← Chapters

အခန်း ၁၃၄၆

Vol. 90 Ch. 1346

အခန်း ၁၃၄၆

Vol. 90 Ch. 1346

အပိုင်း ( 1346 ) ကောင်းကင်ကိုးလွှာ ကြေးလူသားကိုးဦး။

ထိုစဉ်က လျန်ခန်းသည် အုပ်ချုပ်သူဝိညာဉ်လက်နက် အလုံးစုံဝင်္ကပါအင်းကွက်ကို ထိန်းချုပ်ထားပြီး ကမ္ပည်းသခင်လည်း ဖြစ်သည်။ သူ့တွင် နည်းလမ်းများစွာရှိသောကြောင့် တိရီမှ ခိုးဝင်တိုက်ခိုက်သည့်တိုင် ထွက်ပြေးကာ သူ့အရိပ်အယောင်ကို မြေအောက်ကမ္ဘာမှာ ချန်ထားနိုင်ခဲ့၏။ သို့သော်လည်း အလုံးစုံဝင်္ကပါအင်းကွက်က အတော်များများ ပျက်စီးခဲ့ရပေသည်။

နှစ်များတစ်လျှောက် ဒုတိယခန္ဓာလုမင်ဟာ လျှို့ဝှက်နယ်မြေ Sမြင့်မြတ်အိမ်တော်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့သည်။ သူ အစွမ်းထက်လာသည်နှင့် အလုံးစုံဝင်္ကပါအင်းကွက်ကိုလည်း ပြုပြင်နေခဲ့၏။ ယခုအခါ အလုံးစုံဝင်္ကပါအင်းကွက်က ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိ ပြုပြင်ပြီးသွားပြီ။ ဒုတိယခန္ဓာလုမင်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းက အံ့မခန်းစွမ်းအားများကို ထုတ်ပြနေခဲ့သည်။

ဒုတိယခန္ဓာလုမင်က ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် တိုက်ခိုက်နိုင်စွမ်းတို့ ရှိသည်။ ဖီးနစ်ငှက်မွှေး ဓားပျံငါးလက်ကို ပေါင်းထည့်လိုက်သောအခါ သူ့စွမ်းအားက ပို ကြီးမားလာခဲ့၏။ ယခုကဲ့သို့ အလုံးစုံဝင်္ကပါအင်းကွက်ကို အသုံးပြုခဲ့ပြီးနောက်မှာတော့ သူ၏ တိုက်ခိုက်နိုင်စွမ်းအားက တိရီနီးပါး အားကောင်းလာတော့သည်။

တိရီလည်း ဒုတိယခန္ဓာ လုမင်ကိုပင် အပြည့်အဝ အာရုံစိုက်ပြီး ရင်ဆိုင်လိုက်ရသည်။

"ဝမ်"

ဤအခိုက်အတန့်တွင် ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါပြီး တိရီကို ဖိနှိပ်လိုက်သည်။

"ချီးပဲ"

တိရီ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ မူလခန္ဓာ လုမင်ကို ရင်ဆိုင်ရန်အတွက် သူ၏စိတ်အာရုံတချို့ကို ခွဲထုတ်လိုက်ရသည်။

"ဝုန်း"

ငရဲဖိနှိပ်ကျောက်စာချပ်က ပေါင် သန်းရာနှင့်ချီပြီး လေးလံသည်။ ယင်းက တိရီ၏ခန္ဓာကိုယ်ကို တုန်ခါသွားစေခဲ့၏။ တချိန်တည်းမှာပင် ဤအခွင့်အရေးကိုဆုပ်ကိုင်ကာ ဒုတိယခန္ဓာ လုမင်က မုန်တိုင်းတိုက်သကဲ့သို့ ထိုးစစ်ဆင်ကာ တိုက်ခိုက်တော့သည်။

"သူ့ကိုဖမ်း"

အလုံးစုံဝင်္ကပါအင်းကွက်တွင် ချုပ်နှောင်မှုဝင်္ကပါ အနည်းဆုံး တစ်ရာခန့် ရှိသည်။ ယခုတော့ ဝင်္ကပါအားလုံးက တိရီက တပြိုင်နက်တည်း ချုပ်နှောင်ရန် ကြိုးစားကြတော့သည်။

