← Chapters

အခန်း ၁၄၀၀

Vol. 94 Ch. 1400

အခန်း ၁၄၀၀

Vol. 94 Ch. 1400

အပိုင်း ( 1400 ) သွေးသစ္စာကျိန်ဆိုခြင်း စာချုပ်။

လူတိုင်း၏ အမူအရာက ရင်ဖေးကျန်း၏ အေးစက်သောအမူအရာကို ပို၍ မာနကြီးလာစေခဲ့သည်။

သူက လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။

"ငါ့ရဲ့ခွန်အားကို မြည်းစမ်းချင်တဲ့ တခြားတစ်ယောက်ယောက်ရှိရင် ချက်ချင်းထွက်ခဲ့ပါ။ မင်းတို့ ဘယ်လောက် အသုံးမကျဘူးဆိုတာ သိရအောင် ငါပြောပြမယ်"

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ အသံမထွက်ကြပေ။

ရင်ဖေးကျန်းက သန်မာလွန်းသောကြောင့် မည်သူမျှ အနိုင်ယူရန် ယုံကြည်မှုမရှိတော့ပါ။

"မင်းဆီကနေ ငါ သင်ယူပါရစေ"

ခဏအကြာတွင် အဝါရောင် ၀တ်စုံနှင့် လူငယ်တစ်ယောက် ရှေ့သို့ တိုးလာသည်။

"ကောင်းပြီ၊ မင်းမှာ သတ္တိရှိတာပဲ။ ငါ မင်းကို သင်ခန်းစာတစ်ခု ပေးရတာပေါ့"

ရင်ဖေးကျန်းက အဝါရောင်ဝတ်လူငယ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက စူးရှသော အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာ၏။

လူအုပ်ကြီးက နောက်ပြန်ဆုတ်သွားပြီး သူတို့နှစ်ဦးအတွက် နေရာကျယ်တစ်ခု ချန်ထားပေးခဲ့သည်။

ရင်ဖေးကျန်းနှင့် အဝါရောင်ဝတ် လူငယ်က မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။

"ဂါး"

အဝါရောင် ၀တ်စုံဝတ် လူငယ်က သူ၏ ခွန်အားကို မဖုံးကွယ်ထားပေ။ နဂါးဟိန်းသံက ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားပြီး အဝါရောင်ဝတ် လူငယ်၏ ဦးခေါင်းထက်တွင် မြေဝါရောင် နဂါးကြီးတစ်ကောင် ပေါ်လာခဲ့သည်။

နဂါးကြီးပေါ်တွင် ရွှေရောင် ချက္ကရကိုးခု ရှိ၏။ ဤသည်မှာ လူငယ်၏ သွေးမျိုးဆက် ဖြစ်သည်။

အဝါရောင်ဝတ်စုံဝတ် လူငယ်က သွေးမျိုးဆက်ပေါင်းစပ်မှုကို တိုက်ရိုက် အသုံးပြုလိုက်သည်။

"ဝုန်း"

ထို့နောက် ပြင်းထန်သော ဖိအားများနှင့် တောင်တစ်လုံးက အဝါရောင်နဂါးကြီး၏ ဦးခေါင်းထက်တွင် ပေါ်လာပြန်၏။

အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက် ဖြစ်သည်။

"ဟားဟားဟား၊ အဲဒါက အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်ပဲ။ မင်းမှာ အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်တစ်ခုရှိတာနဲ့ အသုံးဝင်မယ် ထင်နေတာလား။ နုံချာလွန်းတယ်"

ရင်ဖေးကျန်းက လှောင်ပြောင်လိုက်သည်။

"ဝှစ်"

ထို့နောက် သူ့ခန္ဓာကိုယ်က မိုးပြာရောင်အလင်းများ ပြည့်သွားပြီး မြေဝါရောင်နဂါးကြီးဆီကို ပြေးဝင်သွား၏။

"ဂါး..."

မြေဝါရောင်နဂါးကြီးက ဟိန်းဟောက်လိုက်သည်။ နဂါးလက်သည်းများက လေထဲကိုနင်းပြီး နင်ဖေးကျန်းထံ တိုးဝင်သွား၏။ တစ်ချိန်တည်းမှာပင် တောင်က လျင်မြန်စွာ ကြီးမားလာပြီး ရင်ဖေးကျန်းကို ဖိချလိုက်တော့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ရင်ဖေးကျန်း၏ ရုပ်သွင်က လှုပ်ရှားသွားသည်။ ရုတ်ချည်းဆိုသလို သူ့ပုံရိပ်က ဆယ့်ရှစ်ခုအထိ ဖြစ်လာခဲ့၏။ လူရိပ်တစ်ခုစီက သူတို့လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးပြာရောင် ကြိုးတစ်ချောင်းစီက မြေဝါရောင်နဂါးကြီးဆီသို့ ပျံသန်းလာတော့သည်။

