အခန်း ၁၃၉၆
Vol. 94 Ch. 1396
အပိုင်း ( 1396 ) မြောက်များစွာသော ကျွမ်းကျင်သူများ။
ဤသို့ဖြင့်၊ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်နှင့် တောင်နှင့်မြစ်ပန်းချီကားတို့၏ ယွမ်စွမ်းအင် စုပ်ယူခြင်းများ မငြိမ်သက်မီ သုံးရက် သုံးည ကြာခဲ့သည်။
တောင်နှင့်မြစ်ပန်းချီကားက ကြွယ်ဝသော ယွမ်စွမ်းအင်များနှင့် ပြည့်နေပြီ။
လုမင်လည်း တောင်နှင့်မြစ်ပန်းချီကားကို သိမ်းလိုက်သည်။
နောက်ပိုင်း နေ့ရက်များကတော့ လှုပ်ရှားမှုမရှိပါ။ လုမင်လည်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် သိုင်းပညာကို နေ့တိုင်း လေ့ကျင့်လေ့ကျင့်နေခဲ့သည်။
လဝက်ကြာပြီးနောက် လုမင်လည်း ယွမ်လု၏ ပတ်ဝန်းကျင်နှင့် အပြည့်အဝ လိုက်လျောညီထွေ ဖြစ်ခဲ့ပြီ။ ထိုအချိန်တွင် လုမင်က ရေခဲလှိုဏ်ဂူတံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။
"အစ်ကိုလု"
သိမ်မွေ့သော အသံတစ်ခု ထွက်လာသည်။
အသံလာရာကို လုမင် လှည့်ကြည့်လိုက်တော့ ချိုး မောင်နှမဖြစ်သော ချိုးရင်ရင်နှင့် ချိုးဟောက်ကို တွေ့လိုက်ရ၏။
"ချိုး မိန်းကလေးနဲ့ ညီနောင်ချိုးပဲ၊ တိုက်ဆိုက်လိုက်တာ"
လုမင် ပြုံးလိုက်သည်။
"ညီနောင်လု၊ ဒီအတောအတွင်းမှာ မင်းလည်း အသားကျသွားပြီထင်တယ်"
ချိုးဟောက်က သူ့ခေါက်ယပ်တောင်ကို ဝှေ့ယမ်းပြီး ပြုံးလျက် ပြောလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ချိုးဟောက်က အတော်ချောမောသည်။ ဝတ်ရုံရှည်ကို ၀တ်ဆင်ထားပြီး ခေါက်ယပ်တောင်ကိုင်ထားသော သူ့ပုံစံက ချမ်းသာသော သခင်လေးတစ်ဦးနှင့်ပင် တူလှ၏။
"ငါ အဆင်ပြေသွားပါပြီ"
လုမင် ပြုံးပြီး ပြောလိုက်သည်။
"ကောင်းတာပေါ့၊ ငါတို့ ဈေးသွားမလို့။ အစ်ကိုလု... နင်ရော ငါတို့နဲ့ လိုက်ချင်လား"
ချိုးရင်ရင်က ပြောသည်။
"ဈေးလား၊ ကောင်းသားပဲ"
လုမင် ချက်ချင်း သဘောတူလိုက်၏။ သူသည်လည်း လွန်စွာ သိချင်မိသည်။
ယွမ်လုတိုက်ကြီး၏ ပတ်ဝန်းကျင်သည် အလွန်ကောင်းမွန်သောကြောင့် မရေမတွက်နိုင်သော ရတနာများလည်း မွေးဖွားမည်မှာ အသေအချာပင်။ ထို့ကြောင့် လုမင် သိချင်နေမိသည်။ သင့်တော်သော ရတနာများ တွေ့ရလျှင်လည်း ဝယ်ရဦးမည်။
သူတို့သုံးယောက်လည်း ချိုင့်ဝှမ်းအတွင်းမှ အတူတူ ထွက်လာခဲ့ကြသည်။ ထို့နောက် ကြီးမားသော ရေခဲမြစ်ချောက်ကြီးတစ်လျှောက် လမ်းလျှောက်ကာ ချောက်နက်ကြီးထဲသို့ လျှောက်သွားကြ၏။
