← Chapters

အခန်း ၁၃၇၂

Vol. 92 Ch. 1372

အခန်း ၁၃၇၂

Vol. 92 Ch. 1372

အပိုင်း ( 1372 ) လုမင်၏ အစီအစဉ်။

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားလည်း ခေါင်းမှ ခြေဖျားအထိ အေးစက်သွားသည်။

ငယ်ရွယ်လွန်းသည့် မျိုးဆက်သစ်တစ်ဦးကို သတ်ရန် လာရောက်ခြင်းမှ ဤသို့ဖြစ်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပေ။

"အခု မင်းအလှည့်ရောက်ပြီ။ မင်းရဲ့ တူလေးနှစ်ယောက် အနောက်ကို လိုက်သွားဖို့ အချိန်ကျပြီ"

လုမင်၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။ ငရဲဖိနှိပ်ကျောက်စာချပ်က အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသားဆီသို့ ပျံသန်းလာ၏။

"လုမင်၊ ငါက ကျန်းဟိုင်စစ်သူကြီးရဲ့ ဒုတိယညီနော်။ မင်း ငါ့ကို သတ်ဝံ့ရင် ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး ငါနဲ့အတူ မြှုပ်နှံရလိမ့်မယ်"

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားက အော်ဟစ် ခြိမ်းခြောက်လိုက်သည်။

"ငါက ဟိုင်ထျန်းနဲ့ ဟိုင်ယွိကိုတောင် သတ်ပြီးပြီ။ မင်းကို ထပ်သတ်လိုက်လို့ ဘာထူးမှာဦးမှာလဲ"

လုမင် လှောင်ပြောင်လိုက်၏။

"မင်း ... ငါ မင်းကို ပြောလိုက်မယ်။ ငါက ကျန်းဟိုင်အိမ်တော်အပြင် တောင်ပိုင်းနတ်နန်းတော်ရဲ့ အကြီးအကဲလည်း ဖြစ်တယ်နော်။ မင်းငါ့ကို သတ်ရင် တောင်ပိုင်းနတ်နန်းတော်ကို ဆန့်ကျင်လိုက်တာပဲ"

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားက ဆက်လက် အော်ဟစ်လိုက်သည်။ ကျန်းဟိုင်အိမ်တော်က အလုပ်မဖြစ်ကြောင်း သိရသောအခါ တောင်ပိုင်းနတ်နန်းတော်ကို ဆွဲထုတ်လိုက်၏။

"တောင်ပိုင်းနတ်နန်းတော်လား။ ငါ အဲဒီကို အနှေးနဲ့အမြန် သွားဦးမယ်"

လုမင်၏ လေသံက ဓားသွားကဲ့သို့ အေးစက်နေဆဲပင်။

"မင်း... မင်း"

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားလည်း သွေးပျက်လာခဲ့သည်။

လုမင်ကို လုံးဝ ခြိမ်းခြောက်၍ မရပါ။ သူက အလွန်ရဲတင်းသည်။ သူလိုလူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

သူ အရေးနိမ့်သွားပြီ။

"ဝှစ်"

သူ သွေးပျက်သွားချိန်တွင် ဖီးနစ်ငှက်မွှေးဓားပျံတစ်လက်က သူ့လည်ပင်းကို လှီးဖြတ်သွားသည်။ သွေးစီးကြောင်းတစ်ခု ပေါ်လာခဲ့၏။

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားလည်း သွေးပျက်ပြီး ရူးသွပ်လုနီး ဖြစ်နေတော့သည်။

"လု... လုမင်၊ ငါ့ကို ချမ်းသာပေးပါ။ ငါတောင်းပန်ပါတယ်၊ ငါ့ကို လွှတ်ပေးသရွေ့ မင်းကို လွှတ်ပေးဖို့ ငါ့အစ်ကိုကြီးကို တောင်းပန်ပေးမယ်"

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသားမှာ ခြိမ်းခြောက်မှုက အလုပ်မဖြစ်သောကြောင့် စတင် တောင်းပန်တိုးလျှိုးလိုက်လေသည်။

"ဟာသပဲ"

လုမင် လှောင်ပြောင်လိုက်သည်။

"ငါ့ကိုမသတ်ပါနဲ့၊ တောင်းပန်ပါတယ်။ ငါ့ကို လွှတ်ပေးမယ်ဆိုရင် မင်းအတွက် ဘာမဆို လုပ်ပေးနိုင်တယ်"

