← Chapters

အခန်း ၁၃၇၈

Vol. 92 Ch. 1378

အခန်း ၁၃၇၈

Vol. 92 Ch. 1378

အပိုင်း ( 1378 ) နဂါးနတ်ဘုရားတောင်ကြား ပျက်စီးသွားပြီလား။

ကျိဟုန်ချန်က ဝိညာဉ်အသိဖြင့် သူမ၏ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တစ်စုံတစ်ယောက်မှ သူမနောက်သို့ လိုက်နေကြောင်း သွားပုံရလေသည်။

'ဘယ်လောက်တောင် ထက်မြက်လိုက်တဲ့ အသိစိတ်ပါလိမ့်။ မိန်းမတွေရဲ့ ဆဋ္ဌမအာရုံဆိုတာ ဒါကိုခေါ်တာဖြစ်မယ်'

လုမင်လည်း စိတ်ထဲမှ ကြိတ်ရယ်လိုက်သည်။

အမှန်တွင်၊ ကျိဟုန်ချန်က သူ့ကို ရှာမတွေ့ခဲ့ပါ။ တစ်စုံတစ်ယောက်က သူမနောက်သို့ လိုက်နေသည်ဟု သူမ၏ မသိစိတ်မှ ခံစားမိသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် ကြိမ်းမောင်းပြီး အကဲခတ်လိုက်ခြင်း ဖြစ်လိမ့်မည်။

သို့သော်လည်း ကျိဟုန်ချန်ဟာ သူမ၏ ဝိညာဉ်အသိဖြင့် အကဲခတ်ပြီးနောက် မည်သူမျှ ရှာမတွေ့ခဲ့၍ အနည်းငယ် စိတ်ရှုပ်သွားသည်။

"ထူးဆန်းလိုက်တာ၊ ငါ အထင် မှားသွားတာများလား"

ကျိဟုန်ချန် ရေရွတ်လိုက်၏။ ထို့နောက် ရှေ့သို့ဆက်ရန် ခြေလှမ်းပြင်ပြီးမှ သူ့မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူမ၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

အကြောင်းမှာ၊ လူငယ်တစ်ဦးက သူမရှေ့တွင် တိတ်တဆိတ် ပေါ်လာသောကြောင့် ဖြစ်သည်။ ထိုလူငယ်က သူမကို ပြုံးပြီး ကြည့်နေသည်။

ကျိဟုန်ချန် တုန်လှုပ်သွားပြီး အလိုလို နောက်ပြန်ဆုတ်သွား၏။

"နင်ဘယ်သူလဲ။ အခုလေးတင် ငါ့နောက်ကို လိုက်နေတာ နင်လား"

ကျိဟုန်ချန် အော်ပြောလိုက်သည်။

ယခုအခါ လုမင်က ရုပ်ဖျက်ထားသောကြောင့် သဘာဝအတိုင်း ကျိဟုန်ချန် မသိနိုင်ပေ။

"မိန်းကလေးကျိ၊ ငါ့ကို မှတ်မိသေးရဲ့လား"

လုမင် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က မူလ လုမင်အသွင်သို့ ပြောင်းလဲလာ၏။

အတန်ကြာစဉ်းစားပြီးနောက်၊ လုမင် ဆုံးဖြတ်ပြီး ကျိဟုန်ချန်ကိုတွေ့ရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

လုမင်ဂာ အမှန်တကယ် သူ့အကူအညီ လိုအပ်၏။ ကျိဟုန်ချန်သည် တောင်ပိုင်းနတ်နန်းတော်ရှိ ထိပ်တန်းမိသားစုဆယ်စုထဲမှ တစ်ဦးဖြစ်ကြောင်း သူသိသည်။ သူမက ကျိမိသားစုဘိုးဘေး၏ သမီးလည်း ဖြစ်၏။ ကျိဟုန်ချန်သာ သူ့ကို ကူညီနိုင်လျှင် ပိုအဆင်ပြေလိမ့်မည်။

