အခန်း ၁၃၅၆
Vol. 91 Ch. 1356
အပိုင်း ( 1356 ) ကြီးမားသော နဂါးဧကရာဇ် မြို့တော်။
မြောက်ပိုင်းလွင်ပြင်ရှိ သားရဲတစ်ရာမျိုးနွယ်၏ ခြံဝင်းတစ်ခုတွင်၊ လုမင်က သူ၏ အမည်ခံတပည့်နှစ်ယောက်ဖြစ်သော ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့ကို သင်ကြားပေးနေပါသည်။
လုမင် အာဏာရလာပြီးနောက် အရင်းအမြစ်များစွာ ရှိသည်။ သူ့တွင် တာအိုကျောက်များ၊ ဝိညာဉ်ဆေးပင်များနှင့် အံ့ဖွယ်ဆေးများ အမျိုးမျိုး ရှိ၏။
ထို့ကြောင့်ပင် ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့၏ ကျင့်ကြံခြင်းအခြေခံက တိုးတက်မှု လျင်မြန်ခဲ့ပေသည်။ သူတို့နှစ်ဦးစလုံး ဝိညာဉ်ပင်လယ်နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
"ရှောင်ရှန်၊ တာအိုကျောက်တွေကိုသုံးပြီး မြေတာအိုမှာ မင်းရဲ့တိုးတက်မှုက မြန်ဆန်ပေမဲ့ ဝေးကွာနေသေးတယ်။ မင်း အဲဒါကို အနာဂတ်မှာ ပိုပြီး နားလည်ဆင်ရမယ်။ အဲဒါက မင်းရဲ့ အနာဂတ် ကျင့်ကြံခြင်းကို အများကြီး အထောက်အကူဖြစ်လိမ့်မယ်။ မင်း နားလည်ရဲ့လား"
လုမင်က ကျွမ်းရှောင်ရှန့်ကို လမ်းညွှန်ပေးခဲ့သည်။
"နားလည်ပါပြီ ဆရာ"
ကျွမ်းရှောင်ရှန် လျင်မြန်စွာ ခေါင်းညိတ်လိုက်လေသည်။
မောင်နှမနှစ်ယောက်သား လုမင်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။
သူတို့နှစ်ဦးသည် လုမင်၏ အမည်ခံတပည့်များသာဖြစ်သော်လည်း လုမင်တွင် အစစ်အမှန်တပည့်များ မရှိသေးပေ။ သူတို့ အမည်ခံတပည့်နှစ်ယောက်သာ ရှိသည်။ ထို့ကြောင့် လုံမန်နဂါးမဟာမိတ်တွင် သူတို့က အထူးအဆင့်အတန်း ရှိကြသည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်များပင်လျှင် သူတို့ကိုမြင်သောအခါ ယဉ်ကျေးကြလိမ့်မည်။
အရင်ကဆိုလျှင် ဤအရာမျိုးကို တွေးတောင် မတွေးဝံ့ခဲ့ပါ။ သို့ရာတွင် ယခုတော့ သူတို့ရှေ့တွင် အမှန်တကယ် ဖြစ်ပျက်နေပြီ ဖြစ်သည်။ ဤအရာအားလုံးက လုမင်ကြောင့်ဖြစ်မှန်း သူတို့နားလည်ကြ၏။ လုမင်သာမရှိလျှင် သူတို့က ဘာမျှဖြစ်မည် မဟုတ်ပေ။ သိုင်းအုပ်ချုပ်သူများကို မဆိုထားနှင့်၊ ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူများကပင် ပုရွက်ဆိတ်များအဖြစ် မှတ်ယူကြလိမ့်မည်။
ယခုမူ၊ သူတို့၏ စကားတစ်ခွန်းဖြင့် မရေမတွက်နိုင်သော ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများက သူတို့အတွက် အလုပ်လုပ်ပေးမည် ဖြစ်သည်။
သိုင်းအုပ်ချုပ်သူတစ်ဦးပင်လျှင် သူတို့အတွက် လှုပ်ရှားပေးလိမ့်မည်။
