← Chapters

အခန်း ၁၃၅၇

Vol. 91 Ch. 1357

အခန်း ၁၃၅၇

Vol. 91 Ch. 1357

အပိုင်း ( 1357 ) နဝမနဂါးအပျက်အယွင်းသို့ ဝင်ရောက်ခြင်း။

လုမင်လည်း မြင်ကွင်းများကိုကြည့်ရင်း ကျေနပ်သွားသည်။ ထို့နောက် အဝေးကို မျှော်ကြည့်လိုက်၏။

သူသွားရောက်သင့်သည့် နေရာတစ်ခု ရှိသေးသည်။ နဝမနဂါး အပျက်ယွင်း။

ထိုအချိန်ရ လုမင်သည် တိရီထံမှ ရရှိသော နဝမနဂါးသွေးအနှစ်သာရ တစ်စက်ကို သန့်စင်ခဲ့သည်။ ယင်းကို နဝမနဂါး သွေးမျိုးဆက်နှင့် ပေါင်းစပ်လိုက်တော့ နဝမနဂါး၏ နောက်ထပ်အမှတ်တရများကို ရရှိခဲ့ပေသည်။

ယခုတော့ အားလုံး အေးဆေးနေပြီမို့ နဝမနဂါးအပျက်အယွင်းသို့သွားရန် အချိန်တန်ပြီ ဖြစ်သည်။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ဟင်းလင်းပြင်က အလိုအလျောက် ကွဲထွက်သွားသည်။ ထို့နောက်မှာတော့ ဟင်းလင်းပြင်အတွင်းသို့ လှမ်းဝင်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

နဝမနဂါး၏ အမွေအနှစ်က ကစဉ့်ကလျားဖြစ်နေသော အရှေ့တိုင်းကန္တာရနှင့် အလယ်ပိုင်းတိုက်ကြီး၏ကြားတွင် ရှိသည်။

လုမင်၏ ရုပ်သွင်က ဖရိုဖရဲနယ်မြေတွင် တိတ်တဆိတ်ပေါ်လာကာ နဝမနဂါးနယ်မြေရှိရာသို့ ဆက်လက်ပျံသန်းသွားလေသည်။

အတွင်းပိုင်းကို ပျံသန်းလာသည်နှင့်အမျှ ရှေ့မှဧရိယာများက ပို၍ ဆိတ်ငြိမ်လာခဲ့သည်။ ကျယ်ပြောသော တောင်တန်းတစ်ခုလုံးက မြက်တစ်ပင်မျှ မရှိပေ။ အကြောင်းတစ်ခုခုကြောင့် အသက်ဓာတ်အားလုံးကို ဝါးမျိုခံထားရသလို တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ရှေ့တွင်၊ လူဆိတ်ညံသောတောင်တန်းမှ သဲကန္တာရအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုနေရာတွင် ပိုလို့တောင် တိတ်ဆိတ်နေတော့သည်။

လုမင်က ကန္တာရအလယ်ဗဟိုသို့ ရောက်လာသောအခါ ဂူတစ်လုံးကို တွေ့လိုက်ရသည်။

ယင်းက နားမလည်နိုင်အောင် နက်ရှိုင်းသော ဂူကြီးတစ်ခု ဖြစ်ချေသည်။ ဂူတစ်ခုလုံးက မှောင်မိုက်ပြီး မြေအောက် နက်နဲရာဆီသို့ ဦးတည်သွားခဲ့သည်။

ဂူနံရံမှာတော့ ဝါကျင်ကျင်နှင့် မှောင်မိုက်သော ကျောက်စာချပ်တစ်ခု ရှိ၏။ ကျောက်ပြားပေါ်မှာတော့ ရေးထွင်းထားသော စာတစ်ကြောင်း ရှိနေသည်။

'သိုင်းအုပ်ချုပ်သူနယ်ပယ်အထက် တန်ခိုးရှင်တိုင်း သေရမယ်'

ထိုစကားလုံးများက သတ်ဖြတ်ချင်စိတ် ပြည့်နေပေသည်။ ယင်းမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်က အရိုးထဲထိ စိမ့်ဝင်သွားတော့မည်ကဲ့သို့ ဖြစ်သည်။

