← Chapters

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အပိုင်း ( 1341 ) ဧကရာဇ်ကျိုးယန်နှင့် ဧကရာဇ်ရီ။

‌အခြေအနေက တင်းမာလာပြီး တိုက်ပွဲစတင်တော့မည်။

ထိုအချိန်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"တိရီ၊ တိုက်ခိုက်ကြရအောင်"

"ဝှစ်"

လုမင်ရှေ့မှာ လူတစ်ယောက်ပေါ်လာပြီး တိရီကို ရင်ဆိုင်လိုက်၏။

ဧကရာဇ်ကျိုးယန်ဖြစ်သော ရှကျိုးယန် ဖြစ်သည်။

ရှကျိုးယန်၏ တစ်ကိုယ်လုံးကို တောက်လောင်နေသော နေကဲ့သို့ မီးတောက်များက ဖုံးလွှမ်းသွားခဲ့သည်။

"ရှကျိုးယန်၊ မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား။ ဟားဟားဟား... မင်း သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်‌ကျော်သွားရင်တောင် ငါ့ကို တိုက်ခိုက်ချင်ရင် အဝေးကြီးလိုသေးတယ်"

တိရီ လှောင်ပြောင်ရယ်မောလိုက်သည်။

"တိရီ၊ မင်း ငါ့ကိုသတ်ဖို့ ကြိုးစားကတည်းက ငါတို့ကြားမှာ ဘာမှမရှိတော့ဘူး၊ ငါ မင်းအပေါ်တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ပြီးသွားပြီ။ ဒါပေမဲ့ မင်း ငါ့အပေါ်တင်နေတဲ့ အကြွေးတွေတော့ မင်း မဆပ်ရသေးဘူး။ ဒီနေ့ မင်းနဲ့ ငါ တိုက်ခိုက်ရလိမ့်မယ်။ မဟုတ်လို့ ဒီနေ့မတိုက်ခိုက်ရင် အနာဂတ်မှာ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"

ရှကျိုးယန်က ပြောလိုက်သည်။

"အနာဂတ်မှာ နောက်ထပ်အခွင့်အရေး မရတော့ဘူးလား။ ရှကျိုးယန်၊ မင်းက ကိုယ့်အကြောင်းကို သိတာပဲ။ ဒီနေ့ မင်းသေတော့မယ်ဆိုတာ သိနေတာလား"

တိရီ လှောင်ပြောင်လိုက်၏။

ရှကျိုးယန်က ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။

"ငါဆိုလိုတာက ဒီနေ့သေမဲ့သူဟာ မင်းပဲ။ ဒါကြောင့် ငါတို့မှာ နောက်ထပ်အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"

"ငါက သေရမယ့်သူ... ဟုတ်စ၊ ဟားဟားဟား... ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။ ရှကျိုးယန်... မင်းက သေချင်တာဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

တိရီက လှောင်ရယ်ပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ရွှေရောင် ဓားစွမ်းအင်က ပို၍ အရှိန်အဝါကြီးမားလာတော့သည်။

လုမင်က မတားဆီးဘဲ ရပ်ကြည့်နေခဲ့သည်။ ရှကျိုးယန်၏ နှလုံးသားထဲတွင် ကြိုးထုံးရှိကြောင်း လုမင် သိထား၏။ ၎င်းက တိရီ ဖြစ်သည်။

ယနေ့တွင် တိရီနှင့် သူတိုက်ခိုက်ရလိမ့်မည်။ အောင်နိုင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ တိုက်ခိုက်ရမည်သာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရှကျိုးယန်၏ သူ့နှလုံးသားထဲမှ ထုံးဖွဲ့မှုဟာ ချိုးဖျက်ရန်ခက်ခဲပြီး သူ၏ အနာဂတ်ကျင့်ကြံမှုကလည်း တိုးတက်ရန် ခက်ခဲတော့မည်သာ ဖြစ်သည်။

"ဆရာ၊ ဒီမျှော်စင်ကို ယူလိုက်"