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားမှာ ပို၍ ကြောက်လာသည်။ အဆုံးတွင် သူ့မျက်နှာကို ဂရုမစိုက်ဘဲ တောင်းပန်တော့သည်။ ဤအခိုက်တွင် မြင့်မြတ်ပြီး တန်ခိုးကြီးသော သိုင်းအုပ်ချုပ်သူတစ်ပါးဟူသည့် သူ့မျက်နှာကို လုံးဝ ဂရုမစိုက်‌နိုင်တော့ပေ။

သိုင်းအုပ်ချုပ်သူများသည်လည်း လူသားများ ဖြစ်သည်။ သူတို့က တန်ခိုးကြီးမားသော်လည်း သေနိုင်သူများသာ ဖြစ်၏။ သူတို့မှာလည်း ခံစားချက်များရှိပြီး သေမှာကို ကြောက်ကြသည်။

အထူးသဖြင့် သိုင်းအုပ်ချုပ်သူများဟည သာမန်လူများထက် သေခြင်းတရားကို ပိုကြောက်သည်။

သူတို့က ကြီးမားသော စွမ်းအားရှိပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်ပေသည်။ ရှည်လျားသော သက်တမ်းရှိပြီး လွတ်လပ်စွာ နေထိုင်နိုင်ကြသည်။

ထို့ကြောင့်ပင် သာမန်လူများထက် သူတို့က သေခြင်းတရားကို ပို၍ပင် ကြောက်ရွံ့ကြတော့သည်။

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားက ဤလူမျိုးဖြစ်ကြောင်း ထင်ရှားသည်။

သူ့အင်အားက အခြားသူများထက် သန်မာသောအခါ မြင့်မားပြီး အရှိန်အဝါကြီး၍ အခြားသူများအား ပုရွက်ဆိတ်ကဲ့သို့ နှိမ့်ချသည်။ သို့သော်၊ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ သူတို့က သာမန်လူထက်ပင် ပိုဆိုးသည့် အပြုအမူမျိုး ပေါ်လာတတ်ပေသည်။

"သတ်"

ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းမှ လုမင်က လျစ်လျူရှုစွာ ပြောကာ ဖိချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဒုတိယခန္ဓာ လုမင်ကလည်း တိုက်ခိုက်လိုက်၏။

ရလဒ်က အံ့ဩစရာ မရှိတော့ပေ။

အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသား၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း၊ မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာလုမင်၏ ပေါင်းစပ် တိုက်ခိုက်မှုအင်အားကို မည်သို့ ခုခံနိုင်မည်နည်း။

မကြာမီ၊ အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသားကို လုမင် သတ်ပစ်လိုက်သည်။

ထိုအချိန်တွင်၊ အခြား ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်သည်လည်း လုမင်၏ သတ်ဖြတ်ခံခဲ့ရပေသည်။

နဂါးဧကရာဇ်မြို့တော်တွင် လုမင် သတ်ဖြတ်ခံခဲ့ရသော လူငါးဦးအပြင် ဤလူနှစ်ဆယ်ကျော်စလုံးက ရှန်းရွှီတိုက်အဖွဲ့အစည်း၏ တောက်ပိုင်း တိုက်ကြီးအသီးသီးမှ ထိပ်သီး ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ဤတိုက်ပွဲတွင်၊ ထိုတိုက်ကြီးများ၏ ထိပ်တန်းကျွမ်းကျင်သူများ ကျဆုံးသွား၍ ဆုံးရှုံးမှု ကြီးမားစေခဲ့သည်။ ယင်းက သက်ဆိုင်ရာတိုက်ကြီးများ၏ အင်အားဖွဲ့စည်းပုံအပေါ် သပ်ရောက်မှုရှိစေပြီး တိုက်ပွဲကြီးများ သေချာပေါက် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း လုမင်က ဤအရာများကို ဂရုစိုက်ရန် ပျင်းရိလွန်းလှသည်။

လုမင်လည်း သူ့လက်ကို ဝှေ့ယမ်းကာ သိုလှောင်လက်စွပ် နှစ်ဆယ်ကျော်ကို စုဆောင်းခဲ့သည်။

ထို့အပြင်၊ သိုင်းအုပ်ချုပ်သူ အလောင်းများကို တောင်နှင့်မြစ်ပန်းချီကားတွင် သိမ်းဆည်းခဲ့၏။

