← Chapters

အခန်း ၁၃၄၉

Vol. 90 Ch. 1349

အခန်း ၁၃၄၉

Vol. 90 Ch. 1349

အပိုင်း ( 1349 ) ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာ။

"စစ်ဦးစီးချုပ် လု"

"စစ်ဦးစီးချုပ် လု"

လုမင် ပြန်ရောက်လာသည်ကိုမြင်တော့ သိုင်းအုပ်ချုပ်သူအားလုံးက လုမင်ကို ဦးညွှတ်လိုက်ကြသည်။

သူတို့က လုမင်ကို ကြောက်ရွံ့လေးစားသော မျက်လုံးများနှင့် ကြည့်လိုက်၏။

ပိုင်ကျန်းဧကရာဇ်ကဲ့သို့ ကောင်းကင်နတ်ဘုရားတပ်မဟာမှ လူများဖြစ်စေ၊ မြောက်ပိုင်းလွင်ပြင်မှ သိုင်းအုပ်ချုပ်သူဖြစ်စေ အားလုံး အတူတူ ဖြစ်သည်။

ဤတိုက်ပွဲကို အောင်နိုင်ရခြင်း၏ အဓိက အကြောင်းရင်းက လုမင်ကြောင့် ဖြစ်သည်။

အစကတည်းက လုမင်ဟာ မယုံနိုင်စရာကောင်း‌သော တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့သည်။ သူဟာ ပထမ ငရဲဧကရာဇ်ကိုသတ်ပြီး အနီရောင်ဝတ် အဘိုးကြီးကို သတ်ခဲ့၏။ ထို့နောက် တိရီကို တိုက်ခိုက်ကာ တိုက်ပွဲရေစီးကြောင်းကို တဖြည်းဖြည်းပြောင်းလဲပြီး သူတို့ကို အသာစီးရစေခဲ့သည်။

နောက်ပိုင်းတွင် ရှဲ့မိသားစုက ကောင်းကင်ကိုးလွှာ ကြေးလူသားများကို ထုတ်ယူပြီး အခြေအနေ တစ်ဖန် ပြောင်းလဲခဲ့၏။ ထိုအချိန်တွင် သူတို့ ရှုံးမည်ဟုထင်ကာ ဤတိုက်ပွဲအတွက် မျှော်လင့်ချက်မရှိဟုပင် ထင်ခဲ့လေသည်။

သို့သော်လည်း အရေးကြီးသောအခိုက်အတန့်တွင် လုမင်က ဒီရေကိုလှည့်ကာ ကောင်းကင်ကိုးလွှာ ကြေးလူသားကိုးဦးကို ဖျက်ဆီး၍ သိုင်းအုပ်ချုပ်သူကိုးဦးကိုလည်း တရှိန်ထိုး သတ်ဖြတ်ပစ်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ အခြေအနေက လုံးဝပြောင်းပြန်ဖြစ်ပြီး သူတို့ အောင်ပွဲခံနိုင်ခဲ့တော့သည်။

အကယ်၍ လုမင်သာမရှိလျှင် အကျိုးဆက်က ခန့်မှန်းရပင် ခက်ခဲမည် ဖြစ်သည်။

ဆူဆူညံညံနှင့် နှုတ်ဆက်နေသံများကိုကြားတော့ ရှဲ့ချီထျန်းနှင့် တခြားသူများလည်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် လုမင်ကို ကြည့်လိုက်ကြ၏။

ဤအရာအားလုံးက ထိုလူငယ်ကြောင့် ဖြစ်သည်။ ရှဲ့မိသားစု ဤအခြေအနေသို့ ကျဆင်းသွားရခြင်းမှာလည်း သူ့ကြောင့် ဖြစ်ပေသည်။

ထိုအချိန်က လုမင်ဟာ ရှဲ့လွမ်ကို ကယ်တင်လာခဲ့သည်။ ရှဲ့လွမ်က ကောင်းကင်ဘုရင်တံဆိပ်ပြားကို ထုတ်ယူပြီး အလယ်ပိုင်းဒေသ၏အခြေအနေကို ပြောင်းလဲလိုက်၏။ ယင်းက ရှဲ့မိသားစု၏ အာဏာတည်ဆောက်မှုကို အနှောင့်အယှက်ဖြစ်စေကာ နောက်ဆက်တွဲတိုက်ပွဲများဆီသို့ တိုက်ရိုက် ဦးတည်စေခဲ့သည်။

