← Chapters

အခန်း ၁၃၆၉

Vol. 92 Ch. 1369

အခန်း ၁၃၆၉

Vol. 92 Ch. 1369

အပိုင်း ( 1369 ) ဟွင်းယွမ်တံဆိပ်ပြားကို သိမ်းပိုက်ရန် လာကြခြင်း။

တောင်ပိုင်းနတ်နန်းတော်၏ ဖမ်းဆီးခံရသော ပါရမီရှင်မှာ လုံချန်ဖြစ်မည်ဟု လုမင် ခန့်မှန်းလိုက်မိသည်။

ပထမအနေဖြင့် လုံချန်သည် ဝမ့်မိသားစု၏လက်ထဲသို့ ကျရောက်ခဲ့၍ ဟွင်းယွမ်တံဆိပ်ပြားကို ရရှိသွားကြခြင်း ဖြစ်သည်။

ဒုတိယအချက်ကတော့ ဟွင်းယွမ်တံဆိပ်ပြားသည် ရရှိရန်လွယ်ကူသည်မဟုတ်ပေ။

လုမင်၏ ခန့်မှန်းမှုအရ ရှန်းရွှီတိုက်အဖွဲ့အစည်း တစ်ခုလုံးမှာပင် ဟွင်းယွမ်တံဆိပ်ပြားရှိသူက သူနှင့် လုံချန်သာ ရှိသည်။

ယခင်က ဟွင်းနန်းတော်တွင် ထူရီက ဟွင်းယွမ်တံဆိပ်ပြား ရနိုင် မရနိုင်မှာ လူတစ်ယောက်၏ အလားအလာအပေါ် မူတည်ကြောင်း သိခဲ့ရသည်။

ကမ္မတိုက်ပွဲတွင် လူတချို့၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် များစွာ သာလွန်နိုင်သော်လည်း ဟွင်းယွမ်တံဆိပ်ပြားကို ရရှိနိုင်မည် မဟုတ်ပေ။

ကြီးမားသော အလားအလာရှိသည်ဟု သတ်မှတ်ခံရသူများသာ ဟွင်းယွမ်တံဆိပ်ပြားကို ရနိုင်မည် ဖြစ်သည်။

ဤအချက်နှစ်ချက်ဖြင့် လုမင်ဟာ ဖမ်းဆီးခံရသူက လုံချန်ဖြစ်သည်ဟု တွက်ဆမိခဲ့သည်။

ဝမ့်မိသားစုက လုမင်တွင်လည်း ဟွင်းယွမ်တံဆိပ်ပြားရှိခြင်းအကြောင်း သိသွားခြင်းမှာတော့၊ လုံချန်အပေါ်တွင် စိတ်ဝိညာဉ်ရှာဖွေခြင်းကဲ့သို့သော နည်းလမ်းအချို့ကို အသုံးပြုခဲ့လိမ့်မည်။

သို့သော်လည်း လုမင် နားမလည်နိုင်တာ တစ်ခုရှိသည်။ ဥပမာအားဖြင့်၊ ဝမ့်မိသားစု သို့မဟုတ် တောင်ပိုင်းနတ်နန်းတော်၏ အခြားသော ကျွမ်းကျင်သူများက လုမင်တွင်လည်း ဟွင်းယွမ်တံဆိပ်ပြားရှိကြောင်း လုံချန်ထံမှ သိခဲ့ပါက၊ လုမင်ကိုဖမ်းရန် ကျွမ်းကျင်သူများကို လျှို့ဝှက်စေလွှတ်သင့်သည် မဟုတ်ပါလား။ ရှန်းရွှီတိုက်အဖွဲ့အစည်းရှိ တိုက်ကြီးများအားလုံး သိစေရန် သတင်းကို မည်သို့ဖြန့်နိုင်မည်နည်း။

ယင်းက အဓိပ္ပာယ်မရှိပေ။

"ဝုန်း"

ထိုအချိန်တွင် ပြင်းထန်သော ရောင်ဝါတစ်ခု ကောင်းကင်မှ ကျလာသည်။ နဂါးဧကရာဇ်မြို့တော်ကို ပြင်းထန်သောဖိအားတစ်ခုက ဖုံးအုပ်ထား၏။

"ဝုန်း... ဝုန်း"

ဤဖိအားများ မြင့်တက်လာသည်နှင့် တပြိုင်နက်၊ နောက်ထပ် ဖိအားများစွာ ထွက်ပေါ်လာပြီး နဂါးဧကရာဇ် မြို့တော်အထက် ကောင်းကင်ယံတွင် ပြည့်သွားတော့သည်။

