← Chapters

အခန်း ၁၃၇၇

Vol. 92 Ch. 1377

အခန်း ၁၃၇၇

Vol. 92 Ch. 1377

အပိုင်း ( 1377 ) အရှိန်အဝါစက်ကြိုး မဟာဝင်္ကပါ။

တောင်ပိုင်းနတ်နန်းတော်၏ အတွင်းပိုင်းတွင် ကျယ်ပြောလှသော ဧရိယာကို ဖုံးလွှမ်းထားသည့် ခမ်းနားထည်ဝါသော တောင်ကြီးတစ်လုံး ရှိနေသည်။

အဖိုးအိုက သူတို့ကို တောင်ခြေရင်းဘက်သို့ ပို့ဆောင်ခဲ့ပေသည်။

'ကမ္ပည်းသခင်တွေ အများကြီးပဲ၊ ဒီလောက်ကြီးမားတဲ့ ဝင်္ကပါကြီး'

ရောက်လာပြီးနောက်၊ လုမင်ဟာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် အနည်းဆုံး ကမ္ပည်းသခင် တစ်ရာခန့်ရှိကြောင်း တွေ့လိုက်ရ၏။ သူတို့အားလုံးက အဋ္ဌမအဆင့် ကမ္ပည်းသခင်များ ဖြစ်ကြသည်။

တောင်ကို ဧရာမ ဝင်္ကပါကြီးက ဖုံးလွှမ်းထားပေသည်။

"ကောင်းပြီ၊ ဒီနေရာက မင်းတို့စောင့်ကြပ်ရမဲ့နေရာပဲ။ ဒီမှာ ဝင်္ကပါကြီးတစ်ခုရှိတယ်။ မင်းတို့တစ်ယောက်စီက ဒီဝင်္ကပါကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဝင်္ကပါကို ထိန်းသိမ်းဖို့အတွက် မင်းတို့ရဲ့ စိတ်ဝိညာဥ်စွမ်းအားကို အဆက်မပြတ်ပို့လွှတ်ထားဖို့ လိုလိမ့်မယ်။ ဒါက ရိုးရှင်းတယ် မဟုတ်လား"

အဘိုးအိုက ပြောလိုက်သည်။

လူအုပ်ကြီးက ခေါင်းညိတ်လိုက်၏။ ဝင်္ကပါကို ထိန်းသိမ်းရန်အတွက် သူတို့၏ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းရန်သာ လိုအပ်သောကြောင့် အင်မတန် ရိုးရှင်းသည်။

"ဒါပေမဲ့ ငါသတိပေးထားရဦးမယ်၊ ဒီနေရာက တောင်ပိုင်းနတ်နန်းတော်ရဲ့ တားမြစ်နယ်မြေပဲ။ ဒါကြောင့် တောင်ပေါ်မှာ နက်နက်နဲနဲ သွားလာတာမျိုး ခွင့်မပြုဘူး။ မဟုတ်ရင် မင်းတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"

လူသစ်စုဆောင်းရေး တာဝန်ခံအဘိုးကြီးက လေသံပြောင်းပြီး လူတိုင်းကို သတိပေးခဲ့သည်။

အခြားလူများလည်း တုန်လှုပ်သွားပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်ကြ၏။ သို့သော်၊ လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ လုံချန်သည် ဤနေရာတွင် အကျဉ်းချခံရခြင်း ဖြစ်မည်ဟူသော ခံစားချက်ကလည်း ပို၍ ပြင်းထန်လာတော့သည်။

သူတို့က တောင်၏အစွန်အဖျား၌သာ နေကြရသည်။ တောင်အတွင်းပိုင်းတွင် အပြင်လူများ တာဝန်ယူရန်က မဖြစ်နိုင်ပေ။

အဘိုးကြီးက မထွက်ခွာမီ သူတို့ကို နောက်ထပ် အနည်းငယ်သတိပေးကာ သူတို့တာဝန်ယူရမည့် နေရာများကို ပြောပြခဲ့သည်။

