အခန်း ၁၃၉၇
Vol. 94 Ch. 1397
အပိုင်း ( 1397 ) ယွမ်လုမှ သိုင်းအုပ်ချုပ်သူများ၏ တိုက်ခိုက်နိုင်စွမ်း။
"ရတနာလား"
လုမင် တွေးတောလိုက်သည်။ သူဟာ တန်တန်နှင့် ပူဖောင်းလေးတို့အား သူ့တွင်ရှိသော ဝိညာဉ်ဆေးပင်များအားလုံးကို ပေးခဲ့ပြီး ဖြစ်သည်။ သို့သော်၊ သူထုတ်လိုက်လျှင်ပင် ၎င်းတို့က များစွာတန်ဖိုးရှိမည် မဟုတ်ပေ။
လဲ့တင်းနှင့် အေးခဲလေပုလဲကဲ့သို့ သူ့အတွက် အဖိုးတန်လွန်းသော ရတနာများကိုလည်း ထုတ်ယူနိုင်မည် မဟုတ်ပါ။
ထိုအခါ အုပ်ချုပ်သူ ဝိညာဉ်လက်နက်တစ်ခုသာ ကျန်သည်။
"ဆရာကြီး၊ အုပ်ချုပ်သူ ဝိညာဉ်လက်နက်က အလယ်လတ်အဆင့် ကျောက်ကြမ်း ဘယ်လောက်တန်ဖိုးရှိမှာလဲ"
လုမင်က ဓားတစ်လက်ကို ထုတ်ကာ မေးလိုက်သည်။
လုမင်သည် ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် သိုင်းအုပ်ချုပ်သူများစွာကို သတ်ခဲ့ပြီး အုပ်ချုပ်သူလက်နက် နှစ်ဆယ်နီးပါး ရရှိခဲ့သည်။
"အုပ်ချုပ်သူဝိညာဉ်လက်နက်လား၊ မဆိုးဘူး။ ဒါက ကျောက်ကြမ်း တစ်သန်းတန်တယ်"
အဘိုးအို၏ မျက်လုံးများက တောက်ပလာခဲ့သည်။
"ကျောက်ကြမ်းတစ်သန်းလား"
လုမင်၏ မျက်လုံးများ ဝင်းလက်သွား၏။ အုပ်ချုပ်သူဝိညာဥ်လက်နက်၏ တန်ဖိုးက သူ၏မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။
ယင်းက သူ မျှော်လင့်ထားသည့်ထက် များစွာပို၍ တန်ဖိုးကြီးပေသည်။
"အစ်ကိုလု၊ သတ္တမအဆင့်အထက် သိုင်းအုပ်ချုပ်သူတွေပဲ အုပ်ချုပ်သူဝိညာဉ်လက်နက်တစ်ခုရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်တာပါ။ နောက်ပြီးတော့ သူတော်စင်တွေပဲ သန့်စင်နိုင်ကြတယ်။ ယွမ်လုတိုက်ကြီးမှာ အုပ်ချုပ်သူဝိညာဉ်လက်နက် မရှားပေမဲ့ သိုင်းအုပ်ချုပ်သူတွေက အများကြီးရှိတယ်လေ။ အဲဒါကြောင့် ယွမ်လုတိုက်ကြီးမှာ ဝယ်လိုအားက အရမ်း မြင့်မားတယ်။ ဒါကြောင့် အုပ်ချုပ်သူဝိညာဥ်လက်နက်တစ်ခုရဲ့ တန်ဖိုးက အမြဲတမ်း အရမ်းမြင့်မားနေခဲ့တာ"
ချိုးရင်ရင်က လုမင်ကို ရှင်းပြလိုက်သည်။
လုမင်လည်း ရုတ်တရက် နားလည်သွားလေသည်။
အမှန်တော့ ယွမ်လုတိုက်ကြီးတွင် အုပ်ချုပ်သူ ဝိညာဥ်လက်နက်များစွာရှိခဲ့သည်။ သို့သော်လည်း၊ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများက ပို၍ များ၏။ အခြေခံအားဖြင့် ရောင်းလိုအားက ဝယ်လိုအားကို မပြည့်မီနိုင်ပါ။ ထို့ကြောင့်ပင် တန်ဖိုးက သဘာဝအတိုင်း မြင့်မားခဲ့သည်။
