အခန်း ၁၃၉၄
Vol. 93 Ch. 1394
အပိုင်း ( 1394 ) ချိုး မောင်နှမ။
ထွားကျိုင်းသော အဘိုးအို လုံယွမ်ချွမ်က လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"တောင်ကြားမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဒါကြောင့် သူတို့ကို အာရုံခံစားဖို့ မင်းရဲ့သွေးမျိုးဆက်ကို မသုံးတာ ပိုကောင်းမယ်။ မဟုတ်ရင် မင်းပဲ ဒုက္ခရောက်လိမ့်မယ်"
လုမင် မချိပြုံး ပြုံးလိုက်၏။ လူငယ်အချို့လည်း အံ့သြသွားကြသည်။
လုမင်က သွေးမျိုးဆက်ဖြင့် သူတို့ရှေ့ရှိ နှင်းတောင်တန်းမှ အငွေ့အသက်များကို ခံစားသိရှိနိုင်သော တစ်ဦးတည်းသူမဟုတ်တာ သိသာထင်ရှားလှပေသည်။
နဂါးနတ်ဘုရားတောင်ကြားမှ စုဆောင်းထားသော တပည့်များအားလုံးက အစစ်အမှန်နဂါး သွေးမျိုးဆက်ကို နိုးထစေနိုင်သော ပါရမီရှင်များ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် နားလည်ရန်က လွယ်ကူလွန်းပေသည်။
သူတို့အဖွဲ့က ရှေ့သို့ ဆက်လက် ပျံသန်းသွားခဲ့သည်။
'အရမ်းအေးတာပဲ'
ကြီးမားသော ရေခဲမြစ်ချောက်ထဲသို့ ပျံသန်းလာပြီးနောက် အပူချိန်ဟာ ရေခဲမှတ်အထိ ကျဆင်းသွားခဲ့သည်။
ထို့အပြင် အပူချိန်က ဆက်လက်ကျဆင်းနေဆဲ ဖြစ်၏။
ပျံသန်းနေရင်း လုမင်ဟာ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး တွက်ချက်ကြည့်လိုက်သည်။
ရေခဲမြစ်ချောက်ကြီးက အလွန် ကြီးမားသည်။ နှစ်ဖက်စလုံးရှိ ရေခဲနံရံများကလည်း ပေပေါင်း သောင်းနှင့်ချြီာ မြင့်မား၏။ ရေခဲမြစ်နံရံများပေါ်တွင် တည်ဆောက်ထားသည့် ရေခဲအိမ်များနှင့် အဆောက်အအုံများကိုပင် တွေ့ရနိုင်သည်။
သို့သော်လည်း အများစုမှာ ရေခဲမြစ်၏ နံရံများ၌ ထွင်းထုထားသော ဂူအိမ်များ ဖြစ်သည်။
ထို့အပြင် ချောက်၏ တစ်ဖက်တစ်ချက်စီတွင် ချိုင့်ဝှမ်းအချို့ရှိနေသည်။ ယင်းမှာ မူလမြစ်ကြီးမှ ခွဲထွက်သွားသည့် မြစ်လက်တက်များကဲ့သို့ပင်။ ထိုချိုင့်ဝှမ်းများတွင်လည်း လူအချို့ နေထိုင်ကြသည်။
ဆယ်မိနစ်ကျော်ကြာ ပျံသန်းပြီးနောက် ထွားကျိုင်းသော အဖိုးအိုက သူတို့ကို ချိုင့်တစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ချိုင့်ဝှမ်းနှစ်ဘက်ခြမ်းတွင် ဂူများစွာကို ထွင်းထုထား၏။ တစ်ချက်ကြည့်လိုက်ပါက အနည်းဆုံး ဂူထောင်ဂဏန်းခန့် ရှိလိမ့်မည်။