လုမင်လည်း ကျောက်တုံးတစ်တုံး‌ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ပတ်ဝန်းကျင်ကို နတ်ဘုရားစိတ်အာရုံဖြင့် ဂရုတစိုက် စောင့်ကြည့်နေလေသည်။

တောင်ပတ်လည်တွင် ကျွမ်းကျင်သူများစွာရှိသောကြောင့် လုမင်ဟာ ပေါ့ပေါ့ဆဆ ပြုမူဝံ့ခြင်းမရှိပါ။

သို့သော်လည်း လုမင်ဟာ ဝိညာဉ်မီးခွက်များကို ပြီးပြည့်စုံစွာ ထွန်းညှိထားခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်မှုက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွား၏။ အနည်းဆုံးတော့ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများက သူ၏ဝိညာဉ်စွမ်းအားကို သိရှိနိုင်မည် မဟုတ်ပေ။

အကယ်၍၊ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အကျော်အမော်မဟုတ်လျှင် သိနိုင်ကြမည် မဟုတ်ပါ။

သို့သော်၊ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူက ရှန်းရွှီတိုက်ကြီးမှာပင် အထွတ်အထိပ်ကျွမ်းကျင်သူများအဖြစ် သတ်မှတ်ခံရကာ အများအပြားမရှိပါ။

သူ၏ ဝိညာဉ်စွမ်းအားက ပိုမိုပျံ့နှံ့လာပြီး၊ မကြာမီ တောင်၏အစွန်အဖျားကို ဖုံးလွှမ်းသွားခဲ့သည်။

တောင်၏အစွန်အဖျားကို အာရုံခံမိသရွေ့တော့ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းဆိုင်ရာ ဝင်္ကပါကြီးဖြင့် ကာကွယ်ထားသည်။ ဝင်္ကပါအတွင်းကို ကျူးကျော်ဝင်ရောက်လာသည်နှင့် တပြိုင်နက် အခြားသူများအား ချက်ချင်း သတိပေးလိမ့်မည်။

သို့သော်၊ မကြာမီတွင် ဤဝင်္ကပါကြီး၏ လျှို့ဝှက်ချက်များကို လုမင် သိရှိသွားခဲ့သည်။

ဤဝင်္ကပါက အလွန်ကြီးမား‌သောကြောင့် ယင်းကို ထိန်းချုပ်ရန် အဋ္ဌမအဆင့် ကမ္ပည်းသခင်များစွာ လိုအပ်သည်။ ၎င်း၏စွမ်းအားက အံ့မခန်းဖြစ်သော်လည်း အားနည်းချက်များစွာ ရှိ၏။ လုမင်ဟာ အားနည်းချက် ဒါဇင်များစွာကို အလွယ်တကူ ရှာဖွေနိုင်ခဲ့သည်။

ဟုတ်ပေသည်၊ ဤသည်မှာ လုမင်၏အမြင် ဖြစ်သည်။ အခြား အဋ္ဌမအဆင့် ကမ္ပည်းသခင်များအတွက်တော့ ဤဝင်္ကပါကြီးမှာ နက်နဲပြီး ခမ်းနားကာ မယုံနိုင်လောက်အောင် ရှုပ်ထွေးသည်ဟုသာ ခံစားကြရပေမည်။

တောင်၏ နက်နဲသောနေရာများကိုတော့ လုမင်က စိတ်ဝိညာဉ်စွမ်းအားဖြင့် မစူးစမ်းခဲ့ပါ။ တောင်၏ နက်နဲရာကို စောင့်ကြပ်နေသော ကျွမ်းကျင်သူတစ်ဦးဦး ရှိနေမည်အား သူကြောက်သည်။

မကြာမီ၊ ညမိုးချုပ်ခဲ့ပြီ။

ဤအခိုက်တွင် လုမင် လှုပ်ရှားလာခဲ့သည်။

လုမင်နှင့်တူသော ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။ ထိုလူက လုမင်ဖန်တီးထားသည့် ကမ္ပည်းလူသားတစ်ဦးဖြစ်ပြီး တောင်၏နက်နဲရာသို့ ဦးတည်သွားတော့သည်။

