အခန်း ၁၃၅၃
Vol. 91 Ch. 1353
အပိုင်း ( 1353 ) အေးခဲလေပုလဲ။
ကစဉ့်ကလျားတာအိုသည် ပြင်ပမှ ဖိအားများကို ပိတ်ဆို့နိုင်သောကြောင့် လုမင်အတွက် စိတ်ပူစရာမလိုတော့ပါ။ သူ့ပုံရိပ်က ရှန်ပိုတစ်ရာနယ်မြေအတွင်း၌ အလင်းတန်းတစ်ခုပမာ လှုပ်ရှားနိုင်ခဲ့သည်။
ရှန်ပိုတစ်ရာသို့ သူ လာရောက်ရသည့် အကြောင်းရင်းမှာ လဲ့တင်းကို ဤနေရာတွင် ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ထိုစဉ်က လေပုလဲတစ်ခုကိုလည်း သူ တွေ့ခဲ့ရသေးသည်။
ရှန်ပိုတစ်ရာနယ်မြေတွင် ကောင်းမွန်သောအရာအချို့ ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် လုမင်ဟာ ၎င်းကို စစ်ဆေးရန် ရောက်လာခဲ့ခြင်းပင်။
သို့သော်လည်း ဝင်ရောက်လာပြီးနောက် လုမင် စိတ်ပျက်သွားရသည်။ ရှုပ်ထွေးနေသော တာအိုများမှလွဲ၍ လုမင်ဟာ မည်သည့်ရတနာများကိုမျှ မတွေ့ခဲ့ရပေ။
လုမင် အနည်းငယ် စိတ်ပျက်သွားသည်။ နောက်ဆုံးတွင်၊ ရှန်ပိုတစ်ရာနယ်မြေ တည်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဝိညာဉ်ရှိသော ရတနာများကဲ့သို့သော ရတနာအချို့က ဉာဏ်ရည်ဉာဏ်သွေးပါရှိပြီး ကိုယ့်ဘာသာကိုယ် ပျံသန်းသွားနိုင်သည်။
ရှန်ပိုတစ်ရာနယ်မြေ၏ ဝေးကွာသောအတိတ်တွင် ရတနာအချို့ ရှိကောင်းရှိနိုင်သော်လည်း လွန်စွာကြာခဲ့ပြီ ဖြစ်သည်။ သူတို့ထဲတွင် တချို့က ပျက်စီးသွားလောက်ပြီဖြစ်သလို တချို့ကလည်း သူတို့ဘာသာ ထွက်ခွာသွားလိမ့်မည်။
နောက်ဆုံးတစ်ခေါက်က လဲ့တင်းကို ရရှိခဲ့ခြင်းမှာပင် လုမင် တကယ်ကို ကံကောင်းသည်ဟု ဆိုနိုင်သည်။
"အဲဒါက..."
ရုတ်တရက်၊ လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူ့ရှေ့မှာ လေပြင်းတိုက်ခတ်သွားတာကို မြင်လိုက်ရသည်။ နောက်တော့ လေထဲမှာ ပုလဲတစ်လုံး ပေါ်လာခဲ့၏။ ပုလဲ၏ အပြင်ဘက်မှာလည်း မိုးပြာရောင် ငှက်ငယ်လေးတစ်ကောင် ပျံဝဲနေတော့သည်။
"အဲဒါ ဟိုပုလဲပဲ"
လုမင် အလွန်ဝမ်းသာသွားသည်။ ထိုပုလဲကို ထပ်တွေ့ရမည်ဟု သူ မမျှော်လင့်ထားပေ။
"ဝှစ်"
လုမင်လည်း လျင်မြန်စွာ လှုပ်ရှားပြီး ပုလဲလုံးကို ခုန်ဖမ်းလိုက်သည်။
ထိုအခါ ပုလဲပေါ်မှ ငှက်ကလေးက ကြောက်လန့်သွားပုံရသည်။ အလင်းရောင်တစ်ချက်လက်ပြီး အဝေးကို ပျံပြေးသွား၏။
"ဘယ်ကိုသွားမှာလဲ"
လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသက်သွင်းလိုက်သည်။ သူ့အရှိန်က တဟုန်ထိုးတိုးတက်လာပြီး ပုလဲလုံးနှင့် သူ့ကြားမှ အကွာအဝေးက ခဏချင်း နီးကပ်လာတော့သည်။
