အခန်း ၁၃၉၀
Vol. 93 Ch. 1390
အပိုင်း ( 1390 ) ယွမ်လုမှ ပါရမီရှင်များ၏ ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်း။
ထို့နောက် လုမင်က အခြားယဇ်ပလ္လင်နှစ်ခုကို ကြည့်လိုက်သည်။
"နဂါးနတ်ဘုရားတောင်ကြားနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်း"
လုမင်၏ မျက်လုံးများ တောက်ပလာသည်။
ယဇ်ပလ္လင်တစ်ခုပေါ်တွင် ယခင်က နဂါးနတ်ဘုရားတောင်ကြားမှ လာရောက်ခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားကြီး ရှိသည်။ သူ့နောက်တွင်လည်း လူငယ်တစ်ယောက် ရှိ၏။
တတိယယဇ်ပလ္လင်ပေါ်မှာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းအရွယ် ကျွမ်းကျင်သူနှစ်ဦး ရှိပေသည်။
"သင်းထောက်... သင်းထောက်၊ ကျုပ်ကို ကယ်ပါဦး၊ ဒီလုမင်က ကျုပ်ကို သတ်ချင်နေတာ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ဆံပင်ဖြူ အဘိုးအိုကို မြင်သောအခါ ကယ်တင်ရှင်ကို မြင်ရသကဲ့သို့ ဝမ်းသာအားရဖြင့် အာခေါင်ခြစ်ကာ အော်လိုက်သည်။
ဂောာင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး အော်ဟစ်လိုက်သည်နှင့် အကြည့်အားလုံးက လုမင်အပေါ်ကို ကျရောက်လာ၏။
"ဘာကွ၊ လုမင်၊ မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံဖြူအဘိုးကြီးက တုံ့ပြန်လာပြီး ဟိန်းဟောက်လိုက်သည်။
"သတ်"
တစ်ချိန်တည်းမှာပင်၊ ငရဲဖိနှိပ်ကျောက်စာချပ်က လှုပ်ရှားသွားပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးကို ဖိနှိပ်ခဲ့၏။
အချိန်ဖြုန်းရန်မရှိပေ။ ယွမ်လုမှ အင်အားစုများ ရောက်ရှိလာခြင်းက လုမင် မျှော်လင့်ထားသည်ထက် သာလွန်သည်။ သို့သော်လည်း ဤလူကြီးကို အလွတ်မပေးနိုင်ပေ။ ထို့ကြောင့် လုမင် ချက်ချင်း လှုပ်ရှားလိုက်သည်။
“မဟုတ်... မဟုတ်ဘူး၊ မင်း…”
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်သည်။
ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးကို တွေ့ပြီးနောက်တွင်ပင် လုမင်က တိုက်ခိုက်ဝံ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ငရဲဖိနှိပ်ကျောက်စာချပ်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးကို ဆက်လက်ဖိနှိပ်ခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သူ၏ စိတ်ဝိညာဉ်ပါ ပျက်သုဉ်းသွားတော့သည်။
"အတင့်ရဲလိုက်တာ၊ မင်း သေချင်နေတာပဲ"
ကောင်းကင်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးထံမှ အလွန်ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။ ဤအရှိန်အဝါက ယခင်လူကြီးထက် အဆပေါင်းများစွာ အားကောင်းသည်။ လုမင်က သူ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။
"ဝုန်း"
ဖိအားအောက်တွင်၊ လုမင်က ငရဲဖိနှိပ်ကျောက်စာချပ်ကို မထိန်းနိုင်တော့ဘဲ ပြိုကျသွားသည်။ လုမင်၏ မူလခန္ဓာကိုယ် ပေါ်လာခဲ့၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး သွေးအန်လုနီး ဖြစ်လာတော့သည်။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ နဂါးနတ်ဘုရားတောင်ကြားက တပည့်တွေကို အနိုင်ကျင့်ရ လွယ်ကူတယ်လို့ မင်းထင်နေတာလား။ ထွက်သွားစမ်း"