ယခုတစ်ကြိမ်မှာလည်း လုမင်ကြောင့်သာ ရှဲ့မိသားစုက အပြတ်အသတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်လေသည်။

"ငါတို မှားသွားခဲ့တာလား၊ သွေးမျိုးဆက် သန့်စင်မှုကို လိုက်စားတာက တကယ်ပဲ ထိုက်တန်ရဲ့လား"

သူတော်စင်ဧကရာဇ်ဟောင်းက လေးတွဲ့စွာ သက်ပြင်းချရင်း ပြောလိုက်သည်။ ထိုစကားကိုကြားတော့ ရှဲ့ချီထျန်းမှာ ပို၍ စိတ်ရှုပ်ထွေးသွားခဲ့လေသည်။

ဟုတ်တယ်၊ အဲဒါက တကယ်ပဲ ထိုက်တန်ရဲ့လား။

ပြောရလျှင် ဤအရာအားလုံး၏ ရင်းမြစ်က သူ့ကြောင့် မဟုတ်ပါလော။ သူသာ ရှဲ့နျန်ချင်းကို ကောင်းမွန်စွာ ဆက်‌ဆံခဲ့ပါက လုမင်လည်း ရှဲ့မိသားစုနှင့်အတူ လျှောက်လှမ်းကာ ရှဲ့မိသားစုဝင်တစ်ဦး ဖြစ်လာနိုင်သည်။

ထိုအခါ ရှဲ့မိသားစုမှ အလယ်ပိုင်းတိုက်ကြီးကို ပြန်လည်ပေါင်းစည်းရန်မှာ မဖြစ်နိုင်တာ မဟုတ်တော့ပေ။

ပြောရလျှင် အရာအားလုံးက သူ့ကြောင့် ဖြစ်သည်။

သူဟာ လုမင်ကို ရန်သူအဖြစ်သို့ ပုဂ္ဂိုလ်ရေးအရ ပြောင်းလဲခဲ့သူ ဖြစ်၏။ ယခုတော့ သူ့စိတ်ထဲမှာ မည်သို့ ခံစားရမည်မှန်း မသိတော့ပေ။

"လုမင်၊ တိရီ ဘယ်မှာလဲ"

ရှဲ့လွမ်က လုမင်ဆီသို့ လျှောက်လာကာ မေးလိုက်သည်။

"သူလွတ်သွားတယ်"

လုမင် ပြောလိုက်သည်။

"လွတ်သွားတာလား"

ရှဲ့လွမ် အနည်းငယ် အံ့အားသင့်သွား၏။ သို့သော်လည်း မျက်နှာမပျက်ဘဲ ပြောလိုက်လေသည်။

"ဘာမှတော့ မဖြစ်ပါဘူးလေ။ တိရီရဲ့ အသက်ဓာတ်က အရမ်းထိခိုက်သွားခဲ့ပြီ။ သူက ဘယ်လိုလှိုင်းမျိုးမှ ဖြစ်စေနိုင်တော့မှာ မဟုတ်ဘူး"

လုမင် ခေါင်းညိတ်ပြလိုက်သည်။

"စစ်ဦးစီးချုပ် လု၊ ရှဲ့မိသားစုက ဒီလူတွေကို ငါတို့ ဘယ်လိုလုပ်ရမလဲ။ သူတို့က သတ်ရမလား ဒါမှမဟုတ် မသတ်ရဘူးလား"

သိုင်းအုပ်ချုပ်သူတစ်ယောက်က လုမင်ကို မေးလိုက်သည်။

အားလုံးက လုမင်ကို ပြိုင်တူ ကြည့်လိုက်ကြ၏။

ဤတိုက်ပွဲအပြီးတွင်၊ လူတိုင်း၏နှလုံးသားထဲမှ လုမင်၏ တည်ရှိမှုက ရှဲ့လွမ်ထက် များစွာ အရေးကြီးနေပြီ ဖြစ်သည်။

လုမင်က ရှဲ့နျန်ချင်းကို ကြည့်လိုက်၏။

ယခုအချိန်တွင် ရှဲ့နျန်ချင်းက ရှဲ့ချီထျန်းနှင့် အခြားသူများကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမ ဘာတွေတွေးနေမှန်းတော့ မသိရပေ။

"ရှောင်ချင်း၊ ငါ သူတို့ကို မင်းအတွက်ထားခဲ့မယ်"