လုမင်အတွက် ဝင်္ကပါကြီးမှာ ပြန့်ပြူးသော လမ်းတစ်ခုကဲ့သို့ ရိုးရှင်းသည်။ ယခုထိ အဟန့်အတား တစ်စုံတစ်ရာ မရှိခဲ့ပေ။

ဝင်္ကပါကို ဖြတ်ကျော်ပြီးနောက် တောင်၏နက်နဲရာသို့ လုမင် ရောက်သွားသည်။

ထိုအချိန်တွင် လုမင် ရပ်တန့်သွား၏။

သူက တောင်၏ နက်နဲရာသို့ လှမ်းကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲတွင် ကမ္ပည်းစာလုံးများ လှည့်ပတ်နေပုံရသည်။

'အစွမ်းထက်လိုက်တဲ့ ဝင်္ကပါ'

မကညာမီ၊ တောင်၏ နက်နဲရာမှ အရာအားလုံးက လုမင်၏ မျက်လုံးရှေ့မှာ ပေါ်လာခဲ့သည်။

တောင်ခြေတွင် ဂူတစ်လုံး ရှိ၏။ ယင်းက တောင်ပေါ်ကို ဦးတည်နေကြောင်း ထင်ရှားသည်။

သို့ရာတွင်၊ ဤဂူသို့သွားရာလမ်းတွင် ဝင်္ကပါကြီးတစ်ခု ရှိနေ၏။

ဤဝင်္ကပါမျိုးက အလွန် ဆန်းကျယ်သည်။

'တကယ်ကို အရှိန်အဝါစက်ကြိုး မဟာဝင်္ကပါပဲ'

ခဏလောက်ကြည့်ပြီးနောက် လုမင် မျက်မှောင်ကြုတ်လိုက်သည်။ အနည်းငယ် သတိထားလွန်းသည်ဟုလည်း သူခံစားလိုက်ရလေသည်။

အရှိန်အဝါစက်ကြိုး မဟာဝင်္ကပါက အာရုံခံခြင်း မဟာဝင်္ကပါ ဖြစ်သည်။ ယင်းက တိုက်စစ် သို့မဟုတ် ခံစစ်စွမ်းအား လုံးဝ မရှိပါ။ အာရုံခံနိုင်စွမ်းသာ ရှိခဲ့သည်။ သို့သော်လည်း အခြားသူများက အရှိန်အဝါစက်ကြိုး ဝင်္ကပါအတွင်းသို့ လျှောက်သွားသရွေ့၊ အချက်ပေးသံတစ်ခု ထွက်ပေါ်လာလိမ့်မည်။

လုမင်၏ လက်ရှိစွမ်းရည်ဖြင့် သာမန်အာရုံခံဝင်္ကပါများကို အလွယ်တကူ ဖြတ်ကျော်နိုင်သည်။ သို့သော် သူ့ရှေ့ရှိ အရှိန်အဝါစက်ကြိုး ဝင်္ကပါကတော့ လုမင်ပင်လျှင် ချိုးဖျက်ရန် မလွယ်တော့ပေ။

လုမင်ဟာ သူ့ရှေ့တွင် ဝင်္ကပါကြီး ဆယ်ခုရှိကြောင်း မြင်နိုင်သည်။ သို့သော်လည်း တစ်ခုနှင့်တစ်ခု ရောယှက်ထား၏။ ဤဝင်္ကပါကြီးဆယ်ခုက တစ်ခုစီကိုလည်း အရှိန်အဝါတစ်မျိုးဖြင့် သတ်မှတ်ထားသေးသည်။

တစ်နည်းအားဖြင့်၊ ဤဝင်္ကပါဆယ်ခုကို ကျော်ဖြတ်လိုပါက လူဆယ်ယောက်၏ အရှိန်အဝါ ဆယ်မျိုးကို လိုအပ်သည်။