"လုမင်၊ နင်လား"

လုမင်၏ရုပ်သွင်ကို မြင်ရပြီးနောက် ကျိဟုန်ချန် ပါးစပ်ကို လက်နှင့်အုပ်ပြီး အော်လိုက်မိသည်။

သူမ မယုံနိုင်ပေ။

ယခုအခါ၊ ကမ္ဘာပေါ်ရှိ ပညာရှင်အားလုံးက လုမင်ကိုဖမ်းဆီးရန် ရှာဖွေနေကြသည်။ သို့ရာတွင် လုမင်က တောင်ပိုင်းနတ်နန်းတော်သို့ အမှန်တကယ်ရောက်လာမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

"မိန်းကလေးကျိက ငါ့ကို အခုထိ မှတ်မိသေးတာပဲ။ ဒီအတွက် ဂုဏ်ယူမိပါတယ်"

လုမင် ပြုံးလိုက်သည်။

ကျိဟုန်ချန်လည်း သူမ၏ ခေါင်းပေါ်ရှိ အနက်ရောင် ခေါင်းစွပ်ကိုဖယ်ရှားပြီး လှပသော မျက်နှာကို ဖော်ထုတ်လိုက်လေသည်။ သူမက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လုမင်၊ နင် တကယ်ကြီး တောင်ပိုင်းနတ်နန်းတော်ဆီ ရောက်လာတဲ့အပြင် ငါ့ရှေ့မှာတောင် ပေါ်လာဝံ့တယ်ပေါ့။ ငါ တစ်ယောက်ယောက်ကို အသိပေးလိုက်လို့ နင့်ကို ဖမ်းဆီးသွားကြမှာ မကြောက်ဘူးလား"

"မိန်းကလေးကျိက ဒီလိုလူမဟုတ်ဘူးလို့ ငါယုံတယ်"

လုမင် ပြုံးလိုက်၏။

ကျိဟုန်ချန်၏ နှုတ်ခမ်းလေးများက ပြုံးယောင်သန်းသွားခဲ့လေသည်။ ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"လုမင်၊ နင် ငါ့ဆီက လိုချင်တာတစ်ခုခုရှိလို့လား"

"မှန်ပါတယ်၊ လုမင် မိန်းကလေးကျိရဲ့ အကူအညီတစ်ခုခု လိုနေတယ်"

လုမင်၏ အမူအရာက လေးနက်သွားပြီး လက်ယှက်ကာ ပြောလိုက်သည်။

"အိုး၊ ပြောသာ ပြောလိုက်ပါ၊ ငါတတ်နိုင်တာဆိုရင် မဖြစ်နိုင်တာ မဟုတ်ဘူး"

ကျိဟုန်ချန် ခေါင်းညိတ်လိုက်သည်။

"မိန်းကလေးကျိ၊ အဲဒီတောင်ပေါ်မှာ လုံချန်ကို အကျဉ်းချထားတာလား"

လုမင်က မေးသည်။

"မှန်ပါတယ်။ လုံချန် အထဲမှာ ထောင်ကျနေတယ်။ လုမင်... နင် လုံချန်ကို ကယ်တင်ချင်တာဆိုရင် နင် လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်။ နင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ကာကွယ်ရေးက အရမ်းတင်းကျပ်တယ်"

ကျိဟုန်ချန် သက်ပြင်းချလိုက်သည်။

"အရှိန်အဝါစက်ကြိုး ဝင်္ကပါက နက်နဲပေမဲ့ ချိုးဖျက်ဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး"

လုမင်က ပြောသည်။

"အရှိန်အဝါစက်ကြိုး ဝင်္ကပါအကြောင်း နင်သိတာလား"

ကျိဟုန်ချန် အံ့သြသွား၏။ ထို့နောက် သူ ဆက်ပြောဆိုလိုက်သည်။

"အရှိန်အဝါစက်ကြိုး ဝင်္ကပါအကြောင်း နင်သိတဲ့အတွက်၊ ဝင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိသင့်တယ်"