ဥပမာအားဖြင့်၊ ယွမ်လုတိုက်အပြင်ဘက်ရှိ ရှမ်းဟွမ်တိုက်ကြီးကဲ့သို့ တိုက် အကြီး၊အငယ်များတွင် အုပ်ချုပ်သူဝိညာဉ်လက်နက်များ ရှိကြသော်လည်း သူတော်စင်များ သို့မဟုတ် အဆင့်မြင့် သိုင်းအုပ်ချုပ်သူများမှ ချန်ထားခဲ့ခြင်း ဖြစ်ချေသည်။
အခြေခံအားဖြင့်တော့ အုပ်ချုပ်သူ ဝိညာဥ်လက်နက်မှာ မည်သူမဆို သန့်စင်နိုင်တာ မဟုတ်ပေ။ အများစုက ယွမ်လုတိုက်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ဥပမာအားဖြင့်၊ လုမင်ဟာ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေမှ ဧကရာဇ်ဝိညာဉ်မျှော်စင်ကို ရခဲ့ဖူးသည်။ ယင်းကို ယွမ်လုမှ ရွှမ်ထျန်းသူတော်စင်က ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
ရှမ်းရွှီတိုက်အဖွဲ့အစည်းရှိ အုပ်ချုပ်သူဝိညာဉ်လက်နက်များမှာ အများအားဖြင့်၊ ဤနည်းဖြင့် ရရှိခဲ့ကြသည်။ ထို့ကြောင့် မရေမတွက်နိုင်အောင် နှစ်များတလျှောက် စုဆောင်းခဲ့ကြသော်လည်း အနည်းငယ်မျှသာ ပိုင်ဆိုင်နိုင်ခဲ့သည်။
"ညီငယ်လေး၊ မင်း ဒီအုပ်ချုပ်သူဝိညာဥ်လက်နက်ကို တကယ် ရောင်းချင်တာလား။ မင်း တကယ် ရောင်းချင်ရင် ငါဝယ်မယ်"
အဘိုးအိုက ပြောလိုက်သည်။
"ကျွန်တော် ရောင်းချင်ပါတယ် ဆရာကြီး၊ နောက်ပြီး ကျွန်တော့်မှာ နောက်တစ်မျိုး ရှိသေးတယ်"
ထို့နောက် လုမင်က သံတုတ်ကဲ့သို့ အုပ်ချုပ်သူဝိညာဉ်လက်နက်တစ်ခုကို ထုတ်ယူလိုက်သည်။
အဘိုးကြီးနှင့် ချိုးမောင်နှမလည်း အံ့ဩသွားလေသည်။ လုမင်တွင် အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်များ အများကြီးရှိမည်ဟု သူတို့ မမျှော်လင့်ထားပေ။
"ကောင်းပြီ၊ ငါဝယ်လိုက်မယ်။ ဒီမှာ ကျောက်ကြမ်း ဆယ့်ကိုးသန်းတဲ့ အသက်ရေပုလင်း"
အဖိုးအိုက လုမင်ကို သိုလှောင်လက်စွပ်တစ်ကွင်းနှင့် အသက်ရေ တစ်ပုလင်း ပေးလိုက်သည်။
လုမင်လည်း လက်ခံယူပြီး ဝိညာဉ်အသိဖြင့် ကြည့်လိုက်လေသည်။ ထိုအခါ သိုလှောင်လက်စွပ်ထဲတွင် ကျောက်ကြမ်းအပုံကြီးတစ်ပုံကို မြင်လိုက်ရသည်။
ထိုအထဲတွင် တစ်ခုစီက ယွမ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ အဆင့်နိမ့် ကျောက်ကြမ်းများနှင့် နှိုင်းယှဉ်ပါက ယင်းမှာ အဆများစွာ ပိုသန့်စင်ပြီး စွမ်းအင်ကြွယ်ဝ၏။
ဤသည်မှာ အလယ်အလတ်တန်းစား ကျောက်ကြမ်း ဖြစ်သည်။ အလယ်အလတ်တန်းစား ကျောက်ကြမ်းဖြင့် လေ့ကျင့်ခြင်းက အဆင့်နိမ့် ကျောက်ကြမ်းများနှင့် လေ့ကျင့်ခြင်းထက် သဘာဝအတိုင်း အဆများစွာ ပိုမြန်ပေသည်။
ထို့နောက် လုမင်ဟာ ချိုးရင်ရင်၊ ချိုးဟောက်တို့နှင့်အတူ ဆက်လက် လှည့်လည်ခဲ့သည်။
သွားလာရင်း ဤနေရာတွင် သဘာဝရတနာများစွာရှိသည်ကို လုမင် တွေ့ရှိခဲ့ပေသည်။