ရန်ခွမ်းစုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဧကရာဇ်ဝိညာဉ်မျှော်စင်က ရှဲ့ကျိုးယန်ဆီသို့ ပျံသန်းသွား၏။

ရှကျိုးယန်လည်း ဧကရာဇ်ဝိညာဉ်မျှော်စင်ကို ဖမ်းလိုက်သည်။ ထိုအခါ ရှကျိုးယန်နှင့် ပဲ့တင်ထပ်နေသကဲ့သို့ ဧကရာဇ်ဝိညာဉ်မျှော်စင်က အနည်းငယ် တုန်ခါသွား၏။ နယ်မြေစက်ဝိုင်းတစ်ခု ပွင့်လာပြီး ရှကျိုးယန်နှင့် ပေါင်းစည်းသွားတော့သည်။

ဧကရာဇ်ဝိညာဉ်မျှော်စင်က မီးကိုအခြေခံသော ဧကရာဇ်ဝိညာဉ်လက်နက် ဖြစ်သည်။ ရှကျိုးယန်က နေကိုးစင်းသွေးမျိုးဆက်ကို နိုးထခဲ့၏။ ယခုအခါ သူက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွားပြီး နေကိုးစင်းနတ်ခန္ဓာကိုလည်း လေ့ကျင့်ပြီးသွားပြီ။ သူ့ခန္ဓာကိုယ်ကို နေမီးတောက်များက ဖုံးလွှမ်းသွားခဲ့သည်။

ရှကျိုးယန်က ဧကရာဇ်ဝိဉာဉ်မျှော်စင်ကို ဖမ်းယူပြီးသည်နှင့် သူ၏စိတ်နှင့် ချိတ်ဆက်ကာ ထိန်းချုပ်လိုက်သည်။

ဟုတ်ပေသည်၊ ယင်းမှာ ရန်ခွမ်းစုက မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်၊ ဧကရာဇ်ဝိညာဉ်မျှော်စင်ကို ရန်ခွမ်းစုက ပထမဆုံး သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ရန်ခွမ်းစုသာ ယင်းကို တမင် ချုပ်ကိုင်ထားပါက ရှကျိုးယန် အသုံးပြုနိုင်မည် မဟုတ်ပေ။

"ရှကျိုးယန်၊ မင်းမှာ အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက် ရှိနေရင်တောင် ဘာဖြစ်လဲ။ ငါ့ကို ဆန့်ကျင်နိုင်မယ် မထင်နဲ့၊ သတ်"

တိရီက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့လက်ဝါးကို လွှဲခုတ်လိုက်သည်နှင့် ရွှေရောင်ဓားအလင်းက ရှကျိုးယန်ဆီသို့ ဖြတ်သွား၏။

"နေကိုးစင်း နတ်ဘုရားလက်သီး"

ရှကျိုးယန်ထံမှ ပို၍ တုန်လှုပ်ဖွယ်ကောင်းသော မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်းက နေရောင်တောက်နေသကဲ့သို့ပင်။

"ဝုန်း... ဝုန်း... ဝုန်း"

ရှကျိုးယန်က လက်သီးကိုးချက်ကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ နေကိုးစင်းကဲ့သို့ လက်သီးအင်အားကိုးခုက တိရီဆီသို့ တိုးဝင်သွား၏။

ရွှေရောင်ဓားအလင်း ပြိုကျသွားသလို နေကိုးစင်းကဲ့သို့ လက်သီးအင်အားကိုးခုလည်း တစ်ခုပြီးတစ်ခု ကွဲအက်သွားတော့သည်။

"ဝမ်"

ဧကရာဇ်ဝိညာဉ်မျှော်စင်က တုန်ခါသွားခဲ့သည်။ ယင်းက‌ တောင်လုံးတမျှ ကြီးမားလာပြီး တိရီဆီသို့ ဦးတည်သွား၏။

"ဝုန်း"