ဤအရာအားလုံးက လုမင်ကြောင့် ဖြစ်သည်။
သူတို့က ပါရမီလည်း သိပ်မရှိကြမှန်း နားလည်ကြပေသည်။ ရှမ်းဟွမ်တိုက်ကြီးတွင် သူတို့ထက်သာလွန်ပြီး ထက်မြက်သည့် ပါရမီရှင်များစွာ ရှိသည်။ ထိုအထဲမှာမှ သူတို့ဟာ လုမင်၏ အမည်ခံတပည့်များဖြစ်လာနိုင်လောက်အောင် ကံကောင်းခဲ့ကြလေသည်။ ယင်းမှာ ဘဝပေါင်းများစွာမှ စုဆောင်းရရှိခဲ့သော ကောင်းချီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့ကလည်း အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပေသည်။
"ရှောင်ရှန်၊ မြေတာအိုကို ငါ အသုံးပြုပေးမယ်။ အဲဒါကို သေသေချာချာ နားလည်ပါ"
လုမင်၏ စကားသံက ကျွမ်းရှောင်ရှန်၏ အတွေးစများကို ပြတ်တောက်ကာ သတိပြန်ဝင်လာစေခဲ့သည်။ ကျွမ်းရှောင်ရှန်လည်း အမြန် အာရုံစိုက်လိုက်လေသည်။
"ဝုန်း"
လုမင်က မြေတာအိုကို ထုတ်ဖော်လိုက်သည်။ လေးလံသော မြေတာအိုက ကျွမ်းရှောင်ရှန်ကို လွှမ်းခြုံသွားတော့သည်။
ကျွမ်းရှောင်ရှန်လည်း ချက်ချင်းဆိုသလို မျက်လုံးမှိတ်ပြီး တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်သည်။
"ရှောင်ရို့၊ ဒီကိုလာပြီး ရေတာအိုကို ခံစားကြည့်လိုက်ပါ"
လုမင်က ကျွမ်းရှောင်ရို့ကို ပြောလိုက်၏။
"ဟုတ်ကဲ့ ဆရာ"
ကျွမ်းရှောင်ရို့က ယဉ်ယဉ်ကျေးကျေး ဖြေလေသည်။ သူမက ရိုသေလေးစားခြင်းနှင့် မြတ်နိုးမှုတို့ ပါဝင်နေသောအကြည့်ဖြင့် လုမင်ကို ကြည့်လိုက်သည်။
ယှဉ်ပြောရလျှင် ကျွမ်းရှောင်ရို့က ကျွမ်းရှောင်ရှန်ထက် ပို၍ ထူးချွန်သူဖြစ်သည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရေတာအိုက မြစ်တစ်စင်းကဲ့သို့ ကျွမ်းရှောင်ရို့ကို လွှမ်းခြုံသွားတော့သည်။
ကျွမ်းရှောင်ရို့လည်း လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ရင်း ဂရုတစိုက် နားလည်ဆင်ခြင်လိုက်သည်။
နှစ်များတစ်လျှောက်၊ လုမင်တွင် မအားလပ်သောကြောင့် ထိုတပည့်နှစ်ယောက်ကို သင်ကြားရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ဤအချိန်အတောအတွင်း အချိန်ပေးကာ သင်ကြားပေးခဲ့သည်။
လွန်ခဲ့သည့် နှစ်လကျော်အတွင်း အရာအားလုံးက စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာခဲ့ပေသည်။