လုမင် ပြိုလဲခါနီးတွင် ကျယ်လောင်သော ကြိမ်းမောင်းသံကို ကြားလိုက်ရတယ်။ ၎င်းက နဂါးနတ်ဘုရားတောင်ကြားမှ လူကြီး ဖြစ်၏။ သူ့ထံမှ ဆံဖြူအဘိုးကြီးထက် အားမနည်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ဆံဖြူအဘိုးကြီး၏ အရှိန်အဝါကို ပိတ်ဆို့လိုက်တော့သည်။
ထိုမှသာ လုမင်လည်း သူ့ခန္ဓာကိုယ်အပေါ်မှ ဖိအားများ ပျောက်ကွယ်သွားသည်အား ခံစားလိုက်ရသည်။ ဤတော့မှ လုမင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
သူ့နှလုံးသားက လေးလံလွန်းပေသည်။
သန်မာလွန်းလှသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီး သို့မဟုတ် နဂါးနတ်ဘုရားတောင်ကြားမှ လူလတ်ပိုင်း အမျိုးသားကြီးဖြစ်စေ... သူတို့အားလုံးက အားကောင်းလွန်းလှသည်။ သူတို့က လုမင် ခန့်မှန်းနိုင်သည်ထက် သာလွန်သွားခဲ့၏။
လုမင်ဟာ ရှန်းရွှီတိုက်အဖွဲ့အစည်းမှာတော့ အလွန်အားကောင်းပုံရသည်။ သို့သော်လည်း ယွမ်တိုက်ကြီးရှိ ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက အလွန်အားနည်းနေသေးသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးနှင့် နဂါးနတ်ဘုရားတောင်ကြားမှ လူလတ်ပိုင်းအရွယ် အမျိုးသားတွင် မည်သူဖြစ်စေ၊ သူ့ကို အလွယ်တကူ သတ်နိုင်သည်ဟု ခံစားခဲ့ရသည်။
"မင်း ငါ့ကို တားဆီးချင်တာလား။ ဒီခွေးတိရစ္ဆာန်က ငါ့ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတစ်ယောက်ကို ငါ့ရှေ့မှာတင် သတ်ဝံ့တယ်။ သူ သေရမယ်"
ဆံပင်ဖြူအဘိုးကြီးက နဂါးနတ်ဘုရားတောင်ကြားမှ လူလတ်ပိုင်း အမျိုးသားကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"သေရမှာလား၊ ရယ်စရာကောင်းလိုက်တာ။ ဒီမှာ ငါနဲ့အတူ မင်း သူ့ကို ဘယ်လိုသတ်မယ်ဆိုတာ ကြည့်ချင်စမ်းတယ်"
နဂါးနတ်ဘုရားတောင်ကြားမှ လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ဆံပင်ဖြူ အဘိုးကြီးကို စိုက်ကြည့်လိုက်၏။
"မင်း ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား"
ဆံပင်ဖြူ အဘိုးကြီး၏ မျက်နှာက မည်းမှောင်သွားသည်။
နဂါးနတ်ဘုရားတောင်ကြားမှ လူလတ်ပိုင်း အမျိုးသားက ဂရုမစိုက်ဘဲ နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
"သတ်"
ရုတ်တရက်၊ ဆံပင်ဖြူအဘိုးကြီးက လှုပ်ရှားပြီး လုမင်ကိုသတ်ရန် ကြိုးစားတော့သည်။
"မင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မယ်ဆိုတာ ငါသိတယ်"
နဂါးဘုရားတောင်ကြားမှ လူလတ်ပိုင်းအရွယ် အမျိုးသားလည်း ဆံပင်ဖြူ အဘိုးကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။
"ဝုန်း"
နှစ်ယောက်သား အပြန်အလှန် ထိုးနှက်ကြပြီး ကောင်းကင်နှင့် မြေပြင်က တုန်ခါသွားပေသည်။
သို့သော်လည်း နှစ်ယောက်စလုံးက သူတို့၏ ခွန်အားကို အပြည့်အဝမထုတ်ဖော်ဘဲ ထိန်းထားသည်။ ထိုသို့မဟုတ်ပါက၊ ရှန်းရွှီရှေးမြို့တော်တစ်လုံး အန္တရာယ်ရှိလိမ့်မည်။
"မင်း တိုက်ခိုက်ချင်ရင် တိုက်ရအောင်"
"ဒါဆို မင်းကို အရင်သတ်မယ်"
နဂါးနတ်ဘုရားတောင်ကြားမှ လူကြီးနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးလည်း ကောင်းကင်သို့ ပျံတက်သွားကာ ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ခဲ့တော့သည်။
"ဝုန်း..."