"အရှိန်အဝါစက်ကြိုး ဝင်္ကပါက လူဆယ်ယောက်ရဲ့ အရှိန်အဝါတွေက တောင်ပိုင်းနတ်နန်းတော်ရဲ့ မဟာမျိုးနွယ်စုဆယ်စုက ဘိုးဘေးတွေပဲ မဟုတ်လား"

လုမင်က ဆက်မေးလိုက်သည်။

"ဟုတ်တယ်"

ကျိဟုန်ချန် မဖုံးကွယ်ဘဲ ခေါင်းညိတ်လိုက်၏။

"ဒါကြောင့်ပဲ လုမင်က မိန်းကလေးကျိရဲ့ အကူအညီလိုတာပါ"

လုမင် ပြောလိုက်သည်။

"မဟာ မိသားစုကြီးဆယ်ခုက ဘိုးဘေးတွေရဲ့ အငွေ့အသက်ကိုရအောင် ကူညီပေးစေချင်တယ်လို့တော့ ငါ့ကိုမပြောနဲ့"

ကျိဟုန်ချန်၏ လှပသော မျက်လုံးများ ဝိုင်းစက်သွားသည်။

"အမှန်ပါပဲ၊ မိန်းကလေးကျိရဲ့ အထောက်အထားနဲ့ဆို သိပ်မခက်သင့်ဘူး မဟုတ်လား"

လုမင် ခေါင်းညိတ်ပြီး ပြောလိုက်၏။

အရှိန်အဝါဆိုသည်မှာ၊ လူတစ်ဦးက တစ်စုံတစ်ခုနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် သူတို့၏အငွေ့အသက်များ ကျန်ခဲ့မည် ဖြစ်သည်။

ဥပမာအားဖြင့် ဝတ်ဆင်ခဲ့သည့်အဝတ်အစားများ၊ ပန်းကန်လုံးများနှင့် အသုံးပြုခဲ့သော တူများ သို့မဟုတ် ဆံပင်များ မည်သည့်အရာဖြစ်စေ၊ သူတို့၏ အငွေ့အသက်များကို ချန်ထားခဲ့လိမ့်မည်။

ယင်းတို့ကို သူရနိုင်သရွေ့ လုံလောက်သည်။

တောင်ပိုင်းနတ်နန်းတော်၏ မဟာမျိုးနွယ်စုဆယ်စု၏ ဘိုးဘေးများက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သည်။ သာမာန်လူများက သူတို့၏ အရှိန်အဝါကို ရရှိနိုင်မည် မဟုတ်သော်လည်း ကျိဟုန်ချန်က ခြားနားသည်။ သူမ၏ဖခင်က မျိုးနွယ်စုကြီးတစ်ခု၏ ဘိုးဘေးတစ်ဦး ဖြစ်၏။ သူမ၏ ကိုယ်ပိုင်လက္ခဏာဖြင့်၊ မဟာမိသားစုကြီးဆယ်ခုမှ ခေါင်းဆောင်ကြီးများ၏ အရှိန်အဝါကို သူမရရှိနိုင်သည်။

"လုမင်၊ လုံချန်နဲ့နင့်ကို တောင်ပိုင်းနတ်နန်းတော်က ဒီလိုဆက်ဆံတာဟာ မတရားမှန်း ငါသိပါတယ်။ ဒါပေမဲ့ လုံချန်ကို ကယ်တင်ဖို့က မလွယ်ဘူး။ နင့်မှာ မျိုးနွယ်စုကြီးဆယ်ခုရဲ့ အရှိန်အဝါတွေရှိရင်တောင် ချိုးဖျက်ဖို့ ကမ္ပည်းကို သန့်စင်နိုင်မှာလား။ အဲဒီကမ္ပည်းအဆောင် သန့်စင်မှုနည်းလမ်းက ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ ငါတောင်မှ မရနိုင်ဘူး"