လွန်ခဲ့သည့်အချိန်အနည်းငယ်က လုမင်ဟာ သိုင်းအုပ်ချုပ်သူကိုးပါးကို ဖိတ်ခေါ်ပြီး လီပင်း၏ ခြင်ဆီနှင့် သွေးကြောများကို သန့်စင်ခဲ့သည်။ လီပင်းက ကျင့်ကြံနည်းကိုမသိသော သာမန် သေမျိုးတစ်ဦး ဖြစ်သည်။ ယခုတော့ ပါရမီရှင်တစ်ဦးကဲ့သို့ ဖြစ်လာခဲ့၏။ ဤကာလအတွင်း၌ သူမက လုမင်နှင့်အတူ လေ့ကျင့်ခဲ့ကာ သူမ၏ ကျင့်ကြံခြင်းအခြေခံကလည်း ခုန်ပျံ တိုးတက်ခဲ့ပေသည်။
လုမင်က လုယွမ်ထျန်း၊ ဟွာချီနှင့် အခြားသူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အရည်အချင်းများ တိုးတက်စေရန် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူတို့၏ လေ့ကျင့်မှုမှာလည်း ခုန်ပျံကျော်လွှားကာ တိုးတက်ခဲ့လေသည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးသို့ ဝယ်ယူမှုအမိန့်စာတစ်စောင် ပေးပို့ခဲ့သည်။ နိဗ္ဗာနဆေးလုံးများကို သန့်စင်ရန်အတွက် အဓိက ရတနာခုနစ်ပါးကို စျေးကြီးကြီးဖြင့် ဝယ်ယူနေ၏။ လုမင်က နောက်ထပ် နိဗ္ဗာနဆေးလုံးများကို ဖော်စပ်ရန် မျှော်လင့်ထားသည်။
တိုးတက်မှုကတော့ အတော်လေး ချောမွေ့ခဲ့ပေသည်။ ဤကာလအတွင်း၌ လုမင်၏မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီး အဓိက ဝိညာဥ်ရတနာ ခုနစ်ပါးထဲမှ ငါးခုကို စုဆောင်းထားပြီး ဖြစ်သည်။
နဂါးဧကရာဇ်မြို့တော် တည်ဆောက်ခြင်းကလည်း တစ်ဝက်ကျော် ပြီးစီးသွားပြီ။ ဤအမြန်နှုန်းဖြင့် နောက်နှစ်လအတွင်းမှာ ပြီးမည်ဟု သူယုံကြည်သည်။
ထို့ကြောင့် လုံမန်နဂါးမဟာမိတ်၏ အထက်ပုဂ္ဂိုလ်များ ဆွေးနွေးပြီး သုံးလအကြာတွင် နဂါးဧကရာဇ်မြို့၌ မဟာမိတ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ လုံမန်နဂါးမဟာမိတ်ကို တရားဝင် တည်ထောင်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာကို ကြေငြာလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူတို့က နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် အင်အားစုများကို နေရာချထားမည် ဖြစ်သည်။
ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးက ထိုနေ့ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ ထိုအချိန်တွင် တစ်ကမ္ဘာလုံး အတူတူ ဆင်နွှဲကြလိမ့်မည်။
..............
ရှမ်းဟွမ်တိုက်ကြီး၏ အနောက်ဘက် အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်သွားပါက ပေယွိတိုက်ကြီးဟုခေါ်သော တိုက်ကြီးတစ်ခုသို့ ရောက်နိုင်သည်။
ဤတိုက်ကြီးက ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် တောင်ပိုင်းနတ်နန်းတော်၏ အသန်မာဆုံးတိုက်ကြီး ဖြစ်သည်။ ၎င်းက ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် စတုတ္ထအဆင့် ရှိပေသည်။
