← Chapters

အခန်း ၁၃၉၉

Vol. 94 Ch. 1399

အခန်း ၁၃၉၉

Vol. 94 Ch. 1399

အပိုင်း ( 1399 ) နယ်မြေခံ ပါရမီရှင်များ။

လူအုပ်ကြီးက ချိုင့်ဝှမ်းတွင် စုဝေးကြသောအခါ လူငယ်သုံးဦးကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ကြသည်။

ယခုလေးတင် ဗုံတီးလိုက်သူမှာ ဤလူငယ်သုံးဦး ဖြစ်ပုံရ၏။ သို့ရာတွင် သူတို့သုံးယောက်က ဘာကြောင့် လူစုကြသနည်း။

"အားလုံး ရောက်လာကြပြီလား"

လူငယ်တစ်ဦးက လူအုပ်ကို ခပ်မာမာကြည့်ရင်း ပြောလိုက်သည်။

ဘယ်သူမှ အသံမထွက်ပေ။

"ကောင်းပြီ၊ မင်းတို့အားလုံးပဲ ဒီသတင်းကိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကြားပြီးကြမယ်လို့ ငါယုံကြည်တယ်။ သုံးလကြာရင် ငါတို့ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်ကြရလိမ့်မယ်"

လူငယ်က အနည်းငယ် ပြုံးပြီး ဆက်ပြောလိုက်သည်။

"ငါပြောရရင် ဒါက မင်းတို့တစ်ဘဝလုံး အကြီးမားဆုံး ကံကောင်းခြင်းပဲ။ ဒီအကြောင်းကြောင့်သာ မဟုတ်ရင် မင်းတို့အားလုံး နဂါးနတ်ဘုရားတောင်ကြားထဲကို ဘယ်တော့မှ ဝင်နိုင်မှာ မဟုတ်ဘူး။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေကို ဝင်ရောက်နိုင်တဲ့ အခွင့်အလမ်းက အရမ်းရှားတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။ မင်းတို့ နားလည်ကြရဲ့လား"

လူငယ်၏ အသံက ချိုင့်ဝှမ်းတစ်လျှောက် ပျံ့လွင့်သွားခဲ့သည်။ သို့သော်လည်း သူ့လေသံမှ ကြီးမားသော အထင်မြင်သေးမှုကို လူတိုင်း ကြားနိုင်၏။

သူ့လေသံမှာ သူတောင်းစားအုပ်စုကို ငုံ့ကြည့်နေသော မင်းသားတစ်ပါးကဲ့သို့ ဖြစ်သည်။

လူအများက မျက်မှောင်ကြုတ်သွားကြသော်လည်း အသံမထွက်သေးပေ။ ဤလူငယ်များ၏ အသံနေအသံထားအရ ဤလူများဟာ ဒေသခံများ ဖြစ်ပုံရသည်။ သူတို့က ယွမ်လုတိုက်ကြီး အပြင်ဘက်ရှိ တိုက်ကြီးများမှ မဟုတ်ကြပေ။

သူတို့က ယွမ်လုတိုက်ကြီးမှ ဖြစ်သောကြောင့် နဂါးနတ်ဘုရားတောင်ကြား၏ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် ပတ်သက်မှု ရှိ၊မရှိကို မည်သူမျှ မသိကြပါ။ ထို့ကြောင့်ပင် စကားများများမပြောဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

"ကောင်းပြီ၊ အခု အဓိက အကြောင်းရာကို ပြောကြရအောင်။ အခု မင်းတို့ရှေ့မှာ ရပ်နေတဲ့သူက နဂါးနတ်ဘုရားတောင်ကြားရဲ့ ပါရမီရင်၊ သခင်လေး ရင်ဖုန်းပဲ။ မင်းတို့ သူ့ကို မြန်မြန် အရိုအသေမပေးကြသေးဘူးလား"

