← Chapters

အခန်း ၁၃၈၅

Vol. 93 Ch. 1385

အခန်း ၁၃၈၅

Vol. 93 Ch. 1385

အပိုင်း ( 1385 ) ဧကရာဇ်သွေးဖြင့် ရေချိုးခြင်း။

"ဟုတ်တယ်၊ နတ်နန်းတော်လေးခုက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ယောက်စီကို စေလွှတ်ဖို့ အကြံပြုချင်တယ်။ ဒီနည်းနဲ့ပဲ ဒီကောင်လေးရဲ့ ခွန်အားကို ငါတို့ သိနိုင်မှာ။ တကယ်လို့ ဒီနေရာမှာ သတ်ဖြတ်ခြင်း ဝင်္ကပါကို တည်ဆောက်မထားတော့လည်း တစ်ခါတည်း ဖိနှိပ်လိုက်ရုံပေါ့"

မြောက်ပိုင်းနတ်နန်းတော်မှ ဆံပင်ဖြူ အဘိုးကြီးတစ်ဦးက ပြောလိုက်သည်။

သူသည် မြောက်ပိုင်းနတ်နန်းတော်မှ နန်းတော်ရှင် ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအခြေခံက သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ကောင်းပြီ၊ ဒီလိုပဲ လုပ်ကြတာပေါ့"

တခြားသူများလည်း ခေါင်းညိတ် သဘောတူလိုက်သည်။

ထို့နောက် လုပ်ရမည်က ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်ဖြစ်ချေသည်။

မကြာမီ၊ နတ်နန်းတော်လေးခုမှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ လေးဦးကို ရွေးချယ်ခဲ့သည်။

ဝမ့်ရှန့်က မြောက်ပိုင်းနတ်နန်းတော်ကို ခိုလှုံထားသူဖြစ်သောကြောင့် သူ၏ရာထူးမှာ အနိမ့်ဆုံး ဖြစ်သည်။ ပြောစရာမလိုအောင်၊ မြောက်ပိုင်းနတ်နန်းတော်က သူ့ကို ရွေးချယ်ခဲ့၍ သူ့မျက်နှာ ရှုံ့မဲ့သွားလေသည်။

"ဝုန်း... ဝုန်း... ဝုန်း"

မတူညီသော လမ်းကြောင်းလေးခုမှ သိုင်းအုပ်ချုပ်သူလေးဦးက ကောင်းကင်နတ်ဘုရားလေးပါးကဲ့သို့ လုမင်ကို တိုက်ခိုက်လိုက်ကြသည်။

"လုမင်၊ မင်းမှာ ဘယ်လို လှည့်ကွက်တွေပဲ ရှိပါစေ... ဒီနေ့ ရလဒ်က ဆုံးဖြတ်ပြီးပြီ"

ဝမ့်ရှန်က လှောင်ပြောင်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ သူ့တစ်ကိုယ်လုံးကို အဖြူရောင် သန့်စင်ခြင်းအလင်းရောင်ဖြင့် ဖုံးလွှမ်းထားတော့သည်။

သူဟာ လူ လေးယောက်တွင် အသန်မာဆုံး ဖြစ်သည်။

မူလက သူဟာ တောင်ပိုင်းနတ်နန်းတော်၏ မိသားစုဆယ်စုထဲမှ တစ်ဦးဖြစ်ပြီး ထိပ်တန်းသုံးဦးမှာပင် အဆင့်သတ်မှတ်ခံခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်းက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ပင် ရောက်ရှိတော့မည်။

မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာလုမင်လည်း ပူးပေါင်းရင်ဆိုင်လိုက်သည်။ ပြင်ပဖိအားများကို တွန်းလှန်ရန် ကစဉ့်ကလျား တာအိုနယ်မြေ ‌သန္ဓေဖြင့် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထား၏။

"ဝုန်း"

အကျော်အမော်လေးဦး၏ ဖိအားအောက်တွင် ရေကန်ထဲမှ ရေများ လှိုင်းထလာတော့သည်။ မိုင်တစ်သိန်းအတွင်း ကန်ရေက အငွေ့ပျံသွားပြီး ခြောက်သွေ့သော ရေကန်အောက်ခြေကို ဖော်ထုတ်လာခဲ့သည်။

"တိုက်ခိုက်ကြ"

ရုတ်တရက်၊ ဝမ့်ရှန့်က ဟိန်းဟောက်ပြီး ဦးဆောင်ကာ တိုက်ခိုက်တော့သည်။

အခြား ကျွမ်းကျင်သူ သုံးဦးကလည်း လုမင်ကို တိုက်ခိုက်လိုက်ကြသည်။

"ပူဖောင်းလေး"

ထိုအချိန်တွင် လုမင်က ခပ်တိုးတိုး အော်လိုက်သည်။

ထို့နောက် လုမင်၏ ပခုံးပေါ်၌ ပူဖောင်းလေး ပေါ်လာခဲ့၏။ သူက ခပ်တိုးတိုးအော်ပြီး ရှေ့လက်ကလေးများကို ဝှေ့ယမ်းလိုက်လေသည်။

ချက်ချင်းပင်၊ ကြည်လင်သော ပူဖောင်းများက ရုတ်တရက်ပေါ်လာကာ ဝမ့်ရှန့်နှင့် ကျွမ်းကျင်သူသုံးဦးအပေါ် ဖုံးအုပ်လိုက်တော့သည်။

သူတို့လေးယောက်စလုံး လေထဲမှာ မလှုပ်မယှက် ဖြစ်သွားသည်။

ပညာရှင်လေးဦးလည်း ပူဖောင်းများထဲတွင် ချိတ်ပိတ်ခံထားရသောကြောင့် သူတို့၏မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်နေတော့သည်။

"သတ်"

မူလခန္ဓာလုမင်က နဂါးအမှတ်အသားဓားကို ကိုင်ဆောင်ကာ လူတစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။

ဓားချက်က လူကို ထက်ပိုင်း ဖြတ်သွား၏။ နတ်ဘုရားဝိညာဉ်သည်ပင် ဓားစွမ်းအားကြောင့် ပျက်စီးသွားတော့သည်။

စတုတ္တအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးမှာ ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

လူတိုင်း အံ့ဩသွားကြသည်။ အခြေအနေကို လုံးဝ နားမလည်တော့ပေ။

လုမင်က နောက်လူတစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

"ရွှပ်"

သွေးများ ဖြာထွက်သွား၏။ ဒုတိယမြောက် သိုင်းအုပ်ချုပ်သူတစ်ပါး သေဆုံးသွားခဲ့ပြီ။

ထို့နောက်တွင် လုမင်က တတိယလူ ဝမ့်ရှန့်အား တိုက်ခိုက်လိုက်သည်။

"အား၊ ဘာတွေဖြစ်နေတာလဲ။ ချိုးဖြတ်... ချိုးဖျက်လိုက်စမ်း"

ဝမ့်ရှန့်လည်း ရူးသွပ်စွာဟိန်းဟောက်ရင်း ကြည်လင်သော ပူဖောင်းကို ဖောက်ထွက်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

လုမင်မှ သူ့အနားသို့ ရောက်ခါနီးမှာပင် ကြည်လင်သောပူဖောင်းကို ဖောက်ထွက်နိုင်ခဲ့၏။

သို့သော်လည်း သူ့ကို စိတ်ပျက်သွားစေသည့်အရာမှာ ဤပွင့်လင်းမြင်သာသောပူဖောင်းကို ဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ပူဖောင်းအသစ်တစ်ခု ပေါ်လာပြီး သူ့ကို ဖုံးအုပ်ထားခြင်း ဖြစ်တော့သည်။

ဤပူ‌ဖောင်းက မည်သည့်အတက်အကျမှမရှိဘဲ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူ့ကို ရှောင်တိမ်းရန် နည်းလမ်းမရှိခဲ့ပေ။

"မဟုတ်ဘူး၊ မလုပ်နဲ့..."

ဝမ့်ရှန့်လည်း နှလုံးသားထဲမှ ဒေါသတကြီး အော်ဟစ်ရင်း ရုန်းကန်လိုက်သည်။

သို့သော်၊ မမီတော့ပေ။ လုမင်က ရောက်ရှိလာပြီ ဖြစ်သည်။

"ရွှစ်"

ဓားချက် ဖြတ်သွားသည်နှင့် ဝမ့်ရှန့်၏ခန္ဓာကိုယ် ထက်ခြမ်းကွဲသွားကာ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်နတ်ဘုရားသည်ပင် ကြေမံသွားတော့သည်။

ဝမ့်ရှန့်ကို သတ်ပြီးသည်နှင့် လုမင်က မတုံ့ဆိုင်းဘဲ စတုတ္ထလူကို တိုက်ခိုက်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ဒါက အချိန်နဲ့ဟင်းလင်းပြင် တာအိုနယ်မြေပဲ၊ အဲဒါ အချိန်နဲ့ဟင်းလင်းပြင် တာအိုနယ်မြေ"

"ဒါက ဟိုအိမ်မွေးတိရစ္ဆာန်ဆီကပဲကွ။ သူက မွန်းစတားတစ်ကောင်ပဲ"

"သူ့ကို အတူတူ တိုက်ခိုက်ပြီး သတ်လိုက်ကြစို့၊ ဟွင်းယွမ်တံဆိပ်ပြားမရရင်လည်း ဂရုမစိုက်နိုင်တော့ဘူး"

စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ သုံးဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့ခြင်းကို နတ်နန်းတော်လေးခုမှ ကျွမ်းကျင်သူများအား ရူးသွပ်သွားစေခဲ့သည်။

လုမင်သည် အန္တရာယ် အလွန်များ၏။ ယနေ့တွင် သူ့ကို မသတ်ပါက အနာဂတ်မှာ ကိုယ်တိုင် သေသွားရလိမ့်မည်။

"တိုက်ခိုက်၊ အားလုံး တိုက်ခိုက်ကြ"

"သတ်"

နတ်နန်းတော်များမှ ကျွမ်းကျင်သူတစ်ရာကျော်လည်း ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ ရာနှင့်ချီသော တိုက်ခိုက်မှုများက လုမင်ဆီသို့ စုပြုံတိုးဝင်လာတော့သည်။

တိုက်ခိုက်မှုများသည် ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

ဤတိုက်ခိုက်မှုများသာ ထိမှန်ပါက သူ အသက်ရှင်ရန် အခွင့်အလမ်း မရှိပေ။ တစ်ခါတည်း ပြာကျသွားမည်မှာ သေချာသည်။

"တွိ..."

ပူဖောင်းလေးက သူ့လက်သေးသေးလေးများကို လေထဲသို့ ဝှေ့ယမ်းလိုက်ရာ အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခု ပေါ်လာခဲ့သည်။ လုမင်က ပြေးဝင်သွားသောအခါ အချိန်ဟင်းလင်းပြင် လျှောက်လမ်းက ချက်ချင်း ပြန်ပိတ်သွား၏။

"ဝုန်း"

လုမင်က အချိန်ဟင်းလင်းပြင် လျှောက်လမ်းအတွင်းသို့ ပြေးဝင်ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက်၊ တိုက်ခိုက်မှုများက ကျရောက်လာတော့သည်။

မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ရေကန်ကြီး၏ အောက်ခြေက ချက်ခြင်း ပျက်စီးသွားသည်။

"ဝုန်း"

မိုင်ပေါင်းထောင်ချီအကွာအဝေးအတွင်း မြေပြင်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ မရေမတွက်နိုင်သော အက်ကြောင်းကြီးများက ပင့်ကူမျှင်ကဲ့သို့ မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

တိုက်ခိုက်မှု၏ အလယ်ဗဟိုက မိုင်ထောင်သောင်းချီ အချင်းဝက်ရှိပြီး နက်ရှိုင်းသော အပေါက်ကြီးတစ်ခု ပေါ်လာတော့သည်။

"ဝုန်း"

နောက်အခိုက်အတန့်တွင် မီးတောက်နေသော ချော်ရည်များက တွင်းကြီးအတွင်းမှ ကောင်းကင်ယံသို့ မိုင်ထောင်ချီ၍ ပန်းထွက်လာခဲ့သည်။

ယင်းက မြောက်အောက်ကို နက်နဲစွာ ဖောက်သွားသည်မှာ သံသယဖြစ်စရာမလိုပေ။ ကမ္ဘာပျက်သကဲ့သို့ မရေမတွက်နိုင်သော သတ္တဝါများလည်း သေဆုံးသွားရသည်။

မိုင်သောင်းချီ ဝေးကွာသောနေရာတွင် ဟင်းလင်းပြင်က တွန့်လိပ်သွားပြီး လုမင်၏ရုပ်သွင် ပေါ်လာခဲ့သည်။

"လုမင် မသေသေးဘူးဟေ့"

"သူက ဟိုမှာ"

"သူ့ကိုသတ်"

"..."