ဤအခိုက်အတန့်တွင်၊ နဂါးဧကရာဇ်မြို့တော်ရှိ လူတိုင်းက ကောင်းကင်တိုင်ကြီးများစွာ ဖိနှိပ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

"လုမင်၊ ထွက်လာခဲ့စမ်း"

"လုမင်၊ အခု ထွက်ခဲ့"

နဂါးဧကရာဇ်မြို့အထက် ကောင်းကင်ယံ၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံအချို့ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် လူအများ၏ နားစည်များ တုန်ခါကာ သွေးအန်လုနီးပါး ဖြစ်ခဲ့ရပေသည်။

"အချိန်တန်ပြီ"

လုမင်၏ မျက်လုံးများက အေးစက်သွားပြီး ပိန်ပိန်အဘိုးကြီး၏ ဒန်တျန်ကို နင်းချလိုက်သည်။

"ဝုန်း"

ကြမ်းတမ်းသော အင်အားက အဘိုးကြီး ဒန်တျန်မှတစ်ဆင့် နတ်ဘုရားဝိညာဉ်ကို ပေါက်ကွဲသွားစေခဲ့၏။

အဘိုးကြီး မျက်လုံးများ ပြူးကျယ်သွားကာ အော်ဟစ်လိုက်သည်။

"မင်း... မင်း ကတိမတည်ဘူး..."

လုမင် လှောင်ပြောင်လိုက်၏။

"ငါ မင်းကို မသတ်ဘူးလို့ မပြောခဲ့ဘူး။ နောက်ပြီး မင်းက ငါ့ရဲ့ ဟွင်းယွမ်တံဆိပ်ပြားကိုယူဖို့ ရှမ်းဟွမ်တိုက်ကြီးကို တိုက်ခိုက်ခဲ့တယ်။ မင်းကို မသတ်ဘဲ လွှတ်ပေးမယ်လို့ ထင်လို့လား။ အရူး"

သူ့ခြေဖဝါးမှ စွမ်းအားများ ပေါက်ကွဲထွက်လာကာ အဘိုးကြီး တစ်စစီ ပေါက်ကွဲသွားတော့သည်။

ထို့နောက် လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ကောင်းကင်၌ ပေါ်လာခဲ့သည်။

"ဝှစ်... ဝှစ်..."

လေတိုးသံနှင့်အတူ လုမင်အနားတွင် လူငါးယောက် ပေါ်လာကြ၏။

ရှဲ့လွမ်နှင့် အခြား သိုင်းအုပ်ချုပ်သူလေးဦး ဖြစ်သည်။

နဂါးဧကရာဇ်မြို့တော်တွင် လုမင်အပြင် အခြားဧကရာဇ်လေးပါးက အမြဲ စောင့်ကြပ်ထားသည်။

ကောင်းကင်တွင် လုမင် ပေါ်လာသည်နှင့် နဂါးဧကရာဇ်မြို့တဝိုက်မှာ ရပ်နေသော လူတစ်ချို့ကို တွေ့လိုက်ရသည်။

"ငါက လုမင်ပဲ"

လုမင်၏အသံက ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

"ဝှစ်... ဝှစ်"

တုန်ခါမှုနှင့်အတူ၊ နဂါးဧကရာဇ်မြို့တော်ပတ်၀န်းကျင်ရှိ ရုပ်ပုံများက လုမင်နှင့်မနီးမဝေးတွင် ချက်ချင်း ပေါ်လာကြ၏။ သူတို့က လုမင်နှင့် အခြားသူများကို အလယ်တွင် ဝိုင်းထားလိုက်ကြသည်။

"လုမင်၊ ငါက ကျိုးနင်တိုက်ကြီးရဲ့ မြင့်မြတ်တဲ့ ကောင်းကင်ဧကရာဇ်ပဲ။ မင်းရဲ့ ဟွင်းယွမ်တံဆိပ်ပြားကို လွှဲပေးလိုက်ပါ"

ရွှေရောင်ဆံပင်နှင့် ထွားကြိုင်းသော အမျိုးသားတစ်ဦးက လုမင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဟွင်းယွမ်တံဆိပ်ပြားက ငါ့ဟာပဲ။ ငါက လွင့်မျောနေတဲ့နှင်းတိုက်ကြီးထဲက နှင်းလဧကရီပဲ"

အဖြူရောင်ဝတ် မိန်းမလှတစ်ဦးကလည်း လုမင်ကို အေးစက်စွာ စိုက်ကြည့်နေ၏။

ဤလူနှစ်ယောက်စလုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။ သူတို့က အလွန်အစွမ်းထက်ပေသည်။