'မျှော်လင့်ထားတဲ့အတိုင်းပဲ'

လုမင် စိတ်ထဲမှ တွေးလိုက်သည်။

ဒဏ္ဍာရီများအရ နဝမနဂါးအပျက်အယွင်းကို သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့်အထက် တန်ခိုးရှင်များ မဝင်ရောက်နိုင်ပေ။

ဝင်လာပါက သေသွားရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့်ပင် တိရီက မဝင်ရောက်ဝံ့ဘဲ အဓိပဓိကျိုးယန်ကို ဝင်ရောက်ခိုင်းခဲ့သည်။

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တစ်ချက်လက်သွားသည်။ ဒုတိယခန္ဓာလုမင် ပေါ်လာပြီး သူ့‌ဘေးတွင် ရပ်လိုက်၏။

သူ၏ ဒုတိယခန္ဓာက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။

"ဝှစ်"

မူလခန္ဓာ လုမင်လည်း တုံ့ဆိုင်းမနေဘဲ အမှောင်ဂူထဲသို့ ပြေးသွားခဲ့သည်။ သူဝင်လိုက်သည်နှင့် လှိုဏ်ဂူထဲမှ ကြောက်စရာကောင်းသော အင်အားတစ်ခု ထွက်ပေါ်လာပြီး လုမင်ကို လွှမ်းခြုံသွား၏။ တောင်ပေါင်းသောင်းချီကို သယ်ဆောင်ထားရသကဲ့သို့ သူ့ခန္ဓာက ချက်ချင်း ပြုတ်ကျသွားတော့သည်။

ထို့အပြင် သူက လျင်မြန်စွာ ကျသွားခြင်း ဖြစ်သည်။

"ရပ်စမ်း"

လုမင်က ယွမ်ချီစွမ်းအင် ပေါက်ကွဲကာ အင်အားများကို တွန်းလှန်လိုက်သည်။ ယင်းက သက်ရောက်မှုအချို့ရှိသော်လည်း အလွန်ကောင်းမွန်ခြင်းမရှိပေ။ သူ၏ ကျဆင်းမှုအရှိန်ကို နှောင့်နှေးစေရုံသာ တတ်နိုင်ခဲ့သည်။

လုမင်က ကစဉ့်ကလျားတာအိုကို အသုံးပြုလိုက်မှ ထိုစွမ်းအားကို တွန်းလှန်နိုင်ခဲ့ပေသည်။ ထိုအခါမှ သူ့ခန္ဓာကိုယ်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

လုမင်လည်း အရှိန်အဟုန်ကို ထိန်းချုပ်ကာ ဆက်လက် ဆင်းသက်သွားတော့သည်။

ဂူမှာ ခန့်မှန်းမရအောင် နက်ရှိုင်းသည်။ လုမင်သည် မိုင်ပေါင်း ရာဂဏန်းမျှ ဆင်းသွားသည်ဟု ခံစားမိသော်လည်း ဆက်လက် ဆင်းသက်နေဆဲပင်။

ထို့အပြင်၊ ဂူအစွန်းမှ တစ်ကြိမ်ထက်မကသော ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ချင်စိတ်တို့ကို ခံစားခဲ့ရသည်။ လှိုင်းလုံးကြီးကဲ့သို့ ထိုစွမ်းအားက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးမှ နောက်ပြန်ဆုတ်သွားခဲ့ပေသည်။

လုမင်ဟာ သူ၏ကျင့်ကြံခြင်းက သိုင်းအုပ်ချုပ်သူနယ်ပယ်ထက် မြင့်မားပါက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ခြင်းကို ခံရနိုင်သည်ဟု မှန်းဆခဲ့မိသည်။

ဤသို့ဖြင့် ဆက်လက် ကျဆင်းသွားလေသည်။ နောက်ဆုံး၊ လုမင်ဟာ အောက်ခြေသို့မရောက်မီ မိုင်တစ်ထောင်ခန့် ကျဆင်းသွားခဲ့သည်ဟု ခန့်မှန်းခဲ့သည်။

သူ့ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဂူအောက်ခြေမှာ ထူထဲသော အရိုးအလွှာတစ်ခုကို တွေ့လိုက်ရသည်။

