← Chapters

အခန်း ၁၃၈၆

Vol. 93 Ch. 1386

အခန်း ၁၃၈၆

Vol. 93 Ch. 1386

အပိုင်း ( 1386 ) ပြတ်ပြတ်သားသား သတ်ဖြတ်ခြင်း။

"ချီးပဲ၊ လူကလည်း များလိုက်တာ"

တန်တန်လည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူနှစ်ဦးကို သတ်ဖြတ်ပြီးနောက် မကျေမနပ်ဖြင့် ပြောဆိုကာ လုမင်၏ပခုံးသို့ ပြန်လာခဲ့သည်။

"ဝှစ်"

လုမင်၏ အခြားပခုံးပေါ်တွင် ပူဖောင်းလေးလည်း တိတ်တဆိတ် ပေါ်လာ၏။

"သွားကြစို့"

လုမင်လည်း လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုကာ လှည့်ပြေးတော့သည်။

"သတ်"

"သူ့ကို မလွတ်စေနဲ့"

အခင်းဖြစ်ပွားရာနေရာရှိ ကျွမ်းကျင်သူများအားလုံးက ဒေါသချောင်း‌ချောင်းထွက်နေကာ လုမင်အား တရမန်းကြမ်း အတင်း လိုက်လံတိုက်ခိုက်တော့သည်။

ရာနှင့်ချီသော အလင်းရောင်ခြည်များက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ လုမင်အား လွှမ်းခြုံသွားခဲ့သည်။

အရေးကြီးသောအခိုက်အတန့်တွင် ပူဖောင်းလေးက ဟင်းလင်းပြင်လျှောက်လမ်းတစ်ခု တည်ဆောက်လိုက်၏။ လုမင်လည်း အတွင်းသို့ ပြေးဝင်သွားကာ မိုင်တစ်သောင်းအကွာတွင် ပြန်လည် ထွက်ပေါ်လာတော့သည်။

"မရပ်ကြနဲ့ဟေ့၊ သူ့နောက်ကို ဆက်လိုက်ကြ။ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီနည်းလမ်းကို အဆက်မပြတ် အသုံးပြုနိုင်မှာ မဟုတ်ဘူး။ မကြာခင် သူ့ရဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားလိမ့်မယ်"

"သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

အသျှင်အဆင့်မှ အကျော်အမော်တချို့က အားပေးစကားပြောရင်း လုမင်အနောက်သို့ ဆက်လိုက်သွားသည်။

ယနေ့တွင် လုမင်ကို သတ်ပစ်ရလိမ့်မည်။ မဟုတ်၍ လုမင် ‌လွတ်မြောက်သွားပါက သူတို့တစ်ဘဝလုံး အေးအေးဆေးဆေး အိပ်စက်နိုင်တော့မှာ မဟုတ်ပါ။ လုမင်ကို လွှတ်ပေးလိုက်ခြင်းက ယခုနေ တိုက်ခိုက်ခြင်းထက် သူတို့အတွက် ပိုပြီး အန္တရာယ်များသည်။

ထို့ကြောင့်၊ ကပ်ဘေး၏ရင်းမြစ်ကို တစ်ခါတည်း ဖယ်ရှားရလိမ့်မည်။

သူတို့က လုမင်ကို အစွမ်းကုန် လိုက်ဖမ်းခဲ့ကြသည်။

လုမင်ကလည်း ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွား၏။

မိုင်တစ်သန်းခန့် ပျံသန်းပြီးနောက် လုမင် ရုတ်တရက် ရပ်တန့်သွားသည်။ သူက သူ့နောက်မှ လိုက်လာနေေသာ ကျွမ်းကျင်သူများကို လှည့်ကြည့်လိုက်သည်။ အေးစက်သော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့၏။

ကျွမ်းကျင်သူများ သူ့အနီးသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ဒုတိယခန္ဓာလုမင် ရုတ်တရက် ပေါ်လာတော့သည်။

"နိုးထလော့"

"ဝုန်း၊ ဂျုန်း…"

ကောင်းကင်တွင် မရေမတွက်နိုင်သော ကမ္ပည်းစာများနှင့် ဝင်္ကပါကြီးတစ်ခု ပေါ်လာခဲ့သည်။

ဝင်္ကပါက အလွန်ကြီးမားပြီး မိုင်သုံးသောင်း ဧရိယာကို ဖုံးအုပ်ထားကာ လူတိုင်းကို လွှမ်းခြုံသွားတော့သည်။

ဤသည်ကမှ လုမင်၏ သတ်ဖြတ်ခြင်းနည်းလမ်း ဖြစ်သည်။

လုမင်၏ အဆုံးစွန်သတ်ဖြတ်ခြင်းဝင်္ကပါက ရေကန်တွင် တည်ဆောက်ထားခြင်း မဟုတ်ပါ။ ထိုအစား ရေကန်က ငါးစာချမည့် နေရာတစ်ခုမျှသာ ဖြစ်သည်။

နတ်နန်းတော်လေးခုမှ ကျွမ်းကျင်သူများမှာ ဤမျှ အလွယ်တကူ အလိမ်ခံမည် မဟုတ်ကြောင်း သူ သိ၏။ ယခင် ဖြစ်ခဲ့သမျှက ထိုလူများကို ဤနေရာသို့ ဆွဲဆောင်ရန် ဖြစ်သည်။

"သေစမ်း၊ ငါတို့ အလိမ်ခံရပြီ"

"ဒီမှာ သတ်ဖြတ်ခြင်းဝင်္ကပါ ရှိနေတယ်ဟေ့"

"ဒီကနေထွက်သွားကြစို့"

အားလုံး အလန့်တကြား အော်ဟစ်လိုက်ကြသည်။

"နောက်ကျသွားပြီ။ နတ်ဘုရားအပြစ်ပေးခြင်း ဓားဝင်္ကပါ၊ သတ်"

ကမ္ပည်းတာအို ဒုတိယခန္ဓာက ဟိန်းဟောက်လိုက်သည်။

အဆုံးစွန်သတ်ဖြတ်ခြင်း ဝင်္ကပါမှ မရေမတွက်နိုင်သော ဓားအလင်းများ ပေါ်လာခဲ့၏။ ဓားအလင်း တစ်ခုစီက ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။

ဤဝင်္ကပါအတွက် ဒုတိယခန္ဓာလုမင်ဟာ လပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ၎င်း၏စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပေသည်။

"ဝှစ်... ဝှစ်... ဝှစ်"

ဓားအလင်းများက ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။

"ရွှစ်... ဝှစ်၊ အား..."

ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် သိုင်းအုပ်ချုပ်သူများမှာ ခုခံရန် အခွင့်အရေး လုံးဝ မရှိပေ။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များက ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။

၎င်းတို့ကို စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများသာ ခုခံနိုင်လိမ့်မည်။

မိနစ်အနည်းငယ်အတွင်း၊ ကောင်းကင်မှာ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ ဒါဇင်အနည်းငယ်သာ ကျန်တော့သည်။

ဤလူများကလည်း ရှန်းရွှီတိုက်အဖွဲ့အစည်း၏ အထွတ်အထိပ် အကျော်အမော်များ ဖြစ်ကြသည်။

သို့သော်လည်း ထိုအကျော်အမော်များမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပေသည်။

"အား"

အသံကိုကြား၍ လုမင် လှမ်းကြည့်လိုက်တော့ ဟိုင်ဖမ်းထျန်း၏ နှလုံးသားကို ဓားအလင်းထောင်ချီက ထိုးဖောက်သွား၍ သေဆုံးကြောင်း မြင်လိုက်ရသည်။

သူက ဒါဏ်ရာရပြီးသားဖြစ်ပြီး ပထမဆုံးသေဆုံးသူလည်း ဖြစ်ချေသည်။

ဟိုင်ဖမ်းထျန်း သေဆုံးပြီးနောက်တွင် အားနည်းသော အုပ်ချုပ်သူအချို့လည်း တစ်ဦးပြီးတစ်ဦး စတင် သတ်ဖြတ်ခံခဲ့ရသည်။

လူအရေအတွက်က တဖြည်းဖြည်း လျော့ကျလာတော့သည်။

"လုမင်၊ ငါ့ကိုလွှတ်ပေးပါ။ ငါ မင်းနဲ့ ဆက်မရှုပ်ဖို့ ဆန္ဒရှိပါတယ်"

"ငါလည်း သဘောတူပါတယ်..."

လူတချို့က အော်ဟစ်ပြီး ချမ်းသာပေးရန် တောင်းဆိုလိုက်လေသည်။

"မင်းတို့အားလုံး သေသင့်တယ်။ မင်းတို့သေသွားမှပဲ ငါယုံနိုင်မယ်"

လုမင်က အေးစက်စက် ပြောလိုက်သည်။ အဆုံးစွန်သတ်ဖြတ်ခြင်းဝင်္ကပါကို အသက်သွင်းထား၍ မရေမတွက်နိုင်သော ဓားအလင်းများက အဆက်မပြတ် ထွက်ပေါ်နေ၏။ လူများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရတော့သည်။