ပုလဲလုံးက တစ်ဖန် တုန်ခါသွားခဲ့သည်။ လှုပ်ခါလိုက်သည်နှင့် ၎င်း၏အရှိန်က အရှိန်ပြင်းစွာ တိုးလာခဲ့၏။ လုမင်နှင့် သူ့ကြားမှ အကွာအဝေးက ခြားနားလာပြန်တော့သည်။
"မြန်လိုက်တာ"
လုမင် အံ့အားသင့်သွားပြီးနောက် အလွန်ဝမ်းသာသွားသည်။
ဤပုလဲက တကယ်ကို သာမန်မဟုတ်ပေ။ ယင်းက လဲ့တင်းလောက် မသန်မာလျှင်ပင်၊ အနည်းဆုံးတော့ အုပ်ချုပ်သူဝိညာဉ်လက်နက်ထက် သာလွန်သည်။ လုမင်လည်း ယင်းကို မြင်ပြီးမှတော့ အလွတ်မပေးနိုင်တော့ပေ။
လုမင် အရှိန်မြှင့်ပြီး ပုလဲလုံးနောက်ကို တဟုန်ထိုး ပြေးလိုက်သည်။
ပြေးသူ၊ လိုက်သူနှင့် သူတို့က လျှပ်စီးကြောင်းနှစ်ခုကဲ့သို့ ဖြတ်သွားခဲ့လေသည်။ ခဏအကြာတွင် သူတို့က ရှန်ပိုတစ်ရာနယ်မြေအတွင်း၌ အကြိမ်အနည်းငယ် လှည့်ပတ်ခဲ့ကြသည်။
"ဝမ်"
ထိုအချိန်တွင် လုမင်က ရှေ့သို့ပြေးရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဆယ်မိုင်ခန့် အလျားနှင့် ကြီးမားကျယ်ဝန်းသော လက်ကြီးတစ်ဖက် ပေါ်လာခဲ့သည်။ ယင်းကို ကစဉ့်ကလျားတာအိုနှင့် သိပ်သည်းထားခြင်းဖြစ်ပြီး ပုလဲလုံးကို ဖမ်းဆုပ်လိုက်၏။
လက်ကြီးက ချက်ချင်းဆိုသလို ပုလုံးကို အုပ်မိုးလိုက်တော့သည်။
ပုလဲလုံးက တဆတ်ဆတ်တုန်ကာ ဦးတည်ရာချက်မဲ့ လျှောက်ပြေးသွားသည်။ သို့သော်လည်း ကစဉ့်ကလျားအိုနှင့် တွေ့မိသောအခါ ရုတ်တရက် ရပ်တန့်သွားပြီး ဆက်မပြေးတော့ပေ။ ထိုအစား ၎င်းက ကစဉ့်ကလျား တာအိုအနားကို တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့သည်။
ပုလဲလုံးက ပျော်ရွှင်နေမှန်း လုမင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
လုမင်လည်း ပုလဲလုံးကို ဖမ်းယူလိုက်တော့သည်။
ထို့နောက် လေတာအိုဖြင့် ပုလဲလုံးကို ရစ်ပတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ကစဉ့်ကလျားတာအိုက ပုလဲလုံးနှင့် ပဲ့တင်ထပ်သွားပြီးနောက် လုမင်၏ အသိစိတ်ထဲတွင် အချက်အလက်တစ်ခု ပေါ်လာသည်။
အေးခဲလေပုလဲ။
ဤပုလဲကို အေးခဲလေပုလဲဟု ခေါ်သည်။ ယင်းက လေစွမ်းရည် ရတနာတစ်ပါး ဖြစ်ချေသည်။
"ဝှစ်"
အေးခဲလေပုလဲက တုန်ခါသွားပြီးနောက် လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပျံတက်သွားသည်။ ထို့နောက် သူ့အသိစိတ်ပင်လယ်အတွင်းမှ လဲ့တင်းနှင့် မနီးမဝေးတွင် ရပ်တန့်သွားလေသည်