အချို့သောအရိုးစုများက ကျောက်စိမ်းတစ်တုံးကို ပွတ်တိုက်ထားသကဲ့သို့ တောက်ပ ပြောင်လက်နေလေသည်။

အချို့သော အရိုးစုများက ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ ထိုအရိုးစုများ၏ ပိုင်ရှင်မှာ မသေဆုံးခင်က အနှိုင်းမဲ့ အစွမ်းထက်သော ပုဂ္ဂိုလ်များဖြစ်မှန်း သိသာသည်။ သူတို့က သိုင်းအုပ်ချုပ်သူပင် ဖြစ်နိုင်ပေသည်။ သို့သော်လည်း အဆုံးတွင် သူတို့အားလုံးကို ဤနေရာတွင် မြှုပ်နှံခံခဲ့ရသည်။

ယင်းမှ နဝမနဂါး အပျက်အယွင်း၏ အန္တရာယ်အဆင့်ကို စိတ်ကူးကြည့်နိုင်သည်။

လုမင်က လှိုဏ်ဂူ၏ မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သော်လည်း ပြင်းထန်သော ဖိအားတစ်ခု ခံစားရဆဲဖြစ်ပင်။ ယင်းက သူ၏ လှုပ်ရှားမှုများကို အနှောင့်အယှက် ဖြစ်စေသည်။ သူ၏ လှုပ်ရှားမှုများက နှေးကွေးလာပြီး ပျံသန်းရန်ပင် ခက်ခဲခဲ့လေသည်။

လှိုဏ်ဂူ၏ ရှေ့တည့်တည့်မှာတော့ အနက်ရောင် လှိုဏ်ဂူတစ်ခု ရှိသည်။

လုမင်က ယွမ်ချီစွမ်းအင်လှည့်ပတ်ကာ ခြေတစ်လှမ်းကို မီတာတစ်ရာထိ ဖြတ်သန်းသွားခဲ့သည်။ သူက အရိုးစုများကို ဖြတ်သန်းကာ သူ့ရှေ့ရှိ လှိုဏ်ဂူဆီသို့ လျှောက်လှမ်းသွားလေသည်။

"ဂါး"

ရုတ်တရက်၊ နဂါးဟိန်းသံကို ကြားလိုက်ရသည်။

သွေးမှုန်များဖြင့် ဖွဲ့စည်းထားပုံရသော သွေးနဂါးတစ်ကောင်က လုမင်ဆီသို့ ပြေးလာခဲ့၏။

"အစစ်အမှန်နဂါး"

လုမင်၏ မျက်လုံးများက လှုပ်ရှားသွားခဲ့သည်။ ဤသွေးနဂါး၏ ဝမ်းဗိုက်တွင် နဂါးခြေသည်း ငါးချောင်း ရှိသည်။ ၎င်းက လက်သည်းငါးချောင်းနှင့် အစစ်အမှန်နဂါး ဖြစ်ချေသည်။

"ဂါး"

လည်ချောင်းငါးချောင်းပါသော သွေးနဂါးက လုမင်ဆီသို့ ဟိန်းဟောက်ကာ တိုက်ခိုက်လိုက်သည်။

အဓိပဓိ။

ဤခြေသည်းငါးချောင်းရှိသော သွေးနဂါးက အဓိပဓိနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။

"ဝုန်း"

လုမင်က သွေးနဂါး၏လက်သည်းကို ထိုးနှက်လိုက်သည်။ ပြင်းထန်သော စွမ်းအားက သွေးနဂါး၏ လက်သည်းများကို ဖြိုခွဲပစ်လိုက်၏။ ထို့နောက်မှာတော့ သွေးနဂါး၏ ခန္ဓာကိုယ်ကို လက်သီးနှင့်ထိုးပြီး ချေမှုန်းလိုက်တော့သည်။

လုမင်က ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

"ဂါး... ဂါး"

မီတာတစ်ထောင်ခန့် လျှောက်လှမ်းလာပြီးနောက် နောက်ထပ် နဂါးဟိန်းသံကို ကြားလိုက်ရသည်။ ဤတစ်ခါတော့ ဟိန်းဟောက်သံ နှစ်ခု ထွက်လာသည်။