ဤချောက်က အပြင်ဘက်ချိုင့်ဝှမ်းသာ ဖြစ်သည်။ ဤနေရာတွင် နေထိုင်သောသူများက အခြေခံအားဖြင့် အရံတပည့်များနှင့် အစေခံတချို့ ဖြစ်ချေသည်။
စစ်မှန်သော နဂါးနတ်ဘုရားတောင်ကြားက ကြီးမားကျယ်ပြန့်ပြီး နှင်းထူထပ်သော တောင်ကြီးများ၏ ချောက်အတွင်းတွင် ရှိနေသည်။
ဈေးက ချောက်နက်ထဲတွင် ရှိလေသည်။ နဂါးနတ်ဘုရားတောင်ကြား၏ တရားဝင်တပည့်များစွာလည်း ထိုနေရာသို့ လာတတ်ကြသည်။
မကြာမီ၊ လုမင်နှင့် အခြားသူများ ဈေးကို ရောက်လာခဲ့သည်။
ဈေးသည် အလွန်ကြီးမားသော ဧရိယာကို လွှမ်းခြုံထားသည်။ လမ်းဘေးနှစ်ဘက်တွင် ဈေးဆိုင်များရှိသည်။ အပြင်အဆင်သည် မြင့်မြတ်သောတောရတိုက်ကြီးနှင့် ဆင်တူသည်။
လူတွေလာပြီး ဈေးထဲသွားကြတယ်။
'ကျွမ်းကျင်သူတွေ အများကြီးပဲ'
ဝိညာဉ်အသိဖြင့် စူးစမ်းကြည့်ပြီးနောက် လုမင်စိတ်ထဲတွင် လှုပ်ရှားသွား၏။
လမ်းပေါ်တွင် သွားလာနေသော လူဆယ်ယောက်မှာ ငါးယောက်က သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။
တစ်ချို့ဆိုလျှင် ငယ်ရွက်ပြီး အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိဦးမည်။
အံ့သြစရာအကောင်းဆုံးက လုမင်ဟာ ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ် ဆယ်ကျော်သက်အချို့ကိုပင် တွေ့လိုက်ရခြင်း ဖြစ်သည်။ သူတို့လေးတွေ၏ မျက်နှာများက ကလေးဆန်ပြီး အပြစ်ကင်းစင်ပုံရသော်လည်း အမှန်တကယ် သိုင်းအုပ်ချုပ်သူများ ဖြစ်နေကြပေသည်။
လုမင် အတော်လေး အံ့ဩခဲ့ရသည်။
လုမင်၏ အမူအရာကိုမြင်တော့ ချိုးရင်ရင်က ပြုံးပြီး ရှင်းပြလိုက်လေသည်။
"အစ်ကိုလု၊ ငါတို့ ဒီကို စရောက်တုန်းက ဒီလိုပါပဲ။ အဲဒီတုန်းက ငါတို့လည်း အတော်လေး တုန်လှုပ်ခဲ့မိတယ်။ ဒါပေမဲ့ တွေးကြည့်တော့ ယွမ်လုရဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်က အရမ်းကောင်းတယ်လေ။ သိုင်းအုပ်ချုပ်သူ ဖြစ်လာဖို့က ငါတို့ တိုက်ကြီးတွေမှာထက် အများကြီး ပိုလွယ်တယ်"
"တကယ်ပါပဲ"
လုမင် အသက်ပြင်းပြင်း ရှူလိုက်သည်။
သိုင်းအုပ်ချုပ်သူများက ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် အကြွင်းမဲ့အာဏာရှင်များ ဖြစ်ကြသည်။ သူတို့က နယ်မြေကြီးတစ်ခုကို အုပ်စိုးပြီး ဒေသတစ်ခုကို အုပ်ချုပ်ကြပေသည်။ သို့ရာတွင် ယွမ်လုတိုက်ကြီးနှင့် နဂါးနတ်ဘုရားတောင်ကြားမှာတော့ နေရာတိုင်းတွင် တွေ့ရသည်။