ကြိုးဆယ့်ရှစ်ချောင်းက အလွန်လျင်မြန်သည်။ တခဏချင်းမှာပင် ကြိုးများက မြေဝါရောင်နဂါးကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်ကြသည်။

"ဂါး"

မြေဝါရောင်နဂါးကြီးက အစွမ်းကုန်ရုန်းကန်ရင်း အဆက်မပြတ် ဟိန်းဟောက်လိုက်၏။ သို့သော်လည်း သံကြိုးများက ဖျက်ဆီး၍မရနိုင်ဘဲ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်တော့ပေ။

"ဖိနှိပ်"

မြေဝါရောင်နဂါးကြီးက ဟိန်းဟောက်လိုက်သည်။ သူက ရင်ဖေးကျန်းကို ဖိနှိပ်ရန် တောင်ပုံသဏ္ဍာန် အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်ကို အသုံးပြုခဲ့၏။

"ကောင်းကင်လေ နတ်သိုင်း"

ရင်ဖုန်းကျန်းက အဇူရာတာအိုနယ်မြေကို ဖြန့်ကျက်လိုက်ရာ လက်ဝါးကြီးတစ်ဖက်အဖြစ် စုစည်းပြီး တောင်ဆီသို့ တိုးဝင်သွားတော့သည်။

"ဒုန်း"

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မိုးပြာရောင်လက်ဝါးကြီး ဖျက်ဆီးခံခဲ့ရသော်လည်း တောင်ကြီး လွင့်စဉ်သွား၏။

အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်ကိုပင် ရင်ဖေးကျန်းက လက်ဗလာဖြင့် လွင့်စဉ်စေခဲ့သည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ တာအိုနယ်မြေသိုင်းပညာလဲ"

လူအုပ်ထဲတွင်ရှိနေသည့် လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ရင်ဖေးကျန်းက တာအိုနယ်မြေသိုင်းပညာကို အသုံးပြုနေကြောင်း ရှင်းရှင်းလင်းလင်း သူ မြင်နိုင်ပေသည်။

ယင်းက အပြောင်းအလဲ အများကြီးပါဝင်သော တာအိုနယ်မြေ သိုင်းပညာ အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ ၎င်းက ရင်ဖေးကျန်း၏ လေတာအိုနယ်မြေ စွမ်းအားကို အစွန်းရောက် ထုတ်ဖော်စေနိုင်စွမ်း ရှိ၏။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အဖျက်စွမ်းအားမှာလည်း ကြောက်မက်ဖွယ်ဖြစ်တော့သည်။

အဝါရောင်ဝတ်လူငယ်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုထားသည်။ ထို့အပြင် အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်နှင့် ပေါင်းထားသောကြောင့် သူ့စွမ်းအားက သေချာပေါက် အံ့မခန်း ဖြစ်၏။

ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ဤအဝါရောင်ဝတ် လူငယ်က သိုင်းအုပ်ချုပ်သူတစ်ပါးကို အနိုင်ယူနိုင်မည်ဖြစ်သည်။ သူက ပထမအဆင့် သိုင်းအုပ်ချုပ်သူထက် အနည်းငယ် သန်မာလိမ့်မည်။

သို့သော်လည်း ရင်ဖေးကျန်းက အလွယ်တကူ ဖိနှိပ်ထားသောကြောင့် သူ မည်မျှသန်မာကြောင်း မြင်နိုင်သည်။

ထို့နောက် ရင်ဖေးကျန်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး မြေဝါရောင်နဂါးကြီး၏ ဦးခေါင်းထိပ်တွင် ပေါ်လာခဲ့သည်။ သူက နဂါးဦးခေါင်းပေါ်ကို လက်ဝါးနှင့် ရိုက်ချလိုက်၏။

"ဂရား..."