လက်ငါးချောင်း သွေးနဂါးနှစ်ကောင် ပေါ်လာပြီး လုမင်အား တိုက်ခိုက်လိုက်၏။ သူတို့ကလည်း အဓိပဓိနယ်ပယ်များ ဖြစ်နေသည်။

ဟုတ်ပေသည်၊ သူတို့ကို လုမင်က အလွယ်တကူ အနိုင်ယူခဲ့သည်။

လုမင်က ရှေ့သို့ ဆက်သွားသော်လည်း မကြာမီ နောက်ထပ် သွေးနဂါးသုံးကောင် ပေါ်လာသည်။ ရှေ့ကို ဆက်လျှောက်လာသည်နှင့်အမျှ သွေးနဂါးများဟာ ပိုပိုပြီး ပေါ်လာတော့သည်။

နောက်ဆုံးတွင်၊ လက်သည်းငါးချောင်းနှင့် သွေးနဂါးကိုးကောင်က တပြိုင်နက်တည်း ပေါ်လာခဲ့သည်။

ယင်းမှာ လုမင်ကို အဓိပဓိကိုးပါးက ဝိုင်းရံတိုက်ခိုက်ခြင်းနှင့် ညီမျှသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းအရ သူတို့ကို တစ်ကောင်ပြီးတစ်ကောင် အနိုင်ယူရန်မှာ သဘာဝအတိုင်း မခက်ခဲပေ။

သို့သော်လည်း သွေးနဂါးကိုးကောင်၏ ဝိုင်းရံခြင်းကို ဖြတ်ကျော်ပြီးနောက်၊ လုမင်က ရှေ့သို့ ဆက်လက် ဖြတ်သန်းသွားရာ နောက်ထပ်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ဤတစ်ကြိမ်တွင် သွေးနဂါးသုံးကောင်သာ ပေါ်လာသည်။

သို့သော်လည်း ကွာခြားချက်မှာ ဤသွေးနဂါးသုံးကောင်လုံး၏ ဝမ်းဗိုက်တွင် နဂါးခြေသည်းခြောက်ချောင်း ပါရှိနေခြင်းပင်။

ခြေသည်းခြောက်ချောင်း သွေးနဂါး၏ တိုက်ခိုက်နိုင်စွမ်းက လက်သည်းငါးချောင်း သွေးနဂါးထက် မြင့်မားသည်။

သို့ပေမည် သူတို့က လုမင်နှင့် မယှဉ်နိုင်သေးပါ။ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာသည်နှင့်အမျှ၊ လက်သည်းခြောက်ချောင်း နဂါးအရေအတွက်မှာ ပိုများလာခဲ့သည်။

လုမင်က လက်သည်းခြောက်ချောင်း သွေးနဂါးကိုးကောင်၏ ဝိုင်းရံမှုကို ဖြတ်ကျော်သွားသောအခါ နဂါးလက်သည်း ခုနစ်ချောင်းရှိသော နောက်ထပ် သွေးနဂါးများ ပေါ်လာတော့သည်။

အခက်အခဲက ပို၍ မြင့်လာသည်။

လုမင်က ခြေသည်းခုနစ်ချောင်းရှိသော သွေးနဂါးကိုးကောင်ကို ဖြတ်ကျော်သွားသောအခါ မြေအောက်ကျောက်အခန်းတစ်ခုသို့ ရောက်လာခဲ့သည်။

လုမင်ဟာ ကျောက်ခန်းထဲတွင် သေတ္တာအနည်းငယ်ရှိနေသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း သေတ္တာများကိုဖွင့်ထားပြီး အတွင်း၌ ဘာမျှမရှိတော့ပေ။

"ဒါက အကြီးအကဲကျိုးယန် ရောက်လာခဲ့တဲ့ နေရာပဲ"

လုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယခင်က နဝမနဂါး၏ အမွေအနှစ်များအကြောင်း ရှကျိုးယန်ကို မေးမြန်းသောအခါ သူ့ကို အသေးစိတ် ပြောပြခဲ့ပေသည်။

ထိုအချိန်က ရှကျိုးယန်ဟာ ခြေသည်းခုနစ်ချောင်းရှိသော သွေးနဂါးကိုးကောင်ကိုဖြတ်၍ ဤကျောက်တုံးအခန်းသို့ ရောက်ရှိခဲ့သည်။

