← Chapters

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အပိုင်း ( 1352 ) ရှန်ပိုတစ်ရာနယ်မြေသို့ တစ်ဖန်။

သူတို့အမြင်တွင် သိုင်းအုပ်ချုပ်သူများက နတ်ဘုရားများကဲ့သို့ပင်။ သူတို့က ကမ္ဘာကြီးကို လွှမ်းမိုးထားကာ ပြိုင်ဘက်ကင်းကြသည်။ သူတို့၏လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် မိုးနှင့်မြေကိုဖျက်ဆီးကာ အတွေးတစ်ခုဖြင့် လူသန်းပေါင်းများစွာကို သတ်ပစ်နိုင်ပေသည်။

သူတို့ဘဝတွင် ထိုအဆင့် ပုဂ္ဂိုလ်မျိုးကို တစ်ခါမှ မတွေ့ကြဘူးပါ။ သို့သော်လည်း ထိုတိုက်ပွဲတွင် လူနှစ်ဆယ်ကျော် သေဆုံးခဲ့ရသည်။ ယင်းက စိတ်ကူးကြည့်ရန် ခက်ပေသည်။

"ဒါတွေအားလုံးရဲ့ နောက်ကွယ်ကလူက လုမင်တဲ့"

မူထျန်းက ရုတ်တရက် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

မူရီနှင့် မူကျန်းတို့ တိတ်ဆိတ်သွား၏။

"အစ်ကို၊ မင်းပြောတဲ့ လုမင်က ငါတို့ဆီကနေ ထွက်သွားတဲ့ လုမင်လား"

မူရီက အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှ မေးလိုက်သည်။ သူ့မျက်လုံးများမှာတော့ မယုံနိုင်စရာများဖြင့် ပြည့်နှက်လျက်ရှိ၏။

တိုက်ပွဲတွင် ကြီးစိုးခဲ့သူက လုမင်ဟုခေါ်သော ပါရမီရှင်လူငယ်တစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ သူဟာ သိုင်းအုပ်ချုပ်သူ ဆယ်ပါးထက်မနည်း သတ်ဖြတ်ခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းအောင် တန်ခိုးကြီးမားခဲ့သည်။ ထိုလူငယ်ကို လုမင်ဟု ခေါ်ပေသည်။

တိုက်ပွဲအပြီးတွင် ရှမ်းဟွမ်တိုက်ကြီးရှိ သိုင်းအုပ်ချုပ်သူများနှင့် စွမ်းအားကြီးမားသော အင်အားစု အားလုံးနီးပါးက လုံမန်နဂါးမဟာမိတ်ဟုခေါ်သော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုမဟာမိတ်၏ ခေါင်းဆောင်ကလည်း လုမင်သည်ပင်။

"ငါလည်း မသိဘူး။ ငါတို့က ဝေးကွာတဲ့ အစွန်အဖျားနယ်မြေတွေမှာ ရှိနေတာပဲလေ။ ငါရခဲ့တဲ့ သတင်းက သိပ်ပြီး အသေးစိတ်မရှိဘူး။ အဲဒီလုမင်က အရှေ့တောကန္တာရကနေ လာတယ်ဆိုတာပဲ ငါသိတယ်"

မူထျန်းက ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာတော့ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။

"အရှေ့တောကန္တာရကလား၊ အဲဒါက တူညီတဲ့ လူတစ်ယောက်ပဲလား"

မူရီနှင့် မူကျန်းတို့လည်း အသက်ပြင်းပြင်းရှူလိုက်မိ၏။

"ဝုန်း... ဝုန်း"

ရုတ်တရက်၊ ဆန်းကျယ်ကောင်းကင်မြို့အပြင်ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

မူထျန်းက ရုတ်တရက် ထရပ်လိုက်သည်။ ထိုအသံက ကျယ်လောင်လွန်း၍ အဝေးကြီးကပင် ကြားကြရပေသည်။

"ဝှစ်"