လုမင်က ရှဲ့နျန်ချင်း၏ နံဘေးသို့ လျှောက်သွားကာ ပြောလိုက်သည်။

ရှဲ့နျန်ချင်း၏ မျက်လုံးများ နက်နဲသောနေရာမှ တုံ့ဆိုင်းမှုအရိပ်အယောင်များ ပေါ်လာခဲ့၏။

လုမင် သက်ပြင်းချလိုက်သည်။ ဤရလဒ်ကို သူ ခန့်မှန်းပြီးသားပင်။

ရှဲ့နျန်ချင်း၏ အမူအရာက အေးစက်ပုံရပြီး သူမ၏နည်းလမ်းများက ရက်စက် ကြမ်းတမ်းပါသော်လည်း သူမ၏နှလုံးသားထဲတွင်တော့ ကြင်နာမှုနှင့် သံယောဇဉ်ကြီးမားနေဆဲပင်။

ရှဲ့ချီထျန်းက သူမ၏ဖခင်ဖြစ်ပြီး သူတော်စင်ဧကရာဇ်ဟောင်းမှာ သူမ၏အဘိုး ဖြစ်သည်။ သူတို့က သူမ၏ မိသားစုဝင်များပင်။

ရှဲ့မိသားစုက သူမအပေါ် မကောင်းခဲ့သော်လည်း ဤမျှ ရက်စက်ဖို့တော့ သူမ မတွေးနိုင်သေးပါ။

"စစ်ဦးစီးချုပ်လုနဲ့ မိန်းကလေးနျန်ချင်း၊ ရှဲ့မိသားစုမှာ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ နက်နဲတဲ့ အခြေခံအုတ်မြစ် ရှိတယ်။ သူတို့မှာ ကျွမ်းကျင်သူတွေလည်း အများကြီးရှိသေးတယ်။ သူတို့ကို အသက်ရှင်လျက် ထားခဲ့တာဟာ နောင်တစ်ချိန် ဘေးဥပဒ်တစ်ခု ဖြစ်လာနိုင်ပါတယ်"

"မှန်ပါတယ်။ နောင်အခါ ပြဿနာတွေ မဖြစ်ရအောင် သူတို့ကို သတ်ပစ်ဖို့ အကြံပြုပါရစေ"

"..."

အခြား သိုင်းအုပ်ချုပ်သူများကလည်း အကြံပြုလိုက်ကြသည်။

"မင်းတို့ အဲ့လိုလုပ်စရာမလိုဘူး"

ရုတ်တရက်၊ ရှဲ့ချီထျန်းက ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချလိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူက ရှေ့သို့ တိုးလာကာ အားကောင်းသော အရှိန်အဝါနှင့် ဘုန်းအာနုဘော် တစ်မျိုးကို ထုတ်ဖော်လိုက်၏။

ယင်းက မြင့်မြတ်သောဧကရာဇ်မင်းတစ်ပါး၏ ဘုန်းအာနုဘော်ဖြစ်သည်။

ရှဲ့ချီထျန်းက လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။

"ငါဟာ ရှေးဟောင်း သူတော်စင်မင်းဆက်ရဲ့ သူတော်စင်ဧကရာဇ်ပဲ။ ငါသေရင်တောင် မင်းရဲ့လက်နဲ့ မသေဘူး၊ အခြားလူတွေလက်နဲ့ မသေစေရဘူး"

ထိုသို့ ပြောဆိုပြီးနောက် ရှဲ့ချီထျန်းက သူ၏ဒန်တျန်ကို ရုတ်တရက် လက်ညိုးတစ်ချက် ညွှန်လိုက်သည်။

အားကောင်းသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။ သို့သော်လည်း မကြာမီတွင် ဤအရှိန်အဝါက လျင်မြန်စွာ အားနည်းသွားတော့သည်။

မူလက သူဟာ သိုင်းအုပ်ချုပ်သူ ဖြစ်သည်။ ထို့နောက် အဓိပဓိနယ်ပယ်သို့ ထိုးကျသွားသည်။ ထိုမှ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ကျရောက်သွား၏။ ထို့နောက်မှာတော့ ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ ဆက်လက်ကျဆင်းသွားတော့သည်။

အဆုံးတွင်၊ ရှဲ့ချီထျန်း၏ ခန္ဓာကိုယ်ပေါ်မှာ ယွမ်ချီ သို့မဟုတ် အစစ်အမှန်ချီ အပြောင်းအလဲမရှိဘဲ သာမန်လူတစ်ယောက် ဖြစ်လာခဲ့ရသည်။

မိမိ၏ ကျင့်ကြံခြင်းကို ကိုယ်ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်လိုက်ပြီ။

"ဖူး"

ရှဲ့ချီထျန်း၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သွေးတစ်ပွက် အန်ထွက်လာခဲ့သည်။

သူတော်စင်ဧကရာဇ်အနေဖြင့် ဂုဏ်သိက္ခာရှိစွာ အသေခံရမည်။ သူသေလျှင်ပင် တစ်ပါးသူလက်ထဲတွင် မသေစေရပေ။

အဆုံးတွင် ရှဲ့ချီထျန်းက ရှဲ့နျန်ချင်းကို သတိရနေသကဲ့သို့ ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ခဏအကြာမှ ခပ်တိုးတိုး ပြောလိုက်လေသည်။

"နျန်ချင်း၊ ငါ မင်းတို့ သားမိအပေါ်မှာ မကောင်းခဲ့ဘူး။ ဒီအတွက် မင်းတို့ နှစ်ယောက်စလုံးကို တောင်းပန်ပါတယ်"

ဤစကားများက ရှဲ့နျန်ချင်း၏ နူးညံ့သောခန္ဓာကိုယ်ကို တုန်လှုပ်သွားစေခဲ့သည်။

ရှဲ့ချီထျန်း၏ အသက်က သာမန်လူများထက် ပို၍ရှည်လျားစွာ နေခဲ့ပြီး ဖြစ်သည်။ ယခုတော့ သူ၏ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားခဲ့ပြီမို့ အချိန်ကြာကြာ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

လုမင်လည်း ရှဲ့နျန်ချင်း၏ လက်လေးကိုဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်။ ဤတော့မှ ရှဲ့နျန်ချင်းမှာ တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။

"ဟင်း၊ ဒါပါပဲ... ဒါပါပဲလေ။ ဒီကမ္ဘာကြီးမှာ ထာဝရတည်မြဲနိုင်တဲ့ မင်းဆက်မရှိသလို ထာဝရတည်မြဲနိုင်တဲ့ မျိုးနွယ်လည်း မရှိပါဘူး"

သူတော်စင်ဧကရာဇ်ဟောင်းက သက်ပြင်းချပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လုမင်၊ ငါ့ရဲ့ ရှဲ့မိသားစုက သွေးသစ္စာကျိန်ဆိုဖို့ ဆန္ဒရှိပါတယ်။ ရှဲ့မိသားစုရဲ့ တိုက်ရိုက်သားမြေးတွေအားလုံး တော်ဝင်နန်းတော်မှာ နှစ်တစ်သောင်း တံခါးပိတ်နေကြမယ်။ ဒီအတောအတွင်း တော်ဝင်နန်းတော်အပြင်ဘက်ကို ခြေတစ်လှမ်းမှ မထွဲသလို ရှမ်းဟွမ်တိုက်ကြီးရဲ့ အရေးကိစ္စတွေကိုလည်း ဂရုမစိုက်တော့ဘူး။ မင်း ရှဲ့မိသားစုကို အသက်ရှင်ခွင့်ပေးနိုင်မလား"

"နန်းတော်ကို အနှစ်တစ်သောင်း တံဆိပ်ခတ်ထားပြီး နန်းတော်ထဲက မထွက်ဘူးပေါ့"

လုမင်၏ မျက်လုံးများ အရောင်ပြောင်းသွားသည်။

"ကောင်းပြီ၊ ငါမင်းကို ကတိပေးတယ်"

ခဏစဉ်းစားပြီးနောက် လုမင် ပြောလိုက်သည်။

အနှစ်တစ်သောင်းကြာ တံခါးပိတ်နေပြီးပါက ရှဲ့မိသားစုသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်တော့ပေ။

အနှစ်တစ်သောင်းကို မဆိုထားနှင့်၊ နောက်ထပ် ဆယ်နှစ်အကြာ၌ပင် လုမင်က သူတစ်ဦးတည်းအင်အားဖြင့် ရှဲ့မိသားစုကို ဖျက်ဆီးနိုင်မည်ဟု ယုံကြည်မှုရှိသည်။ အနှစ်တစ်သောင်းကြာပြီးနောက်၊ လုမင်၏ ကျင့်ကြံခြင်းအဆင့်က မသိနိုင်သောအဆင့်သို့ပင် ရောက်ရှိသွားလိမ့်မည်။ ရှဲ့မိသားစု တစ်ခုတည်းကို သူက ဘာကြောင့် ဂရုစိုက်နေရမည်နည်း။

အခြား သိုင်းအုပ်ချုပ်သူများလည်း ဘာမျှမပြောကြတော့ပေ။

လုမင်က သေချာပေါက် သိုင်းအုပ်ချုပ်သူ ဖြစ်လာရမည့်သူ ဖြစ်သည်။ သိုင်းအုပ်ချုပ်သူများက နှစ်တစ်သောင်းမှ နှစ်သောင်းအထိ သက်တမ်းရှိကြ၏။ အနှစ်တစ်သောင်းကြာပြီးနောက် လုမင်က ရှဲ့မိသားစုကို အဘယ်ကြောင့် ဂရုစိုက်ပါမည်နည်း။ ရှဲ့မိသားစုက ဘာလုပ်နိုင်မည်နည်း။

သူတော်စင်ဧကရာဇ်ဟောင်း ရှဲ့စန်းချုံးနှင့် အခြားသူများလည်း ချက်ချင်း သွေးသစ္စာကျိန်ဆိုခဲ့ကြသည်။

အဓိပဓိနှင့် ဝိညာဉ်နတ်ဘုရားကဲ့သို့ ရှဲ့မိသားစု၏ အဆင့်မြင့် ကျွမ်းကျင်သူများလည်း တစ်ဦးပြီးတစ်ဦး သွေးသစ္စာ ကျိန်ဆိုခဲ့ပေသည်။

"ရှဲ့မိသားစုရဲ့ တပည့်တွေ၊ တော်ဝင်နန်းတော်ထဲကို လိုက်ခဲ့ကြပေတော့"

သူတော်စင်ဧကရာဇ်ဟောင်း၏ အသံက ပဲ့တင်ထပ်ပြီး ထွက်ပေါ်လာခဲ့သည်။ ရှဲ့မိသားစု၏ တိုက်ရိုက်မျိုးဆက်အားလုံး သူတော်စင်ဧကရာဇ်ဟောင်းနှင့် အခြားသူများနောက်မှ တော်ဝင်နန်းတော်ထဲကို ဝင်လိုက်သွား၏။ ထို့နောက်မှာတော့ နန်းတော်အပြင်ဘက်မှ အလင်းတန်းတစ်ခု ပေါ်လာကာ နန်းတော်ကို ဖုံးအုပ်သွားတော့သည်။

ရှဲ့မိသားစုက သူတို့ကိုယ်သူတို့ အနှစ်တစ်သောင်း ချိတ်ပိတ်ထားလိုက်ပြီ ဖြစ်သည်။ အနှစ်တစ်သောင်းကြာသည်အထိ တော်ဝင်နန်းတော်မှ သူတို့ ထွက်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် တိုက်ပွဲက လုံးဝ ပြည်ဖုံးကားချခဲ့ပြီ ဖြစ်သည်။

ဤတိုက်ပွဲတွင်၊ ရှမ်းဟွမ်တိုက်ကြီး၏ သိုင်းအုပ်ချုပ်သူများ ထက်ဝက်ကျော် ကျဆုံးခဲ့ပြီး အုပ်စိုးရှင်အင်အားစု ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပေသည်။

ရှမ်းဟွမ်တိုက်ကြီးတွင် သိုင်းအုပ်ချုပ်သူအနည်းငယ်သာ ကျန်ရှိတော့၍ အလွန် အားနည်းသွားခဲ့ပြီဟု ဆို၍ရသည်။

"သွားကြစို့၊ သားရဲတစ်ရာမျိုးနွယ်ကို ပြန်သွားကြမယ်"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက ရှဲ့နျန်ချင်း၏ လက်ကိုဆွဲကာ လေထဲသို့ လှမ်းဝင်လိုက်၏။

ကောင်းကင်နတ်ဘုရား တပ်မဟာနှင့် မြောက်ပိုင်းလွင်ပြင်တို့မှ သိုင်းအုပ်ချုပ်သူများလည်း လုမင်၏နောက်မှ မြောက်ပိုင်းလွင်ပြင်သို့ ပြန်သွားကြတော့သည်။

ဤတိုက်ပွဲသတင်းနှင့် ပတ်သက်သော သတင်းများကလည်း သူတော်စင်မြို့တော်မှ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးကို မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားလေသည်။

All Chapters