လုမင်၏ အတွေးတစ်ခုဖြင့် မိုးပြာရောင် စွမ်းအင်တစ်ခုက အေးခဲလေပုလဲမှ လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။ လုမင်က လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုလိုက်၏။ ခြေလှမ်းတစ်လှမ်းဖြင့် သူ့ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားကာ မိုင်တစ်ထောင်အကွာတွင် ပြန်ပေါ်လာတော့သည်။
"မြန်လှချေလား၊ ဒီပုလဲရဲ့ လေစွမ်းအင်နဲ့ လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုတာက ငါ့ရဲ့အမြန်နှုန်းကို အရမ်းတိုးတက်စေနိုင်တယ်"
လုမင် အလွန် ဝမ်းသာသွားသည်။
အမြန်နှုန်း တိုးတက်လာခြင်းဖြင့် သူ၏ အသက်ကယ်စွမ်းရည်ကလည်း ပို၍ အားကောင်းလာတော့မည်။
"အေးခဲလေပုလဲက အုပ်ချုပ်သူ ဝိညာဉ်လက်နက်ထက် သာလွန်နေတာပဲ။ သူ့မှာ အခြား လျှို့ဝှက်ချက်တွေလည်း ရှိလိမ့်မယ်။ ငါ နောင်မှ အေးအေးဆေးဆေး လေ့လာကြည့်ဦးမယ်။ အခုတော့ ဆန်းကျယ်ကောင်းကင်မြို့ကို အရင်သွားမယ်"
လုမင် အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက်မှာတော့ ရှန်ပိုတစ်ရာနယ်မြေမှ ထွက်ခွာပြီး ဆန်းကျယ်ကောင်းကင်မြို့သို့ ဦးတည်ခဲ့တော့သည်။
..........
ဆန်းကျယ်ကောင်းကင်မြို့တွင် တိုက်ပွဲက အလွန်ပြင်းထန်နေပြီး သေကြေမှုများလည်း အဆက်မပြတ် ဖြစ်နေခဲ့သည်။
မူထျန်း၊ မူရီ၊ မူကျန်းတို့ပင် ဒဏ်ရာရခဲ့ကြ၏။ ဆန်းကျယ်ကောင်းကင်မြို့က ဆုံးရှုံးမှု အကြီးအကျယ် ကြုံတွေ့ခဲ့ရလေသည်။
သို့ရာတွင် ဓားနက်ဒေသသည်လည်း ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။
"ချီးတဲ့မှပဲ"
တောက်ဟန်လည်း စိတ်တိုလာသည်။ ဆန်းကျယ်ကောင်းကင်မြို့ကို ကိုင်တွယ်ရန် ဤမျှ ခက်ခဲမည်ဟု သူ မမျှော်လင့်ထားပေ။
"ဘယ်လောက်တောင် အသုံးမကျလိုက်လဲ။ မင်း ဒီလောက်ကြာတာတောင် ဆန်းကျယ်ကောင်းကင်မြို့ကို မဖောက်နိုင်သေးဘူး"
ထိုအချိန်တွင် ကောင်းကင်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဝုန်း"
ထို့နောက် ကောင်းကင်ယံမှ အရှိန်အဝါကြီးမားသော ရောင်ဝါတစ်ခု ဆင်းသက်လာခဲ့၏။ မူထျန်းနှင့် အခြားသူများလည်း မျက်နှာပျက်သွားကြတော့သည်။
"ဝိညာဉ်ပင်လယ်နယ်ပယ် သတ္တမအဆင့်"
မူထျန်းက အော်ဟစ်ပြီး မော့ကြည့်လိုက်သည်။
အနက်ရောင် ၀တ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်သွင်တစ်ခုက ကောင်းကင်တွင် ပေါ်လာခဲ့၏။ အားကောင်းသော အရှိန်အဝါများကလည်း သူ့ဆီမှ ထွက်ပေါ်လာတော့သည်။