ယွမ်လုတစ်ခုလုံးဆိုလျှင် သိုင်းအုပ်ချုပ်သူ မည်မျှရှိကြောင်း မှန်းဆကြည့်ရန်ပင် မလွယ်ပေ။ သို့တည်းမဟုတ် သိုင်းအုပ်ချုပ်သူများက ဤနေရာတွင် လုံးဝ အရေးမပါတော့ပါ။
ရှမ်းဟွမ်တိုက်ကြီးမှ သိုင်းအုပ်ချုပ်သူများက ယွမ်လုသို့ လာချင်သော်လည်း တိုက်ရိက်မလာဝံ့ဘဲ ဂိုဏ်းကြီးများကို ဝင်ရောက်ရန်သာ ဆန္ဒရှိကြသည်။
အကြောင်းမူကား၊ ယွမ်လုတိုက်ကြီးတွင် သိုင်းအုပ်ချုပ်သူများက လုံးဝ အရေးမပါသောကြောင့်ပင်။ ဤနေရာတွင် ကျောထောက်နောက်ခံမရှိဘဲ အပြင်ထွက်၍ လေ့ကျင့်ခြင်းက အလွန်အန္တရာယ်များသည်။ သတိမထားပါက ကျဆုံးနိုင်ချေ အလွန်များပေသည်။
"နဂါးနတ်ဘုရားတောင်ကြားမှာ ပထမအဆင့်က တတိယအဆင့်အထိ သိုင်းအုပ်ချုပ်သူတွေက တန်ဖိုးမရှိသလို အဆင့်အတန်းလည်း မရှိဘူး။ သူတို့က ကျွန်တွေထက် မပိုဘူးလေ။ စတုတ္ထအဆင့်နဲ့ အထက် သိုင်းအုပ်ချုပ်သူတွေသာ အဆင့်အတန်းတစ်ခု ရှိကြတယ်။ သတ္တမအဆင့်နဲ့အထက် သိုင်းအုပ်ချုပ်သူတွေကတော့ နဂါးနတ်ဘုရားတောင်ကြားရဲ့ အဓိကကျောရိုးလို့ ဆိုနိုင်တယ်။ တချို့ဆိုရင်လည်း ရာထူးတချို့ ခန့်အပ်ခံရတယ်"
ချိုးရင်ရင်က လေသံတိုးတိုးဖြင့် ရှင်းပြနေခြင်း ဖြစ်သည်။
"ဒါပေါ့၊ ဒီအထဲမှာ ပါရမီရှင် လူငယ်တွေတော့ မပါဝင်ဘူး"
လုမင် ခေါင်းညိတ်လိုက်၏။ ငယ်ရွယ်သော ပါရမီရှင်များက နေရာတိုင်းတွင် မြင့်မားသောအဆင့်အတန်းရှိကြောင်း သူနားလည်သည်။
အကြောင်းမှာ ငယ်ရွယ်သော ပါရမီရှင်များက အကန့်အသတ်မဲ့ ဖြစ်နိုင်ချေများ ရှိကြသောကြောင့်ပင်။
'ဒါက အသက်ရေပဲ၊ နောက်ပြီးတော့ အဲဒါက ထိပ်တန်းအဆင့် အသက်ရေ'
ရုတ်တရက်၊ လုမင်ဟာ အဆောင်ငယ်တစ်ခုထဲတွင် အသက်ရေကို တွေ့လိုက်ရသည်။
ထိပ်တန်းအဆင့် အသက်ရေ။
ရှမ်းဟွမ်တိုက်ကြီးတွင် အသက်ရေကို လုမင်ကို မြင်ဖူးသည်။ သို့သော် ထိပ်တန်းအဆင့် အသက်ရေကိုတော့ လုမင် တစ်ခါမျှ မကြားခဲ့ဖူးပါ။ ရှမ်းဟွမ်တိုက်ကြီးနှင့် ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ပျောက်ကွယ်လုနီးပါး အရာတစ်ခုပင် ဖြစ်ခဲ့သည်။
ထိပ်တန်းအဆင့် အသက်ရေက ဒဏ်ရာများကို ကုသပေးနိုင်ပြီး သိုင်းအုပ်ချုပ်သူများအတွက်ပင် အလွန်အသုံးဝင်ပေသည်။
ယွမ်လုက အမှန်ပင် နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်သည်။ သူရောက်လာသည်နှင့် တပြိုင်နက် ဤမျ အဖိုးတန်သော ရတနာကို တွေ့လိုက်ရလေသည်။