ကျွမ်းကျင်သူများက လုမင်ကို လှမ်း‌မြင်သည်နှင့် ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

တောက်ပသော အလင်းတန်းများက ကောင်းကင်ကို ဖြတ်၍ လုမင်ကို လွှမ်းခြုံထားတော့သည်။

"မင်းတို့က သတ်ချင်မှတော့ ဒီနေ့ သတ်ရသေးတာပေါ့"

အေးခဲလေပုလဲ၏ စွမ်းအားက လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားခဲ့သည်။ လုမင်က လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုလိုက်ရာ သူ့အမြန်နှုန်းက တဟုန်ထိုး တိုးသွား၏။ သူက တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ပျံသန်းလိုက်တော့သည်။

"တွိ... တွိ"

ပူဖောင်းလေးကလည်း အော်ဟစ်ပြီး သူ၏ လက်သေး‌သေးလေးများကို လှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ်မှာလည်း ပထမဆုံး ရင်ဆိုင်ရသူက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ချေသည်။ သူတို့ဟာ ကြည်လင်သော ပူဖောင်းထဲတွင် ပိတ်မိပြီး လုံးဝမလှုပ်ရှားနိုင် ဖြစ်သွားသည်။

"ဝှစ်"

လုမင်က လျင်မြန်စွာ ပြေးလာပြီး ထိုလူကို သတ်ပစ်လိုက်သည်။

"ဝှစ်... ဝှစ်"

ထို့နောက်၊ လုမင်က နောက်ထပ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်ကို သတ်ပစ်လိုက်၏။

လုမင်က အုပ်ချုပ်သူသွေးဖြင့် ရေချိုးနေသော ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ပင်။

"အချင်းချင်း ကူညီကြဟေ့၊ ပူဖောင်းထဲမှာ ပိတ်မိနေတဲ့သူရှိရင် ချက်ချင်း ကူညီပေးကြ"

တစ်ယောက်ယောက်က အော်လိုက်သည်။

ထို့နောက် တစ်စုံတစ်ဦးမှ ပူဖောင်းထဲတွင် ပိတ်မိသောအခါ အခြားကျွမ်းကျင်သူများက အမြန်ဆုံး ကယ်တင်ရန် ကြိုးစားခဲ့ပေသည်။

"သူ့ရဲ့ လှည့်ကွက်တွေက အသုံးမဝင်တော့ဘူး။ သတ်ကြ"

"လုမင် ဒီနေ့ သေရမယ်"

လူအုပ်ကြီးက အော်ဟစ်ပြီး လုမင်ကို အရပ်ရပ်မှ တိုက်ခိုက်လိုက်ကြသည်။

"အခု ငါ့အလှည့်ကိုရောက်ပြီ"

ထိုစဉ် တန်တန်က ပေါ်လာပြီး ပြေးထွက်သွားသည်။ ရုတ်တရက် ကြီးမားလှသော လိပ်ခွံကြီးက လေထဲတွင် ပေါ်လာ၏။ တိုက်ခိုက်မှုများက လိပ်ခွံအပေါ်သို့ ကျရောက်လာသော်လည်း ၎င်းတို့အားလုံးကို ပိတ်ဆို့ထားတော့သည်။

"ရွှစ်... ဝှစ်"

ပူဖောင်းလေးက ပါးစပ်ကိုဟပြီး အလင်းတန်းအနည်းငယ်ကို မှုတ်ထုတ်လိုက်သည်။ ဤအလင်းတန်းများက လေဓားသွားများနှင့်တူသော်လည်း လေဓားသွားများထက် အဆများစွာ ပိုပြီး အစွမ်းထက်၏။ ၎င်းတို့ကို အချိန်နှင့်ဟင်းလင်းပြင် စွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်တော့သည်။

"ရွှစ်"

အလင်းတန်းအောက်တွင် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦး သေ‌ဆုံးသွားရသည်။

"ငါလုပ်မယ်"

တန်တန်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးမားလာခဲ့၏။ သူက တစ်ချက်ရိုက်လိုက်သောအခါ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦး သေဆုံးသွားတော့သည်။

တန်တန်နှင့် ပူဖောင်းလေးက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိပြီးနောက် ကြောက်မက်ဖွယ်အစွမ်းသတ္တိကို ပြသခဲ့ကြသည်။ သူတို့က စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကိုပင် သတ်နိုင်နေကြပြီ။

ယင်းက ပတ်ဝန်းကျင်မှ ကျွမ်းကျင်သူများကို ကျောရိုးထဲထိ စိမ့်ကြောက်သွားစေခဲ့သည်။

သို့သော်လည်း အနီးပတ်ဝန်းကျင်တွင် ကျွမ်းကျင်သူများက များပြားလွန်းလှသည်။ တန်တန်နှင့် ပူဖောင်းလေးက တစ်ဦးစီကို သတ်လိုက်သော်လည်း တိုက်ခိုက်မှုများစွာက ဆက်လက် ကျရောက်လာတော့သည်။

All Chapters