သူတို့အားလုံးက သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။ သူတို့၏ သွေးနှင့် အနှစ်သာရတို့က အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်၏။ ယင်းတို့ကို ရှဲ့လွမ်နှင့် အခြားသူများထံ ပေးမည်ဆိုပါက ကြီးမားသော အထောက်အကူ ဖြစ်လိမ့်မည်။

သိုလှောင်လက်စွပ်များကို သိမ်းဆည်းပြီးနောက် လုမင်လည်း နဂါးဧကရာဇ်မြို့တော်သို့ ပြန်လာခဲ့သည်။

နဂါးဧကရာဇ်မြို့တော် အပြင်ဘက်မှာတော့ လူဆယ်ဦးကျော်က စိတ်လှုပ်ရှားစွာဖြင့် စောင့်နေသည်။

ရှဲ့နျန်ချင်း၊ ရှဲ့လွမ်၊ ရှကျိုးယန်နှင့် အခြားသူများ...

သူတို့အားလုံးက နဂါးဧကရာဇ်မြို့တော်၏ အဆင့်မြင့် အဖွဲ့ဝင်များ ဖြစ်သည်။

လုမင်သည် အံ့မခန်းအင်အားနှင့် အံ့ဖွယ်အမှုများကို ဖန်တီးနိုင်စွမ်းရှိကြောင်း သိကြသော်လည်း အခြားသော တိုက်ကြီးများမှ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသည့်အခါ စိုးရိမ်ပူပန်မိဆဲပင်။

"လုမင်"

ရုတ်တရက်၊ ရှဲ့နျန်ချင်း၏ မျက်လုံးများ တောက်ပလာကာ သူရှေ့ကို လှမ်းကြည့်လိုက်သည်။

အလင်းရောင်တစ်ခု လင်းလက်လာပြီး လုမင်၏ရုပ်သွင် ပေါ်လာခဲ့၏။

"လုမင်၊ နင်အဆင်ပြေရဲ့လား"

ရှဲ့နျန်ချင်းက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ခပ်သွက်သွက်လေး ရှေ့ထွက်လာခဲ့သည်။

ဤအတောအတွင်း၌ ရှဲ့နျန်ချင်းသည် အဓိပတိအဆင့်သို့ဖြတ်ကျော််ရန် ကြိုးစားနေ‌ခဲ့သော်လည်း သတင်းကြားရပြီးနောက် ချက်ချင်း ထွက်လာခဲ့ပေသည်။

"ငါ ဘာမှမဖြစ်ပါဘူး"

လုမင် ပြုံးလိုက်သည်။

"မဟာမိတ်ခေါင်းဆောင်၊ တခြားတိုက်ကြီးတွေရဲ့ အင်အားကြီးတွေ ဘယ်လိုလဲ"

ရှဲ့လွမ်က မေးသည်။

အခြားသူများလည်း လုမင်ကို စူးစိုက်ကြည့်လိုက်သည်။

လုမင်က ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သိုင်းအုပ်ချုပ်သူ အလောင်းများ ပေါ်လာကြ၏။ အလောင်းများက ကိုယ်အင်္ဂါမပြည့်စုံခြင်းများရှိသော်လည်း အားလုံးမှာ အံ့မခန်း အတက်အကျများကို ထုတ်လွှတ်နေတော့သည်။

သေဆုံးပြီးနောက်တွင်ပင်၊ သိုင်းအုပ်ချုပ်သူများ၏ အရှိန်အဝါများက ကြီးစိုးနေဆဲ ဖြစ်သည်။

"ဒါ...ဒါက"

ရှဲ့လွမ်၊ ရှကျိုးယန်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားခဲ့ကြလေသည်။

ဤသိုင်းအုပ်ချုပ်သူများမှာ မကြာသေးမီကမှ သေဆုံးသွားခဲ့ခြင်း ဖြစ်မည်။ ထို့အပြင် အလောင်းများမှ သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ရှင်းရှင်းလင်းလင်း သိနိုင်ကြ၏။

သူတို့အားလုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့်အထက် ကျွမ်းကျင်သူများ ဖြစ်သည်။ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူငါးဦးပင် ရှိသေးသည်။

ကျွမ်းကျင်သူအားလုံး သေဆုံးသွားကြသည်။

ထို့ပြင်၊ သူတို့အားလုံးက လုမင် သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

အားလုံး ရင်တုန်ပန်းတုန်ဖြစ်သွား၍ အသက်ပြင်းပြင်းရှူလိုက်ရသည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က သူတို့၏ နှလုံးသားထဲတွင် ပို၍ လျှို့ဝှက်ဆန်းကြယ်လာတော့သည်။