ဤသူများက ရှန်းရွှီတိုက်အဖွဲ့အစည်း၏ အုပ်ချုပ်သူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့၏ ဘဝများက တန်ဖိုးမရှိသကဲ့သို့ ဤနေရာတွင် သေဆုံးသွားခဲ့ရပေသည်။

မိနစ်အနည်းငယ်ကြာတော့ ကောင်းကင်မှာ လူငါးဦး၊ ခြောက်ဦးခန့်သာ ကျန်တော့သည်။

ဤလူများက ရှန်းရွှီတိုက်ကြီး၏ အထွတ်အထိပ် ကျွမ်းကျင်သူများဖြစ်သည်။ သူတို့တစ်ဦးစီက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။

သူတို့က အဆုံးစွန်သတ်ဖြတ်ခြင်းဝင်္ကပါမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဝင်္ကပါမှာ အလွန်ကြီးမားပြီး မိုင်သုံးသောင်း ဧရိယာကို လွှမ်းခြုံထားခြင်း ဖြစ်သည်။ အားကောင်းသော ဓားအလင်းများကလည်း အဆုံးမရှိပေ။

"လုမင်၊ မင်း ခွေးသေဝက်သေ သေရပါစေ"

နောက်ဆုံးလူအနည်းငယ်က တောင်းပန်၍မရမှန်း သိကြသောအခါ ကျိန်ဆဲလိုက်ကြသည်။

"ဝှစ်... ဝှစ်"

သို့သော်လည်း နောက်ဆုံးတွင်၊ သူတို့အားလုံး မောပန်းနွမ်းနယ်လာပြီး အဆုံးစွန်သတ်ဖြတ်ခြင်း ဝင်္ကပါ၏ သတ်ဖြတ်ခံခဲ့ရတော့သည်။

ဤတစ်ကြိမ်တွင် သိုင်းအုပ်ချုပ်သူငါးရာကျော်က လုမင်ကိုသတ်ရန် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း သူတို့အားလုံး လုမင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။

ဤအရာက ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် တစ်ခါမျှ မဖြစ်ခဲ့ဖူးသော အရာပင်။

နောက်ဆုံးလူကို သတ်လိုက်ပြီးနောက် လုမင် စိတ်လျော့ချလိုက်သည်။ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ရင်း အဆုံးစွန်သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းမှ သိုလှောင်လက်စွပ်ကို သိမ်းဆည်းတော့မည်။

ဤအခိုက်အတန့်တွင် လုမင်က သူ့နှလုံးသားထဲမှ အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။ ဤအကျပ်အတည်း ခံစားမှုက လုမင်၏ဆံပင်များအား ထောင်သွားစေပြီး နှလုံးသားအတွင်းမှ သွေးပျက်ချောက်ချားစွာ အော်ဟစ်လာစေခဲ့၏။

"ဝှစ်"

ထိုအချိန်တွင် လုမင်၏နောက်ကွယ်မှ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုက လုမင်ဆီသို့ တိုးဝင်လာတော့သည်။

မြန်သည်။ မြန်လွန်းသည်၊ လုမင် တုံ့ပြန်ရန် မတတ်နိုင်လောက်အောင် မြန်ဆန်လွန်း၏။

မသိစိတ်၏ စေ့ဆော်မှုဖြင့် ဒုတိယခန္ဓာလုမင်က လှုပ်ရှားပြီး လုမင်၏အနောက်ဘက်တွင် ဝင်ရပ်လိုက်သည်။

"ဝုန်း"

ဓားအလင်းတစ်ခုက ဒုတိယခန္ဓာလုမင်၏ ရင်ဘတ်ကို ဖောက်ထွက်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ရုတ်တရက် ပေါက်ကွဲသွားပြီး ဒုတိယခန္ဓာလုမင်၏ ခန္ဓာတစ်ခြမ်း ပေါက်ကွဲသွားတော့သည်။ သူ၏ ဦးခေါင်းတစ်ခြမ်းပင်လျှင် ပျက်စီးပြီး လွင့်သွားသည်။

"ဝုန်း"

ဒုတိယခန္ဓာလုမင်က အဝေးသို့ လွင့်စဉ်သွားပြီး သူ့အရှိန်အဝါများလည်း ပျောက်ကွယ်မတတ် အလွန်ပင် အားနည်းသွားတော့သည်။

ဒုတိယခန္ဓာလုမင်က သေလုနီးနီး ဖြစ်သည်။ မူလခန္ဓာလုမင်လည်း သွေးများ အန်ထွက်လာခဲ့၏။

သို့သော်လည်း ဤနှောင့်နှေးမှုက လုမင်အတွက် အချိန်ရခဲ့သည်။

အေးခဲလေပုလဲ၏ စွမ်းအင်က လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည်။ သူက လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာသွား၏။

