← Chapters

အခန်း ၁၃၅၀

Vol. 90 Ch. 1350

အခန်း ၁၃၅၀

Vol. 90 Ch. 1350

အပိုင်း ( 1350 ) လောက၏ အရှင်သခင်ကား မည်သူနည်း။

သားရဲတစ်ရာမျိုးနွယ်၊ အစည်းအဝေးခန်းမတွင်...

ကောင်းကင်နတ်ဘုရားတပ်မဟာ၏ သိုင်းအုပ်ချုပ်သူများနှင့် မြောက်ပိုင်းလွင်ပြင်၏ သိုင်းအုပ်ချုပ်သူများ နေရာယူထားခဲ့ကြသည်။

လုမင်နှင့် ရှဲ့လွမ်ကတော့ ထိပ်ဆုံးပိုင်းတွင် ထိုင်နေကြ၏။

ခန်းမကြီးက တိတ်ဆိတ်နေသည်။ အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း မည်သူကမှ အသံမထွက်ပေ။

"ငါတို့ ဘာဆက်လုပ်ရမလဲ"

ရှကျိုးယန်က တိတ်ဆိတ်ခြင်းကို ချိုးဖျက်ကာ ပထမဆုံး ပြောလိုက်သည်။

သူတို့ ဘာလုပ်သင့်သလဲ။

အတွေးပေါင်းများစွာက လူတိုင်း၏ စိတ်ထဲမှာ ပေါ်လာခဲ့၏။

ယခုအခါ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း ပျက်စီးသွားပြီး ရှဲ့မိသားစုလည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ ၎င်းတို့က တော်ဝင်နန်းတော်ထဲမှာပင် နှစ်ပေါင်း တစ်သောင်းကြာ တံဆိပ်ခတ်ထားခဲ့ပြီ။

အနောက်တိုင်း ကန္တာရမှလွဲ၍ ကျယ်ပြောလှသော ရှမ်းဟွမ်တိုက်ကြီးသည် ယခုအခါ အုပ်ချုပ်သူမဲ့ ဖြစ်နေပြီ ဖြစ်သည်။ သို့ဆိုလျှင် သူတို့ဘာဆက်လုပ်သင့်သနည်း။

တစ်နည်းအားဖြင့် အင်အားများကို မည်ကဲ့သို့ ဖြန့်ဝေသင့်သနည်း။

လူတိုင်းက ဤအကန့်အသတ်မဲ့နယ်မြေကြီးရှိ အကန့်အသတ်မဲ့အရင်းအမြစ်များကို လိုချင်သည်။

အကျယ်မချဲ့လျှင် ထျန်းရှအကယ်ဒမီ၊ ဟန်ချင်းတောင်နှင့် အခြား အုပ်စိုးရှင်အင်အားကြီးများ ရှိကြသည်။

ဤအင်အားစုများက သူတို့၏ နယ်မြေများကို မည်သို့ ဖြန့်သင့်သနည်း။

အကျယ်တဝင့်ပြောပါက ကောင်းကင်နတ်ဘုရားတပ်မဟာနှင့် မြောက်ပိုင်းလွင်ပြင် အဖွဲ့များ ဖြစ်သည်။ ဤအင်အားကြီးနှစ်ခုက မည်သို့ပူးပေါင်းပြီး သူတို့၏ နယ်မြေများကို ခွဲဝေပေးသင့်သနည်း။

တကယ်တော့ မြောက်ပိုင်းလွင်ပြင်မှာပင် လုမင်နှင့် ရှဲ့လွမ်က နှစ်ဖွဲ့ကွဲနေသည်။ နောက်ဆုံးတွင် သူတို့က မဟာမိတ်မျှသာ ဖြစ်ခဲ့၏။

အထူးသဖြင့် ကောင်းကင်နတ်ဘုရားတပ်မဟာက အားလုံး တိတ်ဆိတ်သွားကြသည်။

ဤသည်က အရေးကြီးသော ပြဿနာတစ်ခုပင်။ မှန်ကန်စွာ မဖြေရှင်းနိုင်ခဲ့ပါက နောက်ထပ် တိုက်ပွဲကြီးတစ်ခုဆီသို့ ဦးတည်သွားနိုင်သည်။

သို့ရာတွင် ကောင်းကင်နတ်ဘုရားတပ်မဟာက လုမင်နှင့် အခြားသူများကို မည်သို့ယှဉ်နိုင်ကြမည်နည်း။ တိုက်ပွဲဖြစ်ပါက သူတို့ ပျက်စီးသွားရမည် ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရားတပ်မဟာမှ ကျွမ်းကျင်သူများက အရှုပ်ထွေးဆုံးဖြစ်ပြီး တစ်ခုခုပြောရန် ခက်ခဲနေတော့သည်။