ယခုအခါမှာတော့ လိုဏ်ဂူတော်တော်များများက လူများ နေရာယူထားပြီး ဖြစ်သည်။
လူများရောက်လာသည်ကို အာရုံခံလိုက်သကဲ့သို့ ဂူများထဲမှ လူအချို့ ထွက်လာကြသည်။ သူတို့အားလုံးက အလွန်ငယ်ရွယ်ကြပြီး လုမင်တို့နှင့် မျိုးဆက်တူများ ဖြစ်ချေသည်။
'သန်မာလိုက်တဲ့ ကျင့်ကြံခြင်း အခြေခံ'
ဤလူများ၏ ကျင့်ကြံခြင်း အခြေခံကို ခံစားမိသောအခါ လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
အဓိပဓိ၊ ထိုလူငယ်အားလုံးက အမှန်တကယ်ပင် အဓိပဓိအဆင့် ကျင့်ကြံခြင်းအခြေခံ ရှိနေကြပေသည်။
သို့သော်လည်း လုမင် ခဏချင်း သဘောပေါက်သွားသည်။ ဤနေရာတွင် ကျင့်ကြံမှုအခြေအနေများက ရှန်းရွှီတိုက်အဖွဲ့အစည်းထက် အဆများစွာ သာလွန်သည်။ ဝက်တစ်ကောင်ပင်လျှင် သိုင်းဘုရင်နယ်ပယ် သို့မဟုတ် ဝိညာဉ်နတ်ဘုရားနယ်ပယ်အထိ လေ့ကျင့်နိုင်လောက်သော ဤနေရာမှာ ပါရမီရှင်များက မည်သို့ အားနည်းကြမည်နည်း။
"ကိုင်း၊ မင်းတို့ ဒီမှာ ခဏလောက်နေနိုင်တယ်။ ဒီလူတွေကလည်း မင်းတို့လို တခြားတိုက်ကြီးတွေကနေ အသစ်ရွေးချယ်ထားတဲ့ တပည့်တွေပဲ။ ဒါပေမဲ့ မင်းတို့ထက် နှစ်နှစ်စောပြီး လာခဲ့တာ"
"နောက်ပြီးတော့ ဒီရေခဲချိုင့်ဝှမ်းက ပြင်ပချိုင့်ဝှမ်းတစ်ခုပဲ။ မင်းတို့က နဂါးနတ်ဘုရားတောင်ကြားရဲ့ တရားဝင်တပည့်တွေ မဟုတ်သေးဘူး။ အမည်ခံတပည့်တွေလို့ပဲ ပြောရမယ်။ စမ်းသပ်မှုကို အောင်မြင်ပြီးမှသာ နဂါးနတ်ဘုရားတောင်ကြားရဲ့ တရားဝင်တပည့်အဖြစ် မှတ်ယူနိုင်မယ်"
"စမ်းသပ်ချိန်မတိုင်ခင် လေးလ ရှိသေးတယ်။ ဒီကာလအတွင်းမှာ ကြိုးကြိုးစားစား လေ့ကျင့်ထားသင့်တယ်။ မင်းတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် အဓိပဓိနယ်ပယ်ကိုရောက်ဖို့က ပြဿနာမရှိလောက်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဒီကိုရောက်လာသူအများစုဆိုရင်လည်း အဓိပဓိအဆင့်ကို ရောက်နေပြီ"
ဒါ့အပြင် မင်းတို့သိအောင်ပြောရရင် ဒီအကဲဖြတ်မှုက အခွင့်ကောင်းတစ်ခုပဲ။ ဒီအတွက် လူဘယ်လောက် အားကျနေရမယ်မှန်း မပြောနိုင်ဘူး။ မင်းတို့ရဲ့အင်အားက သန်မာလေလေ၊ အခွင့်အလမ်းရဖို့ အခွင့်အရေး ပိုများလေပဲ။ ဒါကြောင့် ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကြိုးစားအားထုတ်ရမယ်"
ထွားကျိုင်းသော အဖိုးအိုက အသေးစိတ် ရှင်းပြလိုက်သည်။
