← Chapters

အခန်း ၁၃၉၈

Vol. 94 Ch. 1398

အခန်း ၁၃၉၈

Vol. 94 Ch. 1398

အပိုင်း ( 1398 ) မဟာဧကရာဇ် လျှို့ဝှက်နယ်မြေ။

ကွာခြားမှုက ကြီးမားလွန်းသည်။ ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အသုံးပြုပါက လုမင်ဟာ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို ထိခိုက်ဒဏ်ရာရစေနိုင်သည်။

ဤနေရာမှာတော့ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူကို မဆိုထားဘိ၊ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်ရှိ ဤလူကြီးနှစ်ဦးနှင့်ပင် မယှဉ်နိုင်တော့ပေ။

ထို့အပြင် ၎င်းတို့က သာမန်သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။ အကယ်၍ ပါရမီရှင်တစ်ယောက်ဖြစ်လျှင် မည်သို့ ဖြစ်မည်နည်း။ ပါရမီရှင်များက မည်မျှ သန်မာပါမည်နည်း။

'ကြည့်ရတာ ငါ အရင်တုန်းက ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ ပိတ်မိနေပြီး အမြင်ကျဉ်းခဲ့တာပဲ။ ငါက ရေတွင်းထဲက ဖားတစ်ကောင်လို ကောင်းကင်ကို အမြင်နဲ့ အထင်ကြီးနေခဲ့တာ'

လုမင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကြီးမားသောဖိအားကို ခံစားရပြီးနောက် လုမင် မျက်လုံးများတွင် မျှော်လင့်ချက်တို့ ပြည့်လာခဲ့၏။ သူ့သွေးများကလည်း စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာတော့သည်။

ယွမ်လုတိုက်ကြီးက တကယ့် စင်မြင့်ကြီး ဖြစ်သည်။ ၎င်းက အရောင်အသွေးစုံလင်ပြီး ရှန်းရွှီတိုက်အဖွဲ့အစည်း နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

တိုက်ပွဲစင်မြင့်တွင် လူနှစ်ဦးက ရာနှင့်ချီသော တိုက်ကွက်များအား အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ နောက်ဆုံးတော့ နှစ်ယောက်စလုံး ဒဏ်ရာအသီးသီးရပြီး နေရာမှ ထွက်သွားကြတော့သည်။

သို့သော်လည်း သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် နောက်ထပ်လူနှစ်ဦး တိုက်ခိုက်ခဲ့ကြသည်။

ဤသို့ဖြင့် လုမင်ဟာ သိုင်းအုပ်ချုပ်သူများကြားမှ တိုက်ပွဲငါးပွဲကို ကြည့်ရှုခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ ဤနေရာရှိ သိုင်းအုပ်ချုပ်သူအများစုက ရှန်းရွှီတိုက်အဖွဲ့အစည်းရှိ သိုင်းအုပ်ချုပ်သူများထက် များစွာ အားကောင်းကြသည်။

လုမင်လည်း အတော်အတန် သိမြင်လာခဲ့ရပေသည်။

ထို့နောက် လုမင်၊ ချိုးရင်ရင်နှင့် ချိုးဟောက်တို့လည်း နေအိမ်သို့ ပြန်လာခဲ့ကြသည်။

သူ့နေထိုင်ရာသို့ ပြန်ရောက်လာပြီးနောက် လုမင်ဟာ သူ၏ဒုတိယခန္ဓာပေါ်၌ အသက်ရေကို ဦးစွာလောင်းချခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ဒုတိယခန္ဓာက တောက်ပလာပြီး ပြန်လည်ကောင်းမွန်မှုနှုန်းကလည်း အလွန်လျင်မြန်လာတော့သည်။

ထို့နောက် လုမင် ဆက်လက် လေ့ကျင့်ခဲ့သည်။

ယွမ်လုတွင် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက် ကျင့်ကြံခြင်းအခြေခံက အလွန်နိမ့်ကျသည်။

သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးမှသာ ခြေကုပ်ယူနိုင်လိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း နဂါးနတ်ဘုရားသို့ လုမင် ရောက်လာသည်မှာ တစ်လ ကြာသွားသည်။

