← Chapters

အခန်း ၁၃၅၄

Vol. 91 Ch. 1354

အခန်း ၁၃၅၄

Vol. 91 Ch. 1354

အပိုင်း ( 1354 ) ဆန်းကျယ်ကောင်းကင်မြို့သို့ ပြန်ရောက်ပြီ။

"လန်အာ"

မူထျန်းက စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်သည်။ သို့ရာတွင် မူလန်နှင့် အနက်ရောင်ဝတ်လူနှစ်ဦး၏ တိုက်ပွဲက သူ ဝင်ရောက်စွတ်ဖက်နိုင်တာ မဟုတ်ပေ။

"မူထျန်း၊ မင်း ကိုယ့်ကိုကိုယ်ပဲ စိတ်ပူသင့်တယ်"

တောက်ဟန်က လှောင်ပြောင်ပြီး မူထျန်းကို တိုက်ခိုက်လိုက်သည်။

ယနေ့တိုက်ပွဲက အံ့ဩစရာ မရှိနိုင်တော့ပါ။ အနက်ရောင်ဝတ်လူနှစ်ဦးမှ မူလန်ကို ဖယ်ရှားလိုက်သရွေ့ ကျန်လူများနှင့် ဆက်ဆံရန်မှာ သူတို့အတွက် များစွာလွယ်ကူမည် ဖြစ်သည်။

တိုက်ပွဲ အချိန်ကြာလာသည်နှင့် ဆန်းကျယ်ကောင်းကင်မြို့၏ အခြေအနေမှာ ပို၍ ဆိုးရွားလာလေလေပင်။ မူလန်သည်လည်း ဆိုးရွားသော အနေအထားသို့ တဖြည်းဖြည်း ကျရောက်လာခဲ့သည်။

"ဟီးဟီး၊ ဒီကောင်မလေးက တကယ်လှတာပဲ။ ငါနေလာတာ နှစ်အတော်ကြာနေပြီ၊ ဒါပေမဲ့ ဒီလောက်ဆွဲဆောင်မှုရှိတဲ့ မိန်းမကို မတွေ့ဖူးသေးဘူး"

ဒုတိယ အနက်ရောင်ဝတ်လူကြီးက လှောင်ပြောင်ပြောဆိုလိုက်သည်။ မူလန်၏ နဖူးကလေးမှာလည်း ချွေးစို့လာ၏။ သူမ ကြာကြာမထိန်းနိုင်တော့ပေ။

"ဝုန်း"

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ဤအရှိန်အဝါမျိုးက စကြာဝဠာကြီး၏ အုပ်စိုးရှင်ကဲ့သို့ပင်။ ယင်းမှာ နက်ရှိုင်းသော ပင်လယ်ကြီးကဲ့သို့ ကျယ်ပြောပြီး နားမလည်နိုင်လောက်အောင် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဆန်းကျယ်ကောင်းကင် မြို့တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

"အား... အား"

တောက်ဟန်နှင့် အနက်ရောင်ဝတ်လူနှစ်ဦး အပါအဝင် ဓားနက်ဒေသမှလူတိုင်း ဧရာမတောင်ကြီးနှင့် ဖိနှိပ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့အားလုံး နာကျင်စွာအော်ဟစ်ရင်း ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။

သို့သော်လည်း ထူးဆန်းအံ့ဖွယ်ကောင်းအောင် မူထျန်း၊ မူလန်နှင့် ဆန်းကျယ်ကောင်းကင်မြို့မှ ကျန်လူများအားလုံး အဆင်ပြေနေ‌ကြသည်။

"အဲဒါက…"

လူတိုင်းက ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ အဝေးမှ‌ ကောင်းကင်တွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခုရှိနေကြောင်း မြင်လိုက်ရသည်။ ကြီးစိုးသော အရှိန်အဝါနှင့် အလင်းများက နတ်ဘုရားကဲ့သို့ သူ့ကို လွှမ်းခြုံထားလေသည်။

"သူပဲ..."