တိရီလည်း ဟိန်းဟောက်ပြီး အစွမ်းကုန် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်၊ ကံမကောင်းစွာဖြင့် သူ အ‌ရေးမလှတော့ပေ။

ဒုတိယခန္ဓာလုမင်က အလုံးစုံဝင်္ကပါအင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ခန္ဓာနှစ်ခု၏ ပူးပေါင်းတိုက်ခိုက်မှုအင်အားသည် တိရီ၏ တိုက်ခိုက်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်။

တိရီက အစွမ်းကုန် ပြန်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တိုက်ကွက် ဒါဇင်ချီကာ ရင်ဆိုင်ပြီးနောက် ပြန်လည် တိုက်ခိုက်ရန် အခွင့်မရှိသလောက်ဖြစ်ကာ ဖိနှိပ်ခံထားရတော့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ဖီးနစ်ငှက်မွှေး ဓားပျံငါးလက်က လေထုကို ဖြတ်သန်းသွားခဲ့သည်။ ၎င်းတို့က အလွန်လျင်မြန်သောကြောင့် သာမန်ဧကရာဇ်များ ရှင်းရှင်းလင်းလင်း မြင်ရရန်ပင် ခက်ခဲ၏။ ဓားပျံများက တိရီ၏ သေးကွင်း ငါးနေရာကို ထိုးနှက်လိုက်တော့သည်။

တိရီက သူ့ဓားကိုဝှေ့ယမ်းကာ ချေဖျက်ပစ်လိုက်သည်။ သူဟာ ဓားပျံများကို ပိတ်ဆို့ထားသော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်မှ ထပ်မံဖိနှိပ်လိုက်၏။ တိရီလည်း ဟိန်းဟောက်ပြီး သူ့ခန္ဓာကိုယ်ကို ယွမ်စွမ်းအင်နှင့် တာအိုနယ်မြေနှင့်သာ ဖုံးအုပ်ကာ ခုခံနိုင်တော့သည်။

ယွမ်ချီစွမ်းအင်နှင့် တာအိုနယ်မြေက ပြင်းထန်စွာ တုန်ခါသွားပြီး ပြိုကျသွားခဲ့သည်။ တိရီ၏ခန္ဓာကိုယ်လည်း ပြင်းထန်စွာ တုန်ခါသွား၏။ သူက သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခဲ့သော်လည်း ခုခံနိုင်စွမ်း မရှိတော့ပေ။ သူ့မျက်နှာက ဖြူဖျော့သွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

တိရီ လေ့ကျင့်ထားသော သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာက အလွန်ကြောက်စရာကောင်းပေသည်။ ယင်းကို ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်ပါက သူ့စွမ်းအားက အံ့မခန်း ဖြစ်သည်။ ကံမကောင်းစွာဖြင့်၊ သူ၏ ကျင့်ကြံခြင်းက ပြီးပြည့်စုံမှုမရှိသလို လုံး၀ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူဟာ လုမင်၏ နဝမနဂါးသွေးအနှစ်သာရကို ရယူလိုခဲ့ခြင်း ဖြစ်သည်။

"တိရီ ဒဏ်ရာရသွားပြီ"

လူများစွာ၏ နှလုံးသားများက တုန်လှုပ်သွားခဲ့သည်။

တိရီက ဒဏ်ရာရသွားပြီး လုမင်နှင့် မယှဉ်နိုင်တော့ပေ။ ဤတစ်ကြိမ်တွင် တိုက်ပွဲ၏ရလဒ်ကို ဆုံးဖြတ်နိုင်မှာလား။

"ဝုန်း... ဝုန်း"

တိရီ ဒဏ်ရာရသွားသည်နှင့် တပြိုင်နက် လုမင်က ပိုပြင်းထန်သောတိုက်ခိုက်မှုကို စတင်ခဲ့သည်။

"ဝှစ်"

ဖီးနစ်ငှက်မွေး ဓားပျံက တိရီနှလုံးသားကို ထိုးဖောက်ဝင်ရောက်လုနီးပါး ဖြစ်၏။ ဓားပျံက သူ့ပခုံးကို ထိုးဖောက်ပြီး သွေးများ စီးကျလာပြန်တော့သည်။

တိရိ၏ မျက်နှာက ဖြူဖျော့သွားသည်။ ဖီးနစ်ငှက်မွှေး ဓားပျံများက သူ၏ အရေးကြီးသော အစိတ်အပိုင်းများကို မထိမှန်သေးသော်လည်း ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဓားချီနှင့် အဖျက်စွမ်းအားက သူ့ဒဏ်ရာများကို ပို၍ ဆိုးရွားစေခဲ့သည်။

သူ့ဒဏ်ရာများ ပို၍ ပြင်းထန်လေလေ၊ လုမင်ကို ခုခံရန်က ပို၍ ခက်ခဲလေလေပင်။

ငရဲဖိနှိပ်ကျောက်စာချပ်၏ ဖိနှိပ်မှုကြောင့်လည်း သွေးများ အန်ထွက်ခဲ့ရသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး အရှိန်အဝါများလည်း အားနည်းလာခဲ့လေသည်။

"ချုပ်လှောင်"

ဒုတိယခန္ဓာက ခပ်တိုးတိုး ပြောလိုက်သည်။ အလုံးစုံဝင်္ကပါအင်းကွက်က အလင်းရောင်များ ထွန်းတောက်လာပြီး ဝင်္ကပါကြီးတစ်ခုအဖြစ်နှင့် တိရီကို ဖုံးအုပ်သွားတော့သည်။

တိရီက ဟိန်းဟောက်ပြီး အစွမ်းကုန် ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်၊ ဤတစ်ကြိမ်တော့ သူ့အတွက် မလွယ်ကူတော့ပေ။

သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးများနှင့် ဖီးနစ် ရုပ်ပုံများက အချိန်မရွေး ပြိုလဲသွားတော့မည်ကဲ့သို့ တုန်လှုပ်သွားကြသည်။

"တိရီ၊ ဒီနေ့က မင်းသေရမဲ့နေ့ပဲ"

လုမင်၏ အေးစက်သော အသံက ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

"ဂါး"

နဂါးဟိန်းသံနှင့်အတူ နဝမနဂါးသွေးမျိုးဆက်က ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းမှ ပြေးထွက်လာခဲ့သည်။ ၎င်းက ပါးစပ်ကိုဖွင့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ အားကောင်းသော ဝါးမျိုခြင်း စွမ်းအားများ ထွက်ပေါ်လာပြီး တိရီကို ဖုံးအုပ်ထားတော့သည်။

"နဝမနဂါးသွေးအနှစ်သာရ၊ လာခဲ့"

လုမင်က ဟိန်းဟောက်လိုက်သည်နှင့် ဝါးမျိုခြင်းစွမ်းအားများ အရူးအမူး တိုးလာခဲ့သည်။

တိရီ၏ ခန္ဓာကိုယ်ပေါ်ရှိ ရုပ်ပုံများထဲမှ တစ်ခုမှာ နဝမနဂါးဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။ ဤအခိုက်တွင် ဝါးမျိုခြင်းစွမ်းအားကြောင့် နဝမနဂါး သွေးအနှစ်သာရက နဝမနဂါးဆီသို့ ပျံထွက်လာခဲ့သည်။

လုမင်က တိရီ၏ခန္ဓာကိုယ်မှ နဝမနဂါး သွေးအနှစ်သာရ တစ်စက်ကို ပြန်ယူချင်ပေသည်။

"မစဉ်းစားနဲ့"

တိရီက အော်ဟစ်ပြီး အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားလိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ဖီးနစ်ငှက်မွှေး ဓားပျံငါးလက်က လျှပ်စီးလက်သကဲ့သို့ ထပ်မံ ပစ်လွှတ်လိုက်၏။ တိရီက ဓားပျံလေးခုကို ခုခံနိုင်သော်လည်း ကျန်တစ်ခုက ထိမှန်သွားကာ သူ့ခန္ဓာကိုယ်တစ်ဝက်နီးပါး ဖြတ်တောက်သွားတော့သည်။

"ဂါး"

ထိုအချိန်တွင် နဝမနဂါး သွေးမျိုးဆက်က ပို၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ တိရီ၏ ခန္ဓာကိုယ်ပေါ်ရှိ နဝမနဂါးပုံရိပ်က နဝမနဂါး သွေးမျိုးဆက်ဆီသို့ ပျံသန်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် တိရီ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးအနှစ်သာရတစ်စက် ပေါ်လာခဲ့၏။ နဂါးဟိန်း‌သံနှင့် လုမင်ဆီသို့ ပျံသန်းသွားတော့သည်။

နဝမနဂါး အနှစ်သာရကို ပြန်သိမ်းယူလိုက်ပြီ ဖြစ်သည်။

တိရီမှာ လွန်စွာ လက်မခံနိုင် ဖြစ်နေသော်လည်း အကူအညီမဲ့ပြီး စောင့်ကြည့်နေရုံအပြင် အခြား မတတ်နိုင်တော့ပေ။

"ဝမ်"

နဝမနဂါး သွေးအနှစ်သာက နဝမနဂါး၏ ပါးစပ်ထဲသို့ ပျံသန်းကာ ပျောက်ကွယ်သွားခဲ့သည်။

"ဂါး"

နဝမနဂါး သွေးမျိုးဆက်က အလွန်ကျေနပ်နေသကဲ့သို့ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ ၎င်း၏ အရှိန်အဝါက ပို၍ အားကောင်းလာတော့သည်။

"ရှဲ့ချီထျန်း၊ မင်းအခုမလုပ်ရင် ဘယ်အထိ စောင့်နေမှာလဲ"

ရုတ်တရက်၊ တိရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုမင် မျက်ခုံးပင့်လိုက်၏။

"ကောင်းကင်ကိုးလွှာ ကြေးလူသား ကိုးယောက်၊ ထွက်ခဲ့လော့"

ရှဲ့ချီထျန်း၏ ကျယ်လောင်သော အသံက ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။

"ဒေါင်... ဒေါင်... ဒေါင်..."

ရှဲ့ချီထျန်း၏ စကားသံဆုံးသည်နှင် တပြိုင်နက် သူတော်စင်မြို့တော်၏ မတူညီသောနေရာကိုးခုမှ ပြင်းထန်သောတုန်ခါမှုများ ထွက်ပေါ်လာခဲ့သည်။ အားကောင်းသော အရှိန်အဝါကိုးခုက ကောင်းကင်သို့ ထိုးတက်သွား၏။

ထို့နောက်မှာတော့ ရွှေရောင် အလင်းတန်းကိုးခုကို ကောင်းကင်တွင် လူတိုင်း မြင်လိုက်ရတော့သည်။

"အဲဒါတွေက ကြေးလူသားတွေပဲ"

ရွှေရောင်အလင်းကိုးခုက ကြေးလူသား ကိုးဦးဖြစ်ကြောင်း လုမင် မြင်လိုက်ရသည်။ သူတို့ကို ကြေးဖြင့် ပြုလုပ်ထား၏။ သူတို့က သုံးမီတာကျော်မြင့်မားပြီး သူတို့ခန္ဓာပေါ်မှာလည်း ကမ္ပည်းများ မြောက်များစွာ ပေါ်လာတော့သည်။

သူတို့၏ အရှိန်အဝါများက အလွန်အစွမ်းထက်သည်။ သူတို့ တစ်ဦးစီက အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် ညီမျှကြ၏။

ကြေးလူသားကိုးယောက်က ကောင်းကင်သို့ပျံတက်ကာ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ရုတ်တရက် သိုင်းအုပ်ချုပ်သူကိုးဦးက နောက်ဆုတ်သွား၏။

"ကြေးလူတွေနဲ့ ပေါင်းလိုက်"

ရှဲ့ချီထျန်း၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

ထိုအချိန်တွင် ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ သိုင်းအုပ်ချုပ်သူကိုးပါးက ကြေးလူသားကိုးဦးဆီသို့ ပျံသန်းသွားကြသည်။ သွေးမျိုးဆက် ပေါင်းစပ်သကဲ့သို့ပင်။ ထိုသိုင်းအုပ်ချုပ်သူကိုးပါးက ကြေးလူသားများထံတွင် တိုက်ရိုက် ရောနှောပြီး ပျောက်ကွယ်သွား၏။

