အခန်း ၁၃၄၃
Vol. 90 Ch. 1343
အပိုင်း ( 1343 ) ပထမ ငရဲဧကရာဇ်။
"အဘိုးကြီး၊ မင်းနဲ့ငါကြား တိုက်ပွဲက အခုမှစတာ"
နဝမနဂါးထံမှ လုမင်၏အသံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လဲ့တင်းထွက်ပေါ်လာခဲ့၏။ လဲ့တင်းက လျင်မြန်စွာ ကြီးမားလာပြီး အနီရောင်ဝတ် အဘိုးကြီးဆီသို့ တိုးဝင်သွားတော့သည်။
"ဂါး"
နဝမနဂါးက ကစဉ့်ကလျားတာအိုကို ဖြန့်ကျက်ပြီး သူ၏ခန္ဓာကိုယ်ကို လူးလွန့်လှုပ်ရှားလိုက်သည်။ သူ၏ နဂါးလက်သည်းများက အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် အနီရောင်ဝတ် အဘိုးကြီးကို ဖမ်းဆုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဒုတိယခန္ဓာ လုမင်ကလည်း လှုပ်ရှားသွားခဲ့သည်။ သူက ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်နှင့် အဆုံးမဲ့ ကမ္ပည်းစာများ ထွက်ပေါ်လာခဲ့သည်။ ကြီးမားသော ဝင်္ကပါတစ်ဒါဇင်ကျော်က တစ်ချိန်တည်းပေါ်လာကြ၏။ ဝင်္ကပါမှ သံကြိုးတစ်ရာကျော်က အနီရောင်ဝတ် အဘိုးကြီး၏ ပတ်ပတ်လည်တွင် ရစ်ပတ်လာတော့သည်။
"ချိုးဖျက်စမ်း"
အနီရောင်ဝတ်အဘိုးကြီးက လက်ဝါးနှင့်ရိုက်ပြီး လဲ့တင်းကို လွင့်စဉ်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ရွှေရောင်ဓားဖြင့် ခုတ်ထစ်ပြီး သံကြိုးတစ်ရာကို ချိုးဖျက်လိုက်၏။
သို့သော်လည်း ထိုအချိန်တွင် နဝမနဂါးက တိုက်ခိုက်လာတော့သည်။
နဂါးခြေသည်းကိုးချောင်းက ကစဉ့်ကလျား အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး ဟင်းလင်းပြင်ကို ချေမှုန်းပစ်လိုက်သည်။ ကြောက်စရာကောင်းသော စွမ်းအားကြောင့် အနီရောင်ဝတ်အဘိုးကြီးလည်း ထိတ်လန့်တုန်လှုပ်သွားမိ၏။
"ဝှစ်... ဝှစ်"
ဒုတိယခန္ဓာ လုမင်ထံမှ လျှို့ဝှက်ဆန်းကျယ်သော ကမ္ပည်းများနှင့် ဓားအလင်းတို့က ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း ဝင်္ကပါအသွင် ဆောင်လာခဲ့သည်။ ဒုတိယခန္ဓာလုမင်က ဓားအလင်းကိုးခုကို ထုတ်ဖော်လိုက်၏။ ဓားအလင်းတစ်ခုစီက အလွန်အစွမ်းထက်ပြီး အနီရောင်ဝတ် အဘိုးကြီးကို တုန်လှုပ်စေခဲ့သည်။
လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက အသိစိတ်တစ်ခုတည်းဖြစ်၍ အလွန်ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။
အနီရောင်ဝတ် အဘိုးကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက အုပ်ချုပ်သူဝိညာဉ်လက်နက်ကို ထိန်းချုပ်ပြီး သူ့တကိုယ်လုံးကို ဖုံးအုပ်ထားသည့် ဓားအလင်းအများအပြားကို ထုတ်ဖော်လိုက်၏။