လူငယ်က အလယ်မှ လူငယ်ကို ညွှန်ပြရင်း လေသံမြှင့်ပြီး ပြောလိုက်၏။

လူငယ်သုံးယောက်တွင် အလယ်မှ တစ်ယောက်က ခေါင်းဆောင်ဖြစ်ပုံရသည်။ သူ့ကိုကြည့်ရတာတော့ အသက်နှစ်ဆယ်ခန့် ရှိလောက်ပြီ။ သူက ငွေရောင်ဝတ်ရုံကို ၀တ်ထားပြီး မျက်နှာမှာလည်း အေးစက်စက်နှင့် မာနကြီးသော အမူအရာများ ပေါ်လွင်နေသည်။ သူက လုမင်နှင့် အခြားသူများကို အထင်အမြင်သေးစွာဖြင့် ကြည့်နေ၏။

"မင်္ဂလာပါ သခင်လေးရင်ဖုန်း"

လူအချို့က လက်ယှက်ပြီး ပြောလိုက်သည်။

"ဟမ်၊ ဒါက မင်းတို့ ဘာသဘောလဲ။ ငါပြောလိုက်မယ်၊ သခင်လေးရင်ဖုန်းလည်း မဟာဧကရာဇ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်မှာ၊ အခု သခင်လေးရင်ဖုန်းက မင်းတို့ကို သူ့လက်အောက်ခံပြီး သူ့လက်အောက်ငယ်သားဖြစ်ဖို့ အခွင့်အရေးလာပေးတာပဲ။ မဟာဧကရာဇ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီးရင် မင်းတို့ သခင်လေးရင်ဖုန်းရဲ့အမိန့်ကို နာခံရလိမ့်မယ်။ ဒါဆိုရင် အနာဂတ်မှာ နဂါးနတ်ဘုရားတောင်ကြားကို ဝင်ရောက်ပြီးတဲ့အခါ သခင်လေးရင်ဖုန်းက မင်းတို့ကို စောင့်ရှောက်ပေးလိမ့်မယ်"

နောက်ဆုံးတွင် လူငယ်က သူတို့၏ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ခဲ့သည်။

သူတို့က လုမင်နှင့် အခြားသူများကို ရင်ဖုန်း၏ လက်အောက်ခံများ ဖြစ်လာစေလိုကြခြင်းပင်။

လုမင် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

မဟာဧကရာဇ် လျှို့ဝှက်နယ်မြေက အခွင့်အလမ်းများနှင့် ပြည့်နေသည်။ သဘာဝအတိုင်း၊ သူတို့ကဲ့သို့ အပြင်လူများချည်း ဝင်ကြရမည် မဟုတ်ပေ။ ယွမ်လုမှ အင်အားစုကြီးများ၏ တပည့်များလည်း သေချာပေါက် ဝင်ရောက်ကြမည် ဖြစ်သည်။

ရင်ဖုန်းနှင့် အခြားနှစ်ယောက်က အဓိပဓိအဆင့်များ ဖြစ်ပုံရ၏။ သူတို့လည်း သေချာပေါက် ဝင်ရောက်ကြလိမ့်မည်။

ဤသုံးယောက်မှာ အကြံအစည်ကတော့ ကောင်းကြသည်။ ယခုအချိန်တွင် လုမင်နှင့် အခြားသူများကို လက်အောက်ခံစေပြီး မဟာဧကရာဇ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သောအခါ အခွင့်အလမ်းများ ရှာဖွေရန် သူတို့ကို အသုံးချလိုခြင်း ဖြစ်ပေသည်။

မည်သူမဆို ဤအချက်ကို အလွယ်တကူ သိနိုင်ကြသည်။

"စိတ်မကောင်းပါဘူး၊ ဒါက တစ်ယောက်တည်းပဲ နေတတ်တယ်။ တစ်စုံတစ်ယောက်ရဲ့ လက်အောက်ငယ်သား ဖြစ်လာဖို့ စိတ်ကူးမရှိဘူး။ နှုတ်ဆက်ပါတယ်"

