← Chapters

အခန်း ၁၃၅၁

Vol. 91 Ch. 1351

အခန်း ၁၃၅၁

Vol. 91 Ch. 1351

အပိုင်း ( 1351 ) ကမ္ဘာကိုသိမ်းပိုက်ပြီး အရှေ့တိုင်းသို့ အပြန်။

နောက်တစ်နေ့တွင် သတင်းပြန့်သွားပြီး လုံမန်နဂါးမဟာမိတ်တစ်ခုလုံး ဝမ်းသာရွှင်လန်းခဲ့ကြသည်။

စစ်ပွဲများ ပြီးဆုံးသွားသလို နဂါးမဟာမိတ်က ကမ္ဘာကြီးကို အုပ်စိုးခဲ့ကြပြီ။

ကြီးမားသော လုံမန်နဂါးမဟာမိတ်က စတင်လည်ပတ်ခဲ့သည်။

မူလ အုပ်စိုးရှင်အင်အားစုများက လုံယွဲ့တောင်တွင် နဂါးဧကရာဇ်မြို့တော်တည်ဆောက်ရန် လူများကို စေလွှတ်ခဲ့၏။

သူတို့ထဲမှ တစ်စိတ်တစ်ပိုင်းကိုတော့ ကမ္ဘာကြီးကို သိမ်းပိုက်ရန် တပ်မဟာကြီးများအဖြစ် စေလွှတ်ခဲ့လေသည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ သူတော်စင်မြို့တော်မှ တိုက်ပွဲသတင်းဟာ ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး ကြီးမားသော မုန်တိုင်းတစ်ခုကို ကြုံခဲ့ရသလို၊ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် အင်အားစုများ တုန်လှုပ်သွားခဲ့ကြပေသည်။

ရက်အနည်းငယ်ကြာပြီးနောက် လုံမန်နဂါးမဟာမိတ်ကို တည်ထောင်ခဲ့သည်။ မဟာမိတ်ခေါင်းဆောင်ကတော့ လုမင် ဖြစ်၏။ ထိုသတင်းက အသံလွှင့်ကျောက်စိမ်းအဆောင်များမှတစ်ဆင့် ရှမ်းဟွမ်တိုက်ကြီး တစိခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

ထိုအခါ မရေမတွက်နိုင်သော အင်အားစုကြီးငယ်များက လက်နက်ချကာ လုံမန်နဂါးမဟာမိတ်တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယခုအခါ ရှဲ့မိသားစုက နန်းတော်ထဲတွင် နှစ်‌တစ်သောင်းကြာ ချိတ်ပိတ်နေခဲ့ပြီဖြစ်သလို ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ လုံမန် နဂါးမဟာမိတ်က အမှန်တကယ် ပြိုင်ဘက်မရှိတော့ပေ။ ခုခံရန်လည်း မည်သူမျှ မဝံ့ရဲတော့ချေ။

ထို့နောက် လုံမန်နဂါးမဟာမိတ်၏ တပ်မဟာကို အုပ်စုသုံးစု ခွဲလိုက်သည်။

စစ်ဦးစီးချုပ်ဟောင်းက တပ်မဟာတစ်ခုကို ဦးဆောင်ကာ အလယ်ပိုင်းတိုက်ကြီးကို ဖြတ်ကျော်ခဲ့သည်။

ရှဲ့လွမ်ကတော့ တောင်ပိုင်း အမှောင်ကမ္ဘာကို တိုက်ခိုက်ရန် တပ်မဟာကို ဦးဆောင်ခဲ့၏။

အရှေ့တိုင်းကန္တာရကိုတော့ လုမင်ကိုယ်တိုင် ဦးဆောင်ခဲ့တော့သည်။

ဤနောက်ပိုင်း အခြေအနေများကတော့ သည်းထိတ်ရင်ဖိုမရှိပါ။ အလယ်ပိုင်းတိုက်ကြီး၏ အင်အားစု ကြီးငယ်များက ချက်ချင်း အညံ့ခံခဲ့ကြသည်။

ရှဲ့လွမ်ဘက်မှာတော့ တောင်ပိုင်း အမှောင်ကမ္ဘာကို တိုက်ခိုက်ရာတွင် ခုခံမှုတချို့နှင့် ရင်ဆိုင်ခဲ့ရ၏။ သို့သော်လည်း ထိုခုခံသူများကို ရှဲ့လွမ်က အလွယ်တကူ သတ်ဖြတ်ခဲ့ပြီး ကျန်လူများ အညံ့ခံခဲ့ကြသည်

