← Chapters

အခန်း ၁၃၈၀

Vol. 92 Ch. 1380

အခန်း ၁၃၈၀

Vol. 92 Ch. 1380

အပိုင်း ( 1380 ) မြောက်ပိုင်းနှင့် တောင်ပိုင်းကြားမှ တိုက်ပွဲ။

ဝမ့်ရှန့်က ဟွင်းယွမ်တံဆိပ်ပြားကို သူ့ကိုယ်ပိုင်အဖြစ် သိမ်းယူလိုကြောင်း တောင်ပိုင်းနတ်နန်းတော်၏ အခြား မိသားစုများက သိနေကြပုံပင်။ သူတို့က ဝမ့်ရှန့်နှင့် အခြားသူများကို တမင်တကာ ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဝမ့်ရှန့်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း လှောင်ပြောင်ပြောဆိုလိုက်သည်။

"မင်း ဘာပြောချင်တာလဲ။ နဂိုကတည်းက လုံချန်ကို ငါ့ဝမ့်မိသားစုရဲ့ ကျွမ်းကျင်သူတွေက ဖမ်းဆီးနိုင်ခဲ့တာ။ လုံချန်ကို ဝိညာဉ်ရှာဖွေပြီး ဟွင်းယွမ်တံဆိပ်ပြားအကြောင်းသိအောင် ကြိုးစားခဲ့တာကလည်း ငါ့ ဝမ့်မိသားစုရဲ့ ကျွမ်းကျင်သူတွေပဲ။ မင်းတို့က ဘာမှလုပ်ခဲ့ရတာ မဟုတ်ဘူး။ အခုက ငါရထိုက်တာကို ငါ ပြန်ယူတာပဲ"

"ဟာသပဲ၊ ဝမ့်ရှန့်... ငါတို့သာ အဲဒါကို အတူတူ မထိန်းချုပ်နိုင်ခဲ့ရင် ဝမ့်မိသားစု တစ်ခုတည်းက ဟွင်းယွမ်တံဆိပ်ပြားကို ထိန်းထားနိုင်မယ်လို့ မင်းထင်လား။ အခြားနတ်နန်းတော်သုံးခုက အစောကြီးကတည်းက သိမ်းယူသွားလိမ့်မယ်"

သိုင်းအုပ်ချုပ်သူတစ်ပါးက အေးစက်စက် အော်ဟစ်လိုက်၏။

"ဟားဟားဟား၊ ငါက ဟွင်းယွမ်တံဆိပ်ပြားကို မင်းတို့နဲ့ ဝေမျှတာထက် တခြား နတ်နန်းတော်သုံးခုရဲ့ လက်ထဲ ရောက်သွားတာကို ပိုတောင် ကြိုက်သေးတယ်။ မင်းတို့ကောင်တွေမှာ ဟွင်းယွမ်တံဆိပ်ပြားရှိရင်တောင် ဘာထူးလဲ။ အဲဒါကို သိမ်းဆည်းထားပြီး သုံးတောင်မသုံးဝံ့ဘူး။ ဒီလိုဆိုမှတော့ ဟွင်းယွမ်တံဆိပ်ပြားနဲ့ နတ်ဘုရားအပျက်အယွင်းက ရတနာတွေကို ဘယ်လို ရယူကြမှာလဲ"

ဝမ့်ရှန့် ရယ်မောလိုက်၏။

"တော်စမ်း ဝမ့်ရှန့်၊ အခုအချိန်က မသင့်တော်သေးဘူး။ လုံချန်ကို ပြန်လလွှဲပေးလိုက်ပါ။ မဟုတ်ရင် ဝမ့်မိသားစုကို ဒီနေ့ ထိပ်တန်းမိသားစုကြီး ဆယ်ခုထဲက ဖယ်ထုတ်လိုက်ရလိမ့်မယ်"

ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က အေးစက်စက် အော်လိုက်သည်။ သူ့အရှိန်အဝါများက အားကောင်းပြီး ဝမ့်ရှန့်ထံ တိုးဝင်သွား၏။

သူက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူ ဖြစ်သည်။

"ဝုန်း... ဝုန်း"

တစ်ချိန်တည်းမှာပင် အခြားမိသားစုများ၏ ကျွမ်းကျင်သူများကလည်း ပြင်းထန်သော အရှိန်အဝါများဖြင့် ပေါက်ကွဲထွက်လာကြ၏။ သူတို့၏ အရှိန်အဝါများက ပေါင်းစည်းပြီး ဝမ့်ရှန့်နှင် အခြားသူများဆီသို့ မုန်တိုင်းတစ်ခုလို တိုးဝင်သွားတော့သည်။

ဝမ့်မိသားစု၏ ကျွမ်းကျင်သူများလည်း အချိန်မရွေး နစ်မြုပ်တော့မည့် မုန်တိုင်းကြားမှ လှေငယ်တစ်စင်းကဲ့သို့ ဖြစ်သွားသည်။

ဤလှုပ်ရှားမှုက အလွန်ကြီးမား၍ လူတိုင်းကို သဘာဝအတိုင်း ထိတ်လန့်စေခဲ့သည်။ တောင်အစွန်အဖျားကို စောင့်ကြပ်နေသော ကမ္ပည်းသခင်များလည်း အဝေးသို့ ဆုတ်ခွာသွားပြီး ဤအရာအားလုံးကို အလန့်တကြား ကြည့်နေကြလေသည်။

လုမင်လည်း လူအုပ်ထဲတွင် ရောထွေးနေပြီး လှုပ်ရှားရန် အခွင့်အရေးကို စောင့်နေလိုက်သည်။

ရုတ်တရက်၊ လုမင်က မြောက်ဘက် ကောင်းကင်ယံကို လှမ်းကြည့်လိုက်၏။

ထိုဘက်ပိုင်းမှ လုမင်ဟာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားရနိုင်သည်။ ဤဖိအားများက သူတို့ဆီ အရှိန်ပြင်းပြင်း ပျံသန်းလာကြ၏။

"ဝှစ်..."

နောက်အခိုက်တွင်၊ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ရာနှင့်ချီသော ပုံရိပ်များ အက်ကြောင်းအတွင်းမှ ထွက်လာကြတော့သည်။ ကောင်းကင်တွင်ရပ်နေသော သူတို့တစ်ဦးစီက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် ကျွမ်းကျင်သူများ ဖြစ်သည်။

သိုင်းအုပ်ချုပ်သူ၊ သူတို့အားလုံးက သိုင်းအုပ်ချုပ်သူများပင်။

ရုတ်တရက် သိုင်းအုပ်ချုပ်သူ တစ်ရာကျော် ရောက်လာသည်။

ဤသိုင်းအုပ်ချုပ်သူများက ပေါ်လာသည်နှင့် တပြိုင်နက် အရှိန်အဝါများ ပေါက်ကွဲကာ တောင်ပိုင်းနတ်နန်းတော်၏ လူများကို ဖိနှိပ်လိုက်၏။ မိုးနှင့်မြေကြားတွင် မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။

"မြောက်ပိုင်းနတ်နန်းတော်"

"ဝမ့်ရှန့်၊ မင်း မြောက်ပိုင်းနတ်နန်းတော်နဲ့ ပူးပေါင်းခဲ့တာပဲ"

တောင်ပိုင်းနတ်နန်းတော်မှ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းသံများ ထွက်ပေါ်လာခဲ့သည်။

နောက်မှ ရောက်လာသော ပညာရှင်များ အားလုံးဟာ မြောက်ပိုင်းနန်းတော်မှ သူများပင်။

"ဟားဟား၊ မင်းတို့ ဘာတွေအော်နေတာလဲ။ ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုပဲ"

