အခန်း ၁၃၆၀
Vol. 91 Ch. 1360
အပိုင်း ( 1360 ) တိရီ၏ လျှို့ဝှက်ချက်၊ အဓိပဓိအဆင့်သို့ ချိုးဖြတ်ခြင်း။
"တိရီ၊ မင်းရဲ့ မူလရည်မှန်းချက်က ရှန်းရွှီတိုက်အဖွဲ့အစည်းပဲ။ မိသားစုက မင်းကိုပေးခဲ့တဲ့ တာဝန်အရ မင်းဘာသာ ရှန်းရွှီတိုက်အဖွဲ့အစည်းကို ပေါင်းစည်းနိုင်ရင်၊ တိမိသားစုကို ပြန်လာပြီး တိမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်လာနိုင်တယ်။ ကံမကောင်းချင်တော့... မင်းမှာ မျှော်လင့်ချက်မရှိတော့ပုံပဲ"
တိရှန်းက လှောင်ပြောင်လိုက်သည်။
တိရီ ခေါင်းကိုပိုငုံ့သွားခဲ့သည်။ ဒေါသများကလည်း သူ့မျက်လုံးတွင် လင်းလက်လာခဲ့၏။
ဤအရာအားလုံးက လုမင်၏ အပြစ် ဖြစ်သည်။ လုမင်က သူ့အကြံအစည်များကို ပျက်ပြားစေခဲ့သောကြောင့်ပင်။
တိမိသားစုသည် ယွမ်လုမှ အင်အားစုတစ်ခုဖြစ်ပြီး ယွမ်လုမှာပင် အဆင့်အတန်းမြင့်မားသည်။
တိရီက တိမိသားစု၏ တပည့်တစ်ဦးဖြစ်သော်လည်း အဆင့်အတန်း နိမ့်ပါးပေသည်။
သို့သော်လည်း တိမိသားစုတွင် စည်းကမ်းတစ်ခု ရှိခဲ့သည်။
အပြင်တပည့်တစ်ဦးက တိုက်ရိုက်မျိုးဆက်များ၏ ကျင့်ကြံခြင်း အခြေအနေများနှင့် အရင်းအမြစ်များကို ရယူလိုပါက တိမိသားစုမှ ပေးအပ်သော တာဝန်ကို ပြီးမြောက်စေရမည်။
တိရီ ရရှိခဲ့သော တာဝန်မှာ ရှန်းရွှီတိုက်ကြီးကို သူ့ဘာသာသူ ပေါင်းစည်းရန် ဖြစ်သည်။
ဤတာဝန်မှာ တိမိသားစုမှ ထုတ်ပြန်သော တာဝန်များထဲတွင် ခက်ခဲသည်ဟု မဆိုနိုင်ပေ။
သို့သော်လည်း တိရီ၏ ပါရမီက အကန့်အသတ်ရှိသည်။ သူသည် လွန်ခဲ့သော အနှစ်တစ်သောင်းခန့်ကတည်းက ရှန်းရွှီတိုက်ကြီးသို့ ရောက်ခဲ့ပေသည်။
သို့သော်လည်း သူဟာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူဟာ အားနည်းသော ရှမ်းဟွမ်တိုက်ကြီးတွင် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းတွင် သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရန် ရွေးချယ်ခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူက သူ၏ ကျင့်ကြံခြင်းအခြေခံကို အားကောင်းစေမည့် သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခဲ့ပေသည်။
သူ၏ အစီအစဉ်များက တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
သူ၏ ကျင့်ကြံခြင်းကလည်း အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီ။
သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကလည်း ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးသည်။
နဝမနဂါးသွေးအနှစ်သာရကို ထပ်မံရရှိပြီးသည်နှင့် ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်နိုင်မည်ဟု သူယုံကြည်ခဲ့၏။
ထိုအချိန်တွင် သူက သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာ၏ အကူအညီဖြင့် အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်သွားမည် ဖြစ်သည်။
ထိုအချိန်တွင်၊ ရှမ်းဟွမ်တိုက်ကြီးကို ပေါင်းစည်းရန်မှာ လွယ်ကူပေလိမ့်မည်။
အကယ်၍ အချိန်အနည်းငယ်ပိုပေးပြီး အဆင့်လေး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးပါက၊ ရှန်းရွှီတိုက်အဖွဲ့အစည်းကို ပေါင်းစည်းရန်မှာ သူ့အတွက် ပြဿနာ မဟုတ်ပေ။
ထိုအချိန်တွင် သူက တိမိသားစုသို့ ပြန်သွားပြီး တိုက်ရိုက်မျိုးဆက် ဖြစ်လာနိုင်မည် ဖြစ်သည်။ သူ၏ အဆင့်အတန်းက အလွန်တိုးတက်လာမည်ဖြစ်ပြီး အရင်းအမြစ်အမျိုးမျိုးဖြင့် သူ၏ကျင့်ကြံခြင်းက ခုန်ပျံတိုးတက်လာမည့်အပြင် မိသားစုအတွင်းရှိ သူ၏ အဆင့်အတန်းသည်လည်း ကွဲပြားသွားလိမ့်မည်။
ကံမကောင်းစွာဖြင့်၊ အရာအားလုံးက လုမင်ကြောင့် ပျက်စီးသွားခဲ့သည်။
သူဟာ နဝမနဂါးသွေးအနှစ်သာရကို မရနိုင်တော့သဖြင့် ဇွတ်တိုးပြီး စစ်ပွဲကို စတင်ခဲ့ရခြင်းပင်။ သူက ရှမ်းဟွမ်တိုက်အဖွဲ့အစည်းကို ဦးစွာ ပေါင်းစည်းပြီး သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ရန် သူတို့၏အင်အားကို ဆွဲယူသုံးလိုသည်။
သို့သော်လည်း နောက်ဆုံးမှာတော့ လုမင်က အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အနှစ်တစ်သောင်းကြာ လေ့ကျင့်ခဲ့ရသော သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကိုပင် ဖျက်ဆီးပစ်ခဲ့ရ၏။
သူ့မှာ မျှော်လင့်ချက် လုံးဝမရှိတော့ပေ။
ဤအရာအားလုံးက လုမင်ကြောင့် ဖြစ်သည်။
လုမင်အကြောင်း တွေးမိသောအခါ တိရီ၏ မျက်လုံးများက နီရဲလာခဲ့သည်။
"ဒါ့အပြင် မင်းကိုကူညီဖို့ တိဟုန်ချန်နဲ့ တိဟုန်လဲ့ကိုတောင် စေလွှတ်လိုက်သေးတယ် မဟုတ်လား။ သူတို့ အခုဘယ်မှာလဲ။ ယွမ်လုကနေ ရှန်းရွှိီတိုက်အဖွဲ့အစည်းလို စွန့်ပစ်နယ်မြေကို တည်နေရာရွှေ့ပြောင်းပေးဖို့ ဘယ်လောက်ပေးဆပ်ရမှန်း မင်းသိတယ် မဟုတ်လား"
တိရှန်းက ထပ်မံငေါက်ငမ်းလိုက်သည်။
သူ့ပါးစပ်ထဲတွင် ရှန်းရွှီတိုက်အဖွဲ့အစည်းက စွန့်ပစ်နယ်မြေတစ်ခု ဖြစ်လာပေသည်။
"တိဟုန်ချန်နဲ့ တခြားသူတွေ သေပြီ"
တိရီ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။
"ဘာ၊ ဒါဆိုရင် အုပ်ချုပ်သူ ဝိညာဉ်လက်နက်နှစ်ခုက ဘယ်မှာလဲ"
တိရှန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး အေးစက်သော သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။ တိရီလည်း နှလုံးခုန်မြန်လာပေသည်။
တိရှန်းက တိမိသားစု၏ စစ်မှန်သော တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်ကာ သူ၏အဆင့်အတန်းက သူ့ထက် များစွာမြင့်မားသည်။ သူ မဆင်မခြင်ပြုမူပါက သူ့အပြင် တိမိသားစုရှိ သူ၏ဌာနခွဲသည်လည်း အန္တရာယ်ရှိလိမ့်မည်။
"သခင်လေးရှန်း၊ စိတ်အေးအေးထားပါ၊ ဒါတွေအားလုံးက လုမင်ရဲ့ အပြစ်ပဲ။ လုမင်အတွက်သာ မဟုတ်ရင် ရှန်းရွှီတိုက်ကြီးကို ပေါင်းစည်းဖို့ အချိန်အတော်ကြာမှာ မဟုတ်ဘူး"
တိရီက ကမန်းကတန်း တောင်းပန်လိုက်သည်။
"လုမင်လား"
တိရှန်း မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ်၊ အဲဒါက လုမင်ပဲ..."
ချက်ချင်းပင်၊ တိရီက ယခင်တိုက်ပွဲနှင့် သူနှင့်လုမင်ကြားမှ ကိစ္စတို့ကို အတိုချုပ် ပြန်ပြောပြလိုက်သည်။
"မင်းဆိုလိုတာက သူ့ရဲ့ ကျင့်ကြံခြင်းက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို မရောက်သေးဘူးပေါ့။ မြေရိုင်းဒေသမှာ ဒီလိုပါရမီရှင်တစ်ဦး ရှိနေမယ်လို့ မမျှော်လင့်ထားဘူး။ သူ့မှာ လျှို့ဝှက်ချက်တွေ ရှိရမယ်။ အဟက်၊ ငါ သူ့ကို ဖိနှိပ်ပြီး သေချာလေ့လာရမယ်"
တိရှန်း၏ မျက်လုံးများက အေးစက်သော အလင်းရောင်တို့ လင်းလက်သွားခဲ့သည်။
"သွားရအောင်၊ တိရီ၊ မင်းလမ်းပြပေးပါ။ ရှမ်းဟွမ်တိုက်ကြီးကို သွားပြီးတော့ လုမင်နဲ့တွေ့မယ်"
တိရှန်း အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ"
တိရီ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။ ရှေ့မှ ဦးဆောင်သွားရင်း သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေတော့သည်။
..............
နဝမနဂါး၏ အမွေအနှစ်နေရာတွင် လုမင်က တိတ်တဆိတ် လေ့ကျင့်နေဆဲ ဖြစ်သည်။
ရက်များ ကြာလာသည်နှင့်အမျှ လုမင်၏ ဒန်တျန်အတွင်းရှိ နတ်ဘုရားဝိညာဉ်ဟာလည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီ။ ယင်းမှာ တစ်စုံတစ်ရာကို လေ့ကျင့်နေသကဲ့သို့ အလင်းရောင်ဖျော့ဖျော့သာ တောက်ပနေခဲ့သည်။
ယနေ့တွင်...
နတ်ဘုရားဝိညာဉ်က ရုတ်တရက် တုန်ခါသွားပြီး ကစဉ့်ကလျား အလင်းတန်းတစ်ခု ထွက်လာသည်။
"ပြီးပြီ"
လုမင်၏ မျက်လုံးများက စိတ်ဓာတ်တက်ကြွမှုတို့ဖြင့် တောက်ပလာခဲ့၏။
တစ်ချိန်တည်းမှာပင် လုမင်က ငရဲဖိနှိပ်ကျောက်စာချပ်နှင့် တတိယ သွေးမျိုးဆက်တို့ကို ဖယ်ရှားလိုက်တော့သည်။
အချိန်အတော်ကြာပြီးနောက်၊ လုမင်ဟာ တာအိုနယ်မြေသန္ဓေအား နောက်ဆုံးတွင် အောင်မြင်စွာဖွဲ့စည်းနိုင်ပြီဖြစ်ကြောင်း ခံစားခဲ့ရသည်။
သူ့လက်ကို ဝှေ့ရမ်းခြင်းဖြင့် လုမင်၏ ပတ်ပတ်လည်တွင် ကျောက်ကြမ်းများ ပေါ်လာခဲ့သည်။
နဝမနဂါးသွေးမျိုးဆက် ပေါ်လာပြီး ပါးစပ်ကို ဟလိုက်၏။ ၎င်းက ကျောက်ကြမ်းများစွာကို ဝါးမျိုကာ စတင်သန့်စင်ခဲ့တော့သည်။
ကျောက်ကြမ်းများ၏ စွမ်းအင်က ယွမ်ချီစွမ်းအင်အဖြစ်သို့ အဆက်မပြတ်ပြောင်းလဲပြီး နတ်ဘုရားဝိညာဉ်ထဲသို့ ပေါင်းစည်းခဲ့သည်။
နတ်ဘုရားဝိညာဉ်၏ ကစဉ့်ကလျား အလင်းကလည်း ပို၍ ပို၍ ထင်ရှားလာတော့သည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ လုမင်ဟာ ကျောက်ကြမ်း သန်းသုံးရာကို ဝါးမျိုခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက ပိုအားကောင်းလာပြီး သူ၏ယွမ်ချီစွမ်းအင်ကလည်း ပို၍ပို၍ ကြွယ်ဝလာတော့သည်။
ခဏကြာပြီးနောက်...
"ဝုန်း"
နတ်ဘုရားဝိညာဉ်မှ အလင်းစက်ဝိုင်းတစ်ခု ပျံ့နှံ့သွားပြီး ယင်းက ပိုပို၍ ကြီးမားလာခဲ့သည်။ အလင်းစက်ဝိုင်းက လုမင်၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ပြန့်ကားလာပြီး မီတာတစ်ရာ ဧရိယာကို လွှမ်းခြုံသွားတော့သည်။
နောက်ဆုံးတွင် တာအိုနယ်မြေသန္ဓေက လုံး၀ဖွဲ့စည်းသွားခဲ့သည်။
ယင်းက ကစဉ့်ကလျားတာအို၏ သန္ဓေသားပုံစံပင်။
ယခုအချိန်တွင်၊ ၎င်းက သန္ဓေသားပုံစံတစ်ခုသာဖြစ်၍ စစ်မှန်သည့် နယ်မြေတစ်ခု မဖြစ်မီတွင် ရှည်လျားသောလမ်းများ ရှိသေးသည်။ နောက်ပိုင်းတွင် လုမင်မှ ၎င်းကို ဆက်လက်နားလည်ပြီး လေ့ကျင့်ရမည် ဖြစ်သည်။ ထိုအခါ တာအိုနယ်မြေ သန္ဓေသားပုံစံက တဖြည်းဖြည်း ကြီးထွားလာပြီး ရင့်ကျက်လာလိမ့်မည်။ အနာဂတ်တွင် သူ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွားသောအခါ၊ ၎င်းကကလည်း သဘာဝအတိုင်း ပြီးပြည့်စုံသော တာအိုနယ်မြေ ဖြစ်လာမည် ဖြစ်သည်။
အတွေးတစ်ခုဖြင့်၊ တာအိုနယ်မြေ သန္ဓေသားပုံစံက စုစည်းလာပြီး လုမင်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
"ဝုန်း"
လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ ဟင်းလင်းပြင်က ပြိုကျပြီး အနက်ရောင် အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။
"ဘယ်လောက်တောင် အစွမ်းကြီးမားလိုက်တဲ့ အင်အားလဲ"
လုမင်လည်း ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေ၏ စွမ်းအားက ကစဉ့်ကလျားတာအိုထက် များစွာ အားကောင်းသည်ဟု ခံစားလိုက်မိသည်။
"ဒါက အဓိပဓိတစ်ပါးရဲ့ စွမ်းအားလား"
သူ့ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စွမ်းအားကို ခံစားလိုက်ရတော့ လုမင် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
တာအိုနယ်မြေ သန္ဓေသားပုံစံကို ဖွဲ့စည်းပြီးနောက်၊ လုမင်၏ကျင့်ကြံခြင်းက အဓိပဓိနယ်ပယ်ကို သဘာဝအတိုင်း ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ လက်ရှိစွမ်းအားက ယခင်ကထက် အနည်းဆုံး အဆအနည်းငယ် ပိုအားကောင်းခဲ့ပေသည်။
သူဟာ ယခုအချိန်မှာ ဒုတိယခန္ဓာ၏ အကူအညီမပါဘဲ တိဟုန်ချန်ကဲ့သို့ အုပ်ချုပ်သူဝိညာဉ်လက်နက်နှင့် ဒုတိယအဆင့် အထွတ်အထိပ် သိုင်းအုပ်ချုပ်သူအား အလွယ်တကူသတ်ပစ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
'မဟာမိတ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပဖို့ သိပ်မလိုတော့ဘူးပဲ။ ပြန်ဖို့အချိန်တန်ပြီ'
ထိုသို့တွေးပြီးနောက် လုမင် ချက်ချင်း ထွက်ခွာသွားခဲ့သည်။
အပြန်လမ်းမှာတော့ ဘာအတားအဆီးမှ မရှိတော့ပါ။ လုမင်က နဝမနဂါးအပျက်အယွင်းအတွင်းမှ ထွက်လာပြီး ဟင်းလင်းပြင်ကို ဆုပ်ဖြဲလိုက်သည်။ မကြာမီ မြောက်ပိုင်းလွင်ပြင်သို့ ပြန်ရောက်လာတော့သည်။
ထိုအချိန်တွင် နဂါးဧကရာဇ်မြို့တော် ဆောက်လုပ်ခြင်းက ပြီးစီးခဲ့ပြီ ဖြစ်သည်။ မြောက်ပိုင်းလွင်ပြင်ကို ပြန်ရောက်ပြီးနောက် လုမင် ပထမဆုံး လုပ်ခဲ့တာက လူများကို နဂါးဧကရာဇ်မြို့သို့ ရွှေ့ပြောင်းရန် အမိန့်ပေးခြင်းပင်။
နဂါးဧကရာဇ်မြို့တော်က အလွန်ခမ်းနားပြီး ကျယ်ဝန်းသည်။ မြို့တော်တွင် လူများစွာ အေးအေးချမ်းချမ်းနေထိုင်နိုင်၏။ ထို့အပြင် နဂါးဧကရာဇ်မြို့က ကြီးမားသော ကျင့်ကြံခြင်းအခြေအနေများ ရှိသောကြောင့် လူအများဟာ နဂါးဧကရာဇ်မြို့သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေတော့သည်။
ဤအချက်ကိုတော့ လုမင်က အခြား သိုင်းအုပ်ချုပ်သူများနှင့် ကြိုတင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ နဂါးဧကရာဇ်မြို့သို့ ပြောင်းရွှေ့ရန် ကိုယ်စားလှယ်လောင်းကို ဆုံးဖြတ်ခဲ့ပြီးပြီ။