လုမင်၏ ဒုတိယခန္ဓာက ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သည်။ ဒုတိယခန္ဓာအတွက် ဤထိပ်တန်းအဆင့် အသက်ရေသည် အလွန် အရေးကြီး၏။ လုမင် ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
"ဆရာကြီး၊ ဒီအသက်ရေပုလင်းက ဘယ်လောက်လဲ"
လုမင်က လက်ယှက်ပြီး ဆိုင်ရှင်ကို မေးလိုက်သည်။
ဆိုင်ပိုင်ရှင်က ဆံပင်ဖြူ အဘိုးကြီးတစ်ဦး ဖြစ်ချေသည်။
အဘိုးအိုက လက်ညိုးတစ်ချောင်း ထောင်ပြပြီး ပြောလိုက်သည်။
"ကျောက်ကြမ်း တစ်သိန်း"
"ကျောက်ကြမ်းတစ်သိန်းလား"
လုမင် အံ့သြသွား၏။
စျေးကြီးလွန်း၍ မဟုတ်ဘဲ စျေးချိုလွန်းသောကြောင့် ဖြစ်သည်။
ထိပ်တန်းအဆင့် အသက်ရေက ရှန်းရွီတိုက်အဖွဲ့အစည်းတွင် တွေ့ရခဲသော ဒဏ္ဍာရီလာ ရတနာတစ်ခု ဖြစ်သည်။ ကျောက်ကြမ်းတစ်သိန်းနှင့် မည်သို့ ရောင်းချနိုင်မည်နည်း။
လုမင်လည်း မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့လေသည်။ သူ သေချာအောင် ထပ်မေးလိုက်သည်။
"ဆရာကြီး၊ ဒါက တကယ်ကို ကျောက်ကြမ်းတစ်သိန်းပဲလား"
"ဟုတ်တာပေါ့၊ ဒါက ဈေးမများပါဘူး။ မင်း ယူမှာမို့လား"
အဘိုးအို ပြောလိုက်၏။
"ကောင်းပြီ၊ ကျွန်တော်ဝယ်လိုက်မယ်"
လုမင်လည်း ကျောက်ကြမ်းတစ်သိန်းထည့်ထားသော သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။
အဘိုးကြီးက သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ ဝိညာဉ်အသိဖြင့် ကြည့်လိုက်ပြီးနောက် သူ့အမူအရာက တင်းမာသွား၏။ သူက သိုလှောင်လက်စွပ်ကို လုမင်ထံသို့ ပြန်ပစ်ပေးပြီး ပြောလိုက်သည်။
"အငယ်လေး၊ မင်း ဒီအဘိုးကြီးကို လာနောက်နေတာလား"
"..."
လုမင် စိတ်ရှုပ်ထွေးသွား၏။
"အကြီးအကဲ၊ ကျေးဇူးပြုပြီး သူ့ကို အပြစ်မတင်ပါနဲ့။ အစ်ကိုလုက တခြားတိုက်ကြီးကနေ ရောက်လာတဲ့ လူသစ်ဆိုတော့ စည်းမျဉ်းတချို့ကို မသိသေးဘူး"
ချိုးရင်ရင်က ကမန်းကတန်း ဝင်ပြောလိုက်လေသည်။
"အိုး၊ ဒါဆို မင်းက တခြားတိုက်ကြီးကလာတဲ့ အရံတပည့်အသစ်ပဲ“
ဤတော့မှ အဘိုးအို၏ အမူအရာက ပျော့ပြောင်းသွားသည်။
"အစ်ကိုလု၊ ဒီအကြီးအကဲပြောတဲ့ ကျောက်ကြမ်းက အလယ်အလတ် အဆင့် ကျောက်ကြမ်းပါ"
ချိုးရင်ရင်က လုမင်ကို အသံပို့လွှတ်၍ အမြန်ပြောလိုက်သည်။
"တကယ်ကြီး အလယ်အလတ်အဆင့် ကျောက်ကြမ်းလား"