ကတုံးပြောင်နှင့် လူငယ်တစ်ယောက်က အေးစက်စက်ပြောဆိုပြီး ဂူထဲသို့ ပြန်သွားရန် ဟန်ပြင်လိုက်သည်။

"ဝှစ်"

လေတိုးသံ ထွက်ပေါ်လာပြီး စောစောကပြောခဲ့သော လူငယ်က ကတုံးပြောင် လူငယ်လေးရှေ့တွင် ပေါ်လာခဲ့သည်။

"မင်း ငြင်းတာလား"

ဒေသခံလူငယ်က အေးစက်စက် ပြောသည်။

"ငါ့မှာ တခြားလူတွေရဲ့ ခွေးဖြစ်တတ်တဲ့ အလေ့အထမရှိဘူး"

ကတုံးပြောင်လူငယ်က အေးစက်စက် ပြောလိုက်၏။ သူက တစ်ဖက်လူကို ရင်ဖုန်း၏ ခွေးတစ်ကောင်ဖြစ်သည်ဟု လှောင်ပြောင်လိုက်သည်။

"မင်း သေချင်နေတာပဲ"

ဒေသခံလူငယ်၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာ၏။

"လူရိုင်းကျွန်းက ပုရွက်ဆိတ်ကောင်၊ နဂါးနတ်ဘုရားတောင်ကြားကို ဝင်ခွင့်ရရင်တောင် မင်းအတွက် ကံကောင်းနေပြီကွ။ ဒါတောင် ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့အပြင် ငါ ရင်ဖေးကျန်းရှေ့မှာ မောက်မာဝံ့ကြွားနေတယ်။ ငါ မင်းကို သင်ခန်းစာမပေးရင် မင်းဘယ်သူလဲဆိုတာ မေ့သွားလိမ့်မယ်"

ရင်ဖေးကျန်းဟုခေါ်သော ဒေသခံလူငယ်က ကြိမ်းမောင်းပြီး အစွမ်းထက် အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။

"မင်းကိုကြောက်မယ်ထင်လို့လား"

ကတုံးပြောင် လူငယ်ကလည်း အဓိပဓိအဆင့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။

ဤလူငယ်အားလုံးက ၎င်းတို့၏ သက်ဆိုင်ရာ တိုက်ကြီးများတွင် အထွတ်အထိပ် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က မျိုးဆက်တူသူများကြားတွင် ပြိုင်ဘက်ကင်းပြီး အခြားသူများကို နှိမ့်ချကြပေသည်။

အားလုံးက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး မာနကြီးကြ၏။ သူတို့က တစ်စုံတစ်ယောက်၏ လက်အောက်ငယ်သားဖြစ်လိုစိတ် မည်သို့ရှိနိုင်မည်နည်း။

ထို့အပြင် ရင်ဖေးကျန်း၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိအဆင့် ဖြစ်သည်။ အဆင့်ချင်းတူသူကို အဘယ်ကြောင့် ကြောက်နေပါမည်နည်း။

"ဟားဟားဟား၊ ကောင်းတယ်။ ဒီလိုဆိုမှတော့ မင်းတို့ လူရိုင်းကျွန်းက အမှိုက်တွေ ဘယ်လောက် အားနည်းနေတယ်ဆိုတာ သိရအောင် ငါပြောပြမယ်။ တိုက်ခိုက်ပါ၊ မင်းကို သုံးကွက် အကြောပေးမယ်"

ရင်ဖေးကျန်းက အေးစက်စက် ပြောလိုက်သည်။

"ငါ့ကို အကြောပေးရအောင် မင်းက ဘာလဲ။ ငါ မင်းကို ဆယ်ကွက်နဲ့ အနိုင်ယူပြမယ်"

ကတုံးပြောင် လူငယ်က မာနကြီးစွာဖြင့် အော်လိုက်သည်။

"ဝမ်"

ကတုံးပြောင်လူငယ်၏ ခန္ဓာကိုယ်မှ မြေဝါရောင် စက်ဝိုင်းတစ်ခု ပြန့်ထွက်လာခဲ့သည်။ ယင်းမှာ လူငယ်၏ တာအိုနယ်မြေသန္ဓေ ဖြစ်၏။

သူ၏ တာအိုနယ်မြေသန္ဓေက ရင်ဖေးကျန်းကို ဖုံးလွှမ်းသွားသည်။

"အရေးမပါတဲ့ အရည်အချင်းနဲ့။ မင်းက ကိုယ့်ကိုကိုယ် ပိုတွက်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ရင်ဖေးကျန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ တာအိုနယ်မြေသန္ဓေကလည်း သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။

ထိုအခါ မထင်မှတ်ထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းတို့၏ တာအိုနယ်မြေသန္ဓေနှစ်ခု ဆုံတွေ့သည့်အခိုက်တွင်၊ ကတုံးပြောင် လူငယ်လေး၏ သန္ဓေသားပုံစံက ချက်ခြင်း ပြိုကျသွားတော့သည်။

ကတုံးပြောင် လူငယ်လေး၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရသည်။

"ဝှစ်"

ထိုအချိန်တွင် ရင်ဖေးကျန်းက လှုပ်ရှားလာသည်။ ချက်ခြင်းဆိုသလို၊ သူက ကတုံးပြောင်လူငယ်လေး၏ ရှေ့တွင် ပေါ်လာပြီး လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။

ကတုံးပြောင် လူငယ်လေးလည်း မျက်နှာအမူအရာ ပြောင်းသွားပြီး လက်ဝါးနှင့် အမြန်ပြန်ရိုက်လိုက်သည်။

"ဝုန်း"

လက်ဝါးနှစ်ဖက်ကို ဆုံမိသောအခါ ကတုံးပြောင်လူငယ်လေး မျက်နှာပျက်သွား၏။ ဒယီးဒယိုင်ဖြင့် ဆုတ်သွားရင်း သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

"မင်း...ဒါ ဘယ်လိုဖြစ်လဲ"

ကတုံးပြောင် လူငယ်လေးက ရင်ဖေးကျန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးက အဓိပဓိအဆင့်တွင် ရှိကြသော်လည်း တစ်ချက်မျှပင် မခံနိုင်ဘဲ ရှုံးနိမ့်ခဲ့ပေသည်။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

ဤအခိုက်တွင် သူ့ကိုယ်သူ ယုံကြည်မှုက ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။

အခြားလူငယ်များလည်း တုန်လှုပ်သွားခဲ့ကြပေသည်။

ကတုံးပြောင်လူငယ်လေးက အားနည်း‌တာမဟုတ်ဘဲ ရင်ဖေးကျန်းက သန်မာလွန်းနေခြင်း ဖြစ်သည်။

"အိုနယ်မြေသိုင်းပညာ"

လုမင် ရေရွတ်လိုက်သည်။

နဝမနဂါး၏ အမှတ်တရများကို လက်ခံပြီးနောက် သူ၏ အသိအမြင်က အတော်တိုးတက်ခဲ့ပေသည်။ ရင်ဖေးကျန်းက တာအိုနယ်မြေသိုင်းပညာကို အသုံးပြုခဲ့ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ မြင်နိုင်သည်။

တာအိုနယ်မြေသိုင်းပညာက တာအိုနယ်မြေတစ်ခု၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်စေနိုင်သည်။

ထို့အပြင်၊ တာအိုနယ်မြေသိုင်းပညာမှာ အလွန် တန်ဖိုးကြီး၏။ ယွမ်လုမှ အင်အားစုကြီးများမှာပင် လူတိုင်း လေ့ကျင့်ပိုင်ခွင့်မရှိပေ။