ဝမ့်ရှန့် ရယ်မောလိုက်၏။ သူက လုံချန်ကိုခေါ်ကာ ပတ်၀န်းကျင်မှ ဖောက်ထွက်ပြီး မြောက်ပိုင်းနတ်နန်းတော်၏ လူများနှင့် ပူးပေါင်းတော့မည် ဖြစ်သည်။

"မစဉ်းစားနဲ့၊ လုံချန်ကို ထားခဲ့လိုက်စမ်း"

"ဝမ့်မိသားစုကို ဖျက်ဆီးပစ်ရမယ်"

တောင်ပိုင်းနတ်နန်းတော်မှ ကျွမ်းကျင်သူများလည်း ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့က တပြိုင်နက်တည်း လှုပ်ရှားပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုများအား ဝမ့်ရှန့်ထံ ထုတ်ဖော်လိုက်၏။

"သတ်"

မြောက်ပိုင်းနတ်နန်းတော်၏ ကျွမ်းကျင်သူများလည်း အချိန်မဖြုန်းဘဲ တောင်ပိုင်းနတ်နန်းတော်၏ ကျွမ်းကျင်သူများကို တိုက်ခိုက်ကြတော့သည်။

တောင်ပိုင်းနတ်နန်းတော်လည်း မတတ်သာတော့ဘဲ မြောက်ပိုင်းနတ်နန်းတော်ကို တားဆီးရန် သန်မာသော ကျွမ်းကျင်သူများအား‌ စေလွှတ်ခဲ့ရသည်။

နေရာတွင်၊ ဖရိုဖရဲတိုက်ပွဲတစ်ခု စတင်ခဲ့ပေသည်။

"ဝုန်း"

ရုတ်တရက်၊ စွမ်းအင်လှိုင်းတစ်ခုက အောက်ဘက်မှ တောင်ကို ထိမှန်သွားသည်။ တောင်က တိုက်ရိုက်ပေါက်ကွဲပြီး ပြာဖြစ်သွားတော့သည်။

"အား၊ ပြေး၊ ပြေးကြ"

အောက်ဘက်မှ သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်ရှိ ကမ္ပည်းသခင်များနှင့် ကျင့်ကြံသူများလည်း အသည်းအသန် ထွက်ပြေးသွားကြသည်။

ရာနှင့်ချီသော သိုင်းအုပ်ချုပ်သူများ အတူတကွ တိုက်ခိုက်နေသည့် မြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။

တောင်ပိုင်းနတ်နန်းတော် တစ်လျှောက်လုံးတွင် စူးရှသော မီးအလင်းရောင်များ ဖြာထွက်လာ၏။ ယင်းက အကာအကွယ် ကမ္ပည်းများဖြစ်တော့သည်။

"ဝှစ်... ဝှစ်"

တစ်ချိန်တည်းမှာပင် နတ်နန်းတော်တစ်ခုလုံးမှ လူများက စစ်မြေပြင်သို့ ပြေးလာခဲ့ကြသည်။ သူတို့အားလုံးက သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်၏။

နောက်ဆုံးတွင်၊ ဤသည်က တောင်ပိုင်းနတ်နန်းတော်၏ နယ်မြေဖြစ်သည်။ သူတို့နှင့်ပူးပေါင်းရန် ကျွမ်းကျင်သူများ အများကြီးရှိပေသည်။

တဖြည်းဖြည်းနှင့် တောင်ပိုင်းနတ်နန်းတော်က အသာစီးရလာခဲ့သည်။

မြောက်ပိုင်း နတ်နန်းတော်က နတ်နန်းတော်လေးခုတွင် အသန်မာဆုံးဖြစ်သော်လည်း၊ သူတို့၏အင်အား အားလုံးကို မလွှတ်နိုင်ပေ။ ထို့ကြောင့် တောင်ပိုင်းနတ်နန်းတော်၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ သူတို့ ရှုံးနိမ့်စပြုလာခဲ့သည်။