ထိုကာလအတွင်း၊ လုမင်ဟာ ရံဖန်ရံခါ အပြင်ထွက်ပြီး ဖတ်စရာ စာအုပ်အချို့ ဝယ်ယူတတ်ပေသည်။ ၎င်းတို့အားလုံးက ယွမ်လုနှင့် ပတ်သက်သည်။

သူက ယခုမှ လူသစ်တစ်ဦးဖြစ်ရာ သူရောက်ရှိနေသော ကမ္ဘာကြီးအကြောင်း သဘာဝအတိုင်း နားလည်ထားရလိမ့်မည်။

ယနေ့တွင် အပြင်ဘက်မှ ဗုံတီးသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤဗုံသံမှာ တစ်စုံတစ်ယောက်က သူတို့ကို ဆင့်ခေါ်နေသော အချက်ပေးသံ ဖြစ်၏။

လုမင်လည်း လေ့ကျင့်ခြင်းကို အဆုံးသတ်ပြီး ဂူထဲမှ ထွက်လာခဲ့သည်။ထိုအခါ ချိုင့်ဝှမ်းမှာ ရပ်နေသော လုံယွမ်ချွမ်ကို မြင်လိုက်ရလေသည်။

"ဝှစ်... ဝှစ်"

တချိန်တည်းမှာပင် အခြားသော ရေခဲလှိုဏ်ဂူများမှ လူငယ်များလည်း ပြေးထွက်လာကြသည်။ နောက်ဆုံး ချိုင့်ဝှမ်းထဲတွင် ရပ်နေကြသော လူငယ် တစ်ထောင်ကျော်ခန့် ရှိခဲ့ပေသည်။

လုမင်ဟာ သူနှင့်အတူ ပါလာသော လူငယ်အချို့သည်လည်း အလွန်လျင်မြန်စွာ တိုးတက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ သူတို့ထဲမှ အချို့သည် မူလက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဋ္ဌမအဆင့်တွင် ရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့အားလုံး ဝိညာဥ်နတ်ဘုရားနယ်ပယ် နဝမအဆင့် သို့မဟုတ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံခြင်းသို့ပင် ရောက်ရှိသွားကြသည်။

ဤလူငယ်တိုင်းက သက်ဆိုင်ရာ တိုက်ကြီး၏ ထိပ်တန်း ပါရမီရှင်များဖြစ်ကြ၍ အရည်အချင်း နိမ့်ကျလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်ကောင်းကို ရောက်သောအခါ အရှိန်အဟုန်ဖြင့် လေ့ကျင့်နိုင်ခဲ့ကြသည်။

"ကိုင်း၊ မင်းတို့ လူသစ်တွေလည်း ရောက်လာတာ တစ်လလောက်ရှိနေပြီဆိုတော့ ပတ်ဝန်းကျင်နဲ့ အသားကျလောက်ပြီ။ အခု အကဲဖြတ်ခြင်းမတိုင်မီ သုံးလလောက် ကျန်သေးတယ်"

"အကဲဖြတ်ခြင်း အခြေအနေတွေကို သုံးလအတွင်း အသေးစိတ်ရှင်းပြမယ်။ သုံးလကြာတဲ့အခါ မင်းတို့ရဲ့ အကဲဖြတ်ရေးတာဝန်က လျှို့ဝှက်နယ်မြေကို စူးစမ်းဖို့ဖြစ်လိမ့်မယ်"

လုံယွမ်ချွမ်က ပြောလိုက်သည်။

"လျှို့ဝှက်နယ်မြေကို စူးစမ်းရမှာလား"

လုမင်နှင့် အခြားသူများအားလုံး အံ့အားသင့်သွား၏။

"မှန်ပါတယ်။ အကဲဖြတ်မှုကနေ အသက်ရှင်လျက် ထွက်လာနိုင်သူက စမ်းသပ်မှု အောင်မြင်ပြီး နဂါးနတ်ဘုရားတောင်ကြားရဲ့ တရားဝင် တပည့်ဖြစ်လာလိမ့်မယ်"