ပေယွိတိုက်ကြီး၏ အရှေ့ဘက်ခြမ်းတွင် လူဆိတ်ညံသော ချိုင့်ဝှမ်းတစ်ခု ရှိသည်။ ထိုနေရာတွင် သွေးမြူတိမ်များ တလိမ့်လိမ့်တက်နေပြီး အလွန်ကြောက်စရာကောင်းပေသည်။
ချိုင့်ဝှမ်းအတွင်းမှာလည်း နတ်ဆိုးသားရဲ အရိုးစုများဖြင့် ဖုံးလွှမ်းနေသည်။
အရိုးစုများမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ၊ သူတို့မသေမီတွင် အလွန်အစွမ်းထက်သော တည်ရှိမှုဖြစ်ကြောင်း သိနိုင်လိမ့်မည်။ ထိုအထွင် အများစုက အဆင့်မြင့် ဝိညာဉ်နတ်ဘုရားများဖြစ်ပြီး အဓိပဓိတချို့ပင် ရှိကြသည်။
ခဏကြာတော့ သွေးမြူတိမ်များ လွင့်စင်သွားပြီး ပုံသဏ္ဍာန်တစ်ခု ပေါ်လာခဲ့၏။
တိရီ ဖြစ်သည်။
"ချီးပဲ၊ လုမင်... ငါ မင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်"
တိရီထံမှ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သံ ထွက်ပေါ်လာသည်။
ယခုအခါ သူ၏ အရှိန်အဝါက ယခင်ကထက် အဆပေါင်းများစွာ အားနည်းသွားပြီ။ ယင်းက အဆင့်တစ် သိုင်းအုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါဖြစ်ရုံမျှသာ ဖြစ်သည်။
ထို့အပြင်၊ သူ နှစ်တစ်သောင်းကြာ လေ့ကျင့်ခဲ့ရသော သွေးမျိုးဆက်တစ်သောင်း ဝိညာဉ်ခန္ဓာခန္ဓာက သူ၏ လွတ်မြောက်ရေးအတွက် လုံးဝလောင်ကျွမ်းသွားခဲ့ရသည်။ အနှစ်တစ်သောင်းကြာ ကြိုးစားအားထုတ်မှုက သဲထဲရေသွန် ဖြစ်ခဲ့ပြီ။
"သေစမ်း၊ ငါ့ရဲ့ သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာက အောင်မြင်ပြီး မြေကမ္ဘာအဆင့် ဝိညာဉ်ခန္ဓာ ဖြစ်လာတော့မှာ။ အဲဒီအခါကျရင် ငါ့ရဲ့ ကျင့်ကြံမှုအရှိန်နဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်း တိုးတက်လာလိမ့်မယ်။ မိသားစုကလည်း ငါ့ကို တန်ဖိုးထားလာမှာပဲ။ အခုတော့ ဒါတွေအားလုံးက လုမင်ရဲ့ အပြစ်၊ ဒါ သူ့အပြစ်တွေချည်းပဲ"
တိရီ စိတ်ကိုမထိန်းနိုင်ဘဲ အော်ဟစ်ကြိမ်းမောင်းနေခဲ့သည်။ အတန်ကြာမှ အနည်းငယ် တည်ငြိမ်မှုရလာသည်။
"ငါပို့လိုက်တဲ့ သတင်းက မိသားစုကို ရောက်သွားလောက်ပြီ။ ဒါဆို မိသားစုထဲက ကျွမ်းကျင်သူတွေက မကြာခင် ဒီကို ရောက်လာသင့်တယ်။ လုမင်... ငါ မင်းကို သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားစေမယ်"
တိရီ၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေတော့သည်။
............
ရှမ်းဟွမ်တိုက်ကြီး၊ မြောက်ပိုင်းလွင်ပြင်တွင်...
