← Chapters

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အပိုင်း ( 1391 ) ခွဲခွာနှုတ်ဆက်ချိန်။

ရှန်းရွှီရှေးမြို့တော်မှ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ တိုက်ပွဲ၏ ပြင်းထန်သော အတက်အကျများကြောင့် လူတိုင်း အသည်းအသန် ဆုတ်သွားကြတော့သည်။

ထိုအချိန်တွင် လုမင်၏ အတွေးတစ်ခုဖြင့် ရှဲ့နျန်ချင်း ထွက်ပေါ်လာခဲ့သည်။

"ရှဲ့နျန်ချင်း"

ရှဲ့နျန်ချင်း ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းနှစ်ဦး၏ မျက်လုံးများက တောက်ပလာသည်။

"လုမင်၊ ဘာတွေဖြစ်နေတာလဲ"

ရှဲ့နျန်ချင်းက သံသယဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

လုမင်၏ ဒုတိယခန္ဓာက ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး တန်တန်နှင့် ပူဖောင်းလေးသည်ပင် သတိလစ်သွားသည်ကို တွေ့လိုက်ရသောကြောင့်လည်း သူမ စိတ်ပူသွားမိသည်။ ယခုတော့ လုမင် ဘာမှမဖြစ်ကြောင်း မြင်တွေ့ရမှ သူ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။

လုမင်က အဖြစ်အပျက်ကို အတိုချုံးပြောပြလိုက်သည်။

"ဒီတော့ ဒီလိုပဲ"

ရှဲ့နျန်ချင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို မြင်သောအခါ ဦးညွှတ်ပြလိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးလည်း ရှဲ့နျန်ချင်းကိုကြည့်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ကျေနပ်သွားပုံရလေသည်။

ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းက အဓိပဓိအဆင့်သို့ ရောက်ရှိသွားသည့်အတွက် အံ့သြကျေနပ်သွားကြခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်က သူတို့ လုမင်နှင့် တွေ့ဖူးသည်။ ထိုအချိန်က ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းကို သူတို့ မှတ်မိသေးသည်။ ရှန်းရွှီတိုက်အဖွဲ့အစည်းကဲ့သို့ နိမ့်ကျသော နေရာမျိုးမှာပင် နှစ်နှစ်အတွင်း အဓိပဓိအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့သည်။ ဤအရည်အချင်းမျိုးက ရှဲ့နျန်ချင်းကို ပို၍ ကျေနပ်လာစေခဲ့ပေသည်။

ထို့နောက်တွင် ရှဲ့နျန်ချင်းက လူလတ်ပိုင်း အမျိုးသားနှစ်ယောက်ကို စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။

လူလတ်ပိုင်း အမျိုးသားတစ်ဦးက ခေါင်းညိတ်ပြီး ကောင်းကင်သို့ ပျံသန်းသွား၏။ သူက နဂါးနတ်ဘုရားတောင်ကြားမှ ထွားကျိုင်းသော အမျိုးသားနှင့် ပူးပေါင်းကာ ဆံပင်ဖြူ အဘိုးကြီးကိုပင် တိုက်ခိုက်လိုက်တော့သည်။

"ကောင်းကင်နတ်ဆိုးဂိုဏ်း၊ မင်း..."

ဆံပင်ဖြူ အဘိုးကြီးက ဟိန်းဟောက်သော်လည်း အကျော်အမော်နှစ်ယောက်နှင့် မယှဉ်နိုင်တော့ပါ။ ဖိနှိပ်ခံရပြီး တိုက်ပွဲမှ ဆုတ်ခွာရန်သာ တတ်နိုင်ခဲ့သည်။

"အဘိုးကြီး၊ မင်း ဆက်ပြီ တိုက်ခိုက်ချင်ရင် ဒီနေ့ မင်းကို သတ်ဖို့ စိတ်မ၀င်စားဘူး"

နဂါးနတ်ဘုရားတောင်ကြားမှ ထွားကျိုင်းသော လူကြီးက လှောင်ပြောင်လိုက်သည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ငါ့ကောင်းကင်နတ်ဘုရားဂိုဏ်းက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်းတကယ်ထင်နေတာလား။ မင်း စောင့်ကြည့်နေလိုက်"

ဆံပင်ဖြူအဘိုးကြီးက ဒေါသတကြီး ပြောနေသော်လည်း မတိုက်ခိုက်ဝံ့တော့ပါ။

ဆံပင်ဖြူ အဘိုးကြီးက တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ ထိုအချိန်တွင် လူငယ်နှစ်ဦးလည်း ရပ်တန့်ကာ နောက်ပြန်ဆုတ်သွားခဲ့၏။