ကောင်းကင်မှ သွေးမိုး ရွာခဲ့သည်။ အလောင်းများက ကောင်းကင်မှ အဆက်မပြတ် ကျရောက်လာ၏။ သူတို့အားလုံးက သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူအလောင်းများ ဖြစ်သည်။

"ဝုန်း... ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော အတက်အကျများက ပျံ့နှံ့သွားသည်။ ယင်းက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများကြားမှ တိုက်ပွဲ ဖြစ်၏။ ယင်းမှာ ကြောက်ခမန်းလိလိ ဖြစ်တော့သည်။

"ဝမ့်ရှန့်၊ လုံချန်ကို လွှဲပေးစမ်း"

မိသားစုခေါင်းဆောင်တစ်ဦးက ဝမ့်ရှန့်စိုက်ကြည့်ကာ တိုက်ခိုက်ခဲ့သည်။

"ကျိဖုန်း၊ မင်းက ငါ့ကို တားဆီးချင်တာလား။ ထွက်သွားစမ်း"

ဝမ့်ရှန့်လည်း ပေါက်ကွဲလိုက်သည်။ သန့်စင်သောအလင်းများက သူ့ကို ဖုံးလွှမ်းထား၏။ သန့်စင်သော အလင်းဓားတစ်ချောင်းက ကျိဖုန်းကို ထိုးခုတ်ကာ နောက်ပြန်ဆုတ်ခိုင်းခဲ့သည်။ သူက လုံချန်ကိုခေါ်ဆောင်ကာ မြောက်ပိုင်းနတ်နန်းတော်မှလူများနှင့် ပူးပေါင်းနိုင်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ကျိဖုန်းနှင့် သူ့လူများက ဝမ့်ရှန့်၏လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။

တောင်ပိုင်းနတ်နန်းတော်၏ အခြားမိသားစုခေါင်းဆောင်များလည်း သူတို့လူများကို ဦးဆောင်ကာ မြောက်ပိုင်းနတ်နန်းတော်၏ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ခဲ့တော့သည်။

"မင်းတို့တွေ လုံချန်ကိုခေါ်ပြီး မြောက်ပိုင်းနတ်နန်းတော်ကို ပြေးကြ။ သူတို့ကို ငါတားဆီးလိုက်မယ်"

ဝမ့်ရှန့်က သူ့လူများကို အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သန့်စင်သောအလင်းရောင်က သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွား၏။ ယင်းက အလွန်တောက်ပပြီး မရေမတွက်နိုင်သော သန့်စင်ခြင်း အလင်းဓားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အလင်းဓားများက ကျိဖုန်း အပါအဝင် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို တိုက်ခိုက်လိုက်သည်။

သူက ရန်သူများကို တစ်ယောက်တည်းတားဆီးပြီး လုံချန်နှင့် သူ့လူများအား ထွက်သွားခိုင်းခဲ့သည်။

တောင်ပိုင်းနတ်နန်းတော်၏ မိသားစုခေါင်းဆောင် ဆယ်ဦးတွင် ဝမ့်ရှန့်၏ တိုက်ခိုက်နိုင်စွမ်းက ထိပ်တန်း သုံးဦးတွင် ရှိသည်။

ကျိဖုန်းက ဟိန်းဟောက်ပြီး အစွမ်းကုန် တိုက်ခိုက်လိုက်၏။ သို့သော်လည်း ဝမ့်ရှန့်၏ တားဆီးခြင်းကို သူ မကျော်ဖြတ်နိုင်ခဲ့ပေ။

ဝမ့်ရှန့်၏လူများက လုံချန်ကိုခေါ်ဆောင်ကာ အပြေးအလွှား ထွက်သွားကြသည်။

ထိုအချိန်တွင် လုံချန်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် နီမြန်းလာသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။

"ဝူး"