သုံးနာရီအကြာတွင် ကျွမ်းရှောင်ရှန်နှင့် ကျွင်းရှောင်ရို့တို့ နားလည်မှုမှ နိုးလာကြသည်။
"ကောင်းပြီ၊ ပြန်သွားပြီး ဂရုတစိုက် နားလည်လိုက်ပါ။ ခဏနေရင် ငါမင်းတို့ကို စမ်းသပ်ပြီး မင်းတို့ရဲ့ ကျင့်ကြံခြင်း ရလဒ်ကို စစ်ဆေးမယ်"
လုမင် ညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ ဆရာ၊ ကျွန်တော်/ကျွန်မတို့ကို သွားခွင့်ပြုပါဦး"
ကျွမ်းရှောင်ရို့နှင့် ကျွမ်းရှောင်ရှန်လည်း လုမင်ကို ဦးညွှတ်ပြီး ထွက်သွားတော့သည်။
"အခု နဂါးဧကရာဇ်မြို့တော်ကို သွားရအောင်"
လုမင်က မတ်တပ်ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ရုပ်သွင်က လေထဲတွင် ပျောက်ကွယ်သွား၏။
မကြာမီ၊ လုမင်က နဂါးဧကရာဇ်မြို့တော်ကို ရောက်လာတော့သည်။
နဂါးဧကရာဇ်မြို့တော်က ထက်ဝက်ကျော် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
နဂါးဧကရာဇ်မြို့တော် ဆောက်လုပ်ရာတွင် သိုင်းတာအို လျှောက်လှမ်းသူများနှင့် ကမ္ပည်းသခင်များလည်း ပါဝင်သည်။ သူတို့ကို အမျိုးမျိုးသော အင်အားစုများမှ ရွေးချယ်ထားခြင်းဖြစ်ပြီး သိုင်းအုပ်ချုပ်သူများကပါ ကူညီပေးနေသော်လည်း အချိန်အတော်ကြာနေသေးသည်။ ထိုမှ နဂါးဧကရာဇ်မြို့တော်ကြီးမှာ မည်မျှကြီးမားပြီး ခမ်းနားထည်ဝါသည်ကို မြင်တွေ့နိုင်သည်။
လုမင်က နဂါးဧကရာဇ်မြို့တော်အထက် ကောင်းကင်တွင် ရပ်နေသော်လည်း အဆုံးကို သူ မမြင်နိုင်ပေ။
နဂါးဧကရာဇ်မြို့တော်၏ တံခါးလေးပေါက်မှာတော့ မီတာတစ်သောင်းမြင့်မားသော ရုပ်တုကြီးတစ်ခုစီ ရှိသည်။ ယင်းက လုမင်၏ ပုံတူရုပ်တု ဖြစ်ချေသည်။
တောင်ပိုင်း တံခါးမကြီးမှ ဝင်သွားပါက နတ်နဂါးလမ်းဟု ခေါ်သော လမ်းရှိသည်။ ယင်းက ကျောက်စိမ်းဖြူဖြင့်ခင်းထားသော ရင်ပြင်တစ်ခုဆီသို့ ဦးတည်သွားခဲ့၏။ ဤရင်ပြင်က ဧည့်သည်များကို လက်ခံရန် ပြင်ဆင်ထားခြင်းဖြစ်ပြီး မရေမတွက်နိုင်သော ထိုင်ခုံများဖြင့် ဝန်းရံထားပေသည်။
နဂါးဧကရာဇ်မြို့တော်တစ်ခုလုံးကို မူလ လုံယွဲ့တောင်ပေါ်မှာပင် တည်ဆောက်ခဲ့သည်။ လုံယွဲ့တောင်တွင် မူလကတည်းက တာအိုမျက်လုံး ရှိသည်။ ဤနေရာတွင် မိုးနှင့်မြေ၏ တာအိုအပေါ် နားလည်သဘောပေါက်မှုက ပို၍ မြန်ဆန်ပေသည်။
နောက်ပိုင်းတွင် သိုင်းအုပ်ချုပ်သူများက တာအိုမျက်လုံးအချို့ကို အခြားနေရာများမှ ပြောင်းရွှေ့လာသောကြောင့် နဂါးဧကရာဇ်မြို့တော်ရှိ မိုးနှင့်မြေ၏ တာအိုများကို ပိုမိုရှင်းလင်းစေခဲ့သည်။
ထို့အပြင်၊ သိုင်းအုပ်ချုပ်သူများက ဝိညာဉ်မျက်လုံးအချို့ကိုလည်း အတူတကွ ရွှေ့ပြောင်းခဲ့ကြသေးသည်။ သည့်အပြင်၊ ကမ္ပည်းတာအိုကို လေ့ကျင့်သော သိုင်းအုပ်ချုပ်သူများက ဤနေရာတွင် စွမ်းအင်စုရုံးခြင်း ဝင်္ကပါကြီးများ တည်ဆောက်ခဲ့ကြသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင်က အလွန်တရာ သိပ်သည်းလှသဖြင့် အရည်ဖွဲ့လုနီးပါးပင်။
နဂါးဧကရာဇ်မြို့တော်တစ်ခုလုံးက ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေအဖြစ်သို့ ပြောင်းလဲခဲ့သည်။