အခန်း ၁၃၆၂
Vol. 91 Ch. 1362
အပိုင်း ( 1362 ) အင်အားကြီး ကျွမ်းကျင်သူများ။
သိုင်းအုပ်ချုပ်သူတစ်ပါးကို ဓားတစ်ချက်ဖြင့် သတ်လိုက်သည်။
ပတ်ဝန်းကျင်မှ လူအများစု တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။
"ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်၊ သူက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူပဲ"
သိုင်းအုပ်ချုပ်သူတစ်ပါးက လေးလေးနက်နက် ပြောလိုက်သည်။ တိရှန်းနောက်မှ ထွက်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူ ဖြစ်နေသည်။
"ဝုန်း... ဝုန်း... ဝုန်း"
စစ်ဦးစီးချုပ်ဟောင်း၊ ရှဲ့လွမ်နှင့် အခြားသူများက သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ လုံမန်နဂါးမဟာမိတ်မှ ဧကရာဇ်များအားလုံးက အရှိန်အဝါများ ထုတ်လွှတ်လိုက်၏။ အေးစက်စက် သတ်ဖြတ်ချင်စိတ်များက သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။
"နဂါးဧကရာဇ်မြို့မှာ လူတွေကို မင်းဘယ်လိုတောင် သတ်ဝံ့တာလဲ။ ဒီနေ့ မင်းတို့အားလုံး သေလိမ့်မယ်"
စစ်ဦးစီးချုပ်ဟောင်းက အေးစက်စက် ပြောသည်။
"မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒီနေ့ မင်း တန်ကြေးတစ်ခု ပေးရမယ်"
ရှဲ့လွမ်ကလည်း ဓားတစ်လက်ကဲ့သို့ စူးရှသောလေသံဖြင့် ပြောလိုက်သည်။
"ပေးဆပ်ရမှာလား၊ ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ။ ဒီနေ့ မင်း ငါ့ကို ဘယ်လိုသတ်မလဲ ကြည့်ရအောင်"
တိရှန်းက ရယ်မောပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
တိရှန်း နောက်ကွယ်မှ ကျန်လူများက သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။
သူတို့၏ အရှိန်အဝါတိုင်းက အလွန်အားကောင်းသည်။ သူတို့၏ အရှိန်အဝါတစ်ခုစီက ကြီးမားပြီး အကန့်အသတ်မရှိသော နဂါးဧကရာဇ်မြို့တော်ရှိ လူများ၏ နှလုံးသားကို ဖိနှိပ်ထားသည့် ဖိအားကြီးတစ်ခု ဖြစ်လာတော့သည်။
စစ်ဦးစီးချုပ်ဟောင်း၊ ရှဲ့လွမ်နှင့် အခြားသူများ၏ မျက်လုံးများက တုန်လှုပ်မှုနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်သွားသည်။
ဤလူများ၏ အရှိန်အဝါများက အားကောင်းလွန်းပေသည်။
ယခင်က တိုက်ခိုက်ခဲ့သူ လူလတ်ပိုင်းအမျိုးသား အပါအဝင် စုစုပေါင်း ခြောက်ဦး ရှိသည်။ သူတို့အားလုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ချေသည်။
ထိုအထဲတွင် ပို၍ ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခုလည်း ရှိနေသည်။ သူတို့က အခြား အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများထက် များစွာ ပို၍ အားကောင်းသည်။
တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ။
အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ ခြောက်ဦးနှင့် အထွတ်အထိပ် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး ဖြစ်သည်။
သူတို့အပြင် တိရှန်း၏နောက်မှာ ငွေရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦး ရှိသေးသည်။ သူက မည်သည့် အရှိန်အဝါကိုမျှ မထုတ်လွှတ်သော်လည်း ပို၍ပင် အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။
နဂါးဧကရာဇ်မြို့တော်မှ လူတိုင်း၏ နှလုံးသားများ လေးလံသွားခဲ့သည်။
ဤအရာက မည်ကဲ့သို့သော အင်အားကြီးမျိုး ဖြစ်သနည်း။
လက်ရှိတွင်၊ ရှမ်းဟွမ်တိုက်ကြီး၏ အသန်မာဆုံး ကျွမ်းကျင်သူက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများသာ ဖြစ်သည်။ ထို့အပြင် သူတို့က လုအနည်းစုသာ ရှိခဲ့ပေသည်။
သူတို့အထဲတွင် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ တစ်ဦးမှ မရှိပေ။
ယခုတော့ တိရှန်း၏နောက်ကွယ်တွင် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ ခြောက်ဦးနှင့် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ နှစ်ဦးရှိနေသည်။ သူတို့ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရမည်နည်း။
"ဟားဟားဟား၊ လုမင်... မင်းက အရင်က မာနကြီးနေတာ မဟုတ်ဘူးလား။ ဒီနေ့ ငါတို့ တိမိသားစုက ကျွမ်းကျင်သူတွေ ရောက်နေပြီ။ မင်းတို့အားလုံး သေကြရလိမ့်မယ်"
တိရီက လှောင်ပြောင်လိုက်သည်။ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လွင်ပြီး သူ့အသံမှာလည်း မုန်းတီးမှုတို့ ပြည့်နေတော့သည်။
ယနေ့တွင် သူက လုမင်အား သေခြင်းထက် ပို၍ဆိုးသော ကံကြမ္မာကို ခံစားစေလိုသည်။
တိရီ၏အသံက လူအများကို တုန်လှုပ်စေခဲ့သည်။
လုံမန်နဂါးမဟာမိတ်က တရားဝင်မဖွဲ့စည်းမီ ပျက်စီးသွားတော့ပါမည်လော။
"လုမင်၊ ဘယ်လိုလဲ။ အခု အမြန် ဒူးထောက်တောင်းပန်ပြီး အုပ်ချုပ်သူ ဝိညာဉ်လက်နက်တွေကို လွှဲပေးပါ။ ဒါဆိုရင် မင်းရဲ့ ခွေးအသက်ကို ကယ်တင်နိုင်လောက်မယ်"
တိရှန်းက လှောင်ပြောင်လိုက်သည်။ သူဟာ လုမင် ရှုံးနိမ့်မည်ဆိုတာ သေချာသကဲ့သို့ လုမင်အား အထက်ဆီးမှ ငုံ့ကြည့်နေဆဲပင်။
အုပ်ချုပ်သူ ဝိညာဉ်လက်နက်က ထိပ်တန်း သိုင်းအုပ်ချုပ်သူတစ်ဦးမှသာ အပြည့်အဝ ထိန်းချုပ်နိုင်သော လက်နက်တစ်ခု ဖြစ်သည်။ ယင်းက တိရှန်းအတွက်ပင်လျှင် အလွန် အဖိုးတန်သေးသည်။ ထိုအုပ်ချုပ်သူ ဝိညာဉ်လက်နက်နှစ်ခုက သူ့တွင်ရှိသည့် ရတနာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
ယခု သူခေါ်ဆောင်လာသည့် အုပ်ချုပ်သူကိုးဦးမှာလည်း တချို့သာ အုပ်ချုပ်သူဝိညာဉ်လက်နက်များ ရှိပေသည်။
"မင်အာ"
လုယွမ်ထျန်းနှင့် လီပင်းက လုမင်ကို စိုးရိမ်တကြီးကြည့်သည်။
"အဖေနဲ့ အမေ သိပ်ပြီး စိတ်မပူပါနဲ့။ အဆင်ပြေသွားလိမ့်မယ်"
လုမင်က လုယွမ်ထျန်းနှင့် လီပင်းကို ပြုံးပြလိုက်သည်။ ထိုအပြုံးက ယုံကြည်မှုအပြည့် ရှိပေသည်။ လုမင်၏ အပြုံးကိုမြင်တော့ လုယွမ်ထျန်းနှင့် လီပင်းလည်း အနည်းငယ် တည်ငြိမ်သွားခဲ့သည်။
ထို့နောက် လုမင်က တိရှန်းကို လျစ်လျူရှုပြီး တိရီကိုကြည့်လိုက်သည်။
"တိရီ၊ နောက်ဆုံးအကြိမ်က မင်း လွတ်မြောက်သွားတယ်။ ဒါကို မင်း အခွင့်ကောင်းယူပြီး ကောင်းကောင်းပုန်းနေသင့်တာ။ ဒီလိုနည်းနဲ့ မင်း အသက်ရှည်ရှည်နေနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းက ဒီအစား သေမင်းကို လာရှာနေတာပဲ။ ဒါက မင်း တောင်းဆိုခဲ့တာ"
လုမင်၏ စကားကိုကြားတော့ လူအများ အံ့ဩသွားကြသည်။
သူ့ကိုယ်သူတောင် မကာကွယ်နိုင်သော ဤအခြေအနေမျိုးမှာ လုမင်က တိရီကို သတ်ချင်သေးတာလား။
ရှဲ့လွမ်၊ ရှကျိုးယန်၊ ရန်ခွမ်းစုကဲ့သို့ လူတချို့သာ မျက်လုံးများ အရောင်လက်သွားကြသည်။
လုမင်ကို သူတို့ ကောင်းကောင်းသိ၏။ လုမင်က အကြောင်းမရှိဘဲ ဘာမျှမလုပ်ပေ။
တိရီလည်း အံ့ဩသွားခဲ့သည်။
ဤအခြေအနေမျိုးမှာ လုမင်က သူ့ကိုသတ်ချင်သေးတာလား။ ဒီလိုယုံကြည်မှုမျိုး သူ ဘယ်ကရလာခဲ့တာလဲ။
တိရှန်း၏ မျက်နှာက လုံးဝ မည်းမှောင်သွားသည်။
လုမင်က သူ့ကို လျစ်လျူရှုဝံ့တာလား။
"ဝုန်း"
တိရှန်းထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
အဓိပတိ။
တိရှန်း၏ ကျင့်ကြံခြင်းက အဓိပဓိနယ်ပယ်တွင် ရှိခဲ့သည်။
ယင်းက နဂါးဧကရာဇ်မြို့တော်ရှိ လူများစွာကိုလည်း တုန်လှုပ်စေခဲ့ပေသည်။
အကြောင်းမှာ တိရှန်း၏အသက်က ငယ်ရွယ်လွန်းသောကြောင့် ဖြစ်သည်။ သေချာတာကတော့ သူ့အသက်က အသက်သုံးဆယ်မကျော်ပေ။ အသက်နှစ်ဆယ်ခန့်ပင် ဖြစ်နိုင်သည်။
ဤမျှငယ်ရွယ်ပြီး အသက်နှစ်ဆယ်ခန့်ဖြင့် သူ၏ ကျင့်ကြံခြင်းမှာ အဓိပဓိနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယင်းက အံ့ဖွယ်ကောင်းလွန်းလှပေသည်။ ရှမ်းဟွမ်တိုက်ကြီး၏ သမိုင်းမှာ ဒါမျိုး တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးပေ။
"လုမင်၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းသန်မာတယ်လို့ ငါကြားတယ်။ ဒီနေ့ မင်းဘယ်လောက်သန်မာလဲဆိုတာ ငါကြည့်ချင်တယ်"
တိရှန်းက သူ့အရှိန်အဝါများကို လုမင်ဆီသို့ ပို့လွှတ်ရင်း ပြောလိုက်သည်။
"မင်းက ငါ့ကို စိန်ခေါ်ချင်တာလား"
လုမင်က သူ့နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးလိုက်၏။
တိရှန်း၏နောက်မှ တိရီ၏ မျက်လုံးများ အရောင်လက်သော်လည်း သူ ဘာမှတော့ မပြောပေ။
တိမိသားစုရှိ ပါရမီရှင်အချို့က အလွန်အစွမ်းထက်ကြောင်း သူသိသည်။ ရှမ်းဟွမ်တိုက်ကြိီး၏ ပါရမီရှင်များက သူတို့နှင့် နှိုင်းယှဉ်ရန် ဝေးကွာလွန်းပေသည်။
လုမင်က သန်မာသော်လည်း တိရှန်းမှ တိုက်ခိုက်နိုင်လောက်သည်။ သူ မလုပ်နိုင်လျှင်ပင် လုမင်က တိရှန်းကို စော်ကားမိလိမ့်မည်။ ယင်းက သူ့အတွက် ကောင်းသောလက္ခဏာ ဖြစ်သည်။
"မှန်တယ်။ မင်းငါ့ရဲ့စိန်ခေါ်မှုကို လက်ခံရဲလား"
တိရှန်းက ပြောသည်။
"မင်းက ရိုက်ခံချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
လုမင်က ပြုံးပြီး ရှေ့သို့လှမ်းကာ တိရှန်းနှင့် ရင်ဆိုင်လိုက်သည်။
"လုမင်၊ မင်းက ရှမ်းဟွမ်တိုက်ကြီးမှာ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်လို့ ငါကြားတယ်။ ဒါပေမဲ့ မင်းတို့ လူရိုင်းကျွန်းရဲ့ ပါရမီရှင်တွေဆိုတာ ဟာသတစ်ခုထက်မပိုကြောင်း မင်းကို ငါပြောပြမယ်"
တိရှန်းက လှောင်ပြောင်လိုက်သည်။ သူ့ခန္ဓာကိုယ်က အလင်းရောင်များနှင့်အတူ တုန်ခါလာ၏။ အလင်းတိုင်းက ဓားချီများကဲ့သို့ပင်။
"ဝှစ်"
တိရှန်း၏ လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာခဲ့သည်။ သူက လုမင်ဆီသို့လှမ်းကာ ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
"သတ်"
"ဝှစ်"
ဓားအလင်းက ကောင်းကင်ကိုခွဲခြမ်းကာ လုမင်ဆီသို့ ဖြတ်သန်းသွားသည်။
လုမင်က အတားအဆီးမဲ့ ကောင်းကင်သိုင်းဖြင့် ထိုးနှက်လိုက်သည်။
လက်သီးအင်အားက ဓားအလင်းနှင့် တိုက်မိသွား၏။
ဟင်းလင်းပြင်က ပြိုကျသွားခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ခြေလှမ်းသုံးလှမ်း နောက်ပြန်ဆုတ်သွားရ၏။ တစ်ဖက်တွင်မူ တိရှန်းက လေထဲတွင် ငြိမ်သက်နေဆဲပင်။
"ဝှူး"
နဂါးဧကရာဇ်မြို့မှ လူတိုင်း တပြိုင်နက်တည်း အသက်ပြင်းပြင်းရှူလိုက်သည်။
လုမင်ကို ဓားတစ်ချက်ဖြင့် နောက်ပြန်ဆုတ်သွားစေခဲ့သည်။
သူတော်စင်မြို့တိုက်ပွဲမှ လုမင်၏ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုများကို လူတိုင်း မှတ်မိနေသေးသည်။ အုပ်ချုပ်သူ ဝိညာဉ်လက်နက်ရှိသည့် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးကိုပင် လုမင် သတ်ခဲ့သည်။ ယခုတော့ လုမင်ကို ဓားတစ်ချက်ဖြင့် ပြန်ဆုတ်ခိုင်းလိုက်သည်။ ထို့ထက် ပြိုင်ဘက်မှာ အသက်သုံးဆယ်အောက် လူငယ်တစ်ဦးဖြစ်၏။ ယင်းက တုန်လှုပ်စရာကောင်းသည်။
'သူ့ခန္ဓာက...'
လုမင် တိတ်တဆိတ် အံ့ဩသွားခဲ့သည်။
ဤအခိုက်တွင် လုမင်က သူ၏အင်အားကို အပြည့်အဝအသုံးမပြုဘဲ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား၏ ခွန်အားကိုသာ ပြသခဲ့သော်လည်း၊ နဂါးကိုးကောင်စွမ်းအားကို ထုတ်လွှတ်ကာ အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ထုတ်ဖော်ခဲ့သည်။ သာမာန် သိုင်းအုပ်ချုပ်သူတစ်ပါးပင်လျှင် သူ့ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခုအခါ သူ၏ပြိုင်ဘက်က အဓိပဓိတစ်ဦးသာ ဖြစ်သည်။ ယင်းက အံ့ဖွယ်အကောင်းဆုံးပင်။
ထို့ထက် လုမင်ကို အံ့အားသင့်စေသည်က ပြိုင်ဘက်၏ခန္ဓာ ဖြစ်သည်။ ယင်းက ဝိညာဉ်ခန္ဓာ ဖြစ်၏။
ပြိုင်ဘက်က အဓိပဓိတစ်ပါးသာဖြစ်သော်လည်း သူ့တွင် ဝိညာဉ်ခန္ဓာ ရှိနေသည်။ ယင်းက မယုံနိုင်စရာပင်။
လုမင်သည် တစ်ဖက်လူ၏ ဝိညာဉ်ခန္ဓာက သူကဲ့သို့ သန့်စင်သော ဝိညာဉ်ခန္ဓာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ သို့သော်လည်း ယင်းမှာ အထူးစွမ်းရည်ရှိသည့် စစ်မှန်သော ဝိညာဉ်ခန္ဓာဖြစ်နေတော့သည်။