ကျိဟုန်ချန် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ မိန်းကလေးကျိ၊ ငါ့မှာ မိသားစုကြီးဆယ်ခုက ခေါင်းဆောင်ကြီးတွေရဲ့ အရှိန်အဝါတွေရှိနေသရွေ့၊ ဝင်္ကပါချိုးဖျက်တဲ့ အဆောင်ကို သန့်စင်နိုင်တယ်"

လုမင် ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

"တကယ်လား"

ကျိဟုန်ချန် ယုံရခက်ခက် ဖြစ်သွား၏။

လုမင်က သိုင်းတာအိုတွင် ကြီးမားသော စွမ်းရည်ရှိသည့်အပြင် အစွမ်းထက်သော ကမ္ပည်းသခင်တစ်ဦး ဖြစ်နေပါသလော။

ဝင်္ကပါချိုးဖျက် အဆောင်ပြုလုပ်နည်းကို သိထားလျှင်ပင် အဆင့်ကိုး ကမ္ပည်းသခင်၏ ကျင့်ကြံမှုမရှိဘဲ ပြုလုပ်နိုင်မည် မဟုတ်ပေ။

"ဟုတ်ပါတယ်"

ပြောပြီးသည်နှင့် တပြိုင်နက်၊ တောက်ပသော ရွှေရောင်ဝိညာဉ်မီးက လုမင်၏ မျက်ခုံးများကြားတွင် ကခုန်လာခဲ့သည်။

ကျိဟုန်ချန်၏ လှပသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။ သူမ၏ ပါးစပ်ကလေးမှာလည်း အနည်းငယ် ဟနေပြီး မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။

လုမင်က အမှန်တကယ် အဆင့်ကိုးကမ္ပည်းသခင် ဖြစ်နေပါသလော။

သို့ဆိုလျှင်၊ ယွမ်လု၏ တပည့်ရွေးချယ်ပွဲမှာ လုမင်က အင်အားအပြည့် အသုံးမချဘူးပေါ့။

သူက ကမ္ပည်းတာအိုတစ်ခုတည်းဖြင့် လူတိုင်းကို ဖိနှိပ်နိုင်အောင် အဆင့်ကိုးကမ္ပည်းသခင် ဖြစ်နေပြီ ဖြစ်သည်။ ယင်းက ဘယ်လိုမကောင်းဆိုးရွားမျိုး ဖြစ်သနည်း။

ကျိဟုန်ချန်လည်း သူ့ နှလုံးသားထဲတွင် ငိုကြွေးနေမိသည်။

"မိန်းကလေးကျိ..."

လုမင်က သူ၏ဝိညာဉ်မီးကို ပြန်ရုတ်သိမ်းပြီး သူမအား အကြိမ်အနည်းငယ် အော်ခေါ်လိုက်သည်။ နောက်ဆုံးမှ ကျိဟုန်ချန်လည်း သူမ၏ ထိတ်လန့်မှုမှ ပြန်လည်သက်သာလာခဲ့လေသည်။ ထို့နောက် လုမင်ကို စိုက်ကြည့်လိုက်သော သူမ၏အကြည့်ကြောင့် လုမင်လည်း ခေါင်းမွေးထောင်ထသွားမိသည်။

"ဘယ်လိုအရူးပါလိမ့်"

ကျိဟုန်ချန်လည်း နောက်ဆုံးတွင် ရေရွတ်ရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။

"ကောင်းပြီ၊ ငါနင့်ကို ကတိပေးတယ်။ မိသားစုကြီးဆယ်ခုက ခေါင်းဆောင်ကြီးတွေရဲ့ အရှိန်အဝါကို နင်ရအောငါ ငါကူညီပေးမယ်"

