← Chapters

အခန်း ၁၃၈၃

Vol. 93 Ch. 1383

အခန်း ၁၃၈၃

Vol. 93 Ch. 1383

အပိုင်း ( 1383 ) မင်းတို့အားလုံး အမှိုက်တွေ။

"နတ်ဘုရားအပျက်အယွင်းရဲ့ အမြုတေနေရာမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ တကယ်ရှိတယ်"

လုမင်၏ စကားများက ဆွဲဆောင်နိုင်လွန်းပြီး လူတိုင်း၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။

ဤနေရာရှိ လူများအားလုံးတွင်၊ လုမင်တစ်ဦးသာ နတ်ဘုရားအပျက်အယွင်းများ အမြုတေနေရာသို့ ဝင်ရောက်ခဲ့ဖူး၍ သူသာလျှင်စကားပြောပိုင်ခွင့် ရှိသည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းက ဒီလောက်မြန်မြန် တိုးတက်လာရတဲ့ အကြောင်းရင်းကလည်း နတ်ဘုရားအပျက်အယွင်း ဗဟိုကနေ အစွမ်းထက် ရတနာကို ရရှိခဲ့လို့ပဲ"

လုမင်က ဆက်လက်ပြော‌ဆိုနေပြီး လူတိုင်း၏ နှလုံးသားကို ပူလောင်စေခဲ့ပေသည်။

ဟုတ်တော့လည်း ဟုတ်သည်၊ လုမင်သည် ရှမ်းဟွမ်တိုက်ကြီးမှ လူငယ်တစ်ယောက်သာဖြစ်သော်လည်း ပါရမီရှင်အားလုံးထက် သာလွန်ပြီး ရှန်းရွှီတိုက်အဖွဲ့အစည်း၏ နံပါတ်တစ် မျိုးဆက်သစ်ပါရမီရှင် ဖြစ်ခဲ့သည်။ ယခုဆိုလျှင် သူက ပို၍ပင် အံ့ဖွယ်ကောင်းလာခဲ့၏။ သိုင်းအုပ်ချုပ်သူများကိုပင် ကောက်ပင်ရိတ်သိမ်းသကဲ့သို့ သတ်နိုင်နေပြီ ဖြစ်သည်။

ယင်းက မယုံနိုင်လောက်အောင်ပင်။ လူတိုင်းက ဤအရာအားလုံးမှာ နတ်ဘုရားအပျက်အယွင်း၏ အမြုတေနေရာမှ ရတနာကြောင့်ဟု ယုံကြည်ခဲ့ကြသည်။

"ဟွင်းယွမ်တံဆိပ်ပြား"

အားလုံးက လုမင်ကို အရည်ရွှမ်းသည့် ပန်းသီးတစ်လုံးအား ကြည့်နေသကဲ့သို့ စိုက်ကြည့်နေတော့သည်။

သို့သော်လည်း ခဏချင်း မည်သူမျှ မလှုပ်ရှားဝံ့ဘဲ ဖြစ်နေသည်။ ဤနေရာတွင် လူများစွာရှိသည့်အပြင် နတ်နန်းတော်လေးခုမှ ကျွမ်းကျင်သူများလည်း ရှိ၏။ လူတိုင်းက ဟွင်းယွမ်တံဆိပ်ပြားကို လိုချင်ကြ၍ အချင်းချင်း သတိထားနေခဲ့သည်။

"ဟွင်းယွမ်တံဆိပ်ပြား ငါ ဘယ်သူ့ကို ပေးရမလဲ။ ဟုတ်ပြီ၊ ဒီလိုလုပ်၊ ငါ အညံ့ခံပြီး မင်းတို့ထဲက အင်အားတစ်ခုကို နတ်ဘုရားအပျက်အယွင်း အမြုတေနေရာကိုဝင်နိုင်ဖို့ ကူညီပေးမယ်"

လုမင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

နတ်နန်းတော်လေးခုမှ လူတို့၏ မျက်လုံးများ တောက်ပလာ၏။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် သတိထားနေပြန်သည်။ လုမင်သာ အင်အားတစ်ခုကို ပူးပေါင်းပါက ကျန်သုံးဖက်မှ တိုက်ခိုက်ခြင်းခံရမည်မှာ သေချာသည်။

"ဒီကောင်လေးရဲ့ ထောင်ချောက်ထဲ မရောက်စေနဲ့။ သူက ငါတို့ချင်းချင်း အရင်တိုက်ခိုက်ဖို့ သွေးထိုးနေတာ"

ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

လုမင် လှမ်းကြည့်လိုက်တော့ စကားပြောလိုက်သူမှာ တောင်ပိုင်းနတ်နန်းတော်၏ ကျန်းဟိုင်စစ်သူကြီး ဟိုင်ဖမ်းထျန်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ဟိုင်ဖမ်းထျန်းက လုမင်ကို အံတကြိတ်ကြိတ်ဖြင့် ကြည့်နေသည်။

"မှန်တယ်၊ သူက သူထွက်ပြေးဖို့ အခွင့်အရေးရအောင် ငါတို့အချင်းချင်း တိုက်ခိုက်စေချင်တာ"

တခြားသူများကလည်း ပြောလိုက်ကြသည်။

ဤလူများ အားလုံးသည် ထောင်စုနှင့် သို့မဟုတ် နှစ်ပေါင်း ထောင်သောင်းမကပင် နေထိုင်ခဲ့ကြသော မွန်းစတားအိုကြီးများ ဖြစ်၏။ လုမင်၏ အတွေးများကို သူတို့ မည်သို့ နားမလည်နိုင်ဘဲ ရှိမည်နည်း။

"ငါတို့ လုမင်ကို အရင်ဖမ်းပြီး သူ့ရဲ့ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပြီးမှ နတ်နန်းတော်လေးခုနဲ့ ပူးပေါင်းထိန်းချုပ်ဖို့ အကြံပြုချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ နတ်ဘုရားအပျက်အယွင်းက နတ်နန်းတော်လေးခုအနီးမှာပဲလေ။ လုမင်ကို အတူခေါ်ပြီး နတ်ဘုရားအပျက်အယွင်းထဲ ဝင်မယ်ဆိုရင် ဒါက ပိုမကောင်းဘူးလား"

ဝမ့်ရှန့်က အကြံပြုလိုက်သည်။

"ငါလည်း ဒီလိုပဲထင်တယ်"

"ငါသဘောတူတယ်"

တခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ပြီး သဘောတူညီမှု ရသွားကြသည်

"ဟမ့်၊ လုမင်... မင်းရဲ့လှည့်ကွက်လေးတွေက ငါတို့ရှေ့မှာ အသုံးမဝင်ဘူး။ မင်း အေးအေးဆေးဆေး အညံ့ခံသင့်တယ်။ ဒါက မင်းရဲ့ကံကြမ္မာပဲ"

ဟိုင်ဖမ်းထျန်းက လှောင်ပြောင်လိုက်သည်။

"တကယ်ပဲလား"

အားလုံး သဘောတူညီမှုရသွားသော်လည်း လုမင်၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူက ဟိုင်ဖမ်းထျန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ဒါဆိုရင်လည်း လာပါ၊ ငါ့ကို ခေါ်သွားလိုက်"

"မင်း…"

လုမင်၏ ထီမထင်ဘဲ ယုံကြည်မှုရှိသော အမူအရာကိုမြင်တော့ ဟိုင်ဖမ်းထျန်း၏စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွားသည်။ သို့သော်လည်း နောက်ဆုံးတွင် သူ့စိတ်ကို ထိန်းချုပ်ခဲ့ပေသည်။

"ဒီကောင်က လှည့်ကွက်တွေနဲ့ ပြည့်နေတာ၊ ဒါ့အပြင် သူက အရမ်းငြိမ်တယ်။ ဒီမှာ ထောင်ချောက်တစ်ခု ရှိရမယ်။ နောက်ပြီး သူ့မှာ ကမ္ပည်းလမ်းစဉ်မှာ ထူးချွန်တဲ့ ကိုယ်ပွားတစ်ခု ရှိတယ်။ သူ ဒီနေရာမှာ သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခု တည်ဆောက်မထားဘူးလို့ မဆိုနိုင်ဘူး"

ဟိုင်ဖမ်းထျန်းက သူ့စိတ်ကိုထိန်းပြီး ဝေဖန်သုံးသပ်လိုက်သည်။

"ဟုတ်တယ်၊ ငါတို့သတိထားရမယ်"

အခြား စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးက ခေါင်းညိတ်သည်။

"ဘာလဲ၊ မတိုက်ခိုက်ဝံ့ဘူးလား။ ကြောက်တတ်လိုက်တဲ့ အမှိုက်လိုကောင်တွေပဲ"

လုမင် လှောင်ပြောင်လိုက်၏။

ဟိုင်ဖမ်းထျန်းနှင့် နတ်နန်းတော်လေးခုမှ အခြားသိုင်းအုပ်ချုပ်သူများ၏ မျက်နှာများ မည်းမှောင်သွားသည်။

လုမင်မှ ဤနေရာတွင် သတ်ဖြတ်ခြင်းဝင်္ကပါကြီးများ တည်ဆောက်ထားမည်ကိုသာ သူတို့ ကြောက်နေခဲ့ပေသည်။

တတိယအဆင့် သိုင်းအုပ်ချုပ်သူကို သတ်ဖြတ်နိုင်သည့် လုမင်၏ အင်အားကလည်း ဩချလောက်စရာ ဖြစ်သည်။

လုမင်သာ နတ်ဘုရားအပျက်အယွင်း၏ အမြုတေမှ ရတနာတချို့ရရှိထားပြီး ဝင်္ကပါအဖြစ် တည်ဆောက်ထားပါက ပထမဆုံး တိုက်ခိုက်မည့်သူ အန္တရာယ်ကျရောက်နိုင်ပေသည်။

သို့သော်လည်း သူတို့က လုမင်ကို အတူတကွ မတိုက်ခိုက်နိုင်ပြန်ပေ။

ဟွင်းယွမ်တံဆိပ်ပြားက လုမင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသည်။ လုမင်ကို မတော်တဆ သတ်လိုက်မိပါက ဟွင်းယွမ်တံဆိပ်ပြားကို ရရှိတော့မည် မဟုတ်ချေ။

သူတို့က လုမင်ကို အနိုင်ယူနိုင်သည် သို့မဟုတ် လုမင်၏ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးလိုက်ရုံသာ တတ်နိုင်သည်။

ထို့ကြောင့် တိုက်ခိုက်တဲ့အခါမှာ သတိထားရပေမည်။

"မတိုက်ခိုက်သေးဘူးလား။ သိုင်းအုပ်ချုပ်သူဖြစ်ပြီး ငါတစ်ယောက်တည်းကိုတောင် ကြောက်ရွံ့နေကြတယ်။ မင်းတို့အားလုံးက အမှိုက်တွေပဲ"

လုမင်က ဂရုမစိုက်ဘဲ ပြင်းပြင်းထန်ထန် လှောင်ပြောင်လိုက်သည်။

ယင်းက လူအုပ်ကြီးအား လုမင်ကို ဝင်္ကပါတည်ဆောက်ထားကြောင်း ပို၍ သေချာစေခဲ့သည်။

"ဒီမှာ ဝင်္ကပါရှိမရှိ တစ်ယောက်ယောက်ကိုလွှတ်ပြီး ငါတို့ စမ်းသပ်ရလိမ့်မယ်"

အသျှင်သူတစ်ဦးက ပြောလိုက်သည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများသာ အသျှင်ဟု သတ်မှတ်ရန် အရည်အချင်း ပြည့်မီသည်။

"မှန်တယ်၊ တစ်စုံတစ်ယောက်ကို စမ်းသပ်ဖို့ လွှတ်လိုက်ရအောင်"

အသျှင်အဆင့် နောက်တစ်ယောက်က ပြောလိုက်၏။

သို့သော်လည်း မည်သူ့ကို ပို့လွှတ်ရမည်နည်း။

လူအုပ်ကြီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သေချာတာကတော့ မည်သူကမျှ စမ်းသပ်လိုစိတ်မရှိပေ။

လုမင်သာ ဤနေရာတွင် ဝင်္ကပါတည်ဆောက်ထားရိုးမှန်ပါက ဦးစွာ စမ်းသပ်သူတိုင်း အန္တရာယ်ရှိမည် ဖြစ်သည်။

ဤအခြေအနေတွေ နတ်နန်းတော်လေးခုမှ မည်သူ့ကိုမျှ စမ်းသပ်ရန် စေလွှတ်လိုစိတ်မရှိခဲ့ပေ။

"အဆင့်နိမ့်တိုက်ကြီးကလူတွေ ငါတို့နဲ့ ဒီကိုလိုက်လာကြတယ် မဟုတ်လား။ အနည်းဆုံးတော့ သူတို့ တစ်ခုခုတော့ လုပ်သင့်တယ်..."

တစ်ယောက်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

အဆင့်နိမ့် တိုက်ကြီးများမှ လူများ မျက်နှာပျက်သွားကြ၏။

"ဝှစ်... ဝှစ်"

ရုတ်တရက်၊ နတ်နန်းတော်လေးခု၏ အုပ်ချုပ်သူများပ အခြားတိုက်ကြီးများမှ ကျွမ်းကျင်သူများအနားတွင် ပေါ်လာခဲ့သည်။ သူတို့၏ အေးစက်သော မျက်လုံးများက အခြားတိုက်ကြီးများမှ ကျွမ်းကျင်သူများကို အရိုးထဲထိ စိမ့်တက်သွားစေခဲ့ပေသည်။

"မင်းတို့ ဘာလုပ်တာလဲ"

အဆင့်နိမ့်တိုက်ကြီးမှ တစ်ယောက်က ထအော်လိုက်သည်။

"ငါတို့ဘာလုပ်နေတာလဲ။ မင်းတို့ ဒီကိုတောင် ရောက်နေပြီပဲ၊ အန္တရာယ်ရှိတဲ့ရေကန်ထဲမှာ ငါးဖမ်းချင်ရင် အနည်းဆုံး တစ်ခုခုတော့ လုပ်သင့်တယ်။ သွားပြီးတော့ အဲဒီကောင်လေးကို ဖိနှိပ်လိုက်ပါ"