"ရှန်းရွှီတိုက်အဖွဲ့အစည်းကလူ‌တွေ နားထောင်ကြ၊ ငါက ယွမ်လုက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ သင်းထောက်တစ်ယောက်ပဲ။ ယွမ်လုကို သွားရောက်ဖို့ ကျန်နေသေးတဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေ ကျန်နေသေးရင် လာခဲ့ကြတော့"

ဆံပင်ဖြူ အဘိုးကြီး၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

"ဟားဟားဟား"

နဂါးနတ်ဘုရားတောင်ကြားမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောကာ လုမင်အနားသို့ လျှောက်လာခဲ့လေသည်။ သူ့ မျက်လုံးများက အရောင်လက်နေပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"နဝမနဂါး သွေးမျိုးဆက်ကို နိုးထစေခဲ့တဲ့ ဘီလူးတစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မင်းရဲ့ အရည်အချင်းက တကယ်ကို အံ့မခန်းပဲ။ မင်းကို မတွေ့ရတာ နှစ်နှစ်လောက်ပဲ ရှိသေးပေမဲ့ ဒီလောက်တောင် တိုးတက်လာပြီ။ နယ်ပယ်ကလည်း အဓိပဓိအဆင့်ကို ရောက်သွားခဲ့ပြီလေ၊ ရှန်းရွှီတိုက်အဖွဲ့အစည်းလို နေရာမျိုးမှာ ဒီအရည်အချင်းမျိုးက ရှားတယ်"

"အကူအညီအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လုမင် ဦးညွှတ်လိုက်သည်။

"ဟားဟား၊ မင်းက ငါ့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်ပဲ။ ဘာလို့ ဒီလောက် ယဉ်ကျေးရမှာလဲ။ ငါ့နာမည်က လုံယွမ်ရှန်လို့ခေါ်တယ်၊ နဂါးနတ်ဘုရားတောင်ကြားရဲ့ သင်းထောက်ပေါ့။ မင်း ငါ့ကို သင်းထောက်လုံလို့ ခေါ်လို့ရတယ်"

လုံယွမ်ရှန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် လုံဝေဟုခေါ်သော အခြား လူငယ်လေးနှင့် မိတ်ဆက်ပေးလိုက်လေသည်

"ဒါနဲ့ စကားမစပ်၊ ဘာတွေဖြစ်ခဲ့တာလဲ"

လုံယွမ်ရှန်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း လူကြီး၏ ‌အလောင်းကို အံ့ဩနေသော အမူအရာဖြင့် ကြည့်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူလတ်ပိုင်း လူကြီး မည်မျှအားကောင်းမှန်း သူ သိပေသည်။ သို့တိုင်၊ မယုံနိုင်စရာကောင်း‌အောင် လုမင်က သူ့ကို သတ်ခဲ့သည်။

"ဒါက ဒီလိုပါ..."

လုမင်လည်း ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့သည်။

သူသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကောင်းကင်နတ်ဘုရားဂိုဏ်းဝင်များနှင့် အခြားသူများ၏ ဝိုင်းရံခံရပုံနှင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့်အကြောင်းတို့ကို ပြောပြခဲ့၏။

ဟွင်းယွမ်နန်းတော်သို့ ဝင်ရောက်ခြင်း၊ ကစဉ့်ကလျားတာအို၊ တန်တန်နှင့် ပူဖောင်းလေးကဲ့သို့ အရေးကြီးသောကိစ္စရပ်များကိုတော့ ကျော်ချထားခဲ့သည်။ သူ မပြောပြပေ။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူလတ်ပိုင်း အမျိုးသားကို နတ်ဘုရားအပျက်အယွင်း အမြုတေမှ ဦးခေါင်းမဲ့ နဂါးစီးသူရဲကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ဟုသာ ပြောခဲ့သည်။

"တောက်စ်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ငါ့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေကို တိတ်တဆိတ် ကြံစည်ဝံ့တယ်။ တော်တော် ရွံ့စရာကောင်းတာပဲ"

လုံယွမ်ရှန်‌ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။ သူဟာ ဆံဖြူအဘိုးကြီးကို တိုက်ရိုက် တိုက်ခိုက်ရလျှင် ကောင်းမလားဟုပင် တွေးလိုက်မိ၏။