လုံယွမ်ချွမ်က ပြောလိုက်သည်။

လူများစွာတို့ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဤလျှို့ဝှက်နယ်မြေက အလွန်အန္တရာယ်များပုံရသည်။

လုံယွမ်ချွမ်က လူငယ်များ၏ အတွေးကို မြင်နေဟန်ဖြင့် ပြုံးပြီး ပြောလိုက်သည်။

"ဒီလျှို့ဝှက်နယ်မြေက အန္တရာယ်များတာမှန်ပါတယ်။ ဒါပေမဲ့ မင်းတို့သိအောင် ပြောရရင် ဒါက အခွင့်ကောင်းတစ်ခုပဲ။ သိုင်းအုပ်ချုပ်သူတွေ ဘယ်လောက်များများက ဒီလျှို့ဝှက်နယ်မြေကို ဝင်ချင်နေလဲတောင် မသိနိုင်ဘူးလေ။ ဒါပေမဲ့ သူတို့မှာ အခွင့်အလမ်းမရှိဘူး"

"ဘာဖြစ်လို့လဲဆိုတော့ ဒီလျှို့ဝှက်နယ်မြေက... မဟာဧကရာဇ် လျှို့ဝှက်နယ်မြေ ဖြစ်လို့ပဲ"

နောက်ဆုံးစကားကို ပြောလိုက်သောအခါ လုံယွမ်ချွမ်က သူ့အသံကို တမင်မြှင့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ဘာ၊ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေလား။ မဟာဧကရာဇ်လား"

လုမင် အပါအဝင် လူတိုင်း အံ့ဩတကြီး ဖြစ်သွားသည်။ သူတို့အားလုံး မျက်လုံးများ ပြူးသွားကြ၏။

ထိုမဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေဟာ ဧကရာဇ်တစ်ပါး ချန်ရစ်ခဲ့သော လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်နိုင်ပါသလော။

မဟာဧကရာဇ်က ကမ္ဘာကိုလွှမ်းမိုးပြီး ကောင်းကင်ကို အုပ်စိုးနိုင်သော အချုပ်ကမ္ဘာ၏ အထွတ်အထိပ် တန်ခိုးရှင် ဖြစ်သည်။

ထိုအဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါး ချန်ရစ်ခဲ့သော လျှို့ဝှက်နယ်မြေတွင် မည်သို့သော ရတနာမျိုး ရှိနိုင်ပါမည်နည်း။

လူတိုင်း၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် ပူလောင်လာခဲ့သည်။

သူတော်စင်များင်လျှင် သူတို့ လက်လှမ်မမီနိုင်သေးသော တည်ရှိမှုများ ဖြစ်နေပြီ ဖြစ်သည်။ ဧကရာဇ်များ ဖြစ်ပါက မည်မျှ မြင့်မားပြီး အားကောင်းကြမည်နည်း။

"ဒီဧကရာဇ် လျှို့ဝှက်နယ်မြေကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့တာလေ။ ဒါကို စူးစမ်းကြည့်ပြီးတဲ့အခါ သိုင်းအုပ်ချုပ်သူ နယ်ပယ်အောက်က လူတွေပဲ ဝင်ခွင့်ပြုကြောင်း တွေ့ခဲ့ရတယ်။ သိုင်းအုပ်ချုပ်သူအထက်ဆိုရင် သူတော်စင်တွေတောင်မှ ဝင်လို့မရဘူး"

"ဒါကြောင့် မင်းတို့ ဒီအချိန်ကို ကောင်းကောင်းအသုံးချပြီး လေ့ကျင့်ကြပါ။ မင်းတို့ရဲ့ နယ်ပယ်က အဓိပဓိအဆင့်ကို မရောက်သေးရင် အမြန်ဆုံး ချိုးဖြတ်နိုင်ဖို့ ကြိုးစားရမယ်။ ဒါပေမဲ့ သိုင်းအုပ်ချုပ်သူနယ်ပယ်ကိုတော့ ချိုးဖြတ်လို့မဖြစ်ဘူး။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်ပြီးရင် သူတော်စင်ဖြစ်ရင်တောင် လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်မရှိတော့ဘူးလေ။ ဒါပေမဲ့ အထဲကိုဝင်ပြီးရင်တော့ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို အဆင့်တက်လို့ရပြီ၊ ပြဿနာမရှိတော့ဘူး"