ဤနေရာမှ နဝမနဂါး သွေးအနှစ်သာရနှစ်စက်၊ နဝမနဂါးခြေလှမ်းနှင့် အစစ်အမှန်နဂါး တိုက်ခိုက်ရေးချီကျင့်စဉ်၏ အခြေခံအုတ်မြစ်တို့ကို ရရှိခဲ့ပေသည်။ ထိုအရာများကို ထိုစဉ်က ယင်းသေတ္တများထဲတွင် ထည့်သွင်းထားခဲ့သည်။

ထိုအချိန်က အဓိပဓိကျိုးယန်၏ အကန့်အသတ်သို့ ရောက်ရှိခဲ့ကာ ရှေ့ဆက်မသွားနိုင်ခဲ့ပေ။ သူဆက်သွားပါက ခြေသည်းရှစ်ချောင်းရှိသော သွေးနဂါးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုစဉ်က အဓိပဓိကျိုးယန်ဟာ သူတို့နှင့် မယှဉ်နိုင်ခဲ့ပေ။

"ဆက်မယ်"

လုမင်လည်း ရှေ့သို့လှမ်းပြီး ကျောက်ခန်းရှေ့ရှိ ဂူဆီသို့ လျှောက်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ရှေ့တွင်ပေါ်လာသော သွေးနဂါးတစ်ကောင်စီမှာ နဂါးခြေသည်းရှစ်ချောင်းရှိပြီး သူတို့၏ တိုက်ခိုက်နိုင်စွမ်းအားက အံ့မခန်း ဖြစ်သည်။

သွေးနဂါးတစ်ကောင်၏ တိုက်ခိုက်နိုင်စွမ်းက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေသော လူသားအဓိပတိနှင့် ညီမျှပေသည်။ သူတို့က အလွန်တရာ အစွမ်းထက်ခဲ့သည်။

သို့သော်လည်း လုမင်၏ခြေလှမ်းကို မရပ်တန့်နိုင်ခဲ့ပေ။ လုမင်က သွေးနဂါးများအားလုံးကို ဖြတ်ကျော်ခဲ့သည်။

ခြေသည်းရှစ်ချောင်းရှိသော သွေးနဂါးကိုးကောင်ကို အနိုင်ယူပြီးနောက် တုန်လှုပ်ချောက်ချားသော နဂါးကြီးဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လုမင်ရှေ့တွင် နဝမနဂါးကြီးက ပေါ်လာခဲ့၏။

ဟုတ်သည်၊ ယင်းက လက်သည်းကိုးချောင်းရှိသော နဝမနဂါးသည်ပင်။

သူ့အရှိန်အဝါက အဓိပဓိဖြစ်သော်လည်း လုမင်ကို အလွန်အန္တရာယ်များသော ခံစားချက်အား ပေးစွမ်းခဲ့သည်။

"ဂါး"

နဝနဂါးသွေးမျိုးဆက်က လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။ လုမင်က နဝမနဂါးအသွင် ပြောင်းလဲလိုက်၏။

"ဂါး၊ ဂါး"

နဝမနဂါးနှစ်ကောင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။

ဤနေရာတွင် ပေါ်လာသော နဝမနဂါးက သန်မာလွန်းလှသည်။ သာမန် သိုင်းအုပ်ချုပ်သူများက သူတို့၏ ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။ သူတို့က အနည်းဆုံး အဆင့်နှစ် သိုင်းအုပ်ချုပ်သူနှင့် ညီမျှသည်။

လုမင်လည်း ပထမတော့ ပြိုင်ဘက်မဟုတ်ပေ။ ကစဉ့်ကလျားတာအိုကို အသုံးပြုပြီးမှသာ ဖိနှိပ်နိုင်ခဲ့သည်။

'တစ်ကောင်တောင်မှ ဒီလောက်သန်မာနေတာ၊ ​နောက်​ထပ် နည်းနည်းလောက် ဒါမှမဟုတ်​ ကိုး​ယောက်​​တောင်​ရှိရင်​ ငါ ဘယ်​လိုလုပ်ပြီး တတိုက်ခိုက်နိုင်​မှာလဲ'

တွေးရင်း လုမင်၏မျက်​နှာက ​လေးနက်​လာခဲ့သည်။

All Chapters