ကျယ်ပြောလှသော အကွာအဝေးကို ဖြတ်ကျော်ပြီး ဤတိုက်ပွဲတွင် ပါဝင်ရန် ရှမ်းဟွမ်တိုက်ကြီးသို့ လာဝံ့သူတိုင်းက သက်ဆိုင်ရာ တိုက်ကြီးများမှ ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့ထဲတွင် အားအနည်းဆုံးက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်း ဖြစ်၏။

အဆင့်တစ် သိုင်းအုပ်ချုပ်သူများက လာတောင်မလာဝံ့ပေ။

ဟွင်းယွမ်တံဆိပ်ပြားကို ရရှိခဲ့လျှင်ပင် ထိန်းထားနိုင်မည်မဟုတ်မှန်း သူတို့သိသည်။

"လွင့်မျောနေတဲ့ နှင်းတိုက်ကြီးနဲ့ ကျိုးနင် တိုက်ကြီး၊ ထွက်သွားစမ်း"

ချပ်ဝတ်တန်ဆာဝတ်ထားသော လူထွားကြီးတစ်ယောက်က အေးစက်စက် အော်ငေါက်လိုက်၏။ သူ၏ အရှိန်အဝါက အလွန်တုန်လှုပ်ချောက်ချားသွားစရာ ကောင်းသည်။ သူက အဆင့်သုံး သိုင်းအုပ်ချုပ်သူ တစ်ပါးပင်။

"ကျန့်ပင်းတိုက်ကြီးကလူ..."

နှင်းလဧကရီနှင့် မြင့်မြတ်သောကောင်းကင်ဧကရာဇ်၏ မျက်နှာများက တင်းမာသွားသည်။

ဤအဆင့်သုံး သိုင်းအုပ်ချုပ်သူက ကျန့်ပင်းတိုက်ကြီးမှ လာခဲ့သူ ဖြစ်သည်။

ကျန့်ပင်းတိုက်ကြီးက ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ထိပ်တန်းတစ်ဆယ်အတွင်းဝင်ပြီး အလွန် အစွမ်းထက်၏။

သူတို့သုံးဦးအပြင် အဆင့်နှစ် သိုင်းအုပ်ချုပ်သူ ကျင့်ကြံခြင်းအခြေခံဖြင့် နောက်သုံးဦးလည်း ရှိသေးသည်။ သူတို့ထဲတွင် တစ်ယောက်က အစိမ်းရောင်ဝတ်လုံနှင့် အဘိုးကြီးဖြစ်ပြီး လုမင်တို့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

"လုမင်၊ မင်းရဲ့ ဟွင်းယွမ်တံဆိပ်ပြားကို လွှဲပေးလိုက်ပါ။ ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်"

ကျန့်ပင်းတိုက်ကြီး၏ သိုင်းအုပ်ချုပ်သူက လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။

"ဟားဟား၊ ဟွင်းယွမ်တံဆိပ်ပြားအကြောင်း မင်းတို့ ဘာမှမသိဘူးထင်တယ်။ ဟွင်းယွမ်တံဆိပ်ပြားကို ကမ္မတိုက်ပွဲကနေ ငါ ရရှိခဲ့တာ၊ အဲဒါက ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးသွားပြီ။ မင်းတို့ ရသွားရင်တောင် သုံးလို့ရမှာမဟုတ်ဘူး"

လုမင် ရယ်မောလိုက်သည်။

"သုံးလို့မရဘူးလား၊ ဒါလွယ်ပါတယ်။ မင်းကိုဖိနှိပ်ပြီး မင်းကို ခေါ်သွားတဲ့အခါ နတ်ဘုရားအပျက်အယွင်းထဲက ရတနာတွေကို ငါယူနိုင်ဦးမှာပဲ"

ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူက ကောက်ကျစ်စွာ ပြုံးလိုက်၏။

"ဟုတ်လား၊ မင်း ဘာဖြစ်လို့ ဒီလောက် ယုံကြည်မှုရှိနေတာလဲ။ နောက်ပြီး မင်းဒီမှာ မင်းအသက်ဆုံးရှုံးရမယ်လို့ တွေးဖူးလား"

လုမင်က တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော်၊ သူ၏တည်ငြိမ်သောအမူအရာနောက်တွင် အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါ်နေပြီ။

"ဟားဟားဟား၊ ငါ့အသက်ကို ဒီမှာ ဆုံးရှုံးရမှာလား။ ရှမ်းဟွမ်တိုက်ကြီးမှာ ဘာရှိလို့လဲ၊ မင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ"

ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူက လှောင်ပြောင် ရယ်မောလိုက်၏။

"အိုး၊ ဒီလိုဆိုရင် သေလိုက်တော့"