ဝိညာဉ်ဆေးပင် အမျိုးအစားအားလုံးက အဆင့်ကိုး ဖြစ်သည်။ အဆင့်ရှစ် ဝိညာဉ်ရေးဆေးပင်များက တွေ့ရခဲ၏။
ပန်းပဲပစ္စည်းများနှင့် ဝိညာဉ်အရည် အမျိုးမျိုးတို့လည်း ရှိသေးသည်။ ၎င်းတို့အားလုံးကလည်း အဆင့်မြင့် အဆင့်များ ဖြစ်ကြသည်။
လမ်းတစ်လျှောက်တွင် လုမင်က ဝိညာဉ်ဆေးပင်များစွာကို ဝယ်ခဲ့သည်။ မကြာမီ၊ အလယ်အလတ်တန်းစား ကျောက်ကြမ်း ဆယ့်ကိုးသန်းစလုံး အသုံးပြုလုနီးပါး ဖြစ်သွားပြီ။
လုမင်၏ ရင်ထဲတွင် စူးအောင့်သွားခဲ့သည်။ နောက်ဆုံးတွင် ယင်းက အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်နှစ်ခု မဟုတ်ပါလော။
သို့သော်လည်း သူဝယ်ထားသော ဝိညာဉ်အရည်များနှင့် ဝိညာဉ်ဆေးပင်များက အလွန်အသုံးဝင်သည်။
ဝိညာဉ်အရည်များက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်၏ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်သည်။ ဝိညာဉ်ဆေးပင်များကတော့ တန်တန်နှင့် ပူဖောင်းလေးတို့ မြန်မြန် ပြန်လည်ကောင်းမွန်လာစေရန် ထောက်ပံ့ပေးနိုင်၏။
ယွမ်လုကို ရောက်လာပြီးနောက် သူဟာ တကယ့် ဆင်းရဲသားတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ သူ့တွင် အုပ်ချုပ်သူဝိညာဉ်လက်နက်များ ရှိသေးသော်လည်း ဤအတိုင်း သုံးသွားမည်ဆိုပါက မကြာမခင် ကုန်သွားလိမ့်မည်။
ထိုအချိန်တွင် ချိုးရင်ရင်နှင့် ချိုးဟောက်တို့လည်း ပစ္စည်းအချို့ ဝယ်ယူပြီးသွားပြီ ဖြစ်သည်။
"ထွက်သွား၊ ဒီအပြာရောင်သစ်သီးက ငါစိတ်ဝင်စားနေတဲ့ဟာ"
ရုတ်တရက်၊ ကျယ်လောင်သော ကြိမ်းမောင်းသံတစ်ခု ကြားလိုက်ရသည်။
"ဘာစကားပြောတာလဲ၊ မင်းစိတ်ဝင်စားတယ်ပြောရင် ငါလည်း စိတ်ဝင်စားတယ်လို့ ပြောနိုင်တာပဲ။ မင်းမှာ ငွေမရှိရင် လစ်လိုက်တော့"
နောက်ထပ် အသံတစ်ခုကို ကြားလိုက်ရ၏။
"မင်းပြောတိုင်းသွားရအောင် မင်းက ဘာကောင်မို့လို့လဲ၊ မင်း သတ္တိရှိရင် တိုက်ပွဲစင်မြင့်မှာ တိုက်ခိုက်ကြမယ်"
ပထမအသံကို ကြားရပြန်သည်။
"အေး၊ တိုက်ခိုက်မယ်ကွ"
နောက်အသံကို ကြားလိုက်ရသည်။ ထို့နောက် တစ်နေရာသို့ ဦးတည်ပျံသန်းနေသော လူတစ်စုကို တွေ့လိုက်ရလေသည်။
"အုပ်ချုပ်သူတွေ တိုက်ခိုက်ကြတော့မယ်။ အစ်ကိုလု၊ သွားကြည့်ရအောင်"
ချိုးရင်ရင်က ပြောလိုက်သည်။
"ကောင်းသားပဲ၊ ငါလည်းကြည့်ချင်တယ်"
လုမင်လည်း စူးစမ်းချင်စိတ်တို့ လှစ်ဟလာခဲ့၏။
ထို့နောက် သူတို့သုံးယောက်လည်း လူအုပ်ကြီးနောက်ကို လိုက်သွားတော့သည်။
နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များကြားတွင် ပဋိပက္ခများရှိပါက၊ တိုက်ပွဲစင်မြင့်ပေါ်မှာ များသောအားဖြင့် ဖြေရှင်းကြသည်။
"ဝုန်း... ဝုန်း"
လုမင်တို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ရ၏။
ကြီးမားသော ကွင်းပြင်ကျယ်ကြီးတစ်ခုတွင် လူရိပ်နှစ်ခုက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
အသက်သုံးဆယ်ကျော်အရွယ် ထွားကြိုင်းသော အမျိုးသားနှစ်ဦးက လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်နေကြ၏။ ပြင်းထန် ကျယ်လောင်သော ပေါက်ကွဲသံများကလည်း အဆက်ပြတ် ထွက်ပေါ်နေတော့သည်။
"တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ပဲ၊ ဒါပေမဲ့... သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းသန်မာကြတယ်"
လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်ဖြစ်ကြောင်း သူမြင်နိုင်သော်လည်း၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက လုမင် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ရှန်းရွှီတိုက်အဖွဲ့အစည်းမှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများက ဤလူနှစ်ဦးကို မယှဉ်နိုင်ဘူးဟု သူခံစားခဲ့ရ၏။ သူတို့နှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားက ရှန်းရွှီတိုက်အဖွဲ့အစည်းမှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများ၏ တိုက်ခိုက်ရေးအင်အားကို လုံးဝကျော်လွန်သွားခဲ့ပြီ။
လုမင် အံ့ဩသွားမိသည်။
"အစ်ကိုလု၊ သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းသန်မာတယ်လို့ နင် ခံစားရတယ် မဟုတ်လား"
ချိုးရင်ရင်က ပြောသည်။
"တကယ်ကို သူတို့ဟာ ငါနေထိုင်တဲ့ တိုက်ကြီးမှာရှိတဲ့ အုပ်ချုပ်သူတွေထက် အများကြီး အားကောင်းကြပါတယ်"
လုမင် ခေါင်းညိတ်လိုက်၏။
"နင် မမှားပါဘူး၊ ငါတို့ ပထမဆုံး ရောက်တုန်းကလည်း အရမ်းအံ့သြခဲ့ကြရတယ်။ ဒါပေမဲ့ ဒါက ယွမ်လုမှာရှိတဲ့ သာမန်အုပ်ချုပ်သူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားပဲ"
ချိုးရင်ရင်က ရှင်းပြလိုက်သည်။
"ယွမ်လုမှာ သိုင်းတာအိုနဲ့ ကမ္ပည်းတာအို နှစ်ခုစလုံးက အစွန်းရောက်အဆင့်ထိ လမ်းစဉ်ချပေးထားတာလေ။ အဲဒါက တခြားတိုက်တွေထက် အများကြီး အားကောင်းတယ်။ သိုင်းပညာ၊ သွေးမျိုးဆက်၊ တာအိုနယ်မြေနဲ့ ဝိညာဉ်ခန္ဓာ အမျိုးမျိုးကိုလည်း အသန်မာဆုံး အဆင့်အထိ တီထွင်ဖန်တီးထားတာ။ ဒါကြောင့် ဒီက ကျင့်ကြံသူတိုင်း အရမ်းသန်မာကြတယ်။ အနည်းဆုံးတော့ တခြားတိုက်တွေက ကျင့်ကြံသူတွေထက် ပိုပြီး သန်မာကြတယ်"