ကျိဟုန်ချန်က အတန်ကြာစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

လုမင်လည်း အလွန်ဝမ်းသာသွားလေသည်။ သူ ပြောလိုက်သည်။

"မိန်းကလေးကျိ၊ လုမင်မှာ နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်"

"ယုတ္တိဗေဒအရပြောရရင် လုံချန်နဲ့ ငါ့ကို နဂါးနတ်ဘုရားတောင်ကြားက ရွေးချယ်ထားပြီးပြီမို့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေဖြစ်နေပြီ မဟုတ်လား။ တောင်ပိုင်းနတ်နန်းတော်နဲ့ အခြားနတ်နန်းတော်သုံးခုက ဘာဖြစ်လို့ ငါတို့ကို တိုက်ခိုက်ဖို့ ဒီလောက် ရဲတင်းနေတာလဲ။ ဒီကြားမှာ တစ်ခုခု လွဲမှားနေပုံရတယ်"

လုမင်လည်း သူ့စိတ်ထဲမှ အကြီးမားဆုံးမေးခွန်းကို မေးလိုက်သည်။

ဤမေးခွန်းက လုမင်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တာ ကြာပြီ။

သူနှင့် လုံချန်တို့က နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များဖြစ်သည်။ သို့တိုင် ရှန်းရွှီတိုက်ကြီးမှလူများက သူတို့ကို ဤသို့ပြုဝံ့ကြ၏။ နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများ လာ၍ သတ်မည်ကို မကြောက်ကြဘူးလား။

လျှို့ဝှက်တိုက်ခိုက်လျှင်ပင် အဓိပ္ပာယ်ရှိဦးမည်ဖြစ်သော်လည်း ယခုက ပွင့်ပွင့်လင်းလင်း လုပ်နေကြသည်။

"လုမင်၊ နင်မသိသေးဘူးမဟုတ်လား။ လွန်ခဲ့တဲ့ လအနည်းငယ်က ကောင်းကင်နတ်ဘုရားဂိုဏ်း‌ကနေ ယွမ်လုက နဂါးဘုရားတောင်ကြား ပျက်စီးသွားပြီဆိုတဲ့ သတင်းကို ပေးပို့ခဲ့တယ်"

ကျိဟုန်ချန်က တုန်လှုပ်ချောက်ချားစရာ သတင်းတစ်ပုဒ်ကို ထုတ်ဖော်ခဲ့သည်။

"ပျက်စီးသွားပြီလား"

လုမင် အံ့အားသင့်သွား၏။

ယွမ်လုမှ နဂါးနတ်ဘုရားတောင်ကြားက ပျက်စီးသွားခဲ့သည်။

သို့ဆိုလျှင်တြော အားလုံးက အဓိပ္ပါယ်ရှိသွားပြီ။

နဂါးနတ်ဘုရားတောင်ကြား ဖျက်ဆီးခံရပါက၊ ရှန်းရွှီတိုက်ကြီးမှ ပညာရှင်များအတွက် မည်သည့် အားနည်းချက်မှ ရှိမည်မဟုတ်ပေ။

လုမင်လည်း တိတ်ဆိတ်သွားခဲ့သည်။ ယွမ်လုမှ အင်အားစုကြီးတစ်ခုနှင့် ပူးပေါင်းရန်မှာ မလွယ်ကူသော်လည်း ယခုတော့ သူ မဝင်ရောက်ခင်မှာပင် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။

ယွမ်လုတိုက်ကြီးက ရှန်းရွှီတိုက်အဖွဲ့အစည်းထက် ပို၍အန္တရာယ်များပုံပင်။ အင်အားစုကြီးတစ်ခုပင် ထိုကဲ့သို့ ဖျက်ဆီးခံခဲ့ရသည်။

သို့ဖြစ်လျှင်၊ နောင်ကို ယွမ်လုသို့ သူ့သွားရောက်လျှင်ပင် ဝင်ရောက်ရန် ဂိုဏ်းတစ်ခုကို ရှာရပေလိမ့်မည်။

All Chapters