ကျယ်လောင်သော အော်ဟစ်မြည်တမ်းသံနှင့် မြေဝါရောင် အစစ်အမှန်နဂါးကြီး ပေါက်ကွဲသွားကာ ‌အဝါရောင်ဝတ် လူငယ်၏ မူလခန္ဓာ ပြန်ပေါ်လာတော့သည်။

ရင်ဖေးကျန်းက အဝါရောင်ဝတ်လူငယ်၏ မျက်နှာကို ဆောင့်နင်းလိုက်သည်။ မြေပြင်က ပြိုကျသွားပြီး ကြီးမားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဟမ့်၊ ဒီအင်အားလောက်နဲ့ ငါ့ကို တိုက်ခိုက်ချင်နေတယ်။ မင်း သေချင်နေတာပဲ"

ရင်ဖေးကျန်းက အဝါရောင်ဝတ် လူငယ်လေး၏ မျက်နှာကို ခပ်ကြမ်းကြမ်းကန်ထုတ်ရင်း လှောင်ပြောင်လိုက်သည်။ အဝါရောင်ဝတ် လူငယ်လေး၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့ပေသည်။

လူအများ မျက်နှာပျက်သွားခဲ့ကြသည်။

ရင်ဖုန်း၏ ဘေးမှ အခြားလူငယ်တစ်ယောက်ကတော့ အမူအရာမပြောင်းပေ။ သူက ရင်ဖေးကျန်းကို ခုန်ပေါက်နေသော ကြက်တစ်ကောင်ကို ကြည့်နေသကဲ့သို့ လျစ်လျူရှုစွာ ကြည့်နေသည်။

"ဘယ်သူ တိုက်ခိုက်ချင်သေးလဲ၊ အခု ထွက်ခဲ့"

ရင်ဖေးကျန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

မည်သူမျှ အသံမထွက်ကြပါ။

"ဟမ့်၊ ဘယ်သူကမှ ဘာမှမပြောတဲ့အတွက် သခင်လေးရင်ဖုန်းနဲ့ လက်တွဲဖို့ သဘောတူတယ်လို့ ငါသတ်မှတ်လိုက်မယ်။ ကိုင်း... အခု သွေးသစ္စာစာချုပ်ကို လက်မှတ်ထိုးလိုက်ရအောင်"

ရင်ဖေးကျန်းက ပြောဆိုပြီး စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ စာလိပ်ကိုဖွင့်လိုက်တော့ ကမ္ပည်းစာလုံးများ ပြည့်နေသည်ကို မြင်လိုက်ရ၏။

"ဘာ၊ ငါတို့ကို သွေးသစ္စာစာချုပ်မှာ လက်မှတ်ရေးထိုးစေချင်တာလား"

"မဟုတ်ဘူး၊ ငါတို့ သွေးသစ္စာစာချုပ်မှာ လက်မှတ်မထိုးနိုင်ဘူး။ သွေးသစ္စာစာချုပ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ ငါတို့က မင်းရဲ့ ကျွန်တွေဖြစ်လာပြီး လုံးဝ ထိန်းချုပ်ခံရလိမ့်မယ်"

ချက်ခြင်းပင် မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

သွေးသစ္စာစာချုပ်က ယွမ်လုမှ အထူးနည်းလမ်း ဖြစ်သည်။ ဤစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသည်နှင့် ၎င်းက သွေးသစ္စာ ကျိန်ဆိုခြင်းနှင့် ညီမျှပြီး ဖောက်ဖျက်၍ မရတော့ပေ။

ထိုသို့ဆိုလျှင် သူတို့ဘဝကို ရင်ဖုန်းက တစ်သက်လုံး ချုပ်ကိုင်ထားတော့မည် ဖြစ်သည်။ တိုက်ကြီးအသီးသီးမှ လာရောက်သော ဤမာနကြီးပြီး ရည်မှန်းချက်ကြီးသည့် ပါရမီရှင်များက ယင်းကို မည်သို့လက်ခံနိုင်မည်နည်း။

"နားညည်းလိုက်တာ၊ ငါ ပြောလိုက်မယ်။ မင်းတို့ လက်မခံချင်ရင်တောင် ဒီနေ့ လက်မှတ်ထိုးရမှာပဲ။ နောက်ပြီး ဒီသွေးသစ္စာစာချုပ်က တစ်သက်လုံးအတွက် မဟုတ်ဘူး။ အဲဒါက လျှို့ဝှက်နယ်မြေကို ရှာဖွေရေးအတွက် သီးသန့်ပဲ။ မင်းတို့ နားလည်ရဲ့လား"

ရင်ဖေးကျန်းက ထိုသို့ပြောသော်လည်း လူအုပ်ကြီးက အံကြိတ်နေပြီး မည်သူမျှ လက်မှတ်မထိုးကြပေ။

"ဘယ်လို အရူးတွေလဲ"