ဆံပင်ဖြူ အဘိုးကြီးကလည်း သတိထား၍ ကြည့်လိုက်သည်။

သို့သော်လည်း နောက်ဆုံးမှာတော့ လုံယွမ်ရှန်က တိုက်ခိုက်ခြင်းမပြုတော့ပေ။

"ဒီလို အမှိုက်တွေကို သတ်လိုက်တာ ကောင်းတယ်။ လုံချန်ကို နတ်ဆင်ဂိုဏ်းက တပည့်အဖြစ် လက်ခံသွားတာကတော့ စိတ်မကောင်းစရာပေါ့လေ။ ဒါပေမဲ့ သူ့ရဲ့ သွေးမျိုးနဲ့ နတ်ဆင်ဂိုဏ်းက သူ့အတွက် ပိုပြီးသင့်တော်ပါတယ်"

လုံယွမ်ရှန်က ရေရွတ်ပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လုမင်၊ မင်း ကမ္မတိုက်ပွဲမှာ ဟွင်းယွမ်တံဆိပ်ပြားကို တကယ်ရခဲ့တာလား"

"ဟုတ်ပါတယ်"

လုမင် ခေါင်းညိတ်လိုက်၏။ လုမင်က သူ့တွင် ဟွင်းယွမ်တံဆိပ်ပြားရှိသည်ဟူသောအချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။

"ဟားဟားဟား၊ အံ့သြစရာပဲ။ ဘယ်သူသိလဲ... မင်း အနာဂတ်မှာ ဘယ်လိုကံကြမ္မာကောင်းနဲ့ ကြုံရနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ"

လုံယွမ်ရှန်၏ မျက်လုံးများက အံ့သြမှုဖြင့် လင်းလက်သွားသည်။

ထို့နောက်တော့ သူဟာ နောက်ထပ်မေးခွန်းများ မမေးတော့ပေ။

နောက်ဆုံးတွင် လုမင်၏ ရှင်းပြချက်မှာ အဓိပ္ပါယ်မရှိသော အရာများလည်း အများကြီးရှိခဲ့သည်။ လုံယွမ်ရှန်က သဘာဝအတိုင်း သိသော်လည်း တမင်လျစ်လျူရှုခဲ့ခြင်း ဖြစ်၏။ ယင်းက လုမင်၏ လျှို့ဝှက်ချက်ဖြစ်ကြောင်း သူသိပေသည်။

လုမင်က ဤမျှငယ်ရွယ်သော်လည်း ထိုသို့သော ကျင့်ကြံခြင်းအခြေခံရှိသည်။ သူ့တွင် လျှို့ဝှက်ချက်တစ်ချို့ ရှိနေခြင်းက ပုံမှန်ပင်။

"ဒါပေမဲ့ ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ လူတချို့က တကယ်အတင့်ရဲတယ်။ သူတို့က ငါ့နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက်ကို တိုက်ခိုက်ဝံ့တယမ။ သူတို့က သင်ခန်းစာပေးရဦးမှပဲ။ လုံဝေ၊ အသက်ရှင်နေသေးတဲ့သူတွေကို သင်ခန်းစာတစ်ခုပေးလိုက်ပါ။ ဒါ့အပြင် ငါ့ မဂါးနတ်ဘုရားတောင်ကြားက မပျက်စီးသေးဘူးဆိုတာကို သတင်းလွှင့်လိုက်။ အခု လုမင်က ငါ့နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီ။ သူတို့ အနာဂတ်မှာ လုမင်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံဝံ့ရင် ဆက်ရှိနေဖို့ မလိုတော့ဘူး"

လုံယွမ်ရှန်က ပြောလိုက်သည်။

"ကောင်းပါပြီ"

လုံဝေ ခေါင်းညိတ်ပြပြီး လေထဲသို့ တိုးဝင်ကာ ထွက်ခွာသွားတော့သည်။

"ကျေးဇူးတင်ပါတယ် သင်းထောက်လုံ"

လုမင် ကျေးဇူးတင်စကား ပြောလိုက်သည်။

လုံယွမ်ရှန်က သူ့ကို နှစ်သိမ့်ပေးနေမှန်း သူ သိ၏။ ထို့အပြင် ဤအခြေအနေကို လုမင် အမှန်တကယ် လိုအပ်သည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းမှ သိုင်းအုပ်ချုပ်သူ အများစုက ယခင်တိုက်ပွဲတွင် လုမင်၏ သတ်ဖြတ်ခံခဲ့ရသော်လည်း အင်အားအသီးသီး၌ အ‌ကျော်အမော်အချို့ ကျန်ရှိဆဲ ဖြစ်သည်။

ကျွမ်းကျင်သူအများအပြား မကျန်တော့သော်လည်း လုမင်ဟာ သူထွက်သွားပြီးနောက် ထိုလူများမှ ရှမ်းဟွမ်တိုက်ကြီးကို ဒုက္ခပေးမည်အား စိုးရိမ်နေသေးသည်။