ဤဝင်္ကပါကို ဖြတ်သန်းချင်ပါက ရိုးရိုးရှင်းရှင်း မရပေ။ ဤအတွက် တစ်ခုတည်းသောနည်းလမ်းက သတ်မှတ်ထားသော လူဆယ်ယောက်၏ အရှိန်အဝါကို အသုံးပြုကာ ဝင်္ကပါကိုချိုးဖျက်ရန် အဆောင်တစ်ခုအား ပြုလုပ်ရမည် ဖြစ်သည်။ သို့မှသာ တိတ်တဆိတ် ဝင်ထွက်နိုင်လိမ့်မည်။

မဟုတ်ပါက ကမ္ပည်းစွမ်းရည် မည်မျှ မြင့်မားနေပါစေ၊ ဝင်ရောက်သွားပါက ဝင်္ကပါမှ သတိပြုမိပြီး အချက်ပေးသံ ထွက်လာမည် ဖြစ်သည်။

လုံချန်ကိုသာ ဤတောင်တွင် အကျဉ်းချထားရိုးမှန်ပါက အချက်ပေးသံ ထွက်ပေါ်လာသည်နှင့် တောင်ပေါ်မှ အခြားလူများက လုံချန်ကို ချက်ချင်း နေရာရွှေ့လိုက်မည်မှာ သေချာသည်။ အင်အားသုံးပြီး အတင်းဝင်ရောက်လျှင်ပင် လုံချန်ကို ကယ်တင်နိုင်မှာ မဟုတ်ပါ။

ထို့ကြောင့် တောင်ပေါ်သို့ တိတ်တဆိတ်ဝင်ရောက်လိုပါက အရှိန်အဝါစက်ကြိုး မဟာဝင်္ကပါအား ချိုးဖျက်ရမည် ဖြစ်သည်။

သို့ရာတွင် မည်သို့ ချိုးဖျက်ရမည်နည်း။ အ‌ရေးကြီးဆုံးအချက်က လုမင်ဟာ မည်သူ့တို့၏ အရှိန်အဝါများဖြစ်မှန်းကို မသိခဲ့ပေ။ ဤလူဆယ်ယောက်၏ အရှိန်အဝါကို သူ မည်သို့ရရှိနိုင်မည်နည်း။

လုမင်လည်း သေသေချာချာ ကြည့်ရှူပြီးနောက် မူလနေရာသို့ ပြန်လာခဲ့လိုက်သည်။

'တောင်ပိုင်းနတ်နန်းတော်က ဟွင်းယွမ်တံဆိပ်ပြားကို တကယ်တန်ဖိုးထားတာပဲ။ ဒီလောက် တင်းကျပ်တဲ့ ကာကွယ်ရေးနဲ့ လုံချန်ကို ကယ်တင်ချင်ရင် မလွယ်တော့ဘူး'

လုမင်လည်း သူ့စိတ်ထဲမှာ တွေးနေမိသည်။

'ဒီအရှိန်အဝါစက်ကြိုးဝင်္ကပါကို ချိုးဖျက်ဖို့ အဆောင်တစ်ခု ပြုလုပ်ချင်ရင် အဲဒီလူဆယ်ယောက်ရဲ့ အရှိန်အဝါတွေ ရှိရမယ်။ ဒါပေမဲ့ သူတို့က ဘယ်ဆယ်ယောက်လဲ။ တောင်ပိုင်းနတ်နန်းတော်မှာတော့ မဟာ မိသားစုဆယ်ခုက ကြီးစိုးတယ်လို့ ကြားတယ်။ အဲဒီ အရှိန်အဝါဆယ်ခုက အဲဒီမိသားစုဆယ်ခုရဲ့ ခေါင်းဆောင်ကြီးတွေများ ဖြစ်မလား'

လုမင်လည်း စိတ်ထဲမှ မှန်းဆလိုက်သည်။

ယင်းက ဖြစ်နိုင်ချေအများဆုံး အချက် ဖြစ်၏။

သို့သော်လည်း အတိအကျတော့ အာမမခံနိုင်ပေ။ ထို့ကြောင့် အခွင့်အရေးရှာပြီး လျှို့ဝှက်စုံစမ်းရန် စီစဉ်ခဲ့သည်။

