← Chapters

အခန်း ၁၃၇၄

Vol. 92 Ch. 1374

အခန်း ၁၃၇၄

Vol. 92 Ch. 1374

အပိုင်း ( 1374 ) ကျန်းဟိုင်အိမ်တော်ကို သတ်ခြင်း။

ဟိုင်ဖမ်းထျန်း၏ စတုတ္တအဆင့် သိုင်းအုပ်ချုပ်သူ ဖိအားများက လုမင်အား ကြီးမားသောဖိအားကို ခံစားခဲ့ရစေခဲ့သည်။

ဟိုင်ဖမ်းထျန်း အနောက်မှာလည်း အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် အဘိုးအိုနှစ်ဦး ရှိ၏။

"ဝှစ်... ဝှစ်"

ထိုအချိန်တွင် အောက်မှ လူတစ်ချို့ ပြေးထွက်လာပြီး ဟိုင်ဖမ်းထျန်းအနောက်တွင် ရပ်လိုက်သည်။ သူတို့က ဆယ်ဦးကျော်ရှိပြီး သူတို့အားလုံးသည်လည်း သိုင်းအုပ်ချုပ်သူများ ဖြစ်၏။

သိုင်းအုပ်ချုပ်သူ မဟုတ်သူများက တက်မလာဝံ့ပေ။ သူတို့၏ အရှိန်အဝါသက်သက်ကပင် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ လူများအတွက် အသက်ရှူရခက်စေသည်။

"မင်းဘယ်သူလဲ၊ ကျန်းဟိုင်အိမ်တော်မှာ ပြဿနာလာရှာဝံ့တယ်။ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ"

ဟိုင်ဖမ်းထျန်းက ချက်ချင်း မတိုက်ခိုက်သေးဘဲ လုမင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ရှန်းရွှီတိုက်ကြီးတွင် အင်အားစုများစွာရှိသော်လည်း သူတို့ကို အကြောင်းမဲ့ ပြဿနာရှာဝံ့မည် မဟုတ်ပေ။ ကျန်းဟိုင်အိမ်တော်က တောင်ပိုင်းနတ်နန်းတော်၏ လက်အောက်မှ ဖြစ်သည်။

ရှန်းရွှီတိုက်ကြီး၏ အခြား နတ်နန်းတော်သုံးခု ထိုသို့ပြုဝံ့မည်။ ထို့ကြောင့် ဟိုင်ဖမ်းထျန်းဟာ အနည်းငယ် ချီတုံချတုံဖြစ်ပြီး ဦးစွာမေးရန် ဆုံးဖြတ်ခဲ့သည်။

"ငါလား၊ ငါ့ကိုဖမ်းဖို့ မင်ရဲ့ ဒုတိယညီကိုတောင် လွှတ်လိုက်သေးတယ် မဟုတ်ဘူးလား။ ငါ လုမင်လေ"

လုမင်က နှုတ်ခမ်းကို အနည်းငယ်မဲ့ပြီး ပြောလိုက်သည်။ ရှင်းလင်းပြတ်သားသော သူ့အသံက ရှေးဟောင်းမြို့တစ်မြို့လုံးကို ပျံ့နှံ့သွားပြီး လူတိုင်း၏နားထဲသို့ တိုးဝင်လာ၏။

"ဘာလဲ၊ သူက လုမင်လား"

"ဟွင်းယွမ်တံဆိပ်ပြားကို ပိုင်ဆိုင်ထားတဲ့ မျိုးဆက်သစ်လူငယ် နံပါတ်တစ် လုမင်လား"

"သူ ရှန်းရွှီတိုက်ကြီးကို တကယ် လာခဲ့တယ်"

သူ့စကားကိုကြား‌ပြီးနောက် ရှေးမြို့ဟောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"မင်းက လုမင်လား"

ဟိုင်ဖမ်းထျန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့သည်။

"ဟုတ်တယ်၊ သူက လုမင်ပဲ။ ယွမ်လုက တပည့်ရွေးချယ်ပွဲမှာ သူ့ကို တွေ့ခဲ့တယ်"

ရှေးဟောင်းမြို့တော်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

လုမင်ကို တစ်ယောက်ယောက်က မှတ်မိနေပုံရ၏။

အတည်ပြုပြီးနောက် ဟိုင်ဖန်းထျန်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"လုမင်... မင်းရဲ့ သတ္တိကို ငါ တကယ်သဘောကျမိတယ်။ မင်းက ရှန်းရွှီတိုက်ကြီးအထိ လာပြီး ငါ့ရဲ့ ကျန်းဟိုင်အိမ်တော်မှာတောင် သတ်ဝံ့တာပဲ။ ဒီနေ့ မင်း ထွက်သွားဖို့ မစဉ်းစားတော့နဲ့"

