျောက်ကွယ်သွားတော့သည်။

ဒုတိယခန္ဓာ လုမင်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ရှဲ့မိသားစု၏ သိုင်းအုပ်ချုပ်သူများထဲမှ ဆံပင်ဖြူ အဘိုးအိုတစ်ဦး ထွက်လာခဲ့၏။

သန့်စင်သော အလင်းရောင်က သူ့လက်ထဲတွင် လှုပ်ရှားနေပြီး အခြားလှံတစ်ချောင်းအဖြစ် သိပ်သည်းသွားတော့သည်။

"ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်"

‌ကောင်းကင်နတ်ဘုရားတပ်မဟာမှ သိုင်းအုပ်ချုပ်သူတစ်ပါးက

လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဤဆံဖြူအဘိုးကြီးက အမှန်တကယ်ပင် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူ ဖြစ်သည်။

"ရှဲ့စန်းချုံး၊ သူက ရှဲ့စန်းချုံးပဲ"

တစ်စုံတစ်ယောက်က ထိုအဘိုးကြီးကို မှတ်မိသောကြောင့် အော်ပြောလိုက်၏။

"အဲဒါက သူပဲ"

ထိုအဘိုးကြီး၏ နာမည်ကို ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားကြသည်။

ရှဲ့စန်းချုံးသည် ရှဲ့မိသားစု၏ ယခင် သူတော်စင်ဧကရာဇ်၏ညီ ဖြစ်သည်။ သူက ရှဲ့ချီထျန်း၏ ဦးလေးဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ထိုအဘိုးကြီးက အလွန်ထက်မြက်ပြီး ယခင် သူတော်စင်ဧကရာဇ်ထက်ပင် ပို၍ အရည်အချင်းမြင့်မားသည်။ သို့ရာတွင် သူက မဟာလမ်းစဉ်အတွက် တိုင်းတပါးသို့ ထွက်သွားပြီဟု ကောလဟာလများ ထွက်နေခဲ့ပေသည်။ လူအများက သူ့ကို တိုင်းတပါးတွင် သေဆုံးသွားပြီဟု ထင်ထားခဲ့သော်လည်း သူတော်စင်မြို့တော်အား စောင့်ရှောက်လျက် အသက်ရှင်နေဦးမည် မမျှော်လင့်ခဲ့ကြပေ။

ရှဲ့မိသားစု၏ လျှို့ဝှက်အင်အားက အမှန်တကယ် အံ့မခန်းပင်။

"မျိုးဆက်တိုင်းမှာ ထူးချွန်သူတွေ အမှန်တကယ် ရှိနေကြတာပဲ။ လုမင်... မင်းရဲ့ အရည်အချင်းက တကယ်ကို မကြုံစဖူးပါပဲ။ ငါ မင်းရဲ့ ပြိုင်ဘက် ဖြစ်ပါရစေ"

ရှဲ့စန်းချုံး၏ လက်ထဲမှ လှံအလင်းက ပို၍ တောက်ပလာခဲ့သည်။

"ဟားဟားဟား၊ ရှဲ့စန်းချုံး... မင်းရဲ့ပြိုင်ဘက်က ငါဖြစ်သင့်တယ်"

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားတပ်မဟာ၏ စစ်ဦးစီးချုပ်ဟောင်းက ရယ်မောကာ ပြောလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး မျက်လုံးများမှာလည်း တိုက်ခိုက်ချင်စိတ်တို့ ပြည့်နှက်သွား၏။ သူက လေထဲသို့လှမ်းပြီး ရှဲ့စန်းချုံးဆီကို ရင်ဆိုင်လိုက်တော့သည်။

ရှဲ့စန်းချုံး၏ မျက်နှာက တည်ကြည်သွားသည်။ စစ်ဦးစီးချုပ်ဟောင်း၏ ကျင့်ကြံခြင်းအခြေခံက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီး သူထက် အားနည်းသည်မဟုတ်ပေ။ ထို့ကြောင့် သတိလက်လွတ်မဖြစ်ဝံ့ပါ။

"ကောင်းကင်နတ်ဘုရားတပ်မဟာ၊ မင်းတို့ သစ္စာဖောက်အားလုံးကို ဒီနေ့ ကွပ်မျက်မယ်"

ရှဲ့ချီယုက အေးစက်စက်ဖြင့် ငေါက်ငမ်းပြီး အရှိန်အဝါများကို ပေါက်ကွဲလိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ရှဲ့မိသားစု၏ သိုင်းအုပ်ချုပ်သူ တစ်ဒါဇင်ကျော်ကလည်း သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က ကောင်းကင်နတ်ဘုရားတပ်မဟာကို ရင်ဆိုင်လိုက်၏။

ကောင်းကင်နတ်ဘုရားတပ်မဟာကည်း အောက်ကျမခံပေ။ သိုင်းအုပ်ချုပ်သူ တစ်ဒါဇင်ကျော်က အရှိန်အဝါများ ပေါက်ကွဲပြီး ရှဲ့မိသားစု၏ သိုင်းအုပ်ချုပ်သူများနှင့် ရင်ဆိုင်ခဲ့ကြသည်။ လေထုက တင်းမာနေပြီး တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲတော့မည်။

"ဝမ်"

ထိုအချိန်တွင် ရွှေရောင်ဓားအလင်းတန်းတစ်ခုက ကောင်းကင်သို့ လွင့်ပျံလာခဲ့သည်။ သိုင်းအုပ်ချုပ်သူ အရှိန်အဝါများကြားတွင်ပင် ၎င်းက ပြိုးပြိုးပြက်ပြက်နှင့် ထူးကဲစွာ တောက်ပနေသေးသည်။

တိရီ။

သူက လုမင်ကို သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"လုမင်၊ မင်းနဲ့ ဆက်ဆံဖို့ အချိန်တန်ပြီ"

တိရီ၏ အစွမ်းထက်သော အရှိန်အဝါများက လုမင်ကို ဖိနှိပ်လာခဲ့သည်။

"ဝုန်း"

ထိုအခိုက်တွင် နတ်ဆိုးအရှိန်အဝါများနှင့် ရှဲ့လွမ်က ရှေ့သို့ လှမ်းလိုက်၏။

"တိရီ၊ မင်းရဲ့ပြိုင်ဘက်က ငါပဲ"

သို့သော်လည်း ရှဲ့လွမ်ရှေ့တွင် ရွှေရောင်ရုပ်သွင်တစ်ခု ပေါ်လာပြီး သူ့ကို ပိတ်ဆို့လိုက်သည်။

"ရှဲ့လွမ်၊ အရင်တိုက်ပွဲမှာ အောင်နိုင်သူကို မဆုံးဖြတ်ခဲ့ဘူး။ ဒီနေ့ ဆက်လိုက်ကြရအောင်"

ထိုသူက အေးစက်စက်ဖြင့် ပြောလိုက်၏။ ယင်းက တိဟုန်ချန် ဖြစ်တော့သည်။

All Chapters