လုမင် အော်ဟစ်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။

နဂါးအမှတ်အသားဓားက သူ့လက်ထဲတွင် ပေါ်လာခဲ့၏။ ကစဉ့်ကလျားတာအိုနယ်မြေသန္ဓေဖြင့် ရစ်ပတ်ရင်း ကျန့်ပင်းတိုက်ကြီး၏ အုပ်ချုပ်သူကို ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူအား မျက်နှာအမူအရာပြောင်းသွားစေခဲ့သည်။

"ပိတ်ဆို့"

ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူလည်း လှံပုဆိန်တစ်လက်ကို ထုတ်ယူပြီး အစွမ်းကုန် ပြန်ခုတ်လိုက်သည်။

သူသည် တတိယအဆင့် သိုင်းအုပ်ချုပ်သူ ဖြစ်၏။ သာမာန် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူဖြစ်ပါက သူ၏ စွမ်းအားပြည့် တိုက်ခိုက်မှုကြောင့် တစ်ချက်တည်း သေဆုံးရပေလိမ့်မည်။

သို့သော် လုမင်၏ နဂါးအမှတ်အသားဓားက လှံပုဆိန်ကို ထိမှန်သောအခါ... ပေါက်ကွဲသံနှင့်အတူ လှံပုဆိန်က ပြင်းထန်စွာ တုန်ခါသွားသည်။

ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူလည်း ဒယီးဒယိုင်ဖြင့် ဆုတ်ခွာသွားရင်း ပါးစပ်တွင်းမှ သွေးများအန်ထွက်လာတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

သူသည် တတိယအဆင့် သိုင်းအုပ်ချုပ်သူဖြစ်ပြီး လုမင်ကတာ့ အဓိပဓိသာ ဖြစ်သေးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အဓိပဓိဖြစ်ခြင်းက မယုံနိုင်စရာကောင်းသော်လည်း အဓိပဓိဖြစ်နေဆဲ ဖြစ်သည်။ သို့တိုင်၊ သူကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေအောင် သူ့ခွန်အားက မည်မျှ အားကောင်းပါသနည်း။

"သတ်"

လုမင် ကြိမ်းမောင်းပြီး လှုပ်ရှားလိုက်သည်။ သူ့ဓားက လေထုကိုဖြတ်သန်းပြီး ကျန့်ပင်းတိုက်ကြီး၏ အုပ်ချုပ်သူကို နောက်တစ်ကြိမ် ထိုးခုတ်လိုက်၏။

ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူက အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း... ပိတ်လှောင်ခြင်း ဝင်္ကပါ ဒါဇင်များစွာက သူ့ပတ်ဝန်းကျင်တွင် ဝိုင်းရံထားကြောင်း ရုတ်တရက် တွေ့ရှိခဲ့ရသည်။

"ရွှမ်း"

နဂါးအမှတ်အသားဓားက ကျန့်ပင်းတိုက်ကြီးမှ အုပ်ချုပ်သူကို ထက်ဝက်ပိုင်းဖြတ်သွားတော့သည်။

"ဒါ..."

ဘေးမှ မြင့်မြတ်သောကောင်းကင်ဧကရာဇ်၊ နှင်းလဧကရီနှင့် အခြားသူများ အံသြသွားကြသည်။ သူတို့ မျက်လုံးများ ပြူးကျယ်သွား၏။

ဖြစ်ပျက်ခဲ့သမျှက မြန်လွန်းသည်။ အစမှအ‌ဆုံးထိ နှစ်ကွက်သာ လှုပ်ရှားခဲ့၏။ သူတို့ သတိဝင်လာချိန်တွင် အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူတို့အားလုံး အိပ်မက်မက်နေသည်ဟုပင် ထင်သွားကြလေသည်။

"သတ်"

လုမင်က ဟိန်းဟောက်ပြီး ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို တိုက်ခိုက်လိုက်သည်။

"ပြေး၊ ပြေး"

ကျန်လူများလည်း ဤတော့မှ ကြောက်လန့်တကြား ထွက်ပြေးကုန်သည်။

"သတ်"

ရှဲ့လွမ်က နတ်ဆိုးဓားကိုဆွဲထုတ်ပြီး တိုက်ခိုက်လိုက်၏။ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးမှာ နတ်ဆိုးဓားဖြင့် ထက်ပိုင်း ပိုင်းဖြတ်ခံလိုက်ရတော့သည်။

တစ်ဖက်တွင်၊ လုမင်က ခြေတစ်လှမ်းဖြင့် နှင်းလဧကရီ၏နောက်တွင် ပြန်ပေါ်လာကာ ဓားဖြင့် ခုတ်ချလိုက်သည်။

နှင်းလဧကရီက ခုခံရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။

ဓားချက်က သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။

နှင်းလဧကရီလည်း သေပြီ။

All Chapters