"သခင်ကြီး၊ ခင်ဗျားရောက်လာပြီ"
ထိုလူကိုတွေ့တော့ တောက်ဟန် အလွန်ဝမ်းသာသွားသည်။
မူထျန်း၊ မူကျန်းနှင့် အခြားသူများကတော့ သူတို့နှလုံးသားများ လေးလံသွား၏။
တောက်ဟန်က ထိုလူကို သခင်ကြီးဟု ခေါ်လိုက်သည်။ ထိုလူက တောက်ဟန်ဘက်မှဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ သို့ရာတွင်၊ တောက်ဟန်က သခင်ကြီးဟု ခေါ်ရအောင် ယင်းက မည်သူနည်း။
ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ ထိပ်တန်း ပုဂ္ဂိုလ်များထဲမှ တစ်ဦးက ရတနာများကို ရရှိရန် အခွင့်အရေးယူနေခြင်း ဖြစ်သလော။
မူထျန်းနှင့် မူကျန်းတို့၏ စိတ်ထဲတွင် အတွေးမျိုးစုံ ပေါ်လာခဲ့သည်။
"အဲဒီလူကို ငါ့အတွက် ထားလိုက်ပါ၊ အခြားသူတွေကို ကူညီပြီး မြန်မြန် ကိစ္စဖြတ်လိုက်"
အနက်ရောင်ဝတ် လူကြီးက ပြောလိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင်ဓားတစ်ချောင်း ပေါ်လာပြီး မူထျန်းကို တိုက်ခိုက်တော့သည်။
ဤဓား၏အရှိန်က အံ့ဖွယ်ကောင်းလွန်းသည်။
မူထျန်း မျက်နှာပျက်သွားပြီး အလောတကြီး ပြန်ဆုတ်လိုက်လေသည်။
သို့ရာတွင်၊ သူ၏ လှုပ်ရှားမှုက တစ်ဖက်လူ၏ ဓားအလင်းထက် မမြန်နိုင်ပါ။
ပြိုဘက်က ဝိညာဉ်ပင်လယ်နယ်ပယ် သတ္တမအဆင့်တွင်ရှိပြီး သူ့ထက်များစွာ အားကောင်းသည်။
"ငါ့အဖေကို မထိနဲ့"
ထိုအချိန်တွင် ဆန်းကျယ်ကောင်းကင်မြို့တွင်းမှ ကြည်လင်သော အော်သံတစ်ခု ထွက်ပေါ်လာ၏။ အနီရောင် ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်လူ၏ ဓားအလင်းကို ထိမှန်သွားတော့သည်။
"ချွမ်"
အနက်ရောင်ဝတ်လူ၏ ဓားအလင်းက ပျက်စီးသွားသလို အနီရောင် ဓားအလင်းလည်း ပျောက်ကွယ်သွားခဲ့သည်။
"ဝှစ်"
ထိုအချိန်တွင် ရုပ်သွင်တစ်ခုက အောက်မှ ပြေးထွက်လာပြီး မူထျန်းရှေ့တွင် ရပ်လိုက်သည်။
"လန်အာ"
မူထျန်း လှမ်းအော်လိုက်၏။
မူလန်၊ သူ့နောက်တွင် ပေါ်လာသူက သဘာဝအတိုင်း မူလန်ဖြစ်တော့သည်။
မူလန်က ကောင်းကင်တွင်ရပ်ရင်း အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်ပင်လယ်နယ်ပယ် တတိယအဆင့်သို့ ရောက်နေပြီ။
"အဖေ၊ ဘာဖြစ်လို့ ကျွန်မကို မခေါ်တာလဲ"
မူလန်က စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
"လန်အာ၊ အရင်တုန်းက မင်းက တံခါးပိတ်လေ့ကျင့်နေတာဆိုတော့ ငါမင်းကို မခေါ်ခဲ့တာပါ"
မူထျန်း ပြောလိုက်သည်။