သူတော်စင်မြို့ တိုက်ပွဲအပြီး လဝက်အကြာတွင် လုမင်က သူ၏လူများကို လျန်ရီတောင်သို့ ပြန်ပို့ခဲ့သည်။

"နောက်ဆုံးတော့ လျန်ရီတောင်ကို ပြန်သိမ်းနိုင်ခဲ့ပြီ"

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများလည်း လေထဲတွင်ရပ်ရင်း ကျယ်ပြောသော လျန်ရီတောင်၏ နယ်မြေကို မျှော်ကြည့်လိုက်လေသည်။

လျန်ရီတောင်ကို တိရီမှ တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့စဉ်တွင်၊ လျန်ရီတောင်ကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဟု ထင်ခဲ့ကြသည်။ ယခုကဲ့သို့ လအနည်းငယ်အတွင်း လျန်ရီတောင်ကို ပြန်လည်သိမ်းပိုက်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ဂိုဏ်းချုပ်ငယ်၊ မဟုတ်ဘူး...၊ မဟာမိတ်ခေါင်းဆောင်..."

ပိုင်ရှီကျင်းနှင့် အခြားသူများက လုမင်ကို စိတ်ရှုပ်ထွေးသော အမူအရာများနှင့် ကြည့်နေသည်။ သူ့ကို မည်သို့ ပြောဆိုရမည်မှန်း မသိပေ။

"အကြီးအကဲ၊ ငါက ဆရာကြီး လျန်ခန်းရဲ့ တပည့်ဖြစ်တာကြောင့် ဖူရုပ်သေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်ပါပဲ။ မင်း ငါ့ကို ဂိုဏ်းချုပ်ငယ်လို့ ခေါ်နိုင်တယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပါပြီ ဂိုဏ်းချုပ်ငယ်"

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် တခြားသူများ အလွန်ဝမ်းသာသွားခဲ့ကြလေသည်။

လုမင်က ယခုအခါ လုံမန်နဂါးမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်ဖြစ်သည်။ လုမင်က ဖူရုပ်သေးဂိုဏ်းကို အထင်မြင်သေးပြီး မေ့သွားမည်အား စိုးရွံ့ကြလေသည်။ ယခုမူ လုမင်က သူ့အခြေခံကို မမေလျော့ပုံပင်။

လုံမန်နဂါးမဟာမိတ်တွင် ကျွမ်းကျင်သူများစွာ ရှိခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဖူရုပ်သေးဂိုဏ်းတွင် သိုင်းအုပ်ချုပ်သူတစ်ပါးမှ မရှိသေးပေ။ ဖူရုပ်သေးဂိုဏ်းက လုံမန်နဂါးမဟာမိတ်ရှိ အခြား အင်အားစုများနှင့် မယှဉ်နိုင်မည်ကို စိုးရိမ်မိခဲ့သည်။ အခြားအင်အားစုများသာ လုံလောက်သော အရင်းအမြစ်များကို မဖြန့်ဝေပေးပါက တဖြည်းဖြည်း ကျဆင်းသွားလိမ့်မည်။

ယခုမူကား၊ သူတို့ စိုးရိမ်စရာမရှိတော့ပါ။ မဟာမိတ်ခေါင်းဆောင် လုမင်က ဖူရုပ်သေးဂိုဏ်းမှ ဂိုဏ်းချုပ်ငယ် ဖြစ်သည်။ ဖူရုပ်သေးဂိုဏ်းက လုံမန်နဂါးမဟာမိတ်တွင် ထူးခြားသောအဆင့်အတန်းတစ်ခု ရှိ၏။ သို့ကြောင် သူတို့တွင် သိုင်းချုပ်သူ မရှိခြင်းနှင့် အရင်းအမြစ်များ မရရှိနိုင်ခြင်းတို့အတွက် စိတ်ပူစရာမလိုတော့ပေ။

"အကြီးအကဲပိုင်၊ အကြီးအကဲကျွင်း၊ အခုကစပြီး လျန်ရီတောင်ရဲ့ မူလတပည့်တွေကို ကြီးကြပ်ရအောင် မင်းတို့ပဲ ဦးဆောင်ကြလိမ့်မည်"