အုပ်ချုပ်သူဝိညာဥ်လက်နက်က အစွမ်းထက်သော်လည်း၊ ဓားအလင်းများစွာကို ခုတ်လိုက်သောအခါ ၎င်း၏စွမ်းအားက အလွန်လျော့ကျသွားခဲ့သည်။
"ဝုန်း"
နဝမနဂါးခြေသည်းများကြောင့် ဓားအလင်း တစ်ဒါဇင်ကျော် ပျက်စီးသွားရသည်။
တစ်ဖက်တွင် ကျန်ဓားအလင်းများက ဒုတိယခန္ဓာ၏ ဓားအလင်း တစ်ဒါဇင်ကျော်နှင့် တိုက်မိပြီး ကွယ်ပျောက်သွား၏။
သို့သော်လည်း ဓားအလင်းများ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ဝင်္ကပါကြီးများက ကောင်းကင်တွင် ပေါ်လာတော့သည်။
ဤတစ်ကြိမ်တွင် ရန်သူကို ထောင်ချောက်ဆင်ရန်အတွက် ဝင်္ကပါများနှင့် တိုက်ခိုက်ခြင်းအတွက် ဝင်္ကပါများလည်း ရှိခဲ့သည်။ ထူထပ်သော ကမ္ပည်းအလင်းက အနီရောင်ဝတ် အဘိုးကြီးဆီသို့ လွှမ်းခြုံသွားတော့သည်။
အနီရောင်ဝတ် အဘိုးကြီးလည်း အပြင်းအထန် ခုခံလိုက်ရသည်။
ခဏချင်းတော့ အနီရောင်ဝတ် အဘိုးကြီးမှာ မလှုပ်သာတော့ပေ။
လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓယ တစ်ခုစီက အနီရောင်ဝတ် အဘိုးကြီးနှင့် တူညီသည့် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်နှင့် ညီမျှသည်။ ထို့ကြောင့် မူလကိုယ်ခန္ဓာနှင့် ဒုတိယခန္ဓာက အတူတကွ လှုပ်ရှားသောအခါမှာတော့ တစ်နှင့်တစ်ပေါင်းသကဲ့သို့ မရိုးရှင်းတော့ပေ။
သူတို့နှစ်ဦးက သိုင်းတာအိုနှင့် ကမ္ပည်းတာအိုကို ပေါင်းစပ်ခြင်းဖြစ်ကာ အလွန် ပြည့်စုံသည်။ ရန်သူကို ထောင်ချောက်ဆင်ကာ တိုက်ခိုက်ရန် နည်းအမျိုးမျိုးက မိုးရွာသကဲ့သို့ အဆက်မပြတ် ကျရောက်နေသောကြောင့် ရန်သူတွင် အသက်ရှူရန်ပင် အခွင့်အလမ်း မရှိတော့ပေ။
ထို့ကြောင့် အနီရောင်ဝတ် အဘိုးကြီးမှာ အုပ်ချုပ်သူ ဝိညာဥ်လက်နက်ကို ထိန်းချုပ်ထားသော်လည်း ထိရောက်သော တန်ပြန်တိုက်ခိုက်မှုမျိုး မပြုလုပ်နိုင်ဘဲ လုမင်၏ မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုများအောက်တွင် မိမိကိုယ်ကိုသာ ကာကွယ်နိုင်ခဲ့သည်။
ယင်းကြောင့် ပရိသတ်များစွာ အံ့အားသင့်ခဲ့ရပေသည်။
လုမင်နှစ်ဦး၏ ပေါင်းစပ်မှုက အုပ်ချုပ်သူ ဝိညာဉ်လက်နက်ဖြင့် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူကို ဖိနှိပ်နိုင်ခဲ့သည်။
တစ်ဖက်တွင်၊ ထူချမ်က သူ၏ သေခြင်းရှင်ခြင်းကို လုံးဝ ဂရုမစိုက်ပါ။ သူက သားရိုင်းတစ်ကောင်ကဲ့သို့ ရူးသွပ်သော တိုက်ခိုက်မှုကို ထုတ်ဖော်ပြီး တိရီအား လုံး၀ တားဆီးထားခဲ့သည်။
ထိုအချိန်တွင် ရှကျိုးယန်၏ ဒဏ်ရာများက သက်သာလုနီးပါး ဖြစ်နေပြီ။ ထိုအခါ သူကလည်း တိုက်ပွဲထဲတွင်ပါဝင်ပြီး ထူချမ်နှင့်အတူ တိရီကို တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအခြေအနေက တခဏအတွင်း မလူးသာမလွန့်သာ အခြေအနေသို့ ရောက်သွားခဲ့သည်။