နောက်ခုနစ်ရက်လောက်အထိတော့ ထူးခြားမှုမရှိပါ။

သို့ရာတွင် ရှစ်ရက်မြောက်နေ့ ညမှာ လုမင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ တောင်ပေါ်တွင် လျှို့ဝှက်လှုပ်ရှားနေသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရ၏။

ထိုလူရိပ်က အလွန်လျင်မြန်ပြီး လှုပ်ရှားမှု လုံးဝ မရှိပါ။ အဋ္ဌမအဆင့် ကမ္ပည်းသခင်များပင်လျှင် ထိုသူကို သတိမထားမိပေ။

လုမင်၏ မြင့်မားသော ကျင့်ကြံခြင်းကြောင့် မဟုတ်ပါက ရှာဖွေတွေ့ရှိရန် ခက်ခဲမည် ဖြစ်သည်။

ထို့အပြင်၊ ဤရုပ်သွင်က အပြင်ပန်း ဝင်္ကပါနှင့် အလွန်ရင်းနှီးပုံရသည်။ လူရိပ်က ဝင်္ကပါကိုဖြတ်၍ တောင်၏အတွင်းဘက်သို့ ဦးတည်သွားလေသည်။

လုမင်၏ မျက်လုံးက အရောင်ပြောင်းသွားသည်။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုလှုပ်ရှားကာ လူရိပ်နောက်သို့ တိတ်တဆိတ် လိုက်သွားတော့သည်။

ဝင်္ကပါကို ဖြတ်သွားပြီးနောက်၊ လူရိပ်က ရပ်တန့်သွားသည်။

ထိုလူရိပ်က အနက်ရောင်ဝတ်စုံကို ဝတ်ထား၏။ သူ့ရုပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ပုံစံအရ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

"လုံချန်၊ တောင်ပိုင်းနတ်နန်းတော်က နင့်ကို ဒီလိုဆက်ဆံတာ အရမ်းလွန်သွားပြီမှန်း ငါသိပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး"

ရုပ်သွင်က သက်ပြင်းချလိုက်သည်။

သူမ၏ အသံက အလွန်တိုးလျသော်လည်း လုမင် ကြားနေသေးသည်။

'ဒါက... ကျိဟုန်ချန်ပဲ'

လုမင်၏ မျက်လုံးများ တောက်ပသွားသည်။

ဤအသံက ကျိဟုန်ချန်၏ အသံဖြစ်ကြောင်း ထင်ရှားသည်။ လုမင် အမှတ်မမှားနိုင်ပေ။

ကျိဟုန်ချန်က အကြာကြီးမနေဘဲ လှည့်ထွက်သွားသည်။

လုမင်လည်း ကျိဟုန်ချန်နောက်သို့ လိုက်သွားခဲ့၏။

'ကျိဟုန်ချန်ကို အကူအညီတောင်းလိုက်ရမလား'

လုမင်လည်း စိတ်ထဲမှ အမျိုးမျိုး တွေး‌လိုက်မိသည်။

လုမင်သည် ကျိဟုန်ချန်နှင့် အလွန်ရင်းနှီးခြင်းမရှိသော်လည်း ကျိဟုန်ချန်၏စရိုကို နားလည်သည်။

ထို့အပြင် သူ့ပုံစံအရ ကျိဟုန်ချန်ဟာ လုံချန်ကို ကူညီလိုသော်လည်း ဘာမျှမတတ်နိုင်၍ စိတ်မကောင်းဖြစ်နေပုံရသည်။

လုမင်လည်း ထိုသို့တွေးမိသောအခါ ကျိဟုန်ချန်နောက်သို့ ဆက်လိုက်သွားသည်။ မကြာမီ၊ တောင်ပိုင်းနတ်နန်းတော်၏ အခြားနေရာများသို့ ရောက်သွား၏။

သို့သော်လည်း မကြာမီ၊ ကျိဟုန်ချန်က ရုတ်တရက် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ဘယ်သူလဲ၊ ဘယ်သူက ငါ့နောက်ကို လိုက်နေတာလဲ"

All Chapters