လုမင် ပြောလိုက်သည်။

"ကောင်းပါပြီ ဂိုဏ်းချုပ်ငယ်"

ကိုင်ရှီကျင်းနှင့် ကျွင်းစုန်ကြွယ်တို့ ခေါင်းညိတ်လိုက်လေသည်။

"အခု နဂါးကိုးကောင်မြို့ကို သွားရအောင်"

လုမင်လည်း သူ့လက်ကိုဝှေ့ယမ်းပြီး တပ်မဟာကို ဦးဆောင်ကာ နဂါးကိုးကောင်မြို့သို့ ထွက်ခဲ့သည်။

တိုက်ပွဲပြီးသွားပြီမို့ နဝမနဂါး ဒယ်စောက်အိုးများကို နဂါးကိုးကောင်မြို့မှ နဂါးသွေးကြောများအား ဖိနှိပ်ရန် ပြန်ထားပေးရလိမ့်မည်။

လုမင်ကို အံ့အားသင့်စေသည်က သူတို့ နဂါးကိုးကောင်မြို့ကို ရောက်လာသောအခါ ခုခံမှု အနည်းငယ်မျှ မရှိခဲ့ပေ။

နဂါးကိုးကောင်မြို့ရှိ အင်အားစု ကြီးငယ်များက မြို့တံခါးများကို ဖွင့်ထားပြီးဖြစ်သည်။ လုမင်၏ တပ်မဟာများ ရောက်လာသောအခါ နဂါးကိုးကောင်မြို့ရှိ အင်အားစုကြီးငယ်များအားလုံးက ဦးညွှတ်ပြီး အညံ့ခံခဲ့ကြလေသည်။

"လုံမန်နဂါးမဟာမိတ်ကို နှုတ်ခွန်းဆက်ပါတယ်။ ကျုပ်တို့တွေ လုံမန်နဂါးမဟာမိတ်ကို အညံ့ခံပြီး ခေါင်းဆောင်ကို အစေခံဖို့ ဆန္ဒရှိပါတယ်"

ရှေ့ဆုံးတွင် အဓိပဓိခြောက်ပါးက တုန်တုန်ယင်ယင်ဖြင့် ဦးညွတ်လျက် အလေးပြုလိုက်သည်။

"ဟားဟားဟား၊ အသိမိတ်ဆွေဟောင်းကြီးတွေပဲ"

လုမင်က ကောင်းကင်အမြင့်တွင်ရပ်ကာ အဓိပဓိခြောက်ပါးကို ငုံ့ကြည့်လိုက်သည်။

အဓိပဓိခြောက်ပါးအနက် သုံးဦးမှာ လုမင်၏ အသိအကျွမ်းဟောင်းများဖြစ်သည်။ သူတို့က ရှေးဟောင်း မိသားစုခြောက်စုဖြစ်ခဲ့သည့် ကျန်းမိသားစုသုံးစုဘိုးဘေး၊ တုန်ဖန့်မိသားစုဘိုးဘေး၊ ခုန်းမိသားစုဘိုးဘေးနှင့် နန်းကုန်း မိသားစုခေါင်းဆောင်များ ဖြစ်ချေသည်။

လုမင်က သူတို့ကို ကြည့်နေသည်အား မြင်ရသောအခါ ဘိုးဘေးသုံးယောက်စလုံး ချွေးသီးချွေးပေါက် ကျလာခဲ့သည်။

"မဟာမိတ်ခေါင်းဆောင်၊ ကျုပ်တို့ အရင်တုန်းက မျက်စိကန်းပြီး ခေါင်းဆောင်ကို စော်ကားခဲ့မိတယ်။ အခုကစပြီး ကျုပ်တို့ ခင်ဗျားလက်မှာ အကောင်းဆုံး လုပ်ဆောင်သွားပါ့မယ်"

တုန်ဖန့်မိသားစုဘိုးဘေးက အေးစက်သောချွေးများ ပြည့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

လုမင်ထံမှ ထုတ်လွှတ်နေသောဖိအားက သူ့ကို အသက်ရှူရခက်စေသည်။

ယခုအချိန်တွင် လုမင် အမိန့်တစ်ချက်ပေးလိုက်ပါက သူတို့၏ မိသားစုများပင်လျှင် လွတ်မြောက်မည်မဟုတ်မှန်း သိပေသည်။

နောက်ကွယ်မှ လူအုပ်ကြီးတွင်၊ ယခင်က လုမင်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသော ပါရမီရှင်များလည်း ရှုပ်ထွေးသော ခံစားချက်များဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ခဲ့ကြသည်။

ဥပမာအားဖြင့် တုန်ဖန့်ယုနှင့် အခြားသူများ...