"ဒီအလောင်းတွေကို သိမ်းထားလိုက်ပါ။ ဒါတွေကို ဘယ်လိုလုပ်မယ်ဆိုတာကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြ"

လုမင် ပြောလိုက်သည်။

ရှဲ့လွမ်နှင့် အခြားသူများလည်း သိုင်းအုပ်ချုပ်သူ အလောင်းများကို သိုလှောင်လက်စွပ်များထဲသို့ ထည့်သိမ်းလိုက်လေသည်။

"ဒါနဲ့၊ ငါ့အတွက် အသုံးဝင်မဲ့အရာတွေရှိရင် ငါ့ဘာသာပဲ ငါသိမ်းထားလိုက်မယ်။ ကျန်တာတွေကို မဟာမိတ်ဘဏ္ဌာတိုက်ထဲ ထည့်ထားလိုက်ပါ"

လုမင် ပြောလိုက်သည်။

ရှဲ့လွမ်နှင့် အခြားလူများ ခေါင်းညိတ်လိုက်ကြ‌၏။

ထို့နောက်မှာတော့ နှုတ်ဆက်ပြီး ထွက်သွားကြတော့သည်။

လုမင်နှင့် ရှဲ့နျန်ချင်းသာ ကျန်ခဲ့သည်။

"လုမင်၊ နင် ဘာဆက်လုပ်မှာလဲ"

ရှဲ့နျန်ချင်းက ရုတ်တရက် မေးလိုက်သည်။

"ရှောင်ချင်း၊ ငါ မင်းကိုတော့ ဖုံးကွယ်လို့ မရသေးဘူး"

လုမင်က ရှဲ့နျန်ချင်း၏လက်ကို ဆုပ်ကိုင်ပြီး နဂါးဧကရာဇ်မြို့တော်ထဲသို့ စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ တောင်ပိုင်းတိုက်ကြီးတွေ ဆုံးရှုံးမှုကြီးမားခဲ့တယ်ဆိုပေမဲ့ ဒီလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူး"

"ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ တောင်ပိုင်းအပြင် အနောက်၊ မြောက်နဲ့ အရှေ့ပိုင်းက ပညာရှင်တွေ ရှိသေးတယ်။ အဲဒီပညာရှင်တွေကလည်း အနှေးနဲ့အမြန် ရောက်လာကြမှာပဲ။ ငါသာ ရှမ်းဟွမ်တိုက်ကြီးမှာ ဆက်နေမယ်ဆိုရင် ရှမ်းဟွမ်တိုက်ကြီး ဘေးဥပဒ်ဖြစ်လိမ့်မယ်"

လုမင် လေးလေးနက်နက် ပြောလိုက်သည်။

လက်ရှိတွင်၊ သူကိုင်တွယ်နိုင်သည့် အသန်မာဆုံး ကျွမ်းကျင်သူက အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ဖြစ်သည်။ အကယ်၍ စတုတ္တအဆင့် သိုင်းအုပ်ချုပ်သူ ပေါ်လာခဲ့လျှင် လုမင်မှ သူတို့ကို မည်သို့ရင်ဆိုင်ပါမည်နည်း။

စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူက တတိယအဆင့် သိုင်းအုပ်ချုပ်သူထက် သိသိသာသာ အားကောင်းသည်။

လုမင်သည် သူ၏ခန္ဓာနှစ်ခုဖြင့် သာမန် တတိယအဆင့် အထွတ်အထိပ် သိုင်းအုပ်ချုပ်သူကို ခက်ခက်ခဲခဲ သတ်နိုင်သော်လည်း၊ စတုတ္တအဆင့် သိုင်းအုပ်ချုပ်သူကိုတော့ မယှဉ်နိုင်သေးပေ။

စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူသာ ရောက်လာပါက လုံမန်ဂါးမဟာမိတ်၊ နဂါးဧကရာဇ်မြို့ သို့မဟုတ် ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး ကပ်ဘေးဖြစ်လိမ့်မည်။

ယင်းက လုမင် မြင်ချင်သောအရာ မဟုတ်ပေ။

"လုမင်၊ နင် ရှမ်းဟွမ်တိုက်ကြီးကနေ ထွက်သွားရင် ရှန်းရွှီတိုက်ကြီးကို သွားမှာလား"

ရှဲ့နျန်ချင်း မေးလိုက်သည်။ သူမက လုမင်၏ အတွေးများကို မှန်းဆနိုင်ပုံရလေသည်။

All Chapters