တိရီက ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်ရာ ဧကရာဇ်ဝိညာဉ်မျှော်စင်နှင့် တိုက်မိပြီး နှစ်ခုစလုံး ပြိုကျသွားတော့သည်။

"ထပ်လာမယ်"

ရှကျိုးယန်က ဟိန်းဟောက်လိုက်သည်။ သူ၏ တာအိုနယ်မြေက ဧကရာဇ်ဝိညာဉ်မျှော်စင်၏ တာအိုနယ်မြေနှင့် ပေါင်းစည်းသွားခဲ့သည်။ ဧကရာဇ်ဝိဉာဉ်မျှော်စင်၏ စွမ်းအားက ရန်ခွမ်းစုထံတွင် ရှိစဉ်ကထက် အဆများစွာ အားကောင်းလာ၏။ သူက တိရီဆီသို့ တစ်ဖန် ရိုက်ထုတ်လိုက်တော့သည်။

"ဧကရာဇ်ဓား"

တိရီ၏ မျက်လုံးများ အေးစက်သွားသည်။ ဧကရာဇ်တစ်ပါးကဲ့သို့ အငွေ့အသက်များနှင့် ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ဓားအလင်းက လူတိုင်းကို ဦးညွှတ်စေသည့် ဘုန်းအာနုဘော်အပြည့်ဖြင့် ထွက်ပေါ်လာတော့သည်။

ဤဓားအလင်း၏ စွမ်းအားက အံ့မခန်း ဖြစ်သည်။

တိရီက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် သူ့အင်အားကို စတင် ထုတ်ဖော်ပြခဲ့သည်။

"ဝုန်း"

ဓားက ဧကရာဇ်ဝိဉာဉ်မျှော်စင်ကို ထိမှန်သွား၏။ ဧကရာဇ်ဝိညာဉ်မျှော်စင်က ပြင်းထန်စွာ တုန်ခါသွားပြီး ဓားအလင်းဖြင့် လွင့်ပျံသွားတော့သည်။

ရှကျိုးယန်၏ ခန္ဓာကိုယ်လည်း တုန်ခါသွားပြီး‌ ခြေကိုးလှမ်းလှမ်း နောက်ပြန်ဆုတ်သွားခဲ့ရသည်။

အမှန်တော့ ရှကျိုးယန်၏ ကျင့်ကြံခြင်းအခြေခံဟာ အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့သာ ရောက်သေးသည်။ ထို့ပြင် သူက မကြာသေးခင်ကမှ အဆင့်တက်ခဲ့ခြင်း ဖြစ်သည်။ သူနှင့် တိရီကြားတွင် ကွာဟချက်က ကြီးမားလွန်းပေသည်။ သူ့တွင် အုပ်ချုပ်သူဝိညာဥ်လက်နက်ရှိသော်လည်း တိရီနှင့် မယှဉ်နိုင်သေးပေ။

"ဧကရာဇ်ဓား၊ ကမ္ဘာကြီးကို ဖြိုခွင်းစေ"

ဓားအလင်းက ရှကျိုးယန်ဆီသို့ ထပ်မံ ခုတ်ပိုင်းလိုက်သည်။

ရှကျိုးယန်လည်း ဧကရာဇ်ဝိညာဉ်မျှော်စင်နှင့် ထပ်မံ ခုခံလိုက်၏။

"ဝုန်း"

ဓားအလင်းက ဧကရာဇ်ဝိညာဉ်မျှော်စင်ကို ထိုးခုတ်လိုက်သည်။ ထိုအခါ ဧကရာဇ် ဝိညာဉ်မျှော်စင်က ပို၍ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပျံလွင့်သွားတော့သည်။

"ဒီဓားနဲ့ မင်းကိုသတ်လိမ့်မယ်!"