ဟိုင်ဖမ်းထျန်း၏ အရှိန်အဝါများက ပိုအားကောင်းလာပြီး သူတိုက်ခိုက်တော့မည်။

"စစ်သူကြီး၊ သူလို ကလေးနဲ့ ဆက်ဆံဖို့ မင်း မလိုပါဘူး။ ငါ သူ့ကို ဖိနှိပ်ပြီး သခင်လေးနှစ်ယောက်အတွက် လက်စားချေမယ်"

တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အဘိုးကြီးတစ်ယောက်က ဟိုင်ဖမ်းထျန်းအနောက်မှ ထွက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကိုပဲ ဖျက်ဆီးပြီး မသတ်နဲ့ဦး"

ဟိုင်ဖမ်းထျန်း အမိန့်ပေးလိုက်၏။

"ကောင်းပါပြီ စစ်သူကြီး၊ စိတ်မပူပါနဲ့"

တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အဘိုးကြီးက ခေါင်းညိတ်ပြပြီး လုမင်ဆီသို့ လျှောက်သွားသည်။ သူ့အရှိန်အဝါက လုမင်အပေါ် ကျရောက်လာခဲ့၏။

'ဒီလုမင်၊ ဒုတိယသခင်က သူ့ကိုရှာဖို့ ရှမ်းဟွမ်တိုက်ကြီးကို သွားခဲ့ပေမဲ့ သူက ရှန်းရွှီတိုက်ကြီးကို လာပုန်းနေတာပဲ။ ဒါပေမဲ့ ကျန်းဟိုင်အိမ်တော်ကို လာရအောင် မိုက်မဲလွန်းတယ်။ ဒါပေမဲ့ ဒါလည်း ကောင်းတာပဲ၊ ဒါက ငါ့ရဲ့ ဂုဏ်သိက္ခာဖြစ်လိမ့်မယ်'

တတိယအဆင့် သိုင်းအုပ်ချုပ်သူ အဘိုးကြီးက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် စိတ်ထဲမှ တွေးလိုက်သည်။

"ဝုန်း"

သူ့လက်ထဲတွင် သံတုတ်တစ်ချောင်းပေါ်လာပြီး လုမင်ကို ရိုက်ချလိုက်၏။

'ကောင်းတယ်၊ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်တာပေါ့'

လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းများဖြင့် လင်းလက်သွားသည်။ ဟိုင်ဖမ်းထျန်းသာ တိုက်ရိုက် တိုက်ခိုက်လျှင် ခက်ခဲဦးမည်။ ယခုတော့ ဤအဘိုးအိုက သူ့ဘာသာသူ စေတနာ့ဝန်ထမ်းလုပ်ပြီး လုမင်အား အခွင့်အရေးပေးခဲ့သည်။

"ဝုန်း"

လုမင်က ရှေ့သို့တိုးပြီး လက်သီးနှင့် ထိုးလိုက်သည်။

လက်သီးနှင့် သံတုတ်က ပြင်းထန်စွာ တိုက်မိသွား၏။

တတိယအဆင့် သိုင်းအုပ်ချုပ်သူ အဘိုးကြီး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ လုမင်၏ ခွန်အားကို ဤမျှ ကြောက်စရာကောင်းမည်ဟု တစ်ခါမှ မထင်ထားသကဲ့သို့ သူ့မျက်လုံးများမှာလည်း မယုံနိုင်စရာများဖြင့် ပြည့်နှက်သွားတော့သည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ ဆုတ်သွားခဲ့ရသည်။

"သေ"

လုမင်က လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသက်သွင်းလိုက်သည်။ သူ့ပုံရိပ်က အဘိုးကြီးရှေ့တွင် ချက်ချင်းပေါ်လာပြီး လက်သီးဖြင့် ထိုးချလိုက်၏။

အဘိုးကြီးက သံတုတ်ပေါ်တွင် အင်အားအပြည့်ထည့်ပြီး လုမင်ကို ရိုက်လိုက်သည်။

သို့သော် ထိုအချိန်တွင် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပလာသည်။ ဒုတိယခန္ဓာလုမင် ထွက်ပေါ်လာပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဖီးနစ်ငှက်မွေးဓားပျံများ လွင့်ပျံလာပြီး အဘိုးကြီးကို ထိုးနှက်လိုက်တော့သည်။