လွန်ခဲ့သော နှစ်အနည်းငယ်ကပင် လုမင်ဟာ သူတို့နှင့် ယှဉ်ပြိုင်ဆဲဖြစ်သည်။

သို့သော်လည်း နှစ်အနည်းငယ်ကြာပြီးနောက်၊ လုမင်ဟာ ရှမ်းဟွမ်တိုက်ကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီ။ လောက၌ အမြင့်မြတ်ဆုံးဖြစ်ပြီး မည်သူမျှ မနှိုင်းယှဉ်နိုင်တော့ပါ။

"ဟားဟားဟား"

လုမင် ရယ်မောလိုက်သည်။

တုန်ဖန့်ဘိုးဘေးနှင့် အခြားသူများ ကြောက်ရွံ့တုန်လှုပ်သွား၏။ လုမင်၏ အတွေးများကို သူတို့ လုံးဝ နားမလည်ကြပေ။ သူက သူတို့ကို သတ်တော့မှာလား။ အခြေအနေက အေးစက်ပြီး ဤသို့ စောင့်ဆိုင်းနေရခြင်းမှာ ခံစားရခက်သည်။

အချိန်အတော်ကြာပြီးမှ လုမင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းကို လက်နက်ချဖို့ ငါခွင့်ပြုပါတယ်၊ ဒါပေမဲ့ မင်းတို့ရဲ့အင်အားအားလုံးကို နဂါးကိုးကောင်မြို့ကနေ မြောက်ပိုင်းလွင်ပြင်ဆီ ရွှေ့ပြောင်းရမယ်။ မင်းတို့မှာ ကန့်ကွက်စရာရှိလား"

"မရှိပါဘူးခင်ဗျာ၊ မဟာမိတ်ခေါင်းဆောင်ရဲ့ ကြင်နာမှုအတွက် ဒီငယ်သားတွေက ကျေးဇူးတင်ပါတယ်"

တုန်ဖန့်ဘိုးဘေးနှင့် အခြားသူများလည်း သက်ပြင်းချကာ ထပ်ခါတလဲလဲ ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ကြသည်။

သူတို့အတွက်၊ နဂါးကိုးကောင်မြို့မှာ သူတို့၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဤနေရာတွင် နှစ်ပေါင်းတစ်သောင်းနီးပါး ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးမှ ထိုကဲ့သို့ ထွက်ခွာသွားရခြင်းမှာ စိတ်မကောင်းစရာပင်။ သို့သော်လည်း အမြစ်ပြတ် သုတ်သင်ခံရခြင်းနှင့် နှိုင်းယှဉ်ပါက များစွာ သာလွန်ကောင်းမွန်သည်။ သို့ဖြစ်ပေရာ သဘာဝအတိုင်း စကားတစ်ခွန်းမှ မပြောဝံ့ကြတော့ပေ။

များမကြာမီတွင် နဂါးကိုးကောင်မြို့ရှိ အင်အားစုကြီးများက နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နှင့် မြောက်ပိုင်းလွင်ပြင်သို့ စတင် ထွက်ခွာခဲ့ကြသည်။

မြောက်ပိုင်းလွင်ပြင်တွင် တစ်စုံတစ်ယောက်က သဘာဝအတိုင်း သူတို့အတွက် စီစဉ်ပေးခဲ့ပေသည်။

နဂါးကိုးကောင်မြို့မှ အင်အားစုလေးများကတော့ ရွှေ့ပြောင်းပေးရန် မလိုပေ။ သူတို့ ဆက်နေလျှင်ပင် လှိုင်းများ ဖြစ်စေနိုင်မည် မဟုတ်ပါ။

ထို့နောက် လုမင်ဟာ ရှကျိုးယန်၊ ရန်ခွမ်းစုနှင့် အခြားသူများကို နဂါးကိုးကောင်မြို့၊ မူလ ကောင်းကင်အလောင်းဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးချိုင့်ဝှမ်းတို့ကို ကိုင်တွယ်ရန် စေလွှတ်ခဲ့သည်။ လုမင်ကတော့ အရှေ့ဘက်ကို တစ်ယောက်တည်း ပျံသန်းသွားတော့သည်။

မကြာမီ လုမင်က ဆန်းကျယ်ကောင်းကင်ဒေသသို့ ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း လုမင်က ဆန်းကျယ်ကောင်းကင် ဌာနခွဲနန်းတော်သို့ ချက်ချင်း မသွားပါ။ သူသွားခဲ့သည့် ပထမဆုံးနေရာမှာ ရှန်ပိုတစ်ရာနယ်မြေသို့ ဖြစ်သည်။

သူတော်စင်မြို့တော်၏ တိုက်ပွဲသတင်းက ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဆန်းကျယ်ကောင်းကင်ဒေသလည်း သဘာဝအတိုင်း သိပေသည်။

ယခုအခါ ကောင်းကင်ဧကရာဇ် ဘုရားကျောင်း၏ ဌာနခွဲ နန်းတော်တချို့က ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်သည်။ ထိန်းချုပ်မှုမရှိတော့ဘဲ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း ဌာနခွဲများ၏ ရတနာများနှင့်ပတ်သက်၍ အမျိုးမျိုးသော တိုက်ပွဲများ ရှိခဲ့သည်။

ဌာနခွဲ နန်းတော်တချို့ကလည်း သတင်းကို စောင့်မျှော်နေခဲ့ကြပေသည်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်း ဖျက်ဆီးခံရပါက ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏နယ်မြေကို သိမ်းပိုက်မည့် အစွမ်းထက် အင်အားစုကြီးတစ်ခုခု ရှိနေမည်မှာ သေချာသည်။ သူတို့ကို အုပ်ချုပ်မည့် အုပ်စိုးရှင်အင်အားစုကြီး ရှိနေမည်မှာ သေချာလှပေသည်။

ယခုအချိန်ထိတော့ ဆန်းကျယ်ကောင်းကင် ဌာနခွဲနန်းတော်က ဖရိုဖရဲ မဖြစ်သေးပါ။

ဆန်းကျယ်ကောင်းကင်မြို့လယ်ရှိ ခြံဝင်းတစ်ခုတွင် လူတချို့က လက်ဖက်ရည်သောက်ရင်း ကိစ္စများကို ဆွေးနွေးနေကြသည်။

ခေါင်းဆောင်က ဆန်းကျယ်ကောင်းကင် ဌာနခွဲနန်းတော်၏ နန်းတော်ရှင် မူထျန်း ဖြစ်သည်။

သူ့အနားတွင် မူရီနှင့် မူကျန်းတို့ ရှိနေပေသည်။

"အနှစ်တစ်သောင်းကြာအောင် အမွေဆက်ခံခဲ့တဲ့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကို ဒီလိုမျိုး ပြိုကျလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"

မူရီက လက်ဖက်ရည်တစ်ခွက်သောက်ပြီး သက်ပြင်းချလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သတင်းကြားရသောအခါ သူတို့အားလုံး အံ့သြတုန်လှုပ်သွားပြီး မယုံနိုင်ဖြစ်ခဲ့ရပေသည်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက ဤမျှကြီးမားပြီး အင်အားကြီးသည်။ သူတို့က ဘယ်လိုလုပ်ပြီး ဤသို့ ကျဆုံးရမည်နည်း။

"သိုင်းလမ်းစဉ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ သိုင်းအုပ်ချုပ်သုနယ်ပယ် တန်ခိုးရှင်တွေတောင် သတိမထားမိရင် ကျဆုံးသွားနိုင်တယ်"

မူကျန်းလည်း သက်ပြင်းချလိုက်လေသည်။

"အဲဒီတိုက်ပွဲမှာ သိုင်းအုပ်ချုပ်သူ အယောက်နှစ်ဆယ်ကျော် ကျဆုံးခဲ့တယ်လို့ ပြောကြတယ်"

မူထျန်းက ဝင်ပြောလိုက်သည်။

ညီအစ်ကို သုံးယောက်လုံး၏ မျက်နှာများက မထင်မှတ်ထားသော အမူအရာများ ရှိနေခဲ့ပေသည်။

All Chapters