သို့သော်လည်း နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများ၏ သတိပေးခံရပြီးနောက် ဤအုပ်စုများ နောက်ဆုတ်သွားသင့်သည်။

မကြာမီ ကောင်းကင်ယံတွင် ပါရမီရှင်တစ်ဦး ရောက်လာခဲ့သည်။ ကျိဟုန်ချန် ဖြစ်၏။

ကျိဟုန်ချန်၏ဖခင် ကျိဖုန်းက ကျိဟုန်ချန်၏ ဆွဲဆောင်မှုကြောင့် လုမင်ကို ဖမ်းဆီးရာတွင် မပါဝင်ခဲ့ပေ။ ထို့ကြောင့် သူ လွတ်မြောက်ခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းကိုသွားမည့် ပါရမီရှင်က များများမရှိပါ။ နှစ်ဦးတည်းသာ ရှိသည်။ ခဏကြာတော့ သူတို့နှစ်ယောက် ရောက်လာကြ၏။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဆံပင်ဖြူ အဘိုးကြီးလည်း ထိုနှစ်ယောက်ကို ခေါ်ဆောင်ကာ ရှေးဟောင်းပလ္လင်ပေါ်သို့ တက်ရောက်ပြီး ထွက်ခွာသွားတော့သည်။

"လုမင်၊ ငါလည်း သွားရတော့မယ်"

ရှဲ့နျန်ချင်းက လုမင်၏ အနားသို့ လျှောက်လာကာ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းက ရှဲ့နျန်ချင်းကို ခေါ်ဆောင်ရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအခါ သူမ ထွက်သွားရတော့မည်။

"ရှောင်ချင်း၊ စိတ်ချပါ။ ငါ အကြီးအကဲ လုံယွမ်ရှန်ကို မေးပြီးပြီ။ နဂါးနတ်ဘုရားတောင်ကြားနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက နယ်မြေချင်းတူပြီး သိပ်မဝေးဘူး။ နောက်ပိုင်း ငါ လာလည်မှာပေါ့"

လုမင်က ရှဲ့နျန်ချင်း၏ လက်ကလေးကို ဖျစ်ညှစ်ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"အင်းပါ"

ရှဲ့နျန်ချင်း ခေါင်းညိတ်လိုက်ပြီး လုမင်၏ နှုတ်ခမ်းကို ခဏတာ နမ်းလိုက်လေသည်။ ထို့နောက် ပြုံးပြီး ပြောလိုက်သည်။

"လုမင်၊ နင် ကြိုးစားရမယ်နော်။ နောက်တစ်ကြိမ်တွေ့တဲ့အခါ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နင့်ကို မကျော်လွန်စေနဲ့ဦး"

ထိုစကားကို ပြောဆိုပြီးနောက် သူမက တောက်ပစွာပြုံးကာ ထွက်ခွာသွား၏။

လုမင်လည်း ပြုံးပြီး ရှဲ့နျန်ချင်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကျော်အမော်နှစ်ဦး ထွက်ခွာသွားသည်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများမှာတော့ ဆန္ဒမရှိသော အရိပ်အယောင်များ ရှိနေလေ၏။

"ရှောင်ချင်း၊ စိတ်ချပါ။ ငါတို့ရဲ့ ခွဲခွာမှုက ယာယီပဲလေ။ ငါတို့မှာ ကမ္ဘာကြီးကို စိုးမိုးဖို့ ခွန်အားတွေရှိတဲ့အခါ နောက်ထပ်ခွဲခွာဖို့ မလိုတော့ဘူး"

လုမင် ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက်တွင် သူ့အကြည့်များက ခိုင်မာလာပြန်တော့သည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ နတ်နန်းတော်လေးခု၏ အကျော်အမော်များနှင့် လုမင်၏ တိုက်ပွဲသတင်းက ရှန်းရွှီတိုက်ကြီးတိုက်ကြီးတခွင်နှင့် အခြားတိုက်ကြီးများသို့ပင် ပျံ့နှံ့သွားခဲ့သည်။

ထိုတိုက်ပွဲတွင်၊ လုမင်က နတ်နန်းတော်ကြီးလေးခုနှင့် အခြားတိုက်ကြီးများမှ ထိပ်တန်းကျွမ်းကျင်ပညာရှင်အားလုံးကို အပြတ်အသတ် သတ်ဖြတ်ခဲ့၏။ ဤသတင်းကို ကြားသိရသူ မရေမတွက်နိုင်သော လူများအားလုံး ကြက်သီးတဖြန်းဖြန်းထကာ တုန်လှုပ်သွားကြတော့သည်။

All Chapters