လုမင် စိတ်ထဲမှာ လှုပ်ရှားသွား၏။ ယခုထိ သူတို့က တရားဝင်တပည့်များ မဟုတ်သေးပေ။ စမ်းသပ်မှု အောင်မြင်မှသာ တရားဝင်တပည့် ဖြစ်လာမည် ဖြစ်သည်။
ယွမ်လုမှ အင်အားစုကြီးများ၏ တပည့်များ စုဆောင်းခြင်းအတွက် စံနှုန်းများမှာ ကြမ်းတမ်းလွန်းပေသည်။
ထိုအချိန်တွင် ထွားကျိုင်းသော အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ကျောက်စိမ်းတံဆိပ်များ ပေါ်လာသည်။ တံဆိပ်ပြားတွင် အသက်ဝင်လွန်းသော ရေခဲနဂါးကြီး ပုံစံ ထွင်းထုထား၏။
ထွားကျိုင်းသော အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းတံဆိပ်များက လုမင်နှင့် အခြားသူများထံသို့ ပျံသန်းသွားတော့သည်။
လုမင်လည်း တံဆိပ်ပြားတစ်ခုကို ဖမ်းယူလိုက်သည်။
"ဒီတံဆိပ်ပြားတွေမှာ နံပါတ်တစ်ခုရှိတယ်၊ အဲဒါက မင်းတို့ တည်းခိုနေရမဲ့ ရေခဲလှိုဏ်ဂူရဲ့ နံပါတ်ပဲ။ ကိုယ့်ဘာသာ နေရာရှာပြီး နေကြ။ နောက်ပြီး ဒီတံဆိပ်ပြားက မင်းတို့ အရံတပည့် အထောက်အထားဆိုတာ သိထားပါ။ ကိုင်း၊ မင်းတို့ ဒီမှာ နေခဲ့လိုက်ကြဦး၊ အကဲဖြတ်မှုအသေးစိတ်ရှင်းပြဖို့ ခဏနေမှ ပြန်လာခဲ့မယ်"
ထိုသို့ ပြောဆိုပြီးနောက် ထွားကျိုင်းသော အဘိုးအိုသာ နေရာမှ ထွက်သွားလေသည်။
လူတိုင်းပဲ ကျောက်စိမ်းတံဆိပ်ပြားမှ အမှတ်အသားအရ သက်ဆိုင်ရာရေခဲလှိုဏ်ဂူကို ရှာဖွေခဲ့ကြသည်။
"မင်္ဂလာပါ အစ်ကို"
လုမင်က သူ၏ ဂူအိမ်ကို ရှာဖွေနေချိန်တွင် ကြည်လင်သော အသံတစ်ခုကို ကြားလိုက်ရသည်။
လုမင် လှည့်ကြည့်လိုက်တော့ ပြုံးပြုံးလေးနှင့် သူ့ကိုကြည့်နေသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုမိန်းကလေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ချိုသာသော အပြုံးနှင့် ဖြူစင်သော အသားအရေ ရှိ၏။ မိန်းကလေးမှာ ရှားပါးသော အလှလေးတစ်ဦး ဖြစ်ချေသည်။
ထိုမိန်းကလေး၏ နောက်မှာတော့ ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ် လူငယ်တစ်ဦး ရပ်နေသည်။
"ဟမ်"
လုမင် အနည်းငယ် အံ့သြသွားသည်။
ဤလူနှစ်ယောက်ကို သူမသိပေ။ သူတို့ဟာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဤနေရာကို ရောက်ရှိလာပြီး ရေခဲဂူထဲမှ ထွက်လာခဲ့သော တပည့်များ ဖြစ်ပုံရသည်။
သူနှင့်လည်း မသိပါဘဲ အဘယ်ကြောင့် နှုတ်ဆက်ကြသနည်း။