မူလန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ ရှုပ်ထွေးသော ခံစားချက်အမျိုးမျိုးလည်း သူ့မျက်လုံးများတွင် ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ သူမ၏ နှုတ်ခမ်းကိုကိုက်ကာ ဆန်းကျယ်ကောင်းကင်မြို့တွင်းသို့ ပြေးဝင် ပျောက်ကွယ်သွားတော့သည်။

"ဘယ်သူလဲ...အဲဒါဘယ်သူလဲ။ သူက အစွမ်းထက်လွန်းတယ်။ ဒီလောက်တောင် အစွမ်းထက်လှချေလား"

"သူက နတ်ဘုရားများလား"

ဆန်းကျယ်ကောင်းကင်မြို့မှ ကျင့်ကြံသူများလည်း ကောင်းကင်ကို မော့ကြည့်ကာ ကြောင်တက်တက်ဖြင့် ပြောလိုက်ကြသည်။

ထိုအရှိန်အဝါက သူတို့ကို လေးစားမှုအပြည့်ဖြင့် ကိုးကွယ်စေခဲ့လေသည်။

သို့သော်လည်း ထိုရောင်ဝါက တခဏချင်း ပေါ်လာခဲ့သည်။ ပေါ်လာပြီးသည်နှင့် ရုတ်ချည်း ပြန်လည် ပျောက်ကွယ်သွား၏။

ထို့နောက်မှာတော့ ကောင်းကင်မှ ရုပ်သွင်တစ်ခု ဆင်းသက်လာတော့သည်။

"လု... လုမင်၊ မင်းလား"

မူထျန်းက ထိုရုပ်သွင်ကို မြင်ရသည်နှင့် ချက်ချင်း အော်ပြောလိုက်သည်။

မမှားပေ၊ ရုတ်တရက် ပေါ်လာသူက လုမင် ဖြစ်သည်။

အစောပိုင်းက သူဟာ ဆန်းကျယ်ကောင်းကင်မြို့သို့ ရောက်ရှိလာသည်နှင့် တိုက်ပွဲကြီးတစ်ခု ဖြစ်နေသည်အား မြင်ရသောကြောင့် ဒေါသထွက်ကာ အရှိန်အဝါများ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းက ဓားနက်ဒေသမှ လူများကို ဒဏ်ရာရစေခဲ့ပေသည်။

ဤသည်ကလည်း သူ သက်ညှာပေးခဲ့၍ ဖြစ်သည်။ ထိုသို့မဟုတ်ပါက အနက်ရောင်ဝတ် လူကြီးနှင့် အခြားသူများ၏ ကျင့်ကြံခြင်းအခြေခံဖြင့် လုမင်၏ အရှိန်အဝါအောက်တွင် ပြာပင်လျှင် ကြွင်းကျန်လိမ့်မည် မဟုတ်ချေ။ သူတို့က အမှုန်အမွှားလေးများပင် ကျန်ရစ်ခဲ့မည် မဟုတ်ပါ။

"လုမင်၊ တကယ်ကို မင်းပဲ"

မူကျန်းလည်း လုမင်ကို မြင်သောအခါ ချက်ချင်း ပြေးသွားသည်။

"ဘာ၊ သူက လုမင်လား"

"လုမင် ပြန်လာပြီ။ ဘုရား...ဘုရား၊ ဒါဆိုရင် အဲဒီကြောက်စရာကောင်းတဲ့ ရောင်ဝါက တကယ်ကြီး လုမင် ထုတ်လွှတ်ခဲ့တာပေါ့။ လုမင်ရဲ့ နယ်ပယ်က ဘယ်အဆင့်ရောက်နေပြီလဲ"

ဆန်းကျယ်ကောင်းကင်မြို့မှ အခြားလူများက လုမင်ကို မြင်သောအခါ မယုံကြည်နိုင်စွာ အော်ပြောလိုက်ကြသည်။

နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါမျိုးမှာ ယခုလေးတင် လုမင် ထုတ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ ယုံကြည်ရန် ခက်ခဲသည်။

"အကြီးအကဲ"

လုမင်က မူကျန်းနှင့် မူထျန်းကို လက်ယှက်ပြလိုက်သည်။

"လုမင်၊ မင်း ဘာဖြစ်လို့ ရုတ်တရက် ပြန်လာတာလဲ"

လုမင်ကို မြင်သောအခါ မူကျန်း အလွန်ဝမ်းသာသွားသည်။

"လုံမန်နဂါးမဟာမိတ်က လက်ရှိမှာ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းရဲ့ အင်အားစုတွေကို သိမ်းပိုက်နေပြီလေ။ အဲဒါကြောင့် ကျွန်တော်လည်း နဂါးကိုးကောင်မြို့ကို သိမ်းရင်း ဒီကို ပြန်လာခဲ့တာ"

လုမင် ပြောလိုက်သည်။

"အင်း...၊ ဘာ... ဘာကြီး၊ လုံမန်နဂါးမဟာမိတ်လား"