ဤအခြေအနေမှာ ရုတ်တရတ်ဖြစ်လွန်းသဖြင့် အဘိုးကြီးလည်း သတိမမူမိခဲ့ပေ။

အဘိုးကြီးက မူလခန္ဓာလုမင်ကို အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ သို့သော် နောက်ထပ် လုမင်တစ်ဦး ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ အကွာအဝေးက နီးကပ်လွန်းပြီး ရုတ်တရက်ဖြစ်၍ သူရှောင်တိမ်းရန် နောက်ကျသွားပြီ ဖြစ်သည်။

"ဝှစ်... ရွှစ်"

ဖီးနစ်ငှက်မွှေး ဓားပျံငါးလက်က အဘိုးကြီး၏ သေကွင်းသေကွက်များကို ထိုးဖောက်သွားကာ ချက်ချင်း သေဆုံးသွားတော့သည်။

"သေ"

အဘိုးအိုကို သတ်ပြီးသော်လည်း လုမင်က မရပ်တန့်ခဲ့ပေ။ သူက အေးခဲလေပုလဲကို ထိန်းချုပ်လိုက်သည်။ မိုးပြာရောင် စွမ်းအင်စီးကြောင်းတစ်ခုက လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွား၏။ ထို့နောက် သူက လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသက်သွင်းလိုက်ရာ သူ့အမြန်နှုန်းက အံ့မခန်း ဖြစ်တော့သည်။

လုမင်က နဂါးအမှတ်အသားဓားဖြင့် အခြား သိုင်းအုပ်ချုပ်သူများကို ထိုးခုတ်တိုက်ခိုက်လိုက်သည်။

လုမင်က ပထမအဆင့် သိုင်းအုပ်ချုပ်သူနှစ်ဦးကို ဓားတစ်ချက်ဖြင့် သတ်ပစ်လိုက်၏။

အရာအားလုံးက မြန်လွန်းသည်။ ထိုမှပင် ဟိုင်ဖမ်းထျန်း သတိပြန်ဝင်လာတော့သည်။

အဖြစ်အပျက်တိုင်းက သူ့မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့သည်။

လုမင်၏ အရှိန်အဝါက အဓိပဓိတစ်ဦးသာဖြစ်ကြောင်း အသိသာကြီးပင်။ သို့တိုင် တတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို ခဏချင်း သတ်ခဲ့သည်။ သူ သတိပြန်ဝင်လာတော့ နောက်ထပ် လူနှစ်ယောက်ကိုပင် လုမင်က သတ်ခဲ့ပြီးပြီ။

"မင်း သေချင်နေပြီ"

ဟိုင်ဖမ်းထျန်း ဒေါသချောင်းချောင်း ထွက်သွားသည်။ သူ ဟိန်းဟောက်ပြီး လုမင်ကို လက်ဝါးဖြင့် ရိုက်ချတော့သည်။

ဟိုင်ဖမ်းထျန်း၏ ဒေါသအပြည့်ဖြင့် တိုက်ခိုက်မှုစွမ်းအားက ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်သည်။

"ဝမ်"

ဒုတိယခန္ဓာလုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလုံးစုံဝင်္ကပါအင်းကွက် ပေါ်လာသည်။ ဟိုင်ဖမ်းထျန်းကို တားဆီးရန် ခံစစ်ဝင်္ကပါ ဒါဇင်ချီကာ ပေါ်လာကြ၏။

သို့သော်...

"ဝုန်း... ဝုန်း... ဝုန်း"

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ဤဝင်္ကပါများက ဟိုင်ဖမ်းထျန်း၏ လက်ဖဝါးအောက်တွင် ပြိုကျသွားခဲ့သည်။

စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါး၏ ခွန်အားက သန်မာလွန်းပေသည်။

အလုံးစုံဝင်္ကပါအင်းကွက်က အလွန်အစွမ်းထက်သည့် ရတနာတစ်ခု ဖြစ်သည်။ ဒုတိယခန္ဓာက အစွမ်းထက်လာသည်နှင့် အတွင်းမှ ဝင်္ကပါများကလည်း ပို၍ အားကောင်းလာလိမ့်မည်။

ဒုတိယခန္ဓာလုမင်၏ လက်ရှိအင်အားဖြင့်၊ ဤဝင်္ကပါများက တတိယအဆင့် သိုင်းအုပ်ချုပ်သူများကို ကောင်းကောင်း ထိန်းချုပ်နိုင်သည်။ သို့သော်၊ ထိုအရာအားလုံးက ဟိုင်ဖမ်းထျန်း၏ လက်ဝါးအောက်တွင် ပေါက်ကွဲသွားတော့သည်။

ဒုတိယခန္ဓာလုမင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ့မျက်ခုံးနှစ်ခုကြားမှ ဝိညာဉ်မီးများ တောက်ပလာပြီး အလုံးစုံဝင်္ကပါအင်းကွက်တွင် နောက်ထပ် ဝင်္ကပါများ ပေါ်လာခဲ့၏။