"မင်္ဂလာပါ"
လုမင်လည်း ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်သည်။
မိန်းကလေးက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူမ၏အသွင်မှာ သူ့ကို အလွန်သိချင်နေပုံရ၏။
လုမင်လည်း အနည်းငယ် ဆွံ့အသွားပြီး သူ့နှာခေါင်းကို ပွတ်လိုက်မိသည်။
သူ ရောက်လာသည်နှင့် ဤသို့သော အလှလေးတစ်ဦးက သူ့ကို စိတ်ဝင်တစားရှိနေရမည်ဟု မမျှော်လင့်ထားပေ။
"ညီမလေး၊ နင် ဘာလုပ်နေတာလဲ"
မိန်းကလေး၏နောက်မှ ခေါက်ယပ်တောင်ကိုင်ထားသော အမျိုးသားသည်လည်း သိချင်သွားပုံရသည်။
"သူ့ရဲ့ သွေးမျိုးဆက်က အရမ်းထူးခြားတယ်"
မိန်းကလေးက ရုတ်တရက် ပြောသည်။
"ဟင်"
လုမင် ထပ်မံအံ့ဩသွား၏။
"ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ အစ်ကို။ ငါက ချိုးယင်ယင်ပါ၊ ဒါက ငါ့အစ်ကို ချိုးဟောက်လို့ခေါ်တယ်။ ငါ နင့်ကို ဘယ်လိုခေါ်ရမလဲ မသိဘူး"
မိန်းကလေးက ပြုံးပြလိုက်သည်။
"လုမင်"
လုမင် ပြောလိုက်သည်။
"အစ်ကိုလု၊ ငါ့ရဲ့ သွေးမျိုးဆက်က နည်းနည်းထူးတယ်လေ။ အခုလေးတင် နင့်ရဲ့ သွေးမျိုးဆက်က ငါ့ရဲ့ သွေးမျိုးဆက်ကို ဖိနှိပ်နေသလို ခံစားခဲ့ရတယ်။ အဲဒါကြောင့် ငါနင့်ကို အရမ်းသိချင်ပြီး မိတ်ဆွေဖွဲ့ချင်လို့"
ချိုးယင်ယင်က ရှင်းပြသည်။
လုမင် နားလည်သွား၏။ သူမ ခံစားလိုက်သည်က သူ၏ နဝမနဂါးသွေးမျိုးဆက်ကိုဖြစ်မည်ဟု လုမင် မှန်းဆမိခဲ့သည်။
"ဝမ်"
ထိုအချိန်တွင် ချိုးယင်ယင်၏ နောက်ကွယ်၌ အစစ်မှန်နဂါးပုံရိပ်တစ်ခု လျှပ်တစ်ပြက်ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားသည်။ သို့သော်လည်း လုမင်ဟာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရဆဲ ဖြစ်၏။
ချိုးယင်ယင်၏ သွေးမျိုးဆက်က ခြေသည်းငါးချောင်းပါသော အစစ်အမှန်နဂါးမဟုတ်ပေ။ ထိုအစား ခြေသည်းခြောက်ချောင်း ရှိနေသည်။
ယင်းက တကယ်ကို ခြေသည်းခြောက်ချောင်းရှိသော အစစ်အမှန် နဂါးပင်။
ဒဏ္ဍာရီအရ၊ အစစ်အမှန်နဂါး အားလုံးမှာ ခြေသည်းငါးချောင်းသာ ရှိကြသည်။ နဝမနဂါးကတော့ အစစ်အမှန်နဂါးများထဲတွင် မျိုးကွဲတစ်ခုဖြစ်၏။ ထို့ကြောင့်ပင် သူ့မှာ ခြေသည်းကိုးချောင်း ရှိခဲ့သည်။
သို့သော်လည်း လုမင်ဟာ ကမ္ဘာပေါ်တွင် ခြေသည်းခြောက်ချောင်းရှိသော အစစ်အမှန်နဂါးရှိရန် မမျှော်လင့်ထားပေ။
၎င်းသည်လည်း အစစ်အမှန်နဂါး မူကွဲတစ်ခု ဖြစ်နိုင်သည်။
လုမင် သူ့စိတ်ထဲမှ မှန်းဆလိုက်လေသည်။
"အစ်ကိုလု၊ ငါ့ရဲ့သွေးမျိုးဆက်က ထူးခြားတယ်လေ။ ခြေသည်းခြောက်ချောင်းရှိတဲ့ အစစ်အမှန်နဂါးပဲ။ ဒါက သာမာန်အစစ်အမှန်နဂါးတွေထက် ပိုအစွမ်းထက်တယ်၊ ဒါကြောင့် ငါအရမ်းသိချင်နေမိတာ။ နင့်ရဲ့ သွေးမျိုးဆက်က ဘာလဲ၊ ဘာဖြစ်လို့ ငါ့ရဲ့ သွေးမျိုးဆက်ကို ဖိနှိပ်နိုင်တာလဲ"
ချိုးယင်ယင်က စူးစမ်းလိုစိတ်အပြည့်ဖြင့် လုမင်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
"ငါ့ရဲ့ သွေးမျိုးဆက်လား"
လုမင် ခပ်တိုးတိုး ပြောလိုက်သည်။ သူက ရေရွတ်ရင်း နဝမနဂါးသွေးမျိုးဆက်ကို ထုတ်ဖော်ပြီး ချက်ချင်း ပြန်ရုတ်သိမ်းလိုက်၏။
ချိုးယင်ယင်နှင့် ချိုးဟောက်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"နဝမ… နဝမနဂါးလား။ နင့်ရဲ့ သွေးမျိုးဆက်က ဒဏ္ဍာရီလာ နဝမနဂါးပေါ့။ ငါ့ကို ဖိနှိပ်နိုင်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး"
ချိုးယင်ယင် အံ့အားသင့်စွာ အော်လိုက်သည်။
လုမင် ပြုံးလိုက်၏။ နဝမနဂါးကို ဖုံးကွယ်ထားစရာ မလိုပေ။ တိုက်ခိုက်ပြီးပါက လူတိုင်း သိသွားကြလိမ့်မည် ဖြစ်သည်။
"အစ်ကိုလု၊ နင်က ဒီကို ပထမဆုံး ရောက်လာတာမဟုတ်လား။ ကောင်းကောင်းအနားယူလိုက်ပါ။ ငါ့အစ်ကိုနဲ့ ငါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဒီကိုရောက်လာတာ။ နောက်ရက်ကျရင် ငါနင့်ကို ပတ်ဝန်းကျင်တွေ လိုက်ပြမယ်"
ချိုးယင်ယင်က ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပါပြီ၊ ဒါဆိုရင် ငါ မင်းကို ကြိုပြီး ကျေးဇူးတင်လိုက်တော့မယ်"
လုမင် လက်ယှက်ပြပြီး သူ့ကိုယ်ပိုင် ရေခဲဂူကို ရှာတွေ့ပြီး ဝင်သွားသည်။
ရေခဲဂူအဝင်ဝတွင် ရေခဲတံခါးတစ်ခု ရှိ၏။ ၎င်းကို ကျောက်စိမ်းတံဆိပ်ပြားဖြင့် အသက်သွင်းပြီး အလိုအလျောက် ဖွင့်၊ ပိတ်စေနိုင်သည်။
ရေခဲလှိုဏ်ဂူက အလွန်ကျယ်ဝန်းသည်။ အလျား မီတာ တစ်ရာနှင့် အနံ အနည်းဆုံး ဆယ်မီတာ မြင့်၏။ အထဲမှာ ရေခဲစားပွဲများ၊ ရေခဲကုလားထိုင်များနှင့် ရေခဲကုတင်များပင် ရှိခဲ့သည်။
ဤနေရာတွင် အပူချိန်က အလွန်နိမ့်သောကြောင့် ဤအရာများ အရည်ပျော်သွားမည်ကို စိတ်ပူစရာမလိုပေ။