"သိုင်းအုပ်ချုပ်သူတွေမှာ အဆင့်နိမ့်ကျွန်တွေ မဟုတ်ဘူးဆိုရင်၊ အဆင့်အတန်းနည်းနည်း ရှိကြသူတိုင်း အစွမ်းထက် ကျင့်စဉ်နည်းလမ်းတွေကို လေ့ကျင့်ထားပြီး သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်း အားကောင်းကြတယ်"
"ယွမ်လု၊ ယွမ်လုက နာမည်ဂုဏ်သတင်းနဲ့ လျော်ညီပါပေတယ်"
လုမင်လည်း စိတ်အားထက်သန်စွာဖြင့် လက်သီးဆုပ်လိုက်မိသည်။
ယွမ်လုတွင် ကျင့်ကြံခြင်း ယဉ်ကျေးမှုက အလွန့်အလွန် တိုးတက်နေပြီဖြစ်သည်။ ယင်းက ရှန်းရွှီတိုက်အဖွဲ့အစည်း နှိုင်းယှဉ်နိုင်ရန် အဝေးကြီး ဖြစ်၏။ ယွမ်လုတွင် ပုံမှန်ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ရှန်းရွှီတိုက်အဖွဲ့အစည်း၌ မိမိထက် အဆင့်မြင့်သူများကို စိန်ခေါ်နိုင်သော ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။
လုမင်လည်း ရှန်းရွှီတိုက်အဖွဲ့အစည်းသို့ တိရှန်း ခေါ်ဆောင်လာသူများကို တွေးလိုက်မိသည်။ ထိုလူများ၏ တိုက်ခိုက်နိုင်စွမ်းက သိပ်ပြီး မသန်မာကြပေ။
ထိုလူများ၏ အဆင့်အတန်းက တိမိသားစုတွင် ကျွန်များသဖွယ် ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်က အထူးမြင့်မားမှုမရှိခြင်း ဖြစ်လိမ့်မည်။
လုမင်လည်း တွေးရင်း ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
ဤနေရာတွင် ကျွမ်းကျင်သူများ အလွန်များ၏။ အုပ်ချုပ်သူများကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး သူတော်စင်များသာ မြင့်မားပြီး တန်ခိုးကြီးသူများ ဖြစ်သည်။
ထို့အပြင် ဤအုပ်ချုပ်သူများက ထူးကဲသော တိုက်ခိုက်နိုင်စွမ်းများ ရှိပေသည်။
ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် လုမင်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်နှင့် ဒုတိယခန္ဓာ အကူအညီမပါဘဲ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူနှင့် တိုက်ခိုက်နိုင်သည်။ အနိုင်ယူရန်ပင် ဖြစ်လိမ့်မည်။
သို့သော်၊ ဤနေရာမှာတော့ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်နှင့် ဒုတိယခန္ဓာ၏ အကူအညီမရှိပါက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူနှင့်သာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အသုံးပြုမှ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူနှင့် တိုက်ခိုက်နိုင်မည်ဟု လုမင် ခန့်မှန်းမိခဲ့ပေသည်။