မူထျန်း၊ မူကျန်းနှင့် အခြားသူများက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး အော်လိုက်ကြ၏။

မူထျန်း၊ မူကျန်းနှင့် အခြားသူများလည်း လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်နေတော့သည်။

"လုမင်၊ အလယ်ပိုင်းတိုက်ကြီးရဲ့ သူတော်စင်မြို့တော်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ငါကြားတယ်။ အဲဒီတိုက်ပွဲကို စိုးမိုးခဲ့တဲ့သူကလည်း လုမင်တဲ့။ နောက်ပြီး လုံမန်နဂါးမဟာမိတ်က တစ်ကမ္ဘာလုံးကို သိမ်းပိုက်သွားခဲ့တယ်။ အဲဒီ လုံမန်နဂါးမဟာမိတ်ရဲ့ ခေါင်းဆောင်ကလည်း လုမင်လို့ခေါ်တယ်"

မူထျန်းက ပြောလိုက်သည်။

မူရီ၊ မူကျန်းနှင့် အခြားသူများလည်း လုမင်ကို စိုက်ကြည့်လိုက်လေသည်။

"အဟမ်း၊ အဟမ်း၊ အဲဒါက ကျွန်တော်ပါပဲ"

လုမင်က ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်ကာ ပြောလိုက်သည်။

"ဟူး"

မူထျန်း၊ မူကျန်းနှင့် အခြားသူများလည်း ပင့်သက်ရှိုက်ရင်း နေရာတွင် အေးခဲသွား၏။

ယခင်က မှန်းဆခဲ့သော်လည်း အတည်ပြုပြီးသည့်အခါ ယုံကြည်ရခက်ခဲနေဆဲပင်။ သူတို့အားလုံး အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

လုံမန်နဂါးမဟာမိတ်ခေါင်းဆောင်၊ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး၏ အုပ်စိုးသူမှာ အမှန်တကယ်တော့ ဆန်းကျယ်ကောင်းကင်နယ်မြေကြီးမှ ထွက်ခွာသွားသော လုမင် ဖြစ်နေသည်။

တုန်လှုပ်စရာကောင်းလွန်းလှပေသည်။

သူတို့ မတုံ့နိုင်ပြန်ခင် ခဏလောက် တုန်ယင်သွားကြသည်။ ထို့နောက်မှာတော့ လွန်စွာ ဝမ်းသာသွားတော့သည်။

သို့သော်လည်း ရှုပ်ထွေး‌သော မျက်လုံးအကြည့်များနှင့် စိုးရိမ်ပူပန်နေသော လူတစ်ယောက် ရှိနေသည်။

မူရီ။

ယခင်က သူဟာ လုမင်ကို ပစ်မှတ်ထားခဲ့သည်။ အကယ်၍ လုမင်သာ ထိုအကြွေးကို ပြန်ရှင်းခဲ့မည်ဆိုလျှင်...

သူ ဆက်မတွေးရဲတော့ပါ။

"အကြီးအကဲတို့၊ ဒီလူတွေကို အရင်ကြည့်လိုက်ရအောင်"

လုမင် ပြောလိုက်သည်။ သူ့လက်ဝါးကို ဖမ်းဆုပ်ဟန်ပြုလိုက်ရာ အနက်ရောင်ဝတ် လူကြီးနှင့် တောက်ဟန်တို့မှာ လုမင်၏လက်ထဲသို့ ပါလာကြတော့သည်။

"အသက် ချမ်းသာပေးပါ၊ လုမင်... မဟုတ်ဘူး၊ မဟာမိတ်ခေါင်းဆောင်လု... ကျုပ်အသက်ကို ချမ်းသာပေးပါ"

တောက်ဟန်က ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

အနက်ရောင်ဝတ် လူကြီးနှစ်ယောက်ကတော့ ကြောက်လွန်းသဖြင့် တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။

လုမင်နှင့် အခြားသူများ၏ စကားများကို ကြားရကတည်းက သူတို့ အသက်ထွက်မတတ် ကြောက်နေပြီ ဖြစ်သည်။

ရုတ်တရက် ပေါ်လာသော ဤလူငယ်က အသစ်ဖွဲ့စည်းထားသော လုံမန်နဂါးမဟာမိတ်ခေါင်းဆောင် ဖြစ်နေ၏။