ရုတ်တရက်၊ ပုံရိပ်တစ်ခု ပေါ်လာကာ ပြောလိုက်သည်။

"နန်းတော်ရှင်၊ မကောင်းတော့ဘူး။ ဓားနက်ဒေသက ကောင်းကင်ဧကရာဇ်ဘုရားကျောင်းရဲ့ ဌာနခွဲခေါင်းဆောင်က သူ့လူတွေကိုခေါ်ပြီး ရောက်လာပြီ"

"ဘာ၊ ဓားနက်ဒေသ “

မူထျန်း၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

"သေစမ်း၊ ဒီဓားနက်ဒေသက အခြေအနေတွေကို အခွင့်ကောင်းယူနေတာပဲ"

မူကျန်းက ဒေါသတကြီးဖြင့် အော်လိုက်သည်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်း ဖျက်ဆီးခံရသည့် သတင်း ပြန့်နှံ့လာသောအခါ လက်အောက်ခံ ဌာနခွဲနန်းတော်များက ကမောက်ကမ ဖြစ်ခဲ့ရသည်။ ဌာနခွဲ နန်းတော်အချို့က ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ ရတနာများကို ယူငင်ကာ အခြား ဌာနခွဲနန်းတော်များ၏ ရတနာများကိုပင် လုယက်ခဲ့ပေသည်။

ဓားနက်ဒေသ၏ ဌာနခွဲနန်းတော်သခင်လည်း ထိုအတိုင်း ဖြစ်သည်။ ယခုတော့ သူတို့ကိုလုယက်ရန် သူတို့ဆီသို့ ရောက်လာခဲ့ကြပြီ။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကလည်း ဖျက်ဆီးခံလိုက်ရပြီမို့ မည်သူမျှ ဂရုမစိုက်တော့ပါ။ ထိုလူများက ရတနာများကို လုယူပြီး အဝေးသို့ထွက်ကာ ကိုယ်ယောင်ဖျောက်သွားတော့မှာ ဖြစ်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

စွမ်းအားကြီးသော အရှိန်အဝါများက လေထဲတွင် ပြည့်နေကာ ဆန်းကျယ်ကောင်းကင်မြို့ထဲသို့ ပြေးဝင်လာခဲ့ကြသည်။

"အားလုံးပဲ၊ ရန်သူတွေလာ‌နေပြီ၊ ထွက်ခဲ့ကြ"

မူထျန်းက အော်ပြီး ကောင်းကင်ကို ပျံတက်သွား၏။

မူရီနှင့် မူကျန်းတို့က နောက်မှ အနီးကပ်လိုက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဆန်းကျယ်ကောင်းကင်မြို့၏ နေရာအနှံ့မှ အခြား ကျွမ်းကျင်သူများစွာတို့ ထွက်လာကြတော့သည်။

နှစ်ဖက် ထိပ်တိုက်ဆုံသည်နှင့် လူတစ်စုက ရှေ့မှထွက်လာသည်။ သူတို့အားလုံးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဓားများကိုလည်း ကျောတွင် လွယ်ပိုးထား၏။

အဖွဲ့ခေါင်းဆောင်က ကြမ်းတမ်းခက်ထန်သော မျက်နှာနှင့် မုတ်ဆိတ်ရှည်များ ရှိသည်။ သူက အရပ်ရှည်ရှည်နှင့် အားကောင်းသော အရှိန်အဝါများ ရှိပေသည်။

"တောက်ဟန်၊ မင်း ဘာလုပ်တာလဲ"

မူထျန်း အော်ပြောလိုက်သည်။

"ဟားဟားဟား၊ ငါဘာလုပ်နေတာလဲ။ ဒါက အရမ်းရိုးရှင်းပါတယ်။ မင်းရဲ့ ဆန်းကျယ်ကောင်းကင်နန်းတော်မှာရှိတဲ့ ဝိညာဉ်ဆေးပင်တွေ၊ ဝိညာဉ်ရတနာတွေနဲ့ ရတနာအားလုံးကို ငါ့ဆီ လွှဲပြောင်းပေးပါ။ ဒါဆိုရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်"