တိရီ၏ အေးစက်သောအသံ ထွက်ပေါ်လာခဲ့သည်။ သူက ရှကျိုးယန်၏ ဦးခေါင်းဆီသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

"ဆရာ"

ရန်ခွမ်းစု၏ မျက်နှာက ဖြူဖျော့သွားသည်။

လုမင်၏ မျက်လုံးများမှာလည်း လေးနက်မှုတို့ ပေါ်လာခဲ့၏။ သို့ရာတွင်၊ သူက မလှုပ်ရှားသေးပေ။

တိရီ၏ ဓားအလင်းက ရှကျိုးယန်ကို ထိလုနီးပါးအချိန်တွင် သူ၏ မျက်ခုံးနှစ်ခုကြားမှ ကျောက်တုံးတစ်တုံး ထွက်လာခဲ့သည်။ ကျောက်တုံးကြီး ပေါ်လာသည်နှင့် တပြိုင်နက် ရှကျိုးယန်၏ အရှိန်အဝါများက မြင့်တက်လာခဲ့သည်။ သူက တိရီ၏ဓားအလင်းကို လက်သီးနှင့် ထိုးချလိုက်၏။

"ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဓားအလင်း ပြိုကျသွားတော့သည်။

"အဲဒါ... နေနတ်ဘုရားကျောက်တုံးလား"

"ဒါက တကယ့်ကို နေဘုရားကျောက်ပဲ"

လူများစွာက ရှကျိုးယန်၏ မျက်ခုံးနှစ်ခုကြားမှ ကျောက်တုံးကို စိုက်ကြည့်ကာ အော်ပြောလိုက်ကြသည်။

လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားကာ ပြုံးလိုက်သည်။ မမှားပေ၊ ရှကျိုးယန်၏ မျက်ခုံးနှစ်ခုကြားမှ ကျောက်က နေနတ်ဘုရားကျောက် ဖြစ်သည်။

လုမင်သည် ရှန်းရွှီတိုက်ကြီးရှိ မူမိသားစု၏ ကျောက်အလောင်းအစားပွဲတွင်းမှ ရှန်းရွှီရှေးဟောင်းမိုင်းတွင် ယင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

နေနတ်ဘုရားကျောက်က နေအမြုတေမှ ထုတ်ယူထားခြင်း ဖြစ်ချေသည်။ ယင်းမှာ ရှကျိုးယန်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီသော ရတနာတစ်ပါး ဖြစ်သည်။

ငရဲကိုးခု နတ်ဆိုးနယ်မြေမှ ထွက်လာစဉ်တွင် လုမင်မှ ရှကျိုးယန်အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ရှကျိုးယန်ဟာ အလွန် အံ့အားသင့်ပြီး ငြင်းဆန်ခဲ့သည်။ နောက်ဆုံးတွင်၊ ယင်းက အလွန် တန်ဖိုးကြီး၏။ သို့သော်လည်း လုမင်က ဤတိုက်ပွဲအကြောင်းကို ကြိုတင် ပြောပြခဲ့မှ ရှကျိုးယန်ဟာ လက်ခံသွားခဲ့သည်။

‌နေနတ်ဘုရားကျောက်က ရှကျိုးယန်၏ ဖွဲ့စည်းပုံအခြေခံနှင့် ပြီးပြည့်စုံသော ကိုက်ညီမှုတစ်ခု ဖြစ်ချေသည်။ ၎င်းကို အနည်းငယ် သန့်စင်ပြီးနောက် သူနှင့် လုံးဝ ပေါင်းစပ်သွားခဲ့သည်။

နေနတ်ဘုရားကျောက် ပေါ်လာပြီးနောက်၊ နေနတ်ဘုရားကျောက်၏ စွမ်းအား အထောက်အပံ့ဖြင့် ရှကျိုးယန်၏ ကျင့်ကြံခြင်းအခြေခံမှာ ယာယီ ကြီးထွားလာခဲ့သည်။ သူက သိုင်းအုပ်ချုပ်သူနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။

တိရီ၏ မျက်လုံးများက အေးစက်စက် အလင်းရောင်များ လင်းလက်သွားခဲ့သည်။ ဓားနှစ်ချောင်းကဲ့သို့ သူ့အကြည့်က ရှကျိုးယန်ဆီသို့ ထိုးဖောက်သွား၏။