နှစ်ဘက်လုံးက အပြင်းအထန်တိုက်နေကြပြီး ခဏချင်း ဘယ်ဘက်က အနိုင်ရမည်ဆိုတာကို ပြောရန်မလွယ်ပေ။
"ဝုန်း"
လုမင်နှင့် အနီရောင်ဝတ်အဘိုးကြီးက အပြင်းအထန် တိုက်ခိုက်နေချိန်တွင်၊ လုမင်၏ မူလခန္ဓာအနောက်ဘက် လေထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာသံကို ကြားလိုက်ရသည်။
ထို့နောက်တွင် အနက်ရောင်ဓားအလင်းတစ်ခုက လေဟာပြင်ကိုဆုပ်ဖြဲပြီး နဝမနဂါးအနောက်မှ ရုတ်တရက် ပေါ်လာခဲ့၏။ ဓားအလင်းက နဝမနဂါးဆီသို့ တိုးဝင်လာတော့သည်။
ယင်းက ရုတ်တရက်ဆန်လွန်းသည်။ ဓားအလင်း ထွက်ပေါ်လာချိန်တွင် အတက်အကျက မရှိသလောက်ပင်။ သူ့အရှိန်ကလည်း အံ့သြစရာကောင်းလောက်အောင် မြန်သည်။
ထိုအချိန်မှ နဝမနဂါးက ရှောင်တိမ်းချင်သော်လည်း များစွာနောက်ကျသွားခဲ့ပြီ။
"စွပ်"
အနက်ရောင် ဓားအလင်းက နဝမနဂါး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး ကြမ်းတမ်းစွာ ပေါက်ကွဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် ၀တ်စုံဖြင့် ပတ်ထားသော ရုပ်ပုံလွှာတစ်ခု ပေါ်လာခဲ့၏။
ထိုလူက ပိန်လှီပြီး သူ့မျက်နှာမှာလည်း ရက်စက်မှုတို့ ပြည့်နေခဲ့သည်။
"သေ... လုမင် သေစမ်း၊ ငါ့သား မင်ကျစ်ကို မင်း ဘယ်လိုတောင် သတ်ဝံ့တာလဲ။ ငရဲကိုသွားစမ်း"
ထိုလူက ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ဟိန်းဟောက်လိုက်သည်။
နဝမနဂါး၏ ခန္ဓာကိုယ်က ပြိုကျလာတော့သည်။
သို့သော်လည်း အနက်ရောင်ဝတ်လူ ဝမ်းမသာနိုင်မှ အခြေအနေတစ်ခု ဖြစ်လာသည်။ နဝမနဂါးခန္ဓာကိုယ်ထက် ပို၍ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့၏။
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်။
"ဒုန်း"
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က တုန်ခါသွားပြီး အနက်ရောင်ဝတ်လူကို ဝင်ဆောင့်လိုက်သည်။ အရေးကြီးသော အခိုက်အတန့်တွင် အနက်ရောင်ဝတ်လူက သူ့လက်ထဲမှ အနက်ရောင်ဓားဖြင့် ပိတ်ဆို့လိုက်၏။ သို့သော်လည်း သူ့တစ်ကိုယ်လုံး တုန်ခါပြီး သွေးအန်ကာ လွင့်သွားရဆဲပင်။
"ပထမ ငရဲဧကရာဇ်၊ မင်း သေချင်နေတာလား"
လုမင်၏ အသံက ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းမှ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ဤအနက်ရောင်ဝတ်လူကြီးက အမှောင်ကမ္ဘာ၏ ပထမဆုံးဧကရာဇ်ဖြစ်သည်။ သူက အလွန်အစွမ်းထက်ပြီး အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ။
သို့ပေသော်ငြား သူဟာ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ဖြစ်သည်။ ထို့အပြင်၊ သူ့တွင် အုပ်ချုပ်သူ ဝိညာဉ်လက်နက် မရှိသောကြောင့် လုမင်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။
"ဝှစ်"
ဤအခိုက်အတန့်တွင်၊ အနီရောင်ဝတ် အဘိုးကြီးက ဤအခွင့်အရေးကိုရယူပြီး ဓားချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ ဓားအလင်းက ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် အောက်ခြေကို ထိမှန်သွား၏။ သို့ရာတွင်၊ ထိုနေရာက ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၏ မူလရင်းမြစ်ဖြစ်ပြီး ဖျက်ဆီး၍မရပေ။
"ဒုန်း"
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က တုန်လှုပ်သွားခဲ့သည်။ အနီရောင်ဝတ် အဘိုးကြီး၏ တိုက်ခိုက်မှုအင်အား အကူအညီဖြင့် ပထမ ငရဲဧကရာဇ်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွား၏။
ပထမ ငရဲဧကရာဇ်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး ကမန်းကတည်း လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဝင်္ကပါကြီးတစ်ခုက သူ့ရှေ့တွင် ရုတ်ချည်း ပေါ်လာသည်။ ရာနှင့်ချီသော သံကြိုးများက သူ့အား ရစ်ပတ်ထား၏။
ဒုတိယခန္ဓာ လုမင်ကလည်း တိုက်ခိုက်ခဲ့သည်။
"ချိုးဖျက်စမ်း"
ပထမ ငရဲဧကရာဇ်က အော်ဟစ်လိုက်သည်။ သူက အနက်ရောင်ဓားဖြင့် ခုတ်ထစ်ပြီး သံကြိုးများကို ဖြတ်ရန် ကြိုးစားလိုက်၏။
သို့သော်လည်း သူ့အင်အားက အနီရောင်ဝတ် အဘိုးကြီးထက် များစွာနိမ့်ကျသည်။ ထို့အပြင်၊ သူ့တွင် အုပ်ချုပ်သူဝိညာဉ်လက်နက်လည်း မရှိပေ။ သူက သံကြိုးအနည်းငယ်မျှသာ ချိုးဖျက်နိုင်ပြီး နောက်ထပ် သံကြိုးများ၏ ရစ်ပတ်ခံလိုက်ရသည်။
ထိုအချိန်တွင် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က သူ့ထံသို့ ရောက်လာပြီ ဖြစ်သည်။ ကစဉ့်ကလျားတာအိုနှင့် ငရဲဖိနှိပ်ကျောက်စာချပ်က ပထမ ငရဲဧကရာဇ်ကို ဖိနှိပ်လိုက်တော့သည်။
"မင်း အာရုံလွဲနိုင်သေးတယ်ပေါ့။ ဒါဆိုရင် ငါ မင်းကို အရင်သတ်လိုက်မယ်။ သတ်"
အခြားတစ်ဖက်တွင် အနီရောင်ဝတ် အဘိုးကြီးက အလွန်ဝမ်းသာသွားသည်။ သူ့မျက်လုံးများက ကြမ်းကြုတ်သော အလင်းရောင်များဖြင့် တောက်ပသွား၏။
သူက ဓားချက်ထုတ်ဖော်ပြီး ဒုတိယခန္ဓာ လုမင်ကို တိုက်ခိုက်တော့သည်။
သူ့အမြင်တွင်၊ မူလခန္ဓာ လုမင်က ပထမ ငရဲဧကရာဇ်ကို ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်သောကြောင့် မိုက်မဲသူ ဖြစ်သည်။