ဤမျှ တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးက လုံမန်နဂါးမဟာမိတ်ကို ဘာကြောင့် ရုတ်တရက် ရောက်ရှိလာသနည်း။ သူက မူထျန်း၊ အခြားသူများနှင့်လည်း ဆက်ဆံရေး ကောင်းမွန်ပုံရသည်။ တောက်ဟန်နှင့် အခြားသူများလည်း အိပ်မက်နေသည်ဟု ထင်နေတော့သည်။ ဤသည်မှာ ကြောက်စရာကောင်းသော အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။

"ပြော၊ မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူက အမိန့်ပေးလိုက်တာလဲ"

လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ တောက်ဟန်နှင့် အခြားသူများ ကြောက်ရွံ့တုန်လှုပ်သွား၏။

အနက်ရောင်ဝတ် လူနှစ်ယောက်၏ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေသေးကြောင်း ထင်ရှားသည်။

"အဲဒါက သွေးတောင်တန်းဂိုဏ်းပဲ။ ကျွန်တော်တို့က သွေးတောင်တန်းဂိုဏ်းရဲ့ တပည့်တွေပါ။ သွေးတောင်တန်းဂိုဏ်းက ကောင်းကင်ဧကရာဇ်ဘုရားကျောင်းရဲ့ ပျက်စီးခြင်းကို အခွင့်ကောင်းယူပြီး သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ဖို့ ရတနာတွေကို လျှို့ဝှက်လုယူချင်နေတာ"

အနက်ရောင်ဝတ်လူတစ်ဦးက ပထမဆုံး အော်လိုက်သည်။ လုမင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ဝံ့ခြင်းမရှိပေ။

"ဒါက သွေးတောင်တန်းဂိုဏ်းပဲ"

မူထျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သွေးတောင်တန်းဂိုဏ်းသည် အနီးတစ်ဝိုက်ရှိ ဒေသကြီး ဒါဇင်များစွာအတွင်း၌ အသန်မာဆုံး ဖြစ်သည်။ ဒဏ္ဍာရီများအရ၊ သူတို့တွင် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင် ရှိ၏။ ယခင်ကတော့ သူတို့ဟာ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ လက်အောက်ခံ ဂိုဏ်းတစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း ယခုအခါ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း ဖျက်ဆီးခံရသည့် သတင်း ပြန့်နှံ့သွားသဖြင့် သွေးတောင်တန်းဂိုဏ်းလည်း မထိုင်နိုင်တော့ပေ။ သူတို့က ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်များ ရယူလိုခဲ့သည်။

"သွေးတောင်တန်းဂိုဏ်း၊ သူတို့ ဆက်ရှိနေဖို့ မလိုတော့ဘူး"

လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းတစ်ခု လင်းလက်လာခဲ့သည်။ ထို့နောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

လုမင်၏ လက်ဝါးအောက်တွင် ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုပေါ်လာပြီး အနက်ရောင် ဖရိုဖရဲမြင်ကွင်းများ ပေါ်လာတော့သည်။

"ဝုန်း"

ဟင်းလင်းပြင်အက်ကြောင်းက တုန်ခါသွားခဲ့သည်။ ဟင်းလင်းပြင်အက်ကြောင်း၏ အခြားတစ်ဖက်ကိုလည်း လူတိုင်း မြင်ကြရ၏။ အလွန်ကြီးကျယ်ခမ်းနားသော ဧရာမတောင်ကြီးတစ်လုံး ပေါ်လာသည်။ ဧရာမတောင်ကြီးပေါ်မှာတော့ သွေးစွန်းနေသော မြူမှုန်များ ရှိပေသည်။

သွေးတောင်တန်းဂိုဏ်း။ ဤသည်မှာ သွေးတောင်တန်းဂိုဏ်း ဖြစ်သည်။

"ဟား"

လုမင် မာန်သွင်းပြီး အော်လိုက်သည်။ သူ့လက်ဝါးကို ဖိချဟန်ပြုလိုက်ရာ သွေးတောင်တန်းဂိုဏ်းအထက် ကောင်းကင်တွင် ကြီးသော လက်ဝါးကြီးတစ်ဖက် ပေါ်လာခဲ့၏။ လက်ဝါးကြီးက နေနှင့်လကို ဖုံးလွှမ်းကာ သွေးတောင်တန်းဂိုဏ်းအပေါ် ဖိချလာတော့သည်။

သွေးတောင်တန်းဂိုဏ်းမှ လူများ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာခဲ့သည်။ အားလုံးက ဆောက်တည်ရာမရ ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော်လည်း ဤလက်ဝါးကြီးအောက်တွင် သူတို့၏ ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်များပါ ပျက်စီးသွားတော့သည်။

All Chapters