"မင်းမှာ ‌နေနတ်ဘုရားကျောက် ရှိနေရင်တောင် ဘာဖြစ်လဲ။ မင်း သေရဦးမှာပဲ"

တိရီ၏ အသံ ထွက်ပေါ်လာခဲ့သည်။

ရှကျိုးယန်က ဧကရာဇ်ဝိညာဉ်မျှော်စင်ကို ထိန်းချုပ်ကာ တိရီကို တိုက်ခိုက်လိုက်၏။

"နေကိုးစင်း နတ်ဘုရားလက်သီး"

တိရီ ဟိန်းဟောက်လိုက်သည်။ သူ့တစ်ကိုယ်လုံး တောက်ပလာခဲ့၏။ ထို့နောက် သူ့ခန္ဓာကိုယ်မှ နေကိုးစင်း ထွက်ပေါ်လာတော့သည်။

"သတ်"

ရှကျိုးယန်က ဟိန်းဟောက်ပြီး တိရီကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

ကောင်းကင်တွင် ဖရိုဖရဲ ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်ခဲ့၏။ မြင်ကွင်းက တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ပြီး ခဏချင်းတော့ ‌အနိုင်အရှုံး မသိသာခဲ့ပေ။

"ဝှါး၊ သူတို့က တကယ်ကို သန်မာလွန်းတယ်"

“အဲဒီလို စွမ်းအားနဲ့ မြေပြင်ပေါ်မှာ တိုက်ခိုက်ရင် မြေပြင်ပြိုပျက်သွားနိုင်တယ် မဟုတ်လား"

သူတော်စင်မြို့တော်ထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများလည်း ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကောင်းကင်ကို မျှော်ကြည့်ကြလိုက်ကြသည်။

တိရီတို့အဆင့် တိုက်ပွဲကို မဆိုထားနှင့်၊ သာမန်သိုင်းအုပ်ချူပ်သူများဖြစ်လျှင်ပင် အလွန် ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

သူတော်စင်မြို့တော်ကြီး တစ်ခုလုံးက အလင်းရောင်များ တောက်ပနေခဲ့သည်။ ထောင့်စွန်းတိုင်းတွင် ကမ္ပည်းများ ပေါ်လာပြီး အလင်းမျက်နှာပြင်တစ်ခု ပေါ်လာခဲ့၏။ ရံဖန်ရံခါ၊ အားကောင်းသော စွမ်းအင်များက အထက်ကောင်းကင်မှ ကျရောက်လာသော်လည်း အလင်းမျက်နှာပြင်က ပိတ်ဆို့ခဲ့ပေသည်။

မဟုတ်ပါက၊ သူတော်စင်မြို့ကြီးတစ်ခုလုံး ပျက်စီးသွားရမည် ဖြစ်သည်။

"ရှကျိုးယန်က တိရီနဲ့ တကယ် တိုက်ခိုက်နိုင်တာလား"

စောင့်ကြည့်နေသော ကျွမ်းကျင်သူအချို့ အံ့ဩသွားကြသည်။

ရှကျိုးယန်၏ တိုက်ခိုက်နိုင်စွမ်းက သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့ပေသည်။

ရှကျိုးယန်တွင် သိုင်းအုပ်ချုပ်သူဝိညာဉ်လက်နက် ရှိကြလျှင်ပင် သူ၏ ကျင့်ကြံခြင်းအခြေခံက ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိနေဆဲ ဖြစ်သည်။ သာမန် သိုင်းအုပ်ချုပ်သူတစ်ပါးက အုပ်ချုပ်သူဝိညာဉ်လက်နက်ကို ထိန်းချုပ်ထားလျှင်ပင် တိရီကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့ရာတွင်၊ ရှကျိုးယန်က လုပ်နိုင်ခဲ့သည်။

All Chapters