"ဟီးဟီး၊ ဒီမှာ ဒီလောက်လှတဲ့ ကောင်မလေးတစ်ယောက် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဘယ်လောက် ကံကောင်းလိုက်လဲ"
အနက်ရောင်ဝတ်လူကြီးက မူလန်၏ ခန္ဓာကိုယ်ကို သိမ်းကြုံးကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။
"နင် သေချင်နေတာပဲ"
မူလန် အေးစက်စက်အော်ရင်း အနက်ရောင်ဝတ်လူကြီးကို လက်ထဲမှ ဓားဖြင့် ထိုးခုတ်လိုက်၏။
နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
ခဏကြာတော့ မူလန်က အသာစီးရလာခဲ့လေသည်။
သူတို့က ခဏချင်း တိုက်ကွက်တစ်ဒါဇင်ကျော် ရင်ဆိုင်ခဲ့ကာ အနက်ရောင်ဝတ်လူကြီး လုံးဝ အရေးနိမ့်လာတော့သည်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံများက တူညီသော်လည်း မူလန်၏ တိုက်ခိုက်နိုင်စွမ်းမှာ သူ့ထက် သာလွန်သည်။ တိုက်ပွဲ အချိန်ကြာလေလေ၊ အနက်ရောင်ဝတ် လူကြီးမှာ ပို၍ တုန်လှုပ်လာလေလေပင်။
"ဆန္ဒမ၊ မင်း ပွဲကြည့်နေတာ တော်လောက်ပြီ။ အခုထိ မလှုပ်ရှားသေးဘူးလား။ တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရအောင်၊ ဒီလိုမှမဟုတ်ရင် အပြောင်းအလဲတွေ ရှိလာလိမ့်မယ်"
အနက်ရောင်ဝတ် လူကြီးက ရုတ်တရက် ကောင်းကင်ဆီသို့မော့ကာ လှမ်းအော်လိုက်သည်။
"ဟားဟားဟား"
ရယ်မောသံနှင့်အတူ ကောင်းကင်ယံရှိ တိမ်တိုက်များနောက်ကွယ်မှ အနက်ရောင်ဝတ်စုံဝတ် နောက်လူတစ်ယောက် ပေါ်လာတော့သည်။
ဤအနက်ရောင်ဝတ်လူကြီး၏ အရှိန်အဝါက ပို၍အားကောင်းပြီး ဝိညာဉ်ပင်လယ်နယ်ပယ် အဆင့်ရှစ်သို့ပင် ရောက်ရှိသွားပြီ ဖြစ်သည်။
မူထျန်းနှင့် အခြားသူများလည်း မျက်စိမျက်နှာပျက်သွားတော့သည်။
အမှန်ပင်၊ ရန်သူများဘက်မှာ ကျွမ်းကျင်သူများစွာ ရှိနေသည်။
"ဒီကောင်မလေးက ငါ့အတွက်ပဲ"
နောက်မှပေါ်လာသော အနက်ရောင်ဝတ်လူကြီးက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မူလန်ကိုစိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် သူက မင်းအတွက်ပဲ"
ယခင် အနက်ရောင်ဝတ်လူက အံကြိတ်လိုက်သည်။
"ဝှစ်"
ဒုတိယ အနက်ရောင်ဝတ်လူက အလင်းတန်းတစ်ခုကဲ့သို့ မူလန်ဆီသို့ ပျံသန်းလာခဲ့၏။
အနက်ရောင်ဝတ် လူနှစ်ဦးစလုံးက ပူးပေါင်းတိုက်ခိုက်လိုက်သည်။ ထို့ထက် ဒုတိယ အနက်ရောင်ဝတ်လူက အဆင့်ရှစ် ဝိညာဉ်ပင်လယ်နယ်ပယ်တွင် ရှိနေခဲ့၏။ မူလန်လည်း ဖိအားကြီးမားလာပြီး ခဏအကြာတွင် အားနည်းချက်တစ်ခု ဖြစ်လာတော့သည်။