"ဒါ့ကြောင့် လျှို့ဝှက်နယ်မြေထဲကိုရောက်တာနဲ့ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချက်ချင်း ချိုးဖျက်ပြီး အခွင့်အလမ်းတွေ ရယူနိုင်ဖို့ ကြိုးစားနိုင်တယ်"

"ဒါ့အပြင် ဒီတစ်ကြိမ်မှာ စန်းပြည်နယ်မှာရှိတဲ့ ထိပ်တန်း အင်အားစုအားလုံးက လူတွေကို စေလွှတ်လိမ့်မယ်။ ဒါက အရေးကြီးဆုံးပဲ။ ဒါကြောင့် နောက်သုံးလအတွင်းမှာ မင်းတို့ရဲ့အင်အားကို တတ်နိုင်သမျှ မြှင့်တင်ဖို့ ကြိုးစားပါ"

"အခွင့်အလမ်းကို မင်းတို့ကိုယ်တိုင်ပဲ ဆုပ်ကိုင်ရလိမ့်မယ်"

လုံယွမ်ချွမ်က ဆက်လက်ရှင်းပြလိုက်သည်။

'ဒီလိုပဲပေါ့'

ထိုစကားကိုကြားမှ လုမင်၏ စိတ်ထဲတွင် ရှိနေခဲ့သော သံသယအချို့မှာ အဖြေရခဲ့သည်။

နောက်ဆုံးတွင် နဂါးနတ်ဘုရားတောင်ကြား၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားအင်အားစုကြီးများက တပည့်များကို ရွေးချယ်ရန် ဝေးလံခေါင်သီသော ရှန်းရွှီတိုက်အဖွဲ့အစည်းအထိ အဘယ်ကြောင့်‌ ရောက်လာကြမှန်း နောက်ဆုံး လုမင် သိလိုက်ရပေသည်။

အကြောင်းမှာ မဟာဧကရာဇ် လျှို့ဝှက်နယ်မြေကြောင့် ဖြစ်သည်။

တိုက်ကြီးအသီးသီးမှ ပါရမီရှင်များကို စုဆောင်းခဲ့ကြခြင်းမှာ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်စေရန်ပင်။

ယွမ်လုတိုက်ကြီးကို ကြီးမားသော ပြည်နယ်များအဖြစ် ပိုင်းခြားထားသည်။

စန်းပြည်နယ်က ယွမ်လု၏ တောင်ဘက်ပိုင်းမှ ပြည်နယ်ကြီးတစ်ခု ဖြစ်ချေသည်။

နဂါးနတ်ဘုရားတောင်ကြားက စန်းပြည်နယ်ရှိ အင်အားကြီးမားသော အင်အားစုတစ်ခု ဖြစ်သည်။

စန်းပြည်နယ်တွင် မရေမတွက်နိုင်သော အင်အားစု ကြီးငယ်များ ရှိခဲ့သည်။ သို့သော်လည်း၊ စန်းပြည်နယ်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ထိပ်တန်းအင်အားစုက စုစုပေါင်း ဆယ့်သုံးခုသာ ရှိ၏။

ဤအင်အားစုကြီး ဆယ့်သုံးခုက စန်းပြည်နယ်၏ အုပ်စိုးရှင်များ ဖြစ်ကြသည်။

နဂါးနတ်ဘုရားတောင်ကြားကတော့ ဤအင်အားစုကြီး ဆယ့်သုံးခုထဲမှ တစ်ခု ဖြစ်ချေသည်။

ထို့အပြင် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်ကိုးဆင့် ဓားဂိုဏ်းနှင့် ရှမ်းဟွမ်တိုက်ကြီးကို ဖရိုဖရဲဖြစ်စေခဲ့သော ကောင်းကင်ဘုရင်တံဆိပ်ပြား၏ မူလပိုင်ရှင် ကောင်းကင်ဘုရင်သည်လည်း အဓိက အင်အားစုကြီး ဆယ့်သုံးခုထဲမှ တစ်ခု ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဤအင်အားစုများက လူငယ်များကို မဟာဧကရာဇ်လျှို့ဝှက်နယ်မြေထဲသို့ စေလွှတ်လိမ့်မည်။

ထို့ကြောင့်ပင် ဤအင်အားစုကြီးများက တပည့်များကို စုဆောင်းရန်အတွက် ပြည်ပတိုက်ငယ်များသို့ တမန်တော်များ စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။

'စန်းပြည်နယ်မှာ တိမိသားစု မရှိဘူးပဲ၊ သူတို့က ဘယ်နေရာမှာလဲ မသိဘူး'

လုမင် သူ့ကိုယ်သူ တွေးနေမိသည်။

ယွမ်လုတိုက်ကြီးက အလွန်ကျယ်ပြောပြီး စန်းပြည်နယ်မှာ အစိတ်အပိုင်း အနည်းငယ်မျှ ဖြစ်ချေသည်။ လုမင် ဝယ်ယူခဲ့သော စာအုပ်များက စန်းပြည်နယ်ကိုသာ မိတ်ဆက်ပေးထားသည်။ ထို့ကြောင့် လုမင်ဟာ စန်းပြည်နယ် အပြင်ဘက်ရှိ နေရာများအကြောင်း များစွာမသိပေ။

ကြေညာပြီးနောက် လုံယွမ်ချွမ်က ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သော လူငယ်များကတော့ သူတို့၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေး‌ပေ။

ထို့နောက် လူငယ်တိုင်းက မိမိတို့နေထိုင်ရာ လိုဏ်ဂူသို့ ပြန်၍ တိတ်တဆိတ် လေ့ကျင့်လိုက်ကြသည်။

မဟာဧကရာဇ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီးမှ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်နိုင်လိမ့်မည်။ ထို့ကြောင့် ယခုလောလောဆယ်‌တွင် အဓိပဓိက အကန့်အသတ် ဖြစ်သည်။ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီးလျှင်တော့ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ကာ အခွင့်အလမ်းများကို ရှာဖွေနိုင်ကြပြီ။

လုမင်လည်း ကစဉ့်ကလျား တာအိုနယ်မြေကို ပို၍ အာရုံစိုက်ပြီး လေ့ကျင့်ခဲ့သည်။

ယခုအခါ ကစဉ့်ကလျား တာအိုနယ်မြေက ၎င်း၏ကန့်သတ်ချက်ဆီသို့ နီးကပ်လာလေပြီ။

ကစဉ့်ကလျားတာအိုနယ်မြေကို ကန့်သတ်ချက်အထိ လေ့ကျင့်ထားသရွေ့ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ အချိန်မရွေး ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်သုံးရက် ကြာသွားပြီ။

"ဒုံ... ဒုံ... ဒုံ..."

ထိုနေ့တွင် အပြင်ဘက်မှ ကျယ်လောင်သော ဗုံတီးသံများ ထွက်လာပြန်သည်။

ဆင့်ခေါ်ခြင်း ဗုံတီးသံ ဖြစ်၏။

သို့သော်လည်း မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေကို ကြေညာရန် လွန်ခဲ့သော သုံးရက်က စုဝေးခဲ့ကြသည် မဟုတ်ပါလား။ ယခု အဘယ်ကြောင့် ထပ်မံဆင့်ခေါ်ပါသနည်း။

လုမင်လည်း သံသယများဖြင့် ဂူထဲမှ ထွက်လာခဲ့သည်။

ဂူအပြင်ဘက် ဂုဏ်ယူဝံ့ကြွားသော ဟန်ပန်မျိုးဖြင့် လူငယ်သုံးဦး ရပ်နေကြ၏။

လူငယ်သုံးယောက်စလုံး၏ မျက်နှာများမှာလည်း မောက်မာသော အမူအရာများ အထင်းသား ပေါ်လွင်နေတော့သည်။

All Chapters