ရင်ဖေးကျန်း ဒေါသထွက်လာပြီး အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ကိုယ်ကို ပါရမီရှင်တွေလို့ ထင်နေသေးတာလား။ ယွမ်လုမှာ မင်းတို့က ဘာမှမဟုတ်တဲ့ အမှိုက်တစ်စထက် မပိုဘူး။ သခင်လေးရင်ဖုန်းနဲ့ လက်မတွဲဘူးဆိုရင် အနာဂတ်မှာ မင်းတို့ ကောင်းမွန်တဲ့ဘဝကို မရနိုင်ဘူးဆိုတာ ငါ အာမခံတယ်"

"ယွမ်လုတိုက်ကြီးက အန္တရာယ်တွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေနဲ့ ပြည့်နေတာ။ မင်းတို့ဘာသာဆိုရင် ငါ သေချာတယ်၊ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး။ သခင်လေးရင်ဖုန်းရဲ့ အကာကွယ်ကို ရရှိရင်တော့ ကောင်းမွန်တဲ့ဘဝနဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ပိုင်ဆိုင်လာလိမ့်မယ်"

ယင်းက ပြောင်စိန် ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

သို့သော် ဤစကားများက အမှန်တကယ် လွှမ်းမိုးပြီး လူငယ်များစွာကို တွန့်ဆုတ်စေခဲ့ပေသည်။

ယွမ်လုတိုက်ကြီးက ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေသည်။ အခွင့်အလမ်းများ ရှိသော်လည်း အန္တရာယ်အဆင့်မှာ အလွန်မြင့်မား၏။ သူတို့က နဂါးနတ်ဘုရားတောင်ကြားတွင် တစ်သက်လုံး လေ့ကျင့်နေနိုင်မည် မဟုတ်ပေ။ အပြင်ထွက်ပြီး လေ့ကျင့်ရန်လိုသည်။ ဤအခါ ရင်ဖုန်းမှ သူတို့ကို တစ်ခုခုလုပ်ပါက ရင်ဆိုင်ရခက်လိမ့်မည်။

ထို့အပြင်၊ နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ ဂိုဏ်းကြီးတစ်ခုတွင် တစ်ယောက်တည်း လေ့ကျင့်ခြင်းထက် အားကောင်းသော ကျောထောက်နောက်ခံရှိခြင်းက အမှန်တကယ် ပို၍ ကောင်းမွန်သည်။

လူငယ်အချို့က ပထမဆုံး သွေးဆောင်ခံခဲ့ရလေသည်။

"ကောင်းပြီ၊ ငါလက်မှတ်ထိုးမယ်"

"ငါရောပဲ"

နောက်ဆုံးတွင် လူငယ်တချိုက သွေးသစ္စာစာချုပ်ကို လက်မှတ်ရေးထိုးရန် သဘောတူခဲ့သည်။

ရင်ဖေးကျန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်လေသည်။

"ဒီလိုပဲ ဖြစ်ရမှာပေါ့၊ လာလာ... လက်မှတ်ထိုးလိုက်ကြ"

လူငယ် ဆယ်ယောက်ကျော်က ရှေ့ထွက်လာပြီး သွေးသစ္စာ စာချုပ်တွင် ၎င်းတို့၏ အမည်များကို သွေးဖြင့်ရေးပြီး လက်မှတ်ထိုးခဲ့သည်။

ရင်ဖေးကျန်း၏ နင်းချေခံရသော အဝါရောင် ၀တ်စုံဝတ် လူငယ်လေး လည်း နာခံကာ လက်မှတ် ရေးထိုးခဲ့ပေသည်။

"မင်းတို့ကော ဘယ်လိုလုပ်မှာလဲ"

ရင်ဖေးကျန်းက သွေးသစ္စာစာချုပ်ကို ကိုင်ဆောင်ကာ မိန်းကလေးများရှေ့သို့ လျှောက်သွားခဲ့သည်။ သူက သူတို့ကို အေးစက်စက် စိုက်ကြည့်လိုက်၏။

မိန်းကလေးများ၏ အမူအရာများ ပြောင်းလဲသွားသည်။ နောက်ဆုံးတော့ သူတို့လည်း အံကိုတင်းတင်းကြိတ်ရင်း စာချုပ်ချုပ်လိုက်ကြတော့သည်။

"မင်းတို့တွေရော"

ထို့နောက် ရင်ဖေးကျန်းက စာချုပ်ကိုကိုင်ပြီး အခြားသူများကို ကြည့်လိုက်သည်။

အခြားလူ၏ အိမ်အမိုးအောက်တွင် ခေါင်းငုံ့နေရမည် ဆိုသည့်အတိုင်း လူတချို့လည်း အံကြိတ်ကာ ထပ်မံ လက်မှတ်ထိုးခဲ့ကြပေသည်။

မကြာမီ လူငါးဆယ်ခန့် သွေးသစ္စာစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

"ငