အခန်း ၁၃၄၈
Vol. 90 Ch. 1348
အပိုင်း ( 1348 ) တိရီ လွတ်မြောက်ခြင်း။
နောက်ဆုံးတွင် ရှဲ့လွမ်က တိဟုန်ချန်ထက် ပို၍သန်မာသည်။ ယခုတော့ အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက်တွင် တိဟုန်ချန်အား သုတ်သင်နိုင်ခဲ့ပြီ။
တိုက်ခိုက်နေစဉ်အတွင်း ရှဲ့လွမ်ဟာ အခြေအနေတစ်ခုလုံးကို အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ဖြစ်ပျက်သမျှကို သူသိပေသည်။
"အခု အတူတူတိုက်ခိုက်ပြီး အောင်နိုင်သူကို ဆုံးဖြတ်ရအောင်"
ရှဲ့လွမ်က ဓားကဲ့သို့ ထက်မြက်ပြီး သတ်ဖြတ်ချင်စိတ်အပြည့် ပါဝင်နေသောလေသံဖြင့် ပြောလိုက်သည်။
"တိုက်ခိုက်ကြတော့ဟေ့"
"သတ်ကြ"
ပိုင်းကျန်းဧကရာဇ်၊ ချွီလော့၊ လူရိုင်းဧကရာဇ်နှင့် အခြားသူများလည်း ညာသံပေးကာ ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ သိုင်းအုပ်ချုပ်သူများကို တိုက်ခိုက်ကြတော့သည်။
ဆန့်ကျင်ဘက်တွင်၊ ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ သိုင်းအုပ်ချုပ်သူများက တိုက်ခိုက်ချင်စိတ်တို့ လုံးဝ ပျောက်ကွယ်သွားကြသည်။
"ငါတို့က လုမင်ရဲ့ ပြိုင်ဘက်မဟုတ်ဘူးဟေ့၊ ပြေးကြ"
"ပြေးကြတော့"
ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းဘက်မှ သိုင်းအုပ်ချုပ်သူများ သွေးပျက်ကုန်ကြသည်။ သူတို့တွင် တိုက်ခိုက်ချင်စိတ်မရှိတော့ဘဲ လှည့်ပြေးရန် ကြိုးစားကြကုန်၏။
"ဒေါင်... ဒေါင်"
နဝမနဂါး ဒယ်စောက်အိုးကြီးက လှုပ်ခါပြီး ပတ်ဝန်းကျင်ကို ဖိနှိပ်ကာ သူတို့၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
"ဝှစ်"
တိရီက ရုတ်တရက် လားရာတစ်ခုကို ပြေးထွက်သွားခဲ့သည်။
ယေဘူယျအားဖြင့် အခြေအနေက ထင်ရှားနေပြီဖြစ်သောကြောင့် တိရီ ထွက်ပြေးတော့သည်။
"တိရီ၊ မင်းဘယ်ပြေးမှာလဲ"
လုမင်က ငေါက်ငမ်းပြီး နဝမနဂါး ဒယ်စောက်အိုးနှစ်လုံးနှင့် တိရီကို ဖိနှိပ်လိုက်သည်။
"ဒေါင်၊ ဒေါင်"
တိရီက အုပ်ချုပ်သူ ဝိညာဉ်လက်နက်ဓားနှင့် ခုခံခဲ့သော်လည်း အသုံးမဝင်ပေ။ ဓားက တုန်ခါသွားပြီး တိရီလည်း သွေးများ အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများ ပေါ်လာပြီး ပေါက်ကွဲလုမတတ် ဖြစ်သွားတော့သည်။
"လောင်ကျွမ်းစေ"
တိရီက ဟိန်းဟောက်လိုက်သည်။ အစစ်အမှန်နဂါးများ၊ ဖီးနစ်များနှင့် အခြားလျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်များက ရုတ်တရက် ပြင်းထန်စွာ လောင်ကျွမ်းသွား၏။ သူ၏ အရှိန်အဝါကလည်း ရုတ်တရက် အဆများစွာ တိုးတက်လာတော့သည်။
"ဝှစ်"
တိရီက အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းသွားခဲ့သည်။
"လိုက်"
လုမင်ကလည်း မတုံ့ဆိုင်းပေ။ သူက နဝမနဂါးဒယ်စောက်အိုးကို ထိန်းချုပ်ပြီး တိရီနောက်သို့ လိုက်သွား၏။
တစ်ချိန်တည်းမှာပင်၊ သူက ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ ကျန်ရှိနေသော သိုင်းအုပ်ချုပ်သူများကို ဦးဆောင်၍သတ်ရန် ထူချမ်အား လျှို့ဝှက်အမိန့်ပေးခဲ့သည်။
နဝမနဂါး ဒယ်စောက်အိုးများဖြင့် ဝန်းရံထားပြီးနောက် ရှဲ့မိသားစုနှင့် ကျန် ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ သိုင်းအုပ်ချုပ်သူများကို ထူချမ်၊ ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများက ဝိုင်းထားလိုက်ကြသည်။
ဤအတွက် သူ စိတ်ပူနေစရာ မလိုတော့ပေ။ အခြေအနေက ဆုံးဖြတ်ပြီးခဲ့ပြီ ဖြစ်သည်။
ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းတွင် သိုင်းအုပ်ချုပ်သူတချို့ ရှိနေဆဲဖြစ်သော်လည်း သူတို့က အစွမ်းထက်လှသည် မဟုတ်ပေ။ ရှဲ့စန်းချုံးကိုလည်း ကောင်းကင်နတ်ဘုရား တပ်မဟာ၏ စစ်ဦးစီးချုပ်ဟောင်းက တားဆီးထားခဲ့သည်။
လုမင်ဘက်မှာတော့ ထူချမ်၊ ရှဲ့လွမ်၊ ပိုင်ကျန်းဧကရာဇ်၊ ရှကျိုးယန်ကဲ့သို့ ကျွမ်းကျင်သူများ ရှိ၏။
"ဝှစ်... ဝှစ်"
လုမင်နှင့် တိရီက ခဏချင်းမှာပင် အဝေးသို့ ပျောက်ကွယ်သွားတော့သည်။
သူတော်စင်မြို့တော်၌ တိုက်ပွဲကြီးက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ သို့သော်၊ ဤနောက်ပိုင်းတိုက်ပွဲကတော့ သည်းထိတ်ရင်ဖိုစရာများ မရှိပါ။
ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ ကျွမ်းကျင်သူများ တစ်ဦးပြီးတစ်ဦး အသတ်ခံခဲ့ရသည်။
လုမင်နှင့် တိရီဘက်မှာတော့... ပြေးရင်း၊ လိုက်ရင်းဖြင့် တခဏချင်း မိုင်ထောင်ပေါင်းများစွာ ဖြတ်သန်းသွားကြသည်။
ဒုတိယခန္ဓာက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်၏ မျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ကမ္ပည်းစာများ ပေါ်လာခဲ့၏။ ၎င်းတို့အားလုံးသည် အရန်ကမ္ပည်းများဖြစ်ပြီး အားလုံးနီးပါးက အရှိန်မြှင့်တင်ခြင်း ကမ္ပည်းများ ဖြစ်သည်။ လုမင်၏ အရှိန်က တဟုန်ထိုး တိုးတက်လာပြီး တိရီထံသို့ ချဉ်းကပ်လာတော့သည်။
"တိရီ၊ မင်းရှုံးသွားပြီ။ အခု ဘယ်ကို ပြေးချင်လို့လဲ"
လေဓာတ်စွမ်းအင် တာအိုသိုင်းဖြင့် ပြေးလိုက်ရင်း လုမင် အော်ဟစ်လိုက်သည်။
တိရီ၏မျက်နှာက ဖြူဖျော့သွားသည်။ သူ့မျက်လုံးများက အေးစက်ပြီး သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေခဲ့၏။ သို့သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ အံကြိတ်ကာ ထွက်ပြေးသွားတော့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက သူ့ကို အံ့မခန်း အရှိန်ဖြင့် လှုပ်ရှားနိုင်စေခဲ့သည်။
တိရီက သူ၏ သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကို လောင်ကျွမ်းစေခဲ့ပေသည်။
'လုမင်၊ သိပ်ပြီး အပျော်မစောနဲ့ဦး။ ငါမင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်'
တိရီက စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ လုမင်အပေါ် သူ၏ သတ်ဖြတ်ချင်စိတ်ကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။
တိရီဟာ နှစ်တစ်သောင်းကြာ လေ့ကျင့်ရင်း ကျင့်ကြံသူများ၏ သွေးမျိုးဆက် သွေးအနှစ်သာရ အမျိုးမျိုးတို့ကို စုပ်ယူကာ သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ မူလက သူသည် အောင်မြင်မှုနှင့် ပြီးပြည့်စုံမှုမှ ခြေတစ်လှမ်းသာ ဝေးတော့သည်။
သို့သော်လည်း ယခုအခါ သူ၏ ယခင် ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်ခဲ့ပြီ။
လွတ်မြောက်ရန်အတွက် သူ့မှာ သူ၏ သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကို မီးရှို့ခဲ့ရသည်။ နှစ်များတစ်လျှောက်လုံး သူ၏ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီးသွားခဲ့လေပြီ။
တစ်ဦးက လိုက်ဖမ်းနေပြီး ကျန်တစ်ဦးကလည်း အံ့အားသင့်ဖွယ် အရှိန်ဖြင့် ပြေးသွားသည်။ သူတို့က လေဟာပြင်ကို ဖြတ်သန်းသွားကြ၏။
များမကြာမီ သူတို့က ဗဟိုဒေသကိုဖြတ်ကျော်ကာ မြောက်ပိုင်းလွင်ပြင်သို့ ရောက်ရှိလာကြသည်။ ထို့နောက် အဆုံးမဲ့ သမုဒ္ဒရာဆီသို့ ဆက်လက် ပျံသန်းသွားတော့သည်။
"သေစမ်း"
တိရီမှာ သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။ သူ့စိတ်ထဲမှာလည်း ပိုပိုပြီး စိုးရိမ်လာခဲ့၏။ သူဟာ မူလကတည်းက ဒဏ်ရာအပြင်းအထန်ရနေပြ ဖြစ်သည်။ ယခုကဲ့သို့ ခရီးရှည်ကြီးကို အင်အားအကုန်သုံးပြီး သွားနေရတော့ သူ့ဒဏ်ရာများက ပိုဆိုးလာတော့သည်။
ဤအတိုင်း ဆက်သွားနေလျှင် လုမင်မှ သူ့အား ဖမ်းမိသွားတော့မည် ဖြစ်သည်။
ယင်းကို သူ လက်မခံချင်ပေ။ ဤနေရာတွင် သူ ဘယ်လိုလုပ်ပြီး သေရပါမည်နည်း။ လုမင်ကို သူ အပိုင်းပိုင်းဖြတ်ပစ်ချင်သေးသည်။
ရုတ်တရက်၊ သူက အံကိုတင်းတင်းကြိတ်လိုက်သည်။ သူ့မျက်လုံးများတွင် ပြတ်သားမှုတို့ ပေါ်လာခဲ့၏။
"လုမင်၊ မင်းစောင့်နေပါ"
တိရီက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ရုတ်တရက် ပို၍ကြီးမားစွာ တောက်လောင်လာခဲ့သည်။
"ပေါက်ကွဲလော့"
တိရီ ဟိန်းဟောက်လိုက်သည်။ ထို့နောက်တွင် သူ့အရှိန်က ရုတ်တရက် တဟုန်ထိုး တိုးတက်လာ၏။ သူက ဟင်းလင်းပြင်အလွှာများကို ဖြတ်ကျော်ပြီး လျှင်မြန်စွာ ပြေးထွက်သွားရာ သူနှင့် လုမင်ကြားမှ အကွာအဝေးက လျင်မြန်စွာ ကြီးမားလာတော့သည်။
"ဒီကောင်…"
လုမင်လည်း တိရီ၏ ပြတ်သားမှုကြောင့် လေးစားသွားမိသည်။ တိရီက သူ၏ ဝိညာဉ်ခန္ဓာကို လုံးဝလောင်ကျွမ်းစေခဲ့မှန်း သူ မြင်တွေ့နိုင်ပေသည်။ သူ၏ သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာက လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူ လွတ်မြောက်သွားလျှင်ပင် သူ၏ ကျင့်ကြံခြင်းအခြေခံကို ထိန်းထားနိုင်တော့မည် မဟုတ်ပေ။ သူ့နယ်ပယ်က နောက်သို့ပင် ဆုတ်သွားနိုင်ချေ ရှိသည်။
အနာဂတ်မှာ ဆက်လက်တိုးတက်ရန်ပင် သူ့အတွက် ခက်ခဲလိမ့်မည်။ အသက်ရှင်သန်ရေးအတွက် တိရီက အကုန်ရင်းခဲ့သည်။
သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးက ပို၍ ကြီးလာခဲ့သည်။ နောက်ဆုံးတွင် လုမင်က တိရီ၏အရိပ်ကို မမြင်နိုင်တော့ပေ။
ခဏကြာတော့၊ လုမင်ဟာ တိရီ၏ အရှိန်အဝါကိုပင် မခံစားနိုင်တော့ပါ။
လုမင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ရပ်တန့်လိုက်ရသည်။
'ဒီကောင်က တကယ်ကြီး လွတ်မြောက်သွားသေးတယ်၊ ဒါပေမဲ့ ဒီကောင် ဒဏ်ရာအပြင်းအထန်ရပြီး သူ့ရဲ့ ဝိညာဉ်ခန္ဓာလည်း မီးလောင်ကျွမ်းသွားပြီ။ သူ့ရဲ့ ကျင့်ကြံခြင်းက ပြန်ကောင်းလာဖို့ မလွယ်တော့သလို အနာဂတ်မှာ ငါ့ကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး'
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူက တိဟုန်ချန်နှင့် အနီရောင်ဝတ် အဘိုးကြီးအကြောင်းကို တွေးနေမိ၏။
'ဒီလူနှစ်ယောက်က ဘယ်ကလာတာလဲ။ ပြီးတော့ သူတို့က အုပ်ချုပ်သူဝိညာဉ်လက်နက်တွေကို ကိုယ်စီ အသုံးပြုနိုင်ကြတယ်။ တိရီရဲ့နောက်ကွယ်မှာ အားကောင်းတဲ့ အင်အားစုတစ်ခုခု ရှိနိုင်မလား'
လုမင်က တိရီကို လုံးဝ စိတ်မပူပေ။ သူစိုးရိမ်တာက တိရီ၏ နောက်ကွယ်မှ အင်အားစုကို ဖြစ်သည်။
'မေ့လိုက်ပါ၊ လက်တွေ့ ကြုံလာမှပဲ ငါဖြေရှင်းလိုက်မယ်'
ထိုသို့ စဉ်းစားပြီးနောက် လုမင်လည်း သူတော်စင်မြို့တော်ကို ပြန်လှည့်ခဲ့သည်။
သူတော်စင်မြို့တော်ကို လုမင် ပြန်ရောက်လာတော့ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ။
ရလဒ်က အံ့ဖွယ်မဖြစ်ပေ။
ထူချမ်၊ ရှဲ့လွမ်တို့နှင့်အတူ တိုက်ပွဲက တစ်ဖက်သတ်နီးပါး ဖြစ်ခဲ့သည်။
ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ သိုင်းအုပ်ချုပ်သူများ အားလုံးနီးပါး အသတ်ခံခဲ့ရသည်။ တိရီထံ အညံ့ခံထားသော ဗဟိုဒေသမှ သိုင်းအုပ်ချုပ်သူတချို့လည်း ရှဲ့လွမ်နှင့် အခြားသူများ ချုပ်ကိုင်ခံခဲ့ရ၏။ သူတို့ကို အစီရင်များ ရေးထိုးကာ ထိန်းချုပ်ခဲ့ပေသည်။
ရှဲ့မိသားစုအတွက်မူ၊ သိုင်းအုပ်ချုပ်သူ အနည်းငယ်သာ ကျန်ပြီး ကျန်သူအားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။
သူတော်စင်ဧကရာဇ်ဟောင်း၊ ရှဲ့ချီထျန်း၊ ရှဲ့စန်းချုံးနှင့် ဆံဖြူအဘိုးကြီးတစ်ဦး၊ စုစုပေါင်း လေးဦးကို ရှဲ့လွမ်နှင့် အခြားသူများက ဝိုင်းရံထားခဲ့သည်။
ရှဲ့လွမ်နှင့် အခြားသူများက လုမင်နှင့် ရှဲ့နျန်ချင်း၏ ဆက်ဆံရေးအကြောင်း သိပေသည်။ ရှဲ့နျန်ချင်းက ရှဲ့မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ကြောင်း သူတို့ သိကြသည်။ ထို့ကြောင့် ဤလူများကို မသတ်သေးဘဲ လုမင် ပြန်လာမည်ကို တမင် စောင့်မျှော်နေခဲ့ကြပေသည်။
ရှဲ့ချီထျန်းနှင့် အခြားသူများက ကောင်းကင်ယံရှိ စင်မြင့်ပေါ်တွင် ရပ်နေခဲ့ကြသည်။ သူတို့၏ မျက်လုံးများကတော့ အသက်ကင်းမဲ့ပြီး စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေကြပြီ။
ရှုံးနိမ့်သွားခဲ့ပြီ၊ သူတို့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။
လွန်ခဲ့သည့် နှစ်ပေါင်း သုံးသောင်းခန့်က ရှဲ့လွမ်မှ ကမ္ဘာကြီးကို မငြိမ်မသက်ဖြစ်စေကာ ရှဲ့မိသားစုကို သစ္စာဖောက်ခဲ့စဉ်တွင်၊ ရှဲ့မိသားစုက အခြေအနေ ပျက်ခဲ့သည်။
သို့သော်လည်း၊ သူတို့က ရှဲ့လွမ်ကို ဖိနှိပ်နိုင်ကာ အင်အားအချို့ကို ထိန်းသိမ်းထားနိုင်ခဲ့ပေသည်။ ထိုမှ ဖြည်းဖြည်းချင်း ပြန်ကောင်းလာရန်လည်း သူတို့အတွက် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။
သို့ရာတွင် ဤတစ်ကြိမ်မှာတော့ သူတို့ လုံးဝရှုံးနိမ့်သွားခဲ့ပြီ။ သူတို့၏ ကျွမ်းကျင်သူများအားလုံး သေသူသေ၊ ဒဏ်ရာရသူရနှင့် သူတို့လုပ်နိုင်တာ ဘာမှမရှိတော့ပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
သူတော်စင်မြို့တော်တွင် ရှဲ့ယန်နှင့် ရှဲ့မိသားစု၏ တပည့်များအားလုံး ဒူးထောက်ကျသွားသည်။ သူတို့၏ မျက်လုံးများကလည်း အသက်မရှိတော့ပေ။
ရှဲ့မိသားစု ရှုံးနိမ့်သွားခဲ့သည်။ သူတို့၏ သိုင်းအုပ်ချုပ်သူများပင်လျှင် ကျဆုံးသွား၏။ ကျန်လူများနှင့် ဘာမျှလုပ်၍မရတော့ပေ။ လှုပ်ရှားဝံ့လျှင်လည်း သေခြင်းသာ အဆုံးသတ်ဖြစ်လိမ့်မည်။
အခြားသော ကျင့်ကြံသူများ၏ မျက်လုံးများမှာတော့ ရှုပ်ထွေးသော အကြည့်များ ရှိနေခဲ့သည်။
နှစ်သန်းပေါင်းများစွာ အမွေဆက်ခံခဲ့တဲ့ ရှေးဟောင်း သူတော်စင်မင်းဆက် ရှဲ့မိသားစုက ဒီနေ့ကစပြီး ဖျက်ဆီးခံရတော့မှာလား။
ဒါဆိုရင် အခုအချိန်ကစပြီး ရှမ်းဟွမ်တိုက်ကြီးကို ဘယ်သူက ထိန်းချုပ်မှာလဲ။
မတိုင်ပင်ထားပါဘဲ၊ လူများစွာက လုမင်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။