ဤနည်းအားဖြင့် သူက ဒုတိယခန္ဓာကို ဦးစွာသတ်နိုင်လိမ့်မည်။ လုမင်တစ်ယောက်ကို သတ်နိုင်သရွေ့ နောက်တစ်ယောက်က သူ့ကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ပေ။
ကြောက်စရာကောင်းသော ဓားအလင်းက ဒုတိယခန္ဓာကို ခုတ်ပိုင်းလိုက်သည်။
သို့သော်၊ ဒုတိယခန္ဓာ လုမင်၏အမူအရာက မပြောင်းလဲဘဲ နောက်သို့ဆုတ်သွားခဲ့သည်။ တချိန်တည်းမှာပင် သူ့ပတ်ဝန်းကျင်မှာ ကမ္ပည်းများစွာတို့ ထွက်ပေါ်လာခဲ့၏။
"ပြတ်စမ်း၊ ပြတ်စမ်း၊ ပျက်စီးကြစမ်း"
အနီရောင်ဝတ် အဘိုးကြီးက ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်းကာ ဝင်္ကပါများကို ဖျက်ဆီးလိုက်သည်။ ထို့နောက် ဒုတိယခန္ဓာ လုမင်ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
လုမင်၏ ဒုတိယခန္ဓာမှ သတ်ဖြတ်ခြင်းအစီရင်များက ပိုမိုတောက်ပလာခဲ့၏။ သူက ဓားအလင်းများစွာကို ထုတ်ဖော်ခဲ့သော်လည်း အနီရောင်ဝတ် အဘိုးကြီး၏ ဖျက်ဆီးခြင်းကိုသာ ခံလိုက်ရတော့သည်။
အနီရောင်ဝတ် အဘိုးကြီးက ဒုတိယခန္ဓာ လုမင်အနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်တွင် ဒုတိယခန္ဓာ လုမင်၏ မျက်ကြည်လွှာက တောက်ပလာသည်။ ဓားအလင်းနှစ်ခုက ရုတ်တရက်ပေါ်လာပြီး အနီရောင်ဝတ် အဘိုးကြီးကို တိုက်ခိုက်လိုက်၏။ ယင်းက အလွန်လျင်မြန်သည်။
ထို့အပြင်၊ ဖီးနစ်တစ်ကောင်၏အော်ဟစ်သံကိုလည်း ဓားအလင်းတန်းနှစ်ခုမှ ကြားလိုက်ရသေးသည်။
"မကောင်းတော့ဘူး"
အနီရောင်ဝတ်အဘိုးကြီး ထိတ်လန့်သွားသည်။ ထိုဓားအလင်းနှစ်ခုမှ အန္တရယ်အငွေ့အသက်ကို သူ ခံစားရ၏။ သူ၏ ခေါင်းမွှေးများပင် ထောင်ထသွားခဲ့သည်။
ဤအရေးကြီးသောအခိုက်အတန့်တွင် ဒုတိယခန္ဓာ လုမင်ကိုသတ်ရန် စိတ်မကူးနိုင်တော့ပေ။ သူ့ဓားကို အမြန်ရုတ်ပြီး ခုခံကာကွယ်ရန် ဓားနှစ်ချက် ခုတ်ပိုင်းလိုက်သည်။
"ချွမ်... ချွမ်"
မီးပွားများ ဖြာထွက်လာခဲ့၏။ အနီရောင်ဝတ် အဘိုးကြီးက ဓားအလင်းနှစ်ခုကို ပိတ်ဆို့ကာ လွင့်စဉ်သွားစေခဲ့သည်။ သို့သော်၊ သူ့လက်များလည်း အနည်းငယ် ထုံကျဉ်သွားတော့သည်။
'ဘယ်လောက်တောင် အစွမ်းထက်တဲ့ စွမ်းအားလဲ'
အနီရောင်ဝတ် အဘိုးကြီး အံ့သြသွားခဲ့သည်။ ဓားအလင်းနှစ်ခုကို သေချာမြင်ရပြီးနောက် သူ့မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ယင်းက ဓားငယ်နှစ်လက် ဖြစ်သည်။ ဓားက လက်တစ်ဖဝါးခန့် အရှည်ရှိပြီး ငှက်မွှေးနှစ်ချောင်းနှင့် ဆင်တူလေသည်။
ဖီးနစ်အော်မြည်သံကိုလည်း ထိုဓားနှစ်လက်မှ ကြားလိုက်ရခြင်း ဖြစ်သည်။
မမှားပေ၊ ဤဓားနှစ်လက်ကို ဖီးနစ်ငှက်မွှေးများနှင့် ထုလုပ်ထားခဲ့ခြင်း ဖြစ်သည်။