ထိုအချိန်တွင် ကောင်းကင်မှ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဧရာမ လက်ဖဝါးတစ်ခုက လုမင်ကို ဖိချလိုက်၏။
၎င်းမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်လေး ဖြစ်သည်။ သူက ရုတ်တရက်ဆိုသလို လုမင်ကို တိုက်ခိုက်လာ၏။
"ဝုန်း"
လုမင်လည်း တုံ့ဆိုင်းမနေဘဲ ကောင်းကင်ကို လက်သီးနှင့် ထိုးချလိုက်သည်။
လက်သီးနှင့် လက်ဖဝါးတို့ တိုက်သွားသောအခါ၊ လုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ့ထံသို့ တိုးဝင်လာသော အဆုံးမဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး နောက်ဆုတ်သွားရတော့သည်။
"ဝှစ်"
လုမင် ရှေ့သို့ လူရိပ်တစ်ခု ရောက်လာခဲ့သည်။ ၎င်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်ပင်။
"ကောင်လေး၊ မင်းရဲ့ အဓိပဓိကျင့်ကြံခြင်းနဲ့ ငါ့ကို ခုခံနိုင်တာ မဆိုးပါဘူး၊ ဒါပေမဲ့... ဒီတိုက်ခိုက်မှုမှာ ငါက ငါ့အင်အားရဲ့ သုံးဆယ် ရာခိုင်နှုန်းကိုပဲ သုံးထားတာ။ ထပ်လာမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က လုမင်ကို နောက်တစ်ချက် ရိုက်ထုတ်လိုက်သည်။ ဤတိုက်ခိုက်မှု စွမ်းအားက ယခင်အကြိမ်ထက် များစွာ အားကောင်းခဲ့၏။
လုမင်၏ မျက်နှာက တင်းမာလာသည်။ သူဟာ သူ့ခွန်အားကို အမြင့်ဆုံးအထိ ထုတ်ဖော်ပြီး အတားအဆီးမဲ့သောကောင်းကင်သိုင်းကို အသက်သွင်းလိုက်၏။ ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေက သူ့လက်သီးကို ရစ်ပတ်လာပြီးနောက် လက်သီးချက် ထုတ်ဖော်လိုက်တော့သည်။
"ဝုန်း"
လက်သီးနှင့် လက်ဝါးက ဒုတိယအကြိမ် ရင်ဆိုင်လိုက်သည်။
ယခင်အတိုင်း ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခုက သူ့ဆီသို့ ပြေးလာနေသည်ကို ခံစားလိုက်ရ၏။ သူ မတတ်သာဘဲ နောက်ဆုတ်သွားရပြန်တော့သည်။
'သူက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နိုင်တာလဲ'
လုမင် အံ့အားသင့်သွားသည်။ မယုံနိုင်စရာကောင်းသလို သူ ခံစားလိုက်ရ၏။
သူ့ပြိုင်ဘက်၏ ကျင့်ကြံခြင်းအခြေခံက သိပ်မမြင့်မားကြောင်း ရှင်းရှင်းလင်းလင်း သူ ခံစားနိုင်သည်။
ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်။
ထို့အပြင်၊ သူ၏ ကျင့်ကြံခြင်းက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
သူ၏ လက်ရှိအင်အားဖြင့် ရှန်းရွှီတိုက်ကြီးမှ ဤအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် အလွယ်တကူ သတ်နိုင်သည်။
သို့သော်လည်း ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်မှလွဲ၍၊ လုမင်ဟာ သူ့ခွန်အားကို အပြည့်အ၀ အသုံးပြုထားပြီးဖြစ်သော်လည်း ပြိုင်ဘက်နှင့် မယှဉ်နိုင်သေးပေ။
ထို့အပြင် ပြိုင်ဘက်က သူ့ခွန်အားကို အပြည့်အ၀ အသုံးမပြုထားကြောင်း သူခံစားနိုင်သည်။ ယင်းကြောင့် နားမလည်နိုင်သလို သူ ခံစားခဲ့ရပေသည်။
လုမင်ဟာ ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အသုံးပြုထားလျှင်ပင် ပြိုင်ဘက်ကို အနိုင်ယူနိုင်မည် မဟုတ်သေးကြောင်း ခံစားခဲ့ရသည်။
သူ့ပြိုင်ဘက်၏ အင်အားက သန်မာလွန်းလှသည်။
အနှီလူငယ်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်နိုင်ပါမည်လော။
လုမင်လည်း သူ့စိတ်ထဲမှ မှန်းဆလိုက်မိသည်။
"စိတ်ဝင်စားစရာပဲ၊ မင်းက ငါ့ရဲ့ ဒုတိယရိုက်ချက်ကို ခံနိုင်ရည်ရှိတယ်။ ဒါဆို ငါ့ရဲ့ တတိယရိုက်ချက်ဆိုရင်ရော ဘယ်လိုလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်ဟာ လုမင်ကို နှစ်ကြိမ် ရိုက်လိုက်သော်လည်း မဖိနှိပ်နိုင်သောကြောင့် ရှက်ရွံ့သွားခဲ့သည်။ သူ့အမူအရာက အေးစက်သွား၏။
သူ၏ အရှိန်အဝါများကလည်း ပို၍ အားကောင်းလာတော့သည်။
"ဒီမှာ ဟန်ဆောင်နေတာတွေ ရပ်လိုက်စမ်း၊ မင်းမှာ အရည်အချင်းရှိရင် ငါ့ကို တိုက်ခိုက်လှည့်"
ထိုအချိန်တွင် ထွားကျိုင်းသော လူငယ်တစ်ဦးက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်နောက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ လုမင်နှင့် ဆက်ဆံရန် စိတ်မဝင်စားနိုင်တော့ဘဲ နောက်ကိုလှည့်၍ ထွားကျိုင်းသောလူငယ်နှင့် ရင်ဆိုင်ရတော့သည်။
ထွားကြိုင်းသော ထိုလူငယ်က နဂါးနတ်ဘုရားတောင်ကြား၏ ထွားကျိုင်းသော လူလတ်ပိုင်း အမျိုးသားနှင့်အတူ လိုက်ပါလာသူ လူငယ်လေး ဖြစ်သည်။
သူတို့ နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သော်လည်း ခဏချင်း အနိုင်အရှုံးကို ပြောရန် မလွယ်ပေ။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ"
လုမင်၏ မျက်လုံးများက တုန်လှုပ်မှုတို့ ပေါ်လာခဲ့သည်။
နဂါးနတ်ဘုရားတောင်ကြားမှ ထွားကျိုင်းသော လူငယ်လေးကလည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်နှင့် တူညီသော ကျင့်ကြံခြင်းအခြေခံ ရှိသည်။ သူတို့နှစ်ယောက်စလုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် ဖြစ်ကြ၏။ သို့သော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ ထူးကဲလွန်းလှသည်။ ရှန်းရွှီတိုက်အဖွဲအစည်းရှိ အားနည်းသော စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အသျှင်အချို့ပင် သူတို့နှစ်ဦးကို မယှဉ်နိုင်ဟု လုမင် ခံစားခဲ့ရလေသည်။
'ယွမ်လုက တကယ်ကို မရိုးရှင်းဘူး'
လုမင်က နှလုံးသားထဲမှ အော်ပြောလိုက်တယ်။ သူ့မျက်လုံးများမှာလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။
ကျွမ်းကျင်သူများ မိုးတွင်းမှိုလိုပေါပြီး ပြည့်နှက်နေသည့် ယွမ်လုနှင့် ရှန်းရွှီတိုက်အဖွဲ့အစည်းက နှိုင်းယှဉ်၍မရနိုင်ကြောင်း သံသယ ဖြစ်စရာ မလိုပေ။ ထို့ကြောင့် လုမင်၏စိတ်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့အပြင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ငရဲဖိနှိပ်ကျောက်စာချပ် အစိတ်အပိုင်းတစ်ခု ရှိကောင်းရှိနိုင်သည်အား လုမင် သိခဲ့ရ၏။ ယင်းက လုမင်ကို ပို၍ စိတ်လှုပ်ရှားစေသည်။
ငရဲဖိနှိပ်ကျောက်စာချပ်၏ အစိတ်အပိုင်းများအားလုံးကို စုဆောင်းနိုင်လျှင်၊ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က တုန်လှုပ်စရာကောင်းသည့် အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဟု သူခံစားမိ၏။
ဤအခိုက်တွင် နှစ်ဘက်အကြား တိုက်ပွဲက အလွန်ပြင်းထန်သော်လည်း တိုက်ခိုက်မှု အင်အားများမှာ တူညီနေသည်။ ခဏချင်း အနိုင် အရှုံးကို ခွဲခြားရန်မှာ မလွယ်ပေ။