အသျှင်တစ်ဦးက အေးစက်စက် ပြောလိုက်သည်။

"မင်း အနိုင်ကျင့်လွန်းတာပဲ"

တစ်ယောက်က လက်မခံချင်ဘဲ အော်ဟစ်လိုက်၏။

"အနိုင်ကျင့်လွန်းတော့ ဘာဖြစ်လဲ၊ သွားစမ်း။ မင်းမလုပ်ရင် မင်းအပြင် မင်းရဲ့ တိုက်ကြီးတစ်ခုလုံးကို ငါဖျက်ဆီးပစ်မယ်"

အသျှင်များက ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်ကြသည်။

နောက်ဆုံးတွင်၊ ဒုတိယအဆင့်ရှိသော သွေးရောင်နေမင်း တိုက်ကြီးမှလွဲ၍ အခြား တိုက်ကြီးများမှ ကျွမ်းကျင်သူများ လှုပ်ရှားရန်အပြင် ရွေးချယ်စရာမရှိတော့ပေ။

စုစုပေါင်း ဒါဇင်ချီကာ ရှိကြသည်။

သူတို့အားလုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူသူများနှင့် တတိယအဆင့် သိုင်းအုပ််ချုပ်သူများ ဖြစ်ချေသည်။

ထိုလူများက လုမင်ဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။

"လုမင်၊ လက်မြှောက်ထားလိုက်"

တတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးက ကြိမ်းမောင်းလိုက်သည်။

"‌တိတ်စမ်း၊ မင်းလုပ်ချင်ရင် လုပ်လိုက်၊ အချိန်ဖြုန်းမနေနဲ့"

လုမင် ပြန်ပြောလိုက်၏။

"မင်း... အတူတူလှုပ်ရှားကြစို့"

"ကောင်းပြီ၊ အတူတူလုပ်ကြမယ်"

အဆုံးတွင်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် သိုင်းအုပ်ချုပ်သူ ဒါဇင်ပေါင်းများစွာက လုမင်ဆီသို့ ပြေးလာကြတော့သည်။

"သတ်"

လုမင် ရုတ်တရက် အော်လိုက်သည်။ နဂါးဟိန်းသံက သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး တတိယသွေးမျိုးဆက် ပေါ်လာခဲ့၏။ နဂါးအမှတ်အသားဓားကလည်း သူ့လက်ထဲတွင်ပေါ်လာကာ ရှေ့သို့လှမ်း၍ ထိုးခုတ်တိုက်ခိုက်တော့သည်။

"ဝုန်း... ချွမ်း"

ဓားအလင်းက တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးခဲ့ပြီး အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို သေဆုံးစေခဲ့သည်။

"သတ်"

နဂါးအမှတ်အသားဓားကို လက်ထဲတွင်ကိုင်ပြီး လုမင်က အတားအဆီးမရှိသကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

ဓားချက် ထုတ်ဖော်လိုက်တိုင်း အဆင့်နှစ် သိုင်းအုပ်ချုပ်သူများမှာ လုံးဝ မခုခံနိုင်ပေ။ သူတို့အားလုံး ဓားတစ်ချက်ဖြင့် သေဆုံးသွားသည်။ အဆင့်သုံး သိုင်းအုပ်ချုပ်သူများသာ လုမင်၏ တိုက်ခိုက်မှုအနည်းငယ်ကို ခံနိုင်ရည်ရှိသည်။

"ဂါး"

နဂါးဟိန်းသံဖြင့် လုမင်က နဝမနဂါးအသွင် ပြောင်းလဲလိုက်သည်။ ကစဉ့်ကလျားတာအိုနယ်မြေက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ နဝမနဂါး၏ လက်သည်းအောက်တွင် တတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါး သေဆုံးသွားတော့သည်။

တခြားသူများလည်း ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြသည်။

အသက်ရှူချိန် အနည်းငယ်မျှသာ ကြာသေးသော်လည်း သူတို့ထဲမှ ဆယ်ဦးကျော်က လုမင်၏ အသတ်ခံခဲ့ရသည်။ သူတို့က လုမင်ကို အနည်းငယ်မျှ ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပေ။

'ဒီကောင်ရဲ့စွမ်းအားက ထပ်ပြီး တိုးတက်လာပြန်ပြီ'

ဟိုင်ဖမ်းထျန်းက စိတ်ထဲတွင် တွေးလိုက်မိသည်။

ဤနေရာမှ အသျှင်များထဲတွင် လုမင်နှင့် တိုက်ခိုက်ဖူးသူက သူတစ်ဦးသာ ရှိသည်။

All Chapters