← Chapters

အခန်း ၁၃၅၈

Vol. 91 Ch. 1358

အခန်း ၁၃၅၈

Vol. 91 Ch. 1358

အပိုင်း ( 1358 ) နဝမနဂါးသွေးအနှစ်သာရတို့ကို စုစည်းခြင်း။

လုမင်သည် နဝမနဂါး တစ်ကောင်သာရှိပါက အနိုင်ရမည်ဟု ယုံကြည်မှုရှိသည်။ နှစ်ကောင် သို့မဟုတ် သုံးကောင်ဖြစ်လျှင်လည်း သရေကျအောင် တိုက်ခိုက်နိုင်သေးသည်။ သို့သော်လည်း ကိုးကောင်ဖြစ်လာလျှင်တော့ ထွက်ပြေးရန်သာ တတ်နိုင်မည်။

သူတောင်မှ ဒါကို မဖြတ်ကျော်နိုင်တော့ဘူးလား။

သို့မဟုတ် သူ အဓိပတိအဆင့်သို့ ရောက်သည်အထိ စောင့်ရဦးမည်လား။

လုမင်၏ စိတ်ထဲမှာ အတွေးတစ်ချို့ ပေါ်လာခဲ့သည်။

နောက်ထပ် အနည်းငယ် လှုပ်ရှားပြီးနောက် လုမင်၏ နဝမနဂါးက သွေးနဂါးကို ဆုပ်ဖြဲပစ်လိုက်သည်။

‌မထင်မှတ်ဘဲ၊ သွေးရောင် နဝမနဂါး ပျောက်ကွယ်သွားပြီးနောက် လုမင်မှ ရှေ့ဆက်ခဲ့သော်လည်း နောက်ထပ် သွေးနဂါးများ မပေါ်လာတော့ပါ။

အတန်ကြာအောင် လျှောက်သွားပြီးနောက် သူ့ရှေ့တွင် မြေအောက်ဂူကြီးတစ်ခု ပေါ်လာသည်။ လုမင် ဝင်လာပြီးသည်နှင့် နဂါးဟိန်းသံများကို ဆက်တိုက် ကြားလိုက်ရ၏။

သို့သော် သူဟာ နဂါးဟိန်းဟောက်သံများကိုသာ ကြားနေရပြီး နဂါး၏ခန္ဓာကိုယ်ကိုမူ မတွေ့ခဲ့ရပေ။

"အဲဒါက…"

ရုတ်တရက်၊ လုမင်၏အကြည့်က ဂူအထက် ကောင်းကင်ပေါ်သို့ ကျရောက်သွားသည်။

မြေအောက်လှိုဏ်ဂူအထက် ကောင်းကင်တွင် တောက်ပနေသော သွေးနီရောင်ပုလဲလုံး ခုနစ်လုံး လွင့်မျောလျက်ရှိ၏။ ပုလဲတစ်လုံးစီက သွေးနီကျောက်စိမ်းများဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပကာ အံ့ဖွယ်ကောင်းသော အတက်အကျတို့ကို ထုတ်လွှတ်နေလေသည်။

သွေးအနှစ်သာရ၊ နဝမနဂါး သွေးအနှစ်သာရ။

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

နောက်ဆုံးတွင် နဝမနဂါး သွေးအနှစ်သာရကို သူ တွေ့ခဲ့ရပြီ။

နဝနနဂါး၏ ကျန်သော သွေးအနှစ်သာရခုနစ်စက်။

"ဂါး"

တစ်ခုခုကို အာရုံခံမိသကဲ့သို့ လုမင်၏ကျောရိုးက ပူလာခဲ့သည်။ နဝမနဂါး သွေးမျိုးဆက်က သူ့ဘာသာသူ ပျံထွက်လာပြီး ပါးစပ်ကိုဟကာ ဟိန်းဟောက်လိုက်၏။

"ဝမ်"

နဝနမနဂါး သွေးအနှစ်သာရကိုးစက်က တုန်ခါသွားသည်။ သွေးအနှစ်သာရ တစ်စက်ချင်းစီက နဝမနဂါးသွေးမျိုးဆက်နှင့် ပဲ့တင်ထပ်နေပြီး သွေးနီရောင်အလင်းများ တောက်ပကာ ပျံထွက်လာတော့သည်။

"သန့်စင်လော့"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက နဝမနဂါးသွေးမျိုးဆက်ကို ထိန်းချုပ်ပြီး သွေးအနှစ်သာရတစ်စက်ကို မျိုချလိုက်သည်။

"ဝုန်း"

သွေးအနှစ်သာရတစ်စက်က နဝမနဂါးသွေးမျိုးဆက်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက်၊ ၎င်းက တိုက်ရိုက်ပေါက်ကွဲသွားပြီး အဆုံးမဲ့စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ နဝမနဂါးသွေးမျိုးဆက်နှင့် ပေါင်းစပ်သွားတော့သည်။

လုမင်လည်း တင်ပျဉ်ခွေထိုင်ပြီး သွေးအနှစ်သာရတစ်စက်ကို သန့်စင်ကာ နောက်ထပ်တစ်စက်ကို သန့်စင်လိုက်သည်။

သွေးအနှစ်သာရတစ်စက်ကို သန့်စင်လိုက်တိုင်း လုမင်၏ စိတ်ထဲမှာ သတင်းအချက်အလက်တစ်ခု ပေါ်လာလိမ့်မည်။ ယင်းမှာ နဝမနဂါး၏ မှတ်ဉာဏ်အပိုင်းအစများ ဖြစ်သည်။

ဟုတ်ပေသည်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံကတော့ မတိုးတက်လာခဲ့ပါ။ နဝမနဂါး သွေးမျိုးဆက်က သွေးအနှစ်သာရထဲမှ စွမ်းအင်ကို လုံးလုံးလျားလျား စုပ်ယူသွားပြီး သိမ်းထားလိုက်သကဲ့သို့ ဖြစ်သည်။ ယင်းက နဝမနဂါးသွေးမျိုးဆက်ကို စစ်မှန်သော နဝမနဂါးနီးပါး ခန္ဓာငါးပါးကို ပို၍ ကြီးထွားစေခဲ့သည်။

နဝမနဂါး သွေးအနှစ်သာရ ခုနစ်စက်၏ စွမ်းအားကို နဝမနဂါးသွေးမျိုးဆက်ထဲသို့ ပေါင်းစပ်ရန် စုစုပေါင်း ခုနစ်ရက်ခန့် အချိန်ယူခဲ့ရသည်။

ဤအခိုက်အတန့်တွင် လုမင်၏ စိတ်ထဲမှာ အချက်အလက်များစွာ ပေါ်လာသည်။ ၎င်းတို့အားလုံးက နဝမနဂါး၏ မှတ်ဉာဏ်အပိုင်းအစများ ဖြစ်၏။ ဤအပိုင်းအစများက တဖြည်းဖြည်း ပြည့်စုံသောအချက်အလက်များအဖြစ် ဖြစ်ပေါ်လာတော့သည်။

"အစစ်အမှန်နဂါး တိုက်ခိုက်ရေးချီ၊ သေမျိုးအသွင်ပြောင်းခြင်း အခန်း၊ နတ်နဂါး တိုက်ခိုက်ရေးခန္ဓာ"

လုမင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ယခင်က သူလေ့ကျင့်ခဲ့သည့် အစစ်အမှန်နဂါး တိုက်ခိုက်ရေးချီကျင့်စဉ်က အခြေခံအုတ်မြစ်မျှသာ ဖြစ်ချေသည်။

အခြေခံတည်ဆောက်ခြင်းအခန်း၏ အဓိကအကြောင်းအရာမှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ မချိုးဖြတ်မီလူများအတွက် ဖြစ်သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိပြီးနောက် အခြေခံတည်ဆောက်ခြင်း အခန်းက အသုံးမဝင်တော့ပါ။

ယခုတော့ နောက်ဆုံးအခန်းကို သူရပြီ ဖြစ်သည်။

နာမည်အတိုင်း နတ်နဂါး တိုက်ခိုက်ရေးခန္ဓာက ဝိညာဉ်ခန္ဓာ လေ့ကျင့်ခြင်းအတွက် အဓိကထားသည်။

ဝိညာဉ်ခန္ဓာ၏ ကျင့်ကြံခြင်းမည်သည် ပုံမှန်အားဖြင့် လူ၏သွေးကို အသားခန္ဓာအဖြစ် ပြောင်းလဲပြီး မိုးကြိုးကပ်ဘေးဒုက္ခနှင့် သန့်စင်ကာ ပို၍ အဆင့်မြင့်မားသော ဝိညာဉ်ခန္ဓာအား ဖြစ်လာစေမည် ဖြစ်သည်။

တစ်နည်းဆိုရသော် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်ရှိ လူတိုင်းက သေမျိုးများ ဖြစ်နေကြဆဲပင်။ သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်မှ တန်ခိုးရှင်များသာ သေမျိုးသက်ရှိများကို ကျော်လွန်ပြီး ပိုမိုမြင့်မားသော တည်ရှိမှုအဆင့်သို့ ရောက်ရှိသွားကြသည်။

သေမျိုးအသွင်ပြောင်းခြင်းအခန်းကတော့ နဝမနဂါးသွေးကို ရုပ်ခန္ဓာအဖြစ်ပြောင်းပြီး ဝိညာဉ်ခန္ဓာအား လေ့ကျင့်ရန် ဖြစ်သည်။ ဤဝိညာဉ်ခန္ဓာကို နတ်နဂါး တိုက်ခိုက်ရေးခန္ဓာဟုခေါ်ပြီး အလွန်အစွမ်းထက်ပေသည်။

နဝမနဂါး၏ မှတ်ဉာဏ်များအရ လုမင်ဟာ ဝိညာဉ်ခန္ဓာများကို အဆင့်အမျိုးမျိုး ခွဲခြားသေးကြောင်း သိခဲ့ရသည်။

ယင်းတို့မှာ သာမာန်ဝိညာဉ်ခန္ဓာများ၊ မြေကမ္ဘာဝိညာဥ်ခန္ဓာများနှင့် ကောင်းကင်ဝိညာဉ်ခန္ဓာများ ဖြစ်သည်။

အဆင့်တစ်ခုစီကိုလည်း အဆင့်နိမ့်၊ အလယ်လတ်နှင့် အဆင့်မြင့်ဟူ၍ ထပ်မံခွဲခြားထားသေးသည်။

နဝမနဂါး၏ မှတ်ဉာဏ်များအရ ရှမ်းဟွမ်တိုက်ကြီးနှင့် ရှန်းရွှီတိုက်ကြီးတစ်ခုလုံးမှ သိုင်းအုပ်ချုပ်သူများ၏ ဝိညာဉ်ခန္ဓာ အများစုမှာ အဆင့်နိမ့် သာမန်ဝိညာဉ်ခန္ဓာများ ဖြစ်သည်။ သူတို့ထဲတွင် အလွန်နည်းပါးသော လူတချို့သာ အလယ်လတ်တန်းစား သာမန်ဝိညာဉ်ခန္ဓာများ ရှိကြသည်။

ဥပမာအားဖြင့် ရှဲ့လွမ်၏ အင်မော်တယ်နတ်ဆိုးခန္ဓာနှင့် ရှကျိုးယန်၏ နေကိုးစင်းနတ်ခန္ဓာက အဆင့်မြင့် သာမန်ဝိညာဉ်ခန္ဓာများ ဖြစ်သင့်သည်။

တိရီ၏ သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာမူကား၊ သူ အောင်မြင်သွားပါက အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာဖြစ်ရန် အလားအလာ ရှိပေသည်။

အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာက အလွန်အစွမ်းထက်သည်။ ၎င်းက သာမန်ဝိညာဉ်ခန္ဓာထက် များစွာပို၍ အစွမ်းထက်၏။

ကံမကောင်းစွာဖြင့်၊ တိရီမှာ သွေးမျိုးဆက်များနှင့် သွေးအနှစ်သာရ စွမ်းအားအမျိုးမျိုးဖြင့် နှစ်တစ်သောင်းကြာအောင် လေ့ကျင့်ခဲ့သော်လည်း လေ့ကျင့်ခြင်း မအောင်မြင်သေးပေ။ ယင်းက ပြီးပြည့်စုံခြင်းမရှိပါ၊ ၎င်း၏စွမ်းအားက အဆင့်မြင့် သာမန်ဝိညာဉ်ခန္ဓာတစ်ခုနှင့်သာ ညီမျှသည်။

ထို့ကြောင့် သူဟာ လုမင်၏ နဝမနဂါး သွေးအနှစ်သာရကို ရယူပြီး သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ချင်ခဲ့သည်။

အကယ်၍ ‌လေ့ကျင့်ခြင်း အောင်မြင်ပါက တူညီသောအဆင့်ရှိ သိုင်းအုပ်ချုပ်သူများကြားတွင် တုနှိုင်းရမည် မဟုတ်ပေ။ အဆင့်တူ သိုင်းအုပ်ချုပ်သူများကို အလွယ်တကူသတ်နိုင်မည်။ အဆင့်ပိုမြင့်သော သိုင်းအုပ်ချုပ်သူများကို တိုက်ခိုက်ခြင်းကပင် သူ့အတွက် ပုံမှန်ကဲ့သို့ ဖြစ်လိမ့်မည်။

လုမင်၏ နတ်နဂါးဝိညာဥ်ခန္ဓာကမူ လေ့ကျင့်မှုအောင်မြင်ပြီး သိုင်းအုပ်ချုပ်သူ ဖြစ်လာပါက အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာ ဖြစ်လာမည် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ နတ်နဂါးဝိညာဉ်ခန္ဓာက အဆင့်မြှင့်တင်ထားနိုင်ခြင်း ဖြစ်၏။ သူ၏ ယခင် သွေးမျိုးဆက်များကဲ့သို့ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နိုင်သည်။

ယင်းက လုမင်ကို အလွန် စိတ်လှုပ်ရှားစေသည်။

ထို့အပြင်၊ လုမင်ကို စိတ်လှုပ်ရှားစေသည့် နောက်တစ်ခုသေးသည်။ ယင်းမှာ နဝမနဂါးသွေးဖြင့် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခဲ့မည်ဆိုလျှင် နဝမနဂါး၏ ဝါးမျိုနိုင်သောစွမ်းရည်ကို နတ်နဂါးတိုက်ခိုက်ရေးခန္ဓာသို့ အသွင်ပြောင်းပြီးနောက်တွင် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။

ယခင်က၊ လုမင်ဟာ ဝေခွဲမရဖြစ်ခဲ့သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်‌ကျော်ရာတွင် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ရန် မည်သည့်သွေးမျိုးဆက်အား အသုံးပြုရမည်နည်း။

ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က နဝမနဂါး သွေးမျိုးဆက်ထက် ပို၍ အားကောင်းပုံရသည်။

တတိယသွေးမျိုးဆက်ဆိုပါက ပို၍ပင် ဆန်းကြယ်သေးသည်။

သို့သော်လည်း ယခုတော့ လုမင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဝိညာဉ်ခန္ဓာကို လေ့ကျင့်ရန်အတွက် နဝမနဂါး သွေးမျိုးဆက်အား အသုံးပြုရလိမ့်မည်။

ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်နှင့် တတိယသွေးမျိုးဆက်ကိုတော့ ဆက်လက် ထိန်းသိမ်းထားနိုင်သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးသည့်တိုင် ဤသွေးမျိုးဆက်နှစ်ခုက သူ့အတွက် အလွန်အသုံးဝင်နေသေးသည်ဟု သူ ခံစားမိလေသည်။

ထို့နောက် လုမင်ဟာ အခြားမှတ်ဉာဏ်များကို ကြည့်လိုက်သည်။

"ဟမ်၊ အများကြီး ပျောက်ကွယ်နေပါလား"

ခဏအကြာတွင် လုမင် မျက်လုံးများ အရောင်ပြောင်းသွားသည်။

မူလက နဝမနဂါး သွေးအနှစ်သာရများနှင့် ပေါင်းစပ်ပြီးနောက် ပြီးပြည့်စုံသော အမှတ်တရများကို ရရှိနိုင်မည်ဟု သူ ထင်ခဲ့သည်။

သို့သော်လည်း ယခုတော့ မှတ်ဉာဏ်အများစုဟာ ဗလာဖြစ်နေကြောင်း သူ သိလိုက်ရပြီ။

ဥပမာအားဖြင့်၊ နဝမနဂါးက ဘယ်က လာသနည်း။ ထိုအချိန်က ဘာဖြစ်သွားသနည်း။ နဝမနဂါး၏ တိုက်ခိုက်နိုင်စွမ်းဖြင့် အဘယ်ကြောင့် ကျဆုံးခဲ့ရသနည်း။

နဝမနဂါးကို မည်သူ သတ်သနည်း။ ကောင်းကင်ကမ္ဘာမှာ ဘာများ ဖြစ်ခဲ့ပါသနည်း။

ဤအရေးကြီးသော အမှတ်တရများက လုံးဝ လွတ်နေခဲ့သည်။

"နဝမနဂါး‌ မသေခင်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာများ ဖြစ်နိုင်မလား"

လုမင် မှန်းဆလိုက်သည်။

သို့သော်လည်း ဤအမှတ်တရများ ပျောက်ကွယ်သွားသည့်တိုင် အခြား မှတ်ဉာဏ်များက အဖိုးမဖြတ်နိုင်သေးပါ။

ထိုမှတ်ဉာဏ်များထဲမှ လုမင်ဟာ ကြောက်စရာကောင်းသည့် နည်းလမ်းများနှင့် အစွမ်းထက် တိုက်ခိုက်မှု နည်းလမ်းတချို့ကို ရရှိခဲ့သည်။ သို့သော်လည်း ယင်းတို့မှာ သိုင်းအုပ်ချုပ်သူနယ်ပယ် သို့မဟုတ် ပိုမိုမြင့်မားသော နယ်ပယ်များသို့ ဖြတ်ကျော်ပြီးမှသာ လေ့ကျင့်နိုင်မည်ဖြစ်သည်။

၎င်းတို့အားလုံးက ပြင်ပကမ္ဘာတွင် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ချေသည်။

တစ်ချိန်တည်းမှာပင် နဝမနဂါး၏ မှတ်ဉာဏ်များမှတဆင့် လုမင်ဟာ နောက်ပိုင်း ကျင့်ကြံခြင်းနယ်ပယ်များအကြောင်း နောက်ဆုံးတွင် သိရှိခဲ့သည်။

သိုင်းအုပ်ချုပ်သူ နယ်ပယ်ပြီးနောက် သိုင်းသူတော်စင်နယ်ပယ် ဖြစ်သည်။

သိုင်းသူတော်စင် နယ်ပယ်ကို သူတော်စင်နယ်ပယ် သို့မဟုတ် နိယာမပြသခြင်းအဆင့်ဟုလည်း လူသိများသည်။

သိုင်းသူတော်၏ သက်တမ်းသည် အနှစ် တစ်သိန်းကျော်အထိ ရှိနိုင်သည်။ ၎င်းတို့က ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးအင်အားဖြင့် ကမ္ဘာကို လှည့်ပတ်နိုင်ကြ၏။ သူတို့နှင့် နှိုင်းယှဉ်ပါက သိုင်းအုပ်ချုပ်သူများမှာ အမှုန်အမွှားများသာ ဖြစ်သည်။

သို့သော်၊ သိုင်းအုပ်ချုပ်သူက အမြင့်ဆုံးနယ်ပယ် မဟုတ်သလို အထွတ်အထိပ် မဟုတ်ခဲ့ပါ။

သိုင်းသူတော်စင် နယ်ပယ်အထက်တွင် သိုင်းဧကရာဇ် ဖြစ်သည်။

သိုင်းဧကရာဇ်နယ်ပယ်ကို မဟာဧကရာဇ်ဟုလည်း ခေါ်ကြသေးသည်။

ဤသည်မှာ ကမ္ဘာ့အထွတ်အထိပ် တန်ခိုးရှင်ကြီး ဖြစ်သည်။ သူတို့၏သက်တမ်းက အဆုံးမရှိလုနီးပါးဖြစ်ပြီး ကမ္ဘာလောက၏ အထွတ်အထိပ်တွင် ရပ်တည်နေကြပြီ။ သူတို့က မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ သူတို့၏ လက်ကိုဝှေ့ယမ်းရုံဖြင့် ရှမ်းဟွမ်တိုက်ကြီးကဲ့သို့ တိုက်ကြီးတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။

ဤနေရာတွင် ကမ္ဘာဆိုသည်က ယွမ်လုလောကအပြင် ကောင်းကင်ကမ္ဘာကိုလည်း ရည်ညွှန်းပေသည်။

သိုင်းဧကဂာဇ်က ဤကမ္ဘာ၏ အထွတ်အထိပ် တန်ခိုးရှင် ဖြစ်သည်။

နဝမနဂါးက ထိုအဆင့်တွင် ရှိခဲ့ပေသည်။ ထိပ်တန်းစစ်ရဲကောင်ဆယ်ကောင်သည်လည်း ဤနယ်ပယ်တွင် ရှိကြသည်။

"သိုင်းဧကရာဇ်နယ်ပယ်၊ မဟာဧကရာဇ်"

လုမင်၏ မျက်လုံးများက တောင့်တနေသည့် အကြည့်များကို လှစ်ဟလာခဲ့သည်။

သူ၏ ရည်မှန်းချက်က ကမ္ဘာ့အထွတ်အထိပ်တွင် ရပ်တည်ရန် ဖြစ်သည်။ အနာဂတ်တွင် သိုင်းဧကဂာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ရမည်။

လုမင်လည်း လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

All Chapters