ထိုအချိန်တွင် လုံချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အသံက လူတစ်ယောက်၏ အသံနှင့်မတူဘဲ၊ ရှေးဦးသားရဲကြီးတစ်ကောင် နိုးထလာခြင်းနှင့် ပိုတူလှ၏။

လုံချန်၏ ဦးခေါင်းထက်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားသော ရှေးဦးနဂါးဆင်ကြီးတစ်ကောင် ပေါ်လာတော့သည်။ သူ့ထံမှ ကြောက်စရာကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

လုံချန်က ဖမ်းဆီးထားခြင်းမှ ရုန်းထွက်ပြီး ရှေးဦးနဂါးဆင်အဖြစ် ပြောင်းလဲလိုက်သည်။

"သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်လိုပြန်ကောင်းလာတာလဲ"

ဝမ့်မိသားစု၏ အုပ်ချုပ်သူတစ်ပါးက အော်ဟစ်လိုက်သည်။

လုံချန်၏ ကျင့်ကြံခြင်းအခြေခံမှာ မူလက တံဆိပ်ခတ်ထားခြင်း ဖြစ်၏။ သို့ပေမည့် ယခု မည်သို့ပြန်ကောင်းလာသနည်း။

သူတို့ ထိတ်လန့်တုန်လှုပ်သွားသည်။ ရှေးဦးနဂါးဆင်က ဟိန်းဟောက်ပြီး အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တက်နင်းလိုက်သည်။

ထိုသိုင်းအုပ်ချုပ်သူလည်း ရုတ်တရက်ဖြစ်ပြီး အသံနက်ကြီးနှင့် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ် ကြေမွသွားပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ပျက်စီးသွားတော့သည်။

အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့သည်။

အဝေးမှ လုမင်၏ မျက်လုံးများ အရောင်လက်သွားလေသည်။

လုံချန် ပြောင်းလဲသွားပုံရသည်။

လုမင်ဟာ လုံချန်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသည်။ လုံချန်၏ တိုက်ခိုက်နိုင်စွမ်းက များစွာ တိုးတက်ခဲ့လျှင်ပင် အဆင့်တစ် သိုင်းအုပ်ချုပ်သူကို တစ်ချက်တည်းဖြင့်သတ်ရန် မဖြစ်နိုင်ပေ။

အကြောင်းရင်းမှာ လုံချန်၏ ရှေးဦးနဂါးဆင်သွေးမျိုးဆက်က ပုံမှန်မဟုတ်သော အခြေအနေတွင် ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ ယခုအခါ ၎င်း၏ ကြံ့ခိုင်မှုမှာ အလွန်တိုးတက်ခဲ့ပြီ။

အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို သတ်လိုက်ပြီးနောက်၊ ရှေးဦးနဂါးဆင်က အခြားသိုင်းအုပ်ချုပ်သူနှစ်ပါးကို နောက်ပြန်ဆုတ်စေကာ အဝေးသို့ ပြေးသွားခဲ့သည်။

"ထွက်သွားဖို့ မစဉ်းစားနဲ့"

ဝမ့်မိသားစုမှ အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ရှေးဦးနဂါးဆင်ကို လက်သီးဖြင့် ထိုးချလိုက်၏။

"ဝုန်း"

ရှေးဦးနဂါးဆင်က ပေါက်ကွဲသံတစ်ချက်နှင့် လွင့်စဉ်သွားတော့သည်။

"ဟမ့်၊ မင်း ဘယ်လိုတောင် ခုခံဝံ့တာလဲ။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို ငါ ဖျက်ဆီးပစ်မယ်။ မင်း အသက်ရှင်နေသရွေ့ ဟွင်းယွမ်တံဆိပ်ပြားကို သုံးနိုင်ဦးမှာပဲ"

ဝမ့်မိသားစု၏ တတိယအဆင့် သိုင်းအုပ်ချုပ်သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက လုံချန်ကို ထပ်မံတိုက်ခိုက်လိုက်တော့သည်။

All Chapters