လုမင် ဆုတ်သွားသည်နှင့် တပြိုင်နက် သူ့အား ဓားအလင်းတစ်ခုက အလွန်လျင်မြန်သော အရှိန်ဖြင့် လုမင်ကို တိုက်ခိုက်လာပြန်တော့သည်။

ဤသည်မှာ အရာအားလုံးကို သုတ်သင်နိုင်ပုံရသည့် ကြောက်စရာကောင်းသော ဓားအလင်းတစ်ခု ဖြစ်သည်။

လုမင်လည်း ဤမျှထက်မြက်သောဓားကို တစ်ခါမျှ ရင်မဆိုင်ဖူးပေ။

ထိုအချိန်တွင် တန်တန်နှင့် ပူဖောင်းလေးက တုံ့ပြန်လာခဲ့သည်။ လုမင်ရှေ့တွင် လိပ်ခွံတစ်ခုက ပိတ်ဆို့လိုက်၏။

"ခလွပ်"

လိပ်ခွံက ဓားအလင်းကို ပိတ်ဆို့ထားသော်လည်း ဓားအလင်းမှ ထိုးဖောက်နေဆဲ၏။

ထိုအချိန်တွင် ပူဖောင်းလေးက ဟင်းလင်းပြင်လျှောက်လမ်းတစ်ခုကို ဖွင့်လိုက်သည်။ လုမင်လည်း ဟင်းလင်းပြင်လျှောက်လမ်းထဲသို့ ပြေးဝင်သွားပြီး မိုင်တစ်သောင်းအကွာတွင် ပြန်ပေါ်လာတော့သည်။

နောက်ဆုံးတွင် သူက ပြင်းထန်သော တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။

"ဝှစ်..."

ထိုအချိန်တွင် ဓားအလင်းရောင်လက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။

"ဒါက... မင်းပဲ"

ထိုလူကိုမြင်တော့ လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ဤလူလတ်ပိုင်း အမျိုးသားက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်၏။ ထိုအချိန်က သူဟာ မုမိသားစု၏ခေါင်းဆောင်၊ လင်းသခင်လေးတို့နှင့်အတူ လုမင်အား လိုက်လံဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင်၊ သူက နတ်ဘုရားအပျက်အယွင်း၏ အမြုတေနေရာအထိ လိုက်ဝင်သောကြောင့် ဦးခေါင်းမဲ့ နဂါးစီးသူရဲ၏ တိုက်ခိုက်ခံရကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ထွက်ပြေးခဲ့ရပေသည်။

မူလကတော့ လုမင်ဟာ တစ်ဖက်လူကို ယွမ်လုသို့ ပြန်သွားပြီဟု ထင်ခဲ့သည်။ တစ်ဖက်လူက ယွမ်လုသို့ မပြန်သေးဘဲ ပုန်းခိုနေဦးမည်ဟု မမျှော်လင့်ထားပေ။ လုမင် စိတ်လျှော့ချလိုက်တော့မှ တစ်ဖက်လူက ပြင်းထန်စွာ တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍၊ ကမ္ပည်းတာအို ဒုတိယခန္ဓာ၏ တားဆီးခြင်းကြောင့်သာ မဟုတ်ပါက လုမင် သေသွားပေလိမ့်မည်။

သို့သော်လည်း တစ်ဖက်လူ၏ အခြေအနေကို ကြည့်ရသည်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်။

သူ့ခန္ဓာကိုယ်ကို အနက်ရောင် မြူခိုးများက ဝိုင်းရံထား၏။ ထိုမြူခိုးများက အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားပေသည်။ ယင်းက သူ့ကို အလွန်ရက်စက်ပုံရပြီး သူ့အရှိန်အဝါများအား မတည်မငြိမ် ဖြစ်စေသည်။

'ဒါက အဆင့်ခြောက် သိုင်းအုပ်ချုပ်သူနဲ့ ညီမျှတယ်'

လုမင်က သူ့စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

ယခင်က တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ အဆင့်ခုနစ် သိုင်းအုပ်ချုပ်သူ နယ်ပယ်အထက်တွင် ရှိသင့်သည်။ သို့သော်လည်း အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အခိုးအငွေ့များကြောင့် သူ၏ ကျင့်ကြံခြင်းက အဆင့်ခြောက် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ကျဆင်းသွားခဲ့ရပေသည်။

သို့သော်လည်း သိုင်းအုပ်ချုပ်သူနယ်ပယ် ဆဋ္ဌမအဆင့်က လုမင်ရင်ဆိုင်နိုင်သည်ထက် အဆပေါင်းများစွာ သာလွန်နေဆဲ ဖြစ်သည်။

All Chapters