← Chapters

အခန်း ၁၃၆၃

Vol. 91 Ch. 1363

အခန်း ၁၃၆၃

Vol. 91 Ch. 1363

အပိုင်း ( 1363 ) သန္ဓေဝိညာဉ်ခန္ဓာ။

သို့‌ရာတွင်၊ စစ်မှန်သော ဝိညာဉ်ခန္ဓာက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ရောက်မှ ပေါင်းစည်းနိုင်သည် မဟုတ်ပါလား။

"အဲဒါ...အဲဒါက ဝိညာဉ်ခန္ဓာလား"

"ဟုတ်တယ်၊ အဲဒါ ဓားဝိညာဉ်ခန္ဓာ၊ ဓားဝိညာဉ်ခန္ဓာတစ်ခုပဲ"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဓိပဓိတစ်ဦးမှာ စစ်မှန်တဲ့ ဝိညာဉ်ခန္ဓာတစ်ခု ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

လုံမန်နဂါးမဟာမိတ်၏ ဧကရာဇ်များ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ ရှဲ့လွမ်နှင့် စစ်ဦးစီးချုပ်ဟောင်းကဲ့သို့ ကာလကြာရှည် နေထိုင်ခဲ့သော ပုဂ္ဂိုလ်များပင်လျှင် တုန်လှုပ်သွားတော့သည်။

သူတို့အားလုံး တိရှန်း၏ ဝိညာဉ်ခန္ဓာ၏စွမ်းအားကို သဘာဝအတိုင်း ခံစားနိုင်ကြသည်။

'သန္ဓေနာမ်ခန္ဓာ၊ အဲဒါ သန္ဓေဝိညာဥ်ကိုယ်ခန္ဓာပဲ။ ဟားဟားဟား၊ ဒီတောသားတွေက သန္ဓေဝိညာဉ်ခန္ဓာရဲ့ စွမ်းအားကို ဘယ်လိုသိနိုင်မှာလဲ။ သန္ဓေဝိညာဉ်ခန္ဓာ‌ဆိုတာ မွေးကတည်းက ပါလာတဲ့အရာပဲ'

တိရီ၏ မျက်လုံးများက လှုပ်ရှားသွားပြီးနောက် စိတ်ထဲမှ လှောင်ရယ်လိုက်သည်။

ယွမ်လုတွင် မွေးဖွားလာသူအနေဖြင့် သူ၏ မြင်နိုင်စွမ်းက သဘာဝအတိုင်း မြင့်မားပေသည်။

အချို့လူများက ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရခြင်းဖြင့် မွေးဖွားလာကြကြောင်း သူ သိသည်။ သူတို့က ဝိညာဉ်ခန္ဓာများကို ပိုင်ဆိုင်လျက် မွေးဖွားလာကြ၏။ ဤအရာကို သန္ဓေဝိညာဉ်ခန္ဓာဟု ခေါ်သည်။

ထိုသူမျိုးက ပါရမီရှင်များကြားမှ ပါရမီရှင်များဖြစ်ပေသည်။ သူတို့၏ သွေးမျိုးဆက်များကလည်း အထူးပြောစရာမလိုအောင် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထနိုင်ကြသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့၏ သွေးမျိုးဆက်များနှင့် ဝိညာဉ်ခန္ဓာက ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်လိမ့်မည်။

ထိုသို့သောလူများသည် သဘာဝအားဖြင့် ကောင်းကင်၏ ကောင်းချီးခံစားရပြီး သွေးမျိုးဆက်သိုင်းပညာ၊ တာအိုကို နားလည်မှု၊ အမျိုးမျိုးသော သိုင်းပညာများကို နားလည်သဘောပေါက်မှုတို့၌ အခြားသူများထက် ကြီးမားသော အားသာချက် ရှိသည်။ ထို့ကြောင့်ပင် သူတို့၏ တိုက်ခိုက်မှု စွမ်းအားမှာလည်း ကြောက်မက်ဖွယ်ကောင်းပေသည်။