မုတ်ဆိတ်နှင့် တောက်ဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မစဉ်းစားလိုက်နဲ့၊ တောက်ဟန်... မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ။ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း ပျက်စီးသွားပေမဲ့ လုံမန်နဂါးမဟာမိတ် ထူထောင်ပြီးသွားပြီ။ သူတို့က ကောင်းကင်ဧကရာဇ်ဘုရားကျောင်းရဲ့ မူလ နယ်မြေတွေကို သိမ်းယူသွားတော့မှာ သေချာတယ်။ မင်းတို့ ဒီလိုလုပ်ရင် လုံမန်နဂါးမဟာမိတ်ရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်"

မူထျန်းက ဟိန်းဟောက်လိုက်သည်။

"ဟားဟားဟား၊ လုံမန်နဂါးမဟာမိတ်က အင်အားကြီးမားလွန်းပါတယ်။ ငါတို့ရဲ့ စွန့်ပစ်နယ်မြေလေးကို သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သတိပြုမိမှာလဲ။ သူတို့အမြင်မှာ ငါတို့က သေးငယ်လွန်းတဲ့ တစ်လုပ်စာမုန့်လေးတွေပဲ။ သူတို့က ငါတို့ကို ဂရုစိုက်မယ် ထင်လို့လား။ ကိုင်း၊ အခု ရတနာတွေကို လွှဲပေးလိုက်တော့"

တောက်ဟန်က ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြောလိုက်သည်။

"မစဉ်းစားနဲ့"

မူထျန်း၏ သဘောထားက တင်းမာနေဆဲပင်။

"မင်း သေချင်နေတာပဲ၊ သတ်ကြ"

တောက်ဟန်က ဟိန်းဟောက်ပြီး မူထျန်းကို ဦးစွာတိုက်ခိုက်လိုက်သည်။ သူနှင့်အတူ လိုက်ပါလာသူများကလည်း မူရီနှင့် အခြားသူများကို တိုက်ခိုက်ကြတော့သည်။

မူထျန်းထံမှ ဝိညာဉ်ပင်လယ်နယ်ပယ် တတိယအဆင့်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ ဤနှစ်များတစ်လျှောက် လေ့ကျင့်ခဲ့ပြီးနောက် မူထျန်း၏ ကျင့်ကြံခြင်းအခြေခံမှာ အနည်းငယ် တိုးတက်လာပေသည်။ သူက ဝိညာဉ်ပင်လယ်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မူရီနှင့် မူကျန်းတို့လည်း သူတို့၏ အကန့်အသတ်များကို ဖြတ်ကျော်ကာ ဝိညာဉ်ပင်လယ်နယ်ပယ်သို့ ဝင်ရောက်ခဲ့၏။ သူတို့နှစ်ဦးစလုံး ဝိညာဉ်ပင်လယ်နယ်ပယ်၏ ပထမအဆင့်သို့ ရောက်လာခဲ့ပေသည်။

ထို့အပြင်၊ ဆန်းကျယ်ကောင်းကင် ဌာနခွဲနန်းတော်ဘက်ခြမ်းညဘက်မှာ အခြား ဝိညာဉ်ပင်လယ်နယ်ပယ် ပထမအဆင့် သိုင်းပညာရှင်နှစ်ဦး ရှိခဲ့သည်။ သို့သော်လည်း ဓားနက်ဒေသမှ ကျွမ်းကျင်သူများ ပိုများပြားပေသည်။ ဝိညာဉ်ပင်လယ်နယ်ပယ် ကျင့်ကြံသူ ရှစ်ယောက်ရှိ၏။ တောက်ဟန်၏ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်ပင်လယ်နယ်ပယ် တတိယအဆင့်တွင် ရှိနေသည်။

ခဏအကြာတွင်၊ ဆန်းကျယ်ကောင်းကင် ဌာနခွဲနန်းတော်က အားနည်းချက် ဖြစ်သွားသည်။

"သတ်"

"သတ်"

နှစ်ဖက် အင်အားစုများက အပြင်းအထန် တိုက်ခိုက်နေခဲ့ကြပေသည်။ လူများ အဆက်မပြတ် သတ်ဖြတ်ခံခဲ့ရပြီး အလောင်းများက မြို့ထဲကို ပြုတ်ကျသွားကြသည်။

သို့သော်လည်း ဓားနက်ဒေသက အသာစီးရခဲ့သည့်တိုင် ဤသည်မှာ ဆန်းကျယ်ကောင်းကင်မြို့ ဖြစ်သည်။ ဆန်းကျယ်ကောင်းကင် ဌာနခွဲနန်းတော်က အိမ်တွင်းအားသာချက်ရှိပြီး ဓားနက်ဒေသမှ လူများကို တိုက်ခိုက်ရန်အတွက် ဝင်္ကပါအမျိုးမျိုး အသုံးပြုနိုင်ပေသည်။

"ထန်...ထန်... ဝုန်း"

မူထျန်းနှင့် တောက်ဟန်ကလည်း အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ တိုက်ကွက် ဒါဇင်နှင့်ချီကာ တိုက်ခိုက်ခဲ့ကြသော်လည်း အနိုင်အရှုံး အောင်နိုင်သူ မရှိကြသေးပေ။

"မူထျန်း၊ မင်းလည်း ဝိညာဉ်ပင်လယ်နယ်ပယ် တတိယအဆင့်ထိ ဖြတ်ကျော်ပြီးသွားမယ်လို့ မမျှော်လင့်ထားဘူ"

တောက်ဟန်၏ အံ့အားသင့်နေသော အသံကို ကြားလိုက်ရသည်။

ယခင်က ဓားနက်ဒေသ၏ စွမ်းအားမှာ ဆန်းကျယ်ကောင်းကင် ဌာနခွဲနန်းတော်ထက် ပို၍ အားကောင်းသည်။ အထူးသဖြင့် ဝိညာဉ်ပင်လယ်နယ်ပယ် တတိယအဆင့်တွင်ရှိသော တောက်ဟန်က အနီးနား ဒေသကြီးများရှိ နန်းတော်များတွင် အစွမ်းထက်သူဟု ဆိုနိုင်သည်။

ယခုတော့ မူထျန်းဟာ ဝိညာဉ်ပင်လယ်နယ်ပယ် တတိယအဆင့်သို့ တိတ်တဆိတ် ချိုးဖြတ်ပြီသွားပြီ ဖြစ်သည်။ သူက သူ့ကိုပင် ယှဉ်ပြိုင်နိုင်နေပြီ။

တိုက်ပွဲက ရုတ်တရတ် ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် တုံ့ဆိုင်းသွားခဲ့သည်။

............

ရှန်ပိုတစ်ရာသို့ လုမင် ရောက်လာသည်။

ရှန်ပိုတစ်ရာက မီးခိုးရောင် မြူခိုးများဖြင့် ယခင်ကအတိုင်း အုံ့မှိုင်းနေဆဲပင်။

လုမင်က ဝိညာဉ်အသိဖြင့် အကဲခတ်ကြည့်လိုက်ရာ ရှန်ပိုတစ်ရာနယ်မြေ အပြင်ဘက်တွင် စောင့်ကြပ်နေသူတစ်ဦးရှိကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း ထိုသူ၏အဆင့်က လုမင်နှင့် ဝေးကွာသော သိုင်းဘုရင်နယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

လုမင်၏ ရုပ်သွင်က လှုပ်ရှားလာပြီး သားရဲတစ်ရာနယ်မြေသို့ ဝင်ရောက်သွားခဲ့သည်။ အစောင့်များက သူ့ကို လုံးဝ သတိမပြုမိခဲ့ပေ။

မီးခိုးရောင် မြူခိုးများ ပြည့်နေသော ဧရိယာထဲကို ပျံသန်းလာသည်နှင့်အမျှ လုမင်ဟာ သူ့အပေါ် သက်ရောက်နေသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူ့ကို ပျံသန်းခြင်းမှ တားဆီးခဲ့နေပေသည်။

သို့သော်လည်း လုမင်၏ လက်ရှိကျင့်ကြံခြင်းအခြေခံက ယခင်ကထက် ပိုမိုအားကောင်းလာခဲ့ပြီ။ လုမင်က ယွမ်ချီစွမ်းအင်ကို လှည့်ပတ်ကာ ဤစွမ်းအားကို ခုခံလိုက်သည်။ လုမင်လည်း အတွင်းဘက်သို့ ဆက်လက် ပျံသန်းသွားတော့သည်။