တာအိုသိုင်းပညာက အချို့ အပြင်ဘက်တိုက်ကြီးများတွင် ရှိကြသည်။

သို့သော် တာအိုနယ်မြေ သိုင်းပညာကတော့ ထိုတိုက်ကြီး၊ တိုက်ငယ်များတွင်ရှိရန် မဖြစ်နိုင်ပေ။

ယခုတော့ ရင်ဖေးကျန်းက ကတုံးပြောင်လူငယ်ကို အနိုင်ယူရန် တာအိုနယ်မြေ သိုင်းပညာအား အသုံးပြုခဲ့သည်။

"အခု မင်းက ဘယ်လောက်ထိ အသုံးမကျတယ်ဆိုတာ သိပြီလား။ မင်းတကယ်ကြီး မင်းကိုယ်မင်း အထက်တန်းစားတစ်ယောက်လို့ ထင်နေတယ်။ ငါပြောလိုက်မယ်၊ နဂါးနတ်ဘုရားတောင်ကြားက မင်းတို့ကို တကူးတကလက် ခေါ်ယူခဲ့တာဟာ မင်းတို့က သန်မာလွန်းလို့ မဟုတ်ဘူး။ မင်းတို့ရဲ့ ကျင့်ကြံခြင်းက အားနည်းလွန်းလို့ပဲ"

"နဂါးနတ်ဘုရားတောင်ကြားမှာ သိုင်းအုပ်ချုပ်သူ ဖြစ်နေပြီဖြစ်တဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့က မဟာဧကရာဇ် လျှို့ဝှက်နယ်မြေထဲကို မ၀င်ရောက်နိုင်ဘူး။ ငါတို့မှာ သိုင်းအုပ်ချုပ်သူ နယ်ပယ်အောက်က လူနည်းလွန်းတာကြောင့် မင်းရဲ့ ဝေးလံခေါင်သီတဲ့ရွာတွေဆီလာပြီး မင်းတို့ကို စုဆောင်းခဲ့ရတာ"

ရင်ဖေးကျန်းက အေးစက်စက် ပြောလိုက်သည်။

ထိုစကားများကြောင့် လူများစွာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

နဂါးနတ်ဘုရားတောင်ကြားက သူတို့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ သူတို့က သန်မာလွန်း၍ သို့မဟုတ် ပါရမီ မြင့်မားလွန်းသောကြောင့် မဟုတ်ပေ။ ထိုအစား နဂါးနတ်ဘုရားတောင်ကြားတွင် 'အားနည်းသော' ကျင့်ကြံခြင်းအခြေခံဖြင့် ပါရမီရှင်များစွာ မရှိသောကြောင့် ဖြစ်သည်။

ဤသည်မှာ တိုက်ကြီးအသီးသီးမှ ထိပ်တန်း ပါရမီရှင်များအတွက် ကြီးစွာသော စော်ကားမှုတစ်ခုပင်။

အထူးသဖြင့် ကတုံးပြောင်လူငယ် ဖြစ်သည်။ သူ့မျက်နှာက မည်းမှောင်နေတော့သည်။

"မင်းတို့ထဲမှာ တစ်ယောက်ယောက်က သဘောမတူရင် ဖျက်ဆီးပေးဖို့ ငါ စိတ်ထဲမထားဘူး။ ဘာပဲဖြစ်ဖြစ် မင်းတို့ဟာ သေချာပေါက်လက်ခံမယ်ဆိုပြီး စုဆောင်းထားတဲ့ တပည့်တွေ မဟုတ်ဘူးလေ။ မင်းတို့ကို ဖျက်ဆီးလိုက်လို့လည်း ဘာမှထူးခြားမှာ မဟုတ်ဘူး"

ရင်ဖေးကျန်း၏ အသံက အေးစက်သည်ထက် အေးစက်လာခဲ့သည်။ ယင်းက လူများစွာ၏ မျက်နှာကို အကြည့်ရဆိုးစေခဲ့ပေသည်။

All Chapters