၎င်းတို့အားလုံးက ခံစစ်နှင့် ထောင်ချောက် အမျိုးအစားများ ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က ဟိုင်ဖမ်းထျန်းကို ခဏတာ တားဆီးထားရန် ဖြစ်ချေသည်။

တစ်ချိန်တည်းမှာပင်၊ မူလခန္ဓာလုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းဖြင့် လျင်မြန်စွာလှုပ်ရှားပြီး အခြား သိုင်းအုပ်ချုပ်သူများကို သတ်ခဲ့သည်။

"ဝှစ်... ဝှစ်"

မူလခန္ဓာလုမင်က နဂါးအမှတ်အသားဓားဖြင့် ခုတ်လိုက်သည်။ ပထမအဆင့်မကလို့ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူဖြစ်စေ၊ ဓားတစ်ချက်ဖြင့် အသတ်ခံခဲ့ကြရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်၏လက်ချက်ဖြင့် နောက်ထပ် လူများစွာ သေဆုံးခဲ့ရသည်။

လုမင်၏အရှိန်မှာ လျင်မြန်လွန်း၏။ ဤလူများမှာ ထွက်ပြေးရန်ပင် အချိန်မရှိပေ။

"သေစမ်း"

ဟိုင်ထမ်းထျန်း ဟိန်းဟောက်လိုက်သည်။ သူ့နောက်ကျောတွင် ရွှေရောင် အတောင်ပံတစ်စုံ ပေါ်လာခဲ့၏။

ဟုတ်သည်၊ ဤ‌အတောင်များက စစ်မှန်သော အတောင်များမဟုတ်ဘဲ အုပ်ချုပ်သူ ဝိညာဉ်လက်နက်တစ်ခုပင်။

"ဝှစ်... ဝှစ်"

ရွှေအတောင်ပံတစ်စုံက ကောင်းကင်ဓားနှစ်ချောင်းကဲ့သို့ ဖြတ်သွားသည်။ အလုံးစုံဝင်္ကပါအင်းကွက်မှ ထုတ်ဖော်ထားသော ဝင်္ကပါများ အဆက်မပြတ် ပြိုကျသွား၏။ ဟိုင်ဖမ်းထျန်းက ဒုတိယခန္ဓာလုမင်ကို လျင်မြန်စွာ တိုက်ခိုက်တော့သည်။

ဒုတိယခန္ဓာလုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူ့ခြေဖဝါးအောက်မှ ကမ္ပည်းများ ထွက်ပေါ်လာပြီး အလုံးစုံဝင်္ကပါအင်းကွက်နှင့် ပူးပေါင်းသွား၏။

နောက်ဆုံးတွင်၊ ဒုတိယခန္ဓာက ကမ္ပည်းစာလိပ်များကိုပင် အသုံးပြုခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရာနှင့်ချီသော ကမ္ပည်းစာလိပ်များ လွင့်လာခဲ့၏။ အမျိုးမျိုးသော စွမ်းအင်များက ဟိုင်ဖမ်းထျန်းဆီသို့ စုပြုံကျရောက်လာတော့သည်။

ဟိုင်ဖမ်းထျန်းလည်း ဒုတိယခန္ဓာ၏ခံစစ်ကို ခဏချင်း မဖြတ်ကျော်နိုင်ဘဲ ပိတ်မိသွားခဲ့သည်။

တစ်ဖက်တွင် မူလခန္ဓာလုမင်က ဆက်လက် သတ်ဖြတ်ခဲ့၏။

"ရွှပ်"

နဂါးအမှတ်အသားဖြင့် ခုတ်ပိုင်းလိုက်ပြီး နောက်ထပ် လူနှစ်ယောက်ကို သတ်ပစ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သိုင်းအုပ်ချုပ်သူတစ်ပါးတည်းသာ ကျန်သည်။

တတိယအဆင့် သိုင်းအုပ်ချုပ်သူ။

ဤသိုင်းအုပ်ချုပ်သူက အလွန် ကြောက်နေပြီဖြစ်ကာ မခုခံဝံ့တော့ပေ။ ဟိုင်ဖမ်းထျန်း၏ နောက်သို့ ပုန်းအောင်းပြေးထွက်သွားခဲ့သည်။

အချိန်တွင်းမှာပင် ကျန်းဟိုင်အိမ်တော်၏ သိုင်းအုပ်ချုပ်သူ အားလုံးနီးပါး လုမင်၏ အသတ်ခံရလုနီးပါး ဖြစ်သွားပြီ။

All Chapters