အတွင်းပိုင်းသို့ နက်နဲလေလေ အင်အားက ပို၍ ကြီးမားလေ ဖြစ်သည်။ ယင်းက လုမင်၏ ကျင့်ကြံခြင်းအခြေခံကို လုံးလုံးလျားလျား ဖိနှိပ်ချင်နေသကဲ့သို့ပင်။

နောက်ဆုံးတွင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက လုံးဝ ရပ်တန့်သွားပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့သည်။

"ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ"

လုမင်လည်း ဤဖိနှိပ်မှုအင်အားက ထူးကဲပြီး သာမန်မဟုတ်ကြောင့် ခံစားလိုက်မိသည်။ ယင်းက တုန်လှုပ်စရာကောင်းလွန်းလှပေသည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံဖြင့်ပင် ဖိနှိပ်ခံနေရသကဲ့သို့ ခံစားခဲ့ရသည်။

ထို့အပြင်၊ ပိုနက်ရှိုင်းလာသည်နှင့်အမျှ ဖိနှိပ်ခံရသည့် ခံစားချက်က ပို၍အားကောင်းလေပင်။

"ဒီက တာအိုတွေက တကယ် မရိုးရှင်းဘူးပဲ"

လုမင်က ဝိညာဉ်အသိဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

ထိုစဉ်က သူ ဝင်ရောက်လာတော့ တာအိုအမျိုးမျိုးနှင့် ကြုံခဲ့ရပေသည်။ သူက ၎င်းတို့ကို နားလည်သဘောပေါက်ရန်နှင့် သူ၏တာအိုများကို တိုးတက်စေရန် အသုံးပြုခဲ့သည်။ ယင်းမှာ တန်ခိုးရှင်ကြီးများ ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့ခြင်း ဖြစ်ချေသည်။

သို့သော်လည်း ယခု ပြန်ကြည့်လိုက်သောအခါမှာတော့ ကွဲပြားသောအရာတစ်ခုကို တွေ့လိုက်ရသည်။ မိုးနှင့်မြေကြားတွင် လွင့်မျောနေသော တာအိုများက အစွမ်းထက်သော တန်ခိုးရှင်များ သေဆုံးသွားပြီးနောက် အမှန်တကယ် ကျန်ရစ်ခဲ့ခြင်း ဖြစ်ချေသည်။ သို့သော်လည်း လုမင်ဟာ သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားခဲ့ရသည်။

ဒဏ္ဍာရီများအရ ရှန်ပိုတစ်ရာနယ်မြေသည်၊ လွန်ခဲ့သောနှစ်ပေါင်း မရေမတွက်နိုင်သော အခါက ကောင်းကင်မှ အလောင်းများစွာတို့ ပြုတ်ကျလာရာမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လုမင်ဟာ ထိုအလောင်းများက ကောင်းကင်ကမ္ဘာမှဖြစ်မည်ဟု ခန့်မှန်းမိခဲ့သည်။ သူတို့က သူတော်စင်အလောင်းများပင် ဖြစ်ဖွယ်ရှိ၏။

ထို့ကြောင့် သူ၏ လက်ရှိအင်အားဖြင့်ပင် ဖိနှိပ်ခံခဲ့ခြင်း ဖြစ်လိမ့်မည်။

"ကစဉ့်ကလျားတာအို"

အတွေးတစ်ခုဖြင့် လုမင်က ရှေးဦးကစဉ့်ကလျားတာအိုကို သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လည်ပတ်လိုက်သည်။

ရှေးဦးကစဉ့်ကလျားတာအိုကို ထုတ်လွှတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ် ပေါ့ပါးသွားသလို လုမင် ခံစားလိုက်ရ၏။ ဖိအားများကလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

"ရှေးဦးကစဉ့်ကလျားတာအိုက အင်မတန် လျှို့ဝှက်ဆန်းကျယ်တာပဲ"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

All Chapters