တိရှန်းကတော့ ထိုလူမျိုး ဖြစ်သည်။

"မင်း ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကို ပိတ်ဆို့နိုင်တာပဲ။ ထပ်လာမယ်"

တိရှန်း အော်လိုက်သည်။ သူ့ခန္ဓာပေါ်တွင် ဓားပုံသဏ္ဍာန် အလင်းတန်းများက တောက်ပလာခဲ့၏။ သူက ဓားတစ်ချက်ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လုမင်ဆီသို့ ဖြတ်သန်းလာတော့သည်။

'ကစဉ့်ကလျားတာအို'

လုမင်က ရှေ့သို့လှမ်းပြီး ရှေးဦးကစဉ့်ကလျားတာအိုကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက် ပေါ်လာ၏။ သူက လက်သီးတစ်ချက် ထပ်မံ ထုတ်ဖော်လိုက်တော့သည်။

ဤသည်မှာ အတားအဆီးမဲ့သော ကောင်းကင်သိုင်းပဲဖြစ်သော်လည်း ကစဉ့်ကလျားတာအိုနှင့် ပေါင်းစပ်လိုက်ပြီးနောက် သူ၏စွမ်းအားက တဟုန်ထိုး တက်လာခဲ့သည်။

"ဝုန်း"

ဤတစ်ခါတော့ လုမင်က လုံးဝ မတုန်လှုပ်တော့ပါ။ ထိုအစား တိရှန်းကို နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

"ချီးပဲ၊ သတ်"

တွန်းလှန်ခံရပြီးနောက် တိရှန်း ဒေါသထွက်သွားသည်။ သူ့အရှိန်အဝါများက တဟုန်ထိုးတက်လာခဲ့သည်။ တာအိုနယ်မြေ အငွေ့အသက်ကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ လုမင်ကို ဓားနှင့် ခုတ်ပိုင်းလိုက်ရာ သားရဲတစ်ကောင်၏ ဟိန်းဟောင်သံပင် ကြားလိုက်ရသည်။

တိရှန်း၏ ဤတိုက်ခိုက်မှုက လျှော့တွက်၍မရပါ။ ယင်းက တာအိုနယ်မြေ၏ ထောက်ပံ့မှုအောက်တွင် ပို၍ အားကောင်းလာခဲ့ပုံရသည်။

တာအိုနယ်မြေ သိုင်းပညာ။

လုမင်၏ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်။

တာအိုနယ်မြေ သိုင်းပညာက တာအိုသိုင်းပညာနှင့် ဆင်တူသည်။

တာအိုသိုင်းပညာက တာအိုတစ်ခု၏ စွမ်းအားကို အစွန်းရောက် ထုတ်ဖော်နိုင်ပြီး တာအိုနယ်မြေ သိုင်းပညာကတော့ တာအိုနယ်မြေ၏စွမ်းအားကို အစွန်းရောက် ထုတ်ဖော်ခွင့်ပေးချေသည်။

တာအိုနယ်မြေ သိုင်းပညာနှင့် တိရှန်း၏ တိုက်ခိုက်မှုက ပို၍ပင် ကြောက်စရာကောင်းသည်။ ဓားအလင်းက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပုံရပေသည်။

လုမင်လည်း ကစဉ့်ကလျားတာအိုကို အသက်သွင်းကာ ရင်ဆိုင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက တိုက်ကွက် ဒါဇင်ချီကာ ဖလှယ်ခဲ့ကြသည်။

အမှန်အတိုင်းပြောရလျှင် တိရှန်းက တကယ်ကို သန်မာသည်။ သူသည် လုမင် တွေ့ဖူးသမျှ မျိုးဆက်သစ် လူငယ်များထဲ၌ အသန်မာဆုံး လူငယ်တစ်ယောက် ဖြစ်၏။

သူ၏ ခွန်အားက ဒုတိယအဆင့် အထွတ်အထိပ် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် ညီမျှသည်။ ထိုစွမ်းအားမှာ အဓိပတိနယ်ပယ်သို့ မချိုးဖြတ်မီအခါက လုမင်၏ ခွန်အားနှင့် နှိုင်းယှဉ်နိုင်သည်။

သူသည် အဓိပဓိတစ်ပါးမျှသာဖြစ်သော်လည်း သူ၏ တိုက်ပွဲစွမ်းရည်က ကြောက်ခမန်းလိလိ ဖြစ်နေပြီ။

တူညီသောအဆင့်တွင်၊ သူက လုံချန်ထက်ပင် ပို၍ အားကောင်းသည်။

လုံချန် နိုးထလာခဲ့သည့် သွေးမျိုးဆက်က ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲမှ တစ်ကောင်ဖြစ်သည့် ရှေးဦးနဂါးဆင် ဖြစ်ချေသည်။

သို့သော်လည်း၊ ယခုအခါ လုမင်က အဓိပဓိနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သောကြောင့် သူ့ကို သဘာဝအတိုင်း သိပ်ပြီးမတွေးတော့ပါ။

'ချီးပဲ၊ ဒီလူရိုင်းကျွန်းပေါ်မှာ ဒီလောက် သန်မာတဲ့လူ ဘယ်လိုရှိနိုင်မှာလဲ'

အချိန်ကြာလာလေလေ၊ တိရှန်းဟာ ပို၍ တုန်လှုပ်လာလေလေ ဖြစ်သည်။

'ဒီကောင်မှာ သေချာပေါက် လျှို့ဝှက်ချက်ရှိတယ်။ သူ့လျှို့ဝှက်ချက်ကို ငါရနိုင်ရင် ငါ ပိုပြီး သန်မာလာမှာပဲ။ ဖြစ်ကောင်းဖြစ်နိုင်တာက အဲဒီအခါကျရင် ငါ့မျိုးရိုးထဲက ထိပ်သီး ပါရမီရှင်တွေနဲ့တောင် ယှဉ်နိုင်လိမ့်မယ်'

ထိုသို့တွေးမိသောအခါ တိရှန်း၏ နှလုံးသားက ပူလောင်လာတော့သည်။

"ရွှမ်း"

အလင်းရောင် တစ်ချက် လက်သွားပြီးနောက် ရွှေရောင်ဓားတစ်လက်ဖြင့် လုမင်ကို ခုတ်ပိုင်းလိုက်သည်။

"ထန်"

ဓားကို လက်သီးနှင့် ထိုးလိုက်မိပြီးနောက် လုမင် နောက်ပြန်ဆုတ်သွားရ၏။

အုပ်ချုပ်သူဝိညာဉ်လက်နက်။

လုမင်၏ မျက်လုံးများက အရောင်လက်သွားသော်လည်း သိပ် မအံ့သြတော့ပေ။ တစ်ဖက်လူ၏ အရည်အချင်းနှင့် နောက်ခံဖြင့်၊ သူ့တွင် အုပ်ချုပ်သူဝိညာဉ်လက်နက် ရှိခြင်းက သာမန် ဖြစ်သည်။

"သေ"

တိရှန်းက ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။

"မင်းမှာရှိတာ ဒါ အကုန်ပဲလား။ ဒါဆိုရင် ဒါကို အဆုံးသတ်လိုက်ရအောင်"

လုမင်လည်း ကြိမ်းမောင်းလိုက်သည်။ ကစဉ့်ကလျား အငွေ့အသက်များက သူ့ကို ဖုံးလွှမ်းသွား၏။ ယင်းက ပြန့်ကျဲမနေဘဲ လျင်မြန်စွာ ကျုံ့သွားခဲ့ပေသည်။

ယင်းက တာအိုမဟုတ်တော့ဘဲ တာအိုနယ်မြေ သန္ဓေ ဖြစ်သည်။

ထိုအချိန်တွင် လုမင်၏ အရှိန်အဝါက တဟုန်ထိုး တက်လာတော့သည်။

"အဓိပဓိ၊ မဟာမိတ်ခေါင်းဆောင်က အဓိပဓိနယ်ပယ်ကို ချိုးဖြတ်သွားခဲ့ပြီ"

ရှဲ့လွမ်နှင့် အခြားသူများ ဝမ်းသာသွားကြသည်။

"ဝုန်း"

လုမင်က ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေ ရစ်ပတ်ထားသော လက်သီးဖြင့် တိရှန်း၏ အုပ်ချုပ်သူဝိညာဉ်လက်နက်ဓားကို ထိုးကြိတ်လိုက်၏။

"ထန်"

ဓားက ပြင်းထန်စွာ တုန်ခါသွားပြီး တိရှန်း မျက်နှပျက်သွားသည်။ အမြောက်ဆံကဲ့သို့ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ လမ်းတစ်လျှောက်မှာလည်း သွေးများ ရဲသွားတော့သည်။

လုမင်က သူ၏စွမ်းအားအမှန်ကို ထုတ်ဖော်လိုက်သည်နှင့် တိရှန်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

"သေ"

လုမင် ထပ်မံလှုပ်ရှားလိုက်သည်။ သူက တိရှန်း၏ နှလုံးတည့်တည့်ကို လက်သီးဖြင့် ထိုးလိုက်၏။

ဤလက်သီးချက်က တိရှန်း၏ နှလုံးသားကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

သို့သော်၊ လုမင်၏ လက်သီးချက်က တိရှန်း၏ နှလုံးသားကို ထိလုနီးပါးအချိန်တွင်...၊ တိရှန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ပြိုးပြိုးပြက်ပြက်‌ တောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခုဘည်း ထွက်ပေါ်လာတော့သည်။

"ထန်"

လုမင်၏ လက်သီးက ချပ်ဝတ်တန်ဆာပေါ်သို့ ကျရောက်သွားသည်။ ချပ်ဝတ်တန်ဆာက ပြင်းထန်စွာ တုန်ခါသွားသော်လည်း လုမင်၏ လက်သီးစွမ်းအင်အများစုကို ပိတ်ဆို့ထားသောကြောင့် အသက်အန္တရာယ် မရှိတော့ပေ။

သို့သော်လည်း လုမင်၏ လက်သီးချက်က ပြင်းထန်လွန်းလှသည်။ ချပ်ဝတ်တန်ဆာက အင်အားအများစုကို ပိတ်ဆို့ထားသော်လည်း လက်သီးအင်အား အစိတ်အပိုင်းတချို့ဟာ တိရှန်း၏ခန္ဓာအတွင်းသို့ ထိမှန်နေဆဲပင်။ တိရှန်း နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ရင်ဘတ်က ချိုင့်ဝင်သွားပြီး သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

"ခံစစ် အုပ်ချုပ်သူဝိညာဉ်လက်နက်"

လုမင်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ တိရှန်းသည် အမှန်တကယ် ကြွယ်ဝချမ်းသာသူ ဖြစ်၏။ သူ့တွင် တိုက်ခိုက်မှုအပြင် ကာကွယ်ရေး အမျိုးအစား အုပ်ချုပ်သူဝိဉာဉ်လက်နက်လည်း ရှိသေးသည်။

ယခင်က၊ လုမင် မြင်ဖူးသမျှ အုပ်ချုပ်သူဝိညာဉ်လက်နက်များမှာ တိုက်စစ်များချည်း ဖြစ်သည်။ ပြောရလျှင်၊ ခံစစ် အုပ်ချုပ်သူဝိဉာဉ်လက်နက်များက တိုက်ခိုက်အမျိုးအစား အုပ်ချုပ်သူ ဝိညာဥ်လက်နက်များထက် ပို၍ တန်ဖိုးကြီးပေသည်။

ခံစစ် အုပ်ချုပ်သူဝိညာဉ်လက်နက်က အရေးကြီးသော အခိုက်အတန့်တွင် လူတစ်ယောက်၏အသက်ကို ကယ်တင်နိုင်သည်။ တိရှန်းမှာသာ ဤချပ်ဝတ်တန်ဆာမရှိပါက လုမင်၏ လက်သီးချက်ကြောင့် အသတ်ခံရလိမ့်မည်။

"အတင့်ရဲလိုက်တာ၊ သခင်လေးကို မင်း နာကျင်အောင် လုပ်ဝံ့တယ်ပေါ့"

"သူ့ကိုသတ်"

တိရှန်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်နှင့်၊ သူ့လက်အောက်ငယ်သားများက ဟိန်းဟောက်ပြီး လုမင်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ခြောက်ဦးနှင့် အဆင့်သုံး သိုင်းအုပ်ချုပ်သူ နှစ်ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။ ထိုစွမ်းအားက ကြောက်စရာပင်။

"မကောင်းတော့ဘူး"

ရှဲ့လွမ်၊ ရှကျိုးယန်နှင့် အခြားသူများ မျက်နှာပျက်သွားသည်။

"သတ်"

လုမင်၏လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာခဲ့သည်။ ယင်းမှာ သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ်အတွက် ရေအောက်မြို့တော်၌ တိုက်ပွဲဝင်စဉ် ရရှိခဲ့သော ရေနဂါးအဓိပဓိ၏ နဂါးအမှတ်အသားဓား ဖြစ်သည်။

ယခုအခါ လုမင်က အဓိပဓိနယ်ပယ်သို့ ချိုးဖြတ်ပြီး၍ တာအိုနယ်မြေသန္ဓေကို ထိန်းချုပ်ထားခဲ့ပြီ။ ထို့ကြောင့် သူဟာ အုပ်ချုပ်သူဝိညာဉ်လက်နက်၏ စွမ်းအားကို အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လုမင်၏ တာအိုနယ်မြေသန္ဓေက ကစဉ့်ကလျားနယ်မြေ ဖြစ်သည်။ ကစဉ့်ကလျားတာအိုသည် မိမိဆန္ဒအလျောက် အခြားတာအိုနယ်မြေများအဖြစ်သို့ ပြောင်းလဲ၍ ရ၏။ တစ်နည်းဆိုရသော်၊ လုမင်က အချိန်၊ ဟင်းလင်းပြင်နှင့် အခြားအမျိုးအစားအနည်းငယ်မှလွဲ၍ မည်သည့် အုပ်ချုပ်သူဝိညာဉ်လက်နက်အမျိုးအစားကိုမဆို အသုံးပြုနိုင်စွမ်း ရှိသည်။

"ဝှစ်"

လုမင်က ဓားချက်ထုတ်ဖော်လိုက်သည်နှင့် အဆင့်နှစ် သိုင်းအုပ်ချုပ်သူတစ်ပါးမှာ ထက်ပိုင်းပြတ်သွား၏။ တစ်ချက်တည်းဖြင့် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

"ချွမ်"

ထို့နောက် သူ့ဓားကို ရေပြင်ညီအတိုင်း ဖြတ်သန်းပြီး အဆင့်သုံး သိုင်းအုပ်ချုပ်သူများအား ထိပ်တိုက်တွေ့ကာ ဆုတ်ခွာသွားစေခဲ့သည်။

"တိုက်ခိုက်ကြစို့"

"ဝှစ်"

ရှဲ့လွမ် ဟိန်းဟောက်လိုက်သည်။ သူက အုပ်ချုပ်သူဝိညာဉ်လက်နက် နတ်ဆိုးဓားကို ကိုင်ဆွဲကာ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနှစ်ဦးကို တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် စစ်ဦးစီးချုပ်ဟောင်းနှင့် ထူချမ်တို့လည်း တိုက်ခိုက်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးက အုပ်ချုပ်သူ ဝိညာဥ်လက်နက်များကို ကိုင်ဆွဲထားပြီး ကျန်ဒုတိယအဆင့် အထွတ်အထိပ် သိုင်းအုပ်ချုပ်သူ နှစ်ဦးကို တိုက်ခိုက်လိုက်တော့သည်။

တိရှန်းဘက်မှ အဆင့်နှစ် သိုင်းအုပ်ချုပ်သူခြောက်ဦးတွင် တစ်ဦးမှ အုပ်ချုပ်သူဝိညာဉ်လက်နက် မရှိပါ။ ထို့ကြောင့် ရှဲ့လွမ်တစ်ဦးက သူတို့သုံးဦးနှင့် ဆက်ဆံရန် လုံလောက်သည်။

All Chapters