ကြေးလူသား ကိုးဦး၏ အရှိန်အဝါများက လျင်မြန်စွာ မြင့်တက်လာတော့သည်။

သူတို့က အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ပြီး အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ထိုမျှသာမကဘဲ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ဆက်လက် မြင့်တက်သွား၏။

အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကိုးဦး။

"မကောင်းတော့ဘူး"

လုမင် အံ့ဩသွားခဲ့သည်။

"သတ်"

"သတ်"

ကြေးလူသားကိုးဦးက ဟိန်းဟောက်ပြီး ကောင်းကင်နတ်ဘုရား တပ်မဟာနှင့် မြောက်ပိုင်းလွင်ပြင်မှ သိုင်းအုပ်ချုပ်သူများကို ပြေးဝင်တိုက်ခိုက်ကြတော့သည်။

အဆင့်နှစ် အထွတ်အထိပ်မှ သိုင်းအုပ်ချုပ်သူများက အလွန်အစွမ်းထက်သည်။ သာမန် အဆင့်တစ် သိုင်းအုပ်ချုပ်သူများက လုံးဝ မခုခံနိုင်ပေ။

နာကျင်စွာ အော်သံများ ခဏချင်း ထွက်ပေါ်လာခဲ့သည်။ လုမင်၏ မျက်စိရှေ့မှာပင် ခဏချင်း သိုင်းအုပ်ချုပ်သူငါးပါး သေဆုံးသွားတော့သည်။

မြောက်ပိုင်းလွင်ပြင်ဘက်တွင် တောင်ဖြိုဧကရာဇ်၊ ထျန်းဖုန်းဧကရာဇ်နှင့် သိုင်းအုပ်ချုပ်သူ သုံးပါး ချက်ခြင်းအသတ်ခံရသည်။

ကောင်းကင်နတ်ဘုရားတပ်မဟာမှ သိုင်းအုပ်ချုပ်သူငါးပါးလည်း ထိုကဲ့သို့ သတ်ဖြတ်ခံခဲ့ရ၏။

အခြား ကြေးလူသား လေးယောက်ကိုသာ ထူချမ်၊ ရှကျိုးယန်နှင့် ပိုင်ကျန်းဧကရာဇ်တို့မှ တားဆီးမထားပါက ယခုထက်ပိုပြီး အခြေအနေဆိုးရွားမည် ဖြစ်သည်။

"သေစမ်း၊ ဒါက ရှဲ့မိသားစုရဲ့ ကောင်းကင်ကိုးလွှာ ကြေးလူသားတွေပဲ။ ရှဲ့မိသားစုရဲ့ ကောင်းကင်ကိုးလွှာရဲ့ ကြေးလူသားတွေက အခုထိ ရှိနေတုန်းပဲ"

"ဆုတ်ကြဟေ့"

ကောင်းကင်နတ်ဘုရားတပ်မဟာနှင့် မြောက်ပိုင်းလွင်ပြင်ဘက်မှ ကျွမ်းကျင်သူများအားလုံး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ရှေးဟောင်း သူတော်စင်မင်းဆက်ကို တည်ထောင်စဉ်က ပထမဆုံး သူတော်စင်ဧကရာဇ်ဟာ ကမ္ဘာပေါ်ရှိပညာရှင်များကို စုစည်းပြီး ရတနာအမျိုးမျိုးနှင့် ကြေးလူသားကိုးဦးကို ထုလုပ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်ဟု ဆိုသည်။ ထိုကြေးလူသားတိုင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်‌ပေသည်။

သို့သော်လည်း ဒဏ္ဍာရီအရ၊ နှစ်တစ်သန်းအတွင်း အဆုံးမဲ့စစ်ပွဲများတွင် ရှဲ့မိသားစု၏ ကြေးလူသားကိုးဦးမှာ ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။ မမျှော်လင့်ဘဲ ၎င်းတို့က ယခင်စစ်ပွဲများတွင် ရှိနေသေးသည်။

All Chapters