"ဟုတ်တယ်၊ ယွမ်လုမှာ အသုံးများတဲ့ ကျောက်ကြမ်းက အလယ်အလတ် အဆင့် ကျောက်ကြမ်းတွေပဲလေ။ ယေဘုယျအားဖြင့် ပြောရရင် ကျောက်ကြမ်းဆိုတာက အလယ်လတ်အဆင့် ကျောက်ကြမ်းတွေကို ရည်ညွှန်းတယ်။ အဆင့်နိမ့် ကျောက်ကြမ်းတွေက ယွမ်လုမှာ အသုံးမဝင်သလောက်ပါပဲ။ အဲဒါတွေက အမှိုက်လိုဖြစ်ပြီး အထူး အခြေအနေတွေမှာပဲ သုံးကြတယ်"
ချိုးရင်ရင် ရှင်းပြလိုက်သည်။
"ဒီလိုကိုး"
လုမင် သွားဖြဲပြီး ပြုံးလိုက်သည်။
ယွမ်လုတွင် ကျင့်ကြံခြင်း ပတ်ဝန်းကျင်က ကောင်းလွန်းသည်။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခြင်းက အဆင့်နိမ့် ကျောက်ကြမ်းများကိုသုံးကာ လေ့ကျင့်ခြင်းနှင့် ညီမျှ၏။ ထို့ကြောင့် အဆင့်နိမ့် ကျောက်ကြမ်းများသည် အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။
အလယ်အလတ်တန်းစား ကျောက်ကြမ်းများသာ အဓိက အသုံးပြုခဲ့သည်။
အလယ်အလတ်အဆင့် ကျောက်ကြမ်းတစ်တုံးက အဆင့်နိမ့် ကျောက်ကြမ်းတစ်သောင်းနှင့် ညီမျှပေသည်။
အလယ်အလတ် အဆင့် ကျောက်ကြမ်း တစ်သိန်းက အဆင့်နိမ့် ကျောက်ကြမ်း တစ်ဘီလီယံနှင့် ညီမျှသည်။
ဤဈေးနှုန်းက တကယ်တော့ သင့်တင့်ပေသည်။
သို့ရာတွင်၊ ပြဿနာတစ်ခု ရှိနေသည်။ လုမင်တွင် အလယ်အလတ်တန်းစား ကျောက်ကြမ်းတစ်လုံးမျှ မရှိပေ။
သူသည် သိုင်းအုပ်ချုပ်သူများစွာကို သတ်ခဲ့သောကြောင့် သူ၏ သိုလှောင်လက်စွပ်များတွင် အဆင့်နိမ့် ကျောက်ကြမ်းများ အပြည့်ရှိသည်။ အနည်းဆုံး ဘီလီယံ ဆယ်ဂဏန်းခန့် ရှိ၏။
သို့သော်လည်း ယွမ်လုသို့ ရောက်လာပြီးနောက်တွင် အဆင့်နိမ့် ကျောက်ကြမ်းများက လုံးဝ အသုံးမဝင်တော့ပေ။
'ရင်နာလိုက်ပါဘိ'
လုမင်၏ နှလုံးသားက နာကျင်သွားကာ အသံမထွက်ဘဲ ငိုကြွေးလိုက်မိသည်။
သူ၏ ချမ်းသာမှုများက ယွမ်လုတွင် အမှိုက်ဖြစ်သွားကြလေသည်။
ယခုတော့ လုမင်က ခြူးတစ်ပြားမှမရှိသော လူမွဲတစ်ယောက် ဖြစ်သွားပြီ ဖြစ်သည်။
"ကျုပ်..."
လုမင်၏ မျက်နှာအမူအရာက မအီမသာနှင့် စိမ်းပြာသွားသည်။
ချိုးရင်ရင်နှင့် ချိုးဟောက်လည်း လုမင်၏ အမူအရာကိုကြည့်ကာ ခါးသက်သက်ဖြင့် ပြုံးလိုက်ကြလေသည်။ သူတို့ စရောက်တုန်းကလည်း ဤသို့ပင် ဖြစ်သည်။
"ဟားဟားဟား၊ ကောင်လေး... မင်းမှာရှိတဲ့ အဆင့်နိမ့်ကျောက်ကြမ်းတွေက အသုံးမဝင်တော့လည်း စိတ်မပျက်ပါနဲ့။ မင်းမှာ ဘာရတနာတွေရှိလဲ၊ အဲဒါတွေနဲ့ လဲလှယ်ပေးလို့ရတယ်"
အဘိုးအိုက ရယ်မောလိုက်သည်။ သို့သော်လည်း လှောင်ပြောင်ခြင်းမျိုး မဟုတ်ပါ။ ဤအခြေအနေမျိုးကို သူ အသားကျနေပြီ ဖြစ်သည်။