ဂူတစ်လုံးထဲတွင် ကျားနှစ်ကောင် အောင်းရိုးထုံးစံမရှိပေ။ လုမင်နှင့် ရှဲ့လွမ်က သူတို့ကို နောက်တစ်ကြိမ် မတိုက်ခိုက်ဘဲနေမည်ဟု သူတို့ မယုံရဲခဲ့ပါ။

"ဒီလိုဆိုရင် ငါတို့ ဘာဖြစ်လို့ မဟာမိတ်မဖွဲ့ရမှာလဲ"

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှဲ့လွမ်က ပြောလာသည်။

"မဟာမိတ်လား"

လူအများ အံ့ဩသွားပြီးနောက် အတွေးမျိုးစုံ ပေါ်လာခဲ့၏။

"ငါတို့ မဟာမိတ်ဖွဲ့မယ်ဆိုရင် အင်အားစုအားလုံးကို စုစည်းပြီး အဖွဲ့ခွဲတစ်ခု ဖွဲ့ရမယ်။ အဲဒီအခါ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီပေါ့။ ဒီလိုဆိုရင် နယ်မြေနဲ့ အရင်းအမြစ်တွေအတွက် ငါတို့ ဘာကြောင့် စိတ်ပူနေရမှာလဲ"

ရှဲ့လွမ် ပြုံးလိုက်သည်။

"ငါ သဘောတူတယ်"

"ငါလည်း သဘောတူတယ်"

ပထမတော့ ချွီလော့၊ မိုရဲ့နှင့် တခြားသူများက ပြောလိုက်သည်။ ထို့နောက် ရှကျိုးယန်၊ လူရိုင်းဧကရာဇ်၊ ဧကရီယွဲ့ရှင်းနှင့် အခြားသူအားလုံးက သဘောတူကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်၏။

"ဟားဟားဟား၊ ဖရိုဖရဲဧကရာဇ်ရဲ့ အကြံပြုချက်က တကယ် ကောင်းပါတယ်။ ငါလည်း သဘောတူတယ်"

ကောင်းကင်နတ်ဘုရားတပ်မဟာမှ စစ်ဦးစီးချုပ်ဟောင်းကလည်း ရယ်မောပြီး သူ့အတွေးကို ထုတ်ပြောလိုက်သည်။

နောက်ဆုံးတွင် အားလုံးက လုမင်ကို ကြည့်လိုက်ကြ၏။

လုမင်တစ်ဦးသာ ဘာမျှမပြောရသေးခြင်း ဖြစ်သည်။

"ငါ့မှာလည်း ကန့်ကွက်စရာမရှိပါဘူး"

လုမင် ပြုံးလိုက်သည်။

"ကောင်းတယ်၊ အဲဒါဆိုပြီးပြီ"

ရှဲ့လွမ် ပြုံးလိုက်သည်။

"ဒါက မဟာမိတ်ဆိုတော့ မဟာမိတ်ခေါင်းဆောင်ရှိရမယ်။ မဟာမိတ်ခေါင်းဆောင်က ဘယ်သူဖြစ်မလဲ"

ရုတ်တရက်၊ သိုင်းအုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။ မြင်ကွင်းက တစ်ဖန် တိတ်ဆိတ်သွား၏။

ခေါင်းဆောင်က ဘယ်သူ ဖြစ်မလဲ။

မဟာမိတ်ဖွဲ့လိုက်ပါက မဟာမိတ်အဖွဲ့ခေါင်းဆောင်မှာ အင်အားစုကြီး တစ်ခုလုံး၏ အရှင်သခင်ဖြစ်မည်ကို သံသယဖြစ်စရာ မရှိပေ။ ထိုသူက ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး၏ အရှင်သခင်လည်း ဖြစ်ရမည် ဖြစ်သည်။

အားလုံးက စစ်ဦးစီးချုပ်ဟောင်း၊ ရှဲ့လွမ်နှင့် လုမင်ကို အလိုအလျောက် ကြည့်လိုက်မိကြသည်။

ဤလူသုံးယောက်သာလျှင် အရည်အချင်း ပြည့်မီ၏။

"ဒါပေါ့၊ အဲဒါက လုမင်ပဲ။ လုမင်က အရမ်းငယ်သေးသလို အနှိုင်းမဲ့တဲ့ တိုက်ခိုက်နိုင်စွမ်းလည်း ရှိတယ်။ ရှမ်းဟွမ်တိုက်ကြီးရဲ့ ပျက်စီးခြင်းခေတ်ကတည်းက သူလိုလူကို တစ်ခါမှ မကြုံဖူး၊ မကြားခဲ့ဖူးဘူး။ သူမှမဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ"

ရှကျိုးယန်က ပထမဆုံးပြောပြီး လုမင်ကို အဆိုပြုလိုက်သည်။

"မှန်ပါတယ်၊ လုမင်ကြောင့်သာ မဟုတ်ရင် ငါတို့ ဒီရလဒ်မျိုးနဲ့ ဘယ်လိုလုပ်ပြီး အဆုံးသတ်နိုင်မှာလဲ။ အဲဒီအချိန်မှာ သေဆုံးရမှာက ငါတို့ပဲဖြစ်လိမ့်မယ်။ လုမင်ကပဲ ဒီရေကိုလှည့်ပြီး အခြေအနေကို ပြောင်းပြန်လှန်ခဲ့တာ၊ ငါလည်း လုမင်ကို ခေါင်းဆောင်ဖြစ်အောင် အကြံပြုပါတယ်"

ထျန်းရှအကယ်ဒမီမှ ဌာနမှူးတစ်ဦးက ပြောလိုက်သည်။

"ငါလည်း လုမင်ကို အကြံပြုပါတယ်"

"ငါရောပဲ"

ယင်းနောက်တွင်၊ ထျန်းရှအကယ်ဒမီ၏ အခြားဌာနမှူးများ၊ လူရိုင်းဧကရာဇ်နှင့် ဧကရီယွဲ့ရှင်းတို့ကလည်း တစ်ဦးပြီးတစ်ဦး လုမင်ကို အကြံပြုခဲ့သည်။

ထူချမ်နှင့် ကျန်းဟိုင်နတ်ဘုရားမျောက်ကတော့ စကားမပြောဘဲ လုမင်နောက်တွင် ဝင်ရပ်လိုက်သည်။

လူတိုင်း အံ့ဩသွားကြ၏။ မသိလိုက်ခင်မှာပင် လုမင်ဘက်မှ အင်အားစုနှင့် အင်အားက အလွန် ကြီးမားသွားခဲ့ပြီ။

လုမင်က စကားမပြောဘဲ အရက်ခွက်ကို ကောက်ယူကာ ဖြည်းညှင်းစွာ သောက်လိုက်သည်။ သူ ဘာတွေတွေးမှန်းတော့ ဘယ်သူမှမသိပေ။

ကောင်းကင်နတ်ဘုရားတပ်မဟာမှ သိုင်းအုပ်ချုပ်သူများ၊ မိုရဲ့၊ ချွီလော့နှင့် အခြားသူများလည်း တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"ဟားဟားဟား၊ ကောင်းသားပဲ။ ငါလည်း လုမင်ကို မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် အကြံပြုပါတယ်"

ရှဲ့လွမ်က ရယ်မောပြီး သူ့အတွေးကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ရှဲ့လွမ်မှ ပြောလိုက်သည့်အခါ မိုရဲ့၊ ချွီလော့နှင့် အခြားသူများကလည်း လုမင်ကို ထောက်ခံကြောင်း ပြောဆိုကြ၏။

အဆုံးတွင် ကောင်းကင်နတ်ဘုရား တပ်မဟာသာ ကျန်ရှိတော့သည်။

ကောင်းကင်နတ်ဘုရားတပ်မဟာမှ သိုင်းအုပ်ချုပ်သူများလည်း သူတို့၏ နှလုံးသားထဲမှ သက်ပြင်းကိုသာ ချလိုက်မိသည်။ သူတို့က အားနည်းပြီး လုမင်ကို မယှဉ်နိုင်မှန်းတော့ သိထားပြီးသားပင်။ ယခုဆိုလျှင် ရှဲ့လွမ်ကပါ ထောက်ခံလိုက်ပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ လုမင်ကို မထောက်ခံပါဘူးဟု မည်သို့ပြောနိုင်တော့မည်နည်း။

"စစ်ဦးစီးချုပ်၊ မင်းဘယ်လိုထင်လဲ"

ရှဲ့လွမ်က စစ်ဦးစီးချုပ်ဟောင်းကို ပြုံးလျက် တစ်ချက်ကြည့်လိုက်သည်။

"ညီလေး လုမင်ရဲ့ အရည်အချင်းက မကြုံစဖူးပါပဲ။ သူက ဒီတစ်ကြိမ်မှာလည်း အများဆုံး ကောင်းကျိုးဆောင်ခဲ့တယ်။ လုမင်ကို မဟာမိတ်ခေါင်းဆောင် ဖြစ်စေတာက ရှမ်းဟွမ်တိုက်ကြီးရဲ့ ကောင်းချီးပဲလေ။ ဒီအဘိုးကြီးမှာ ကန့်ကွက်စရာ မရှိပါဘူး"

စစ်ဦးစီးချုပ်ဟောင်း ပြောလိုက်၏။

စစ်ဦးစီးချုပ်ဟောင်း ပြောပြီးသည့်အခါ ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများက လုမင်ကို ထောက်ခံကြောင်း ပြောလိုက်ကြလေသည်။

"ကိုင်း၊ ဒါဆိုရင် အတည်ပြုလိုက်ပြီ။ ဒီလက်အောက်ငယ်သားက မဟာမိတ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

ရှဲ့လွမ်က ရုတ်တရက် ထရပ်ပြီး လုမင်ကို ဦးညွှတ်လိုက်သည်။

"ဒီလက်အောက်ငယ်သားက မဟာမိတ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

လူရိုင်းဧကရာဇ်၊ ရှကျိုးယန်နှင့် အခြားသူများက ရှဲ့လွမ်နောက်မှ အနီးကပ်လိုက်ကာ လုမင်ကို ဦးညွှတ်လိုက်သည်။

ထို့နောက်တွင် ချွီလော့နှင့် အခြားသူများလည်း လုမင်ကို ဦးညွှတ်လိုက်၏။

နောက်ဆုံးမှာတော့ ကောင်းကင်နတ်ဘုရားတပ်ဟာနှင့် အခြားသူများဖြစ်တော့သည်။

"ကောင်းပြီ၊ အားလုံးက ငါ့ကို ကျေကျေနပ်နပ် အကြံပြုတဲ့အတွက် ငါ လုမင် ငြင်းနေတော့မှာ မဟုတ်ဘူး"

လုမင်လည်း မတ်တပ်ထရပ်ပြီး မဟာမိတ်ခေါင်းဆောင်ရာထူးကို တည်ငြိမ်စွာ လက်ခံလိုက်သည်။

ငြင်းစရာမရှိသလို ငြင်း‌ဆန်မည်လည်း မဟုတ်ပေ။ သူ့မိသားစုနှင့် သူငယ်ချင်းများကို ပိုမိုကောင်းမွန်စွာ ကာကွယ်လိုပါက ဤအထောက်အထားကို လိုအပ်သည်။

“မဟာမိတ်ခေါင်းဆောင်၊ ကျုပ်တို့က မဟာမိတ်ဖွဲ့တော့မှာဆိုတော့ မဟာမိတ်ကို ဘယ်လိုနာမည်ပေးရမလဲ”

တစ်ယောက်ယောက်က မေးလိုက်သည်။

"မဟာမိတ်ခေါင်းဆောင်က နဝမနဂါး သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီး ကမ္ဘာမှာ ထင်ရှားကျော်ကြားတယ်။ ငါ့အမြင်အရ၊ လုံမန်နဂါးမဟာမိတ်လို့ ဘာဖြစ်လို့ မခေါ်ရမှာလဲ"

ရှကျိုးယန်က ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။

"လုံမန်နဂါးမဟာမိတ်လား၊ ငါလည်း သင့်တော်မယ်ထင်တယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ ကြီးစိုးတယ်"

ရှဲ့လွမ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို ငါတို့ကို လုံမန်နဂါးမဟာမိတ်လို့ ခေါ်တွင်စေမယ်"

နောက်ဆုံးတွင် လုမင်က ဆုံးဖြတ်ချက်ချလိုက်သည်။

ယခု နာမည်ကို ဆုံးဖြတ်ပြီးနောက် ပြဿနာက တည်နေရာ ဖြစ်သည်။ လုံမန်နဂါးမဟာမိတ်၏ ဌာနချုပ်က ဘယ်နေရာတွင် ရှိမည်နည်း။

သူတော်စင်မြို့တော်မှာတော့ သူတို့ မနေနိုင်ပေ။

အရှေ့တောကန္တာရ၊ မြောက်ပိုင်းလွင်ပြင်နှင့် တောင်ပိုင်းအမှောင်ကမ္ဘာတို့သည်လည်း မကောင်းပါ။

လုံမန်နဂါးမဟာမိတ်က ကမ္ဘာကြီးကို သိမ်းပိုက်ပြီး ရှမ်းဟွမ်တိုက်ကြီးကို ပေါင်းစည်းရမည် ဖြစ်သည်။ သူတို့၏ ဌာနချုပ်ကလည်း အလယ်ပိုင်းတိုက်ကြီးတွင် ရှိရမည်။ ထိုမှသာ ကမ္ဘာကြီးကို ကောင်းစွာ အုပ်ချုပ်နိုင်မည် ဖြစ်သည်။

နောက်ဆုံးတွင် လုံမန်နဂါးမဟာမိတ်၏ ဌာနချုပ်ကို နေရာအသစ်၊ အဆောက်အဦးအသစ်များဖြင့် တည်ဆောက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု အားလုံး ဆုံးဖြတ်ခဲ့ကြသည်။

ဆွေးနွေးပြောဆိုပြီးနောက် လူတိုင်းက အလယ်ပိုင်းတိုက်ကြီး၏ ကျယ်ပြန့်သောမြေကို ရွေးချယ်ခဲ့သည်။ နောက်ဆုံးမှာ သူတော်စင်မြို့တော်၏ အရှေ့ဘက်၊ မိုင်ပေါင်း သန်းသုံးရာ အကွာအဝေးရှိ လုံယွဲ့တောင်တန်းတွင် လုံမန်နဂါးမဟာမိတ်၏ ဌာနချုပ်ကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြ၏။

ယင်းကို နဂါးဧကရာဇ်မြို့တော်ဟု ခေါ်လိမ့်မည်။

မဟာမိတ်၏ အမည်ကို ရွေးချယ်ပြီး ဌာနချုပ်ကို ဆုံးဖြတ်ပြီးနောက်မှာ အရေးကြီးသော အမာခံအဖွဲ့ဝင်များကို စတင်ရွေးချယ်ခဲ့ကြသည်။

အဆုံးတွင်၊ ရှဲ့လွမ်နှင့် စစ်ဦးစီးချုပ်ဟောင်းက လုံမန်နဂါးမဟာမိတ်၏ ဒုမဟာမိတ်ခေါင်းဆောင်များ ဖြစ်လာကြပေသည်။

အခြား သိုင်းအုပ်ချုပ်သူများက လုံမန်နဂါးမဟာမိတ်၏ ကာကွယ်သူများ ဖြစ်ခဲ့သည်။

ကာကွယ်သူတိုင်းက နယ်မြေတစ်ခုကို ထိန်းချုပ်ရန် အခွင့်အာဏာ ရှိ၏။

အမာခံအဖွဲ့ဝင်များကို ဆုံးဖြတ်ပြီးနောက်တွင်ကား၊ အလုပ်တာဝန်များ ပေးအပ်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။

လက်ရှိ တာဝန်များတွင် အဓိကအားဖြင့် ကဏ္ဍနှစ်ရပ် ရှိသည်။

ပထမတစ်ခုက လူအင်အားသုံးပြီး နဂါးဧကရာဇ်မြို့တော်ကို တည်ဆောက်ရန် ဖြစ်သည်။

ဒုတိယကတော့ ရှမ်းဟွမ်တိုက်ကြီးကို အမှန်တကယ်ပေါင်းစည်းရန် တပ်မဟာတစ်ခု စေလွှတ်ရလိမ့်မည်။

ရှဲ့မိသားစုက သူ့ကိုယ်သူ တံဆိပ်ခတ်ထားပြီး ကောင်းကင်ဧကရာဇ် ဘုရားကျောင်းက ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ရှမ်းဟွမ်တိုက်ကြီးရှိ အုပ်စိုးရှင်အင်အားစု အားလုံးနီးပါးက လုံမန်နဂါးမဟာမိတ်၏ အဖွဲ့ဝင်များ ဖြစ်နေခဲ့ကြပြီ။ သို့ရာတွင်၊ အုပ်စိုးရှင်အင်အားစုများအောက်မှာ အရွယ်အစားအမျိုးမျိုးရှိသည့် မရေမတွက်နိုင်သော အင်အားစုကြီး၊ငယ်များ ရှိနေဆဲ ဖြစ်သည်။

ဤအင်အားစုအားလုံးကို သိမ်းယူပြီးမှ လုံမန်မဟာမိတ်က ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးကို အမှန်တကယ် သိမ်းပိုက်နိုင်ပြီဟု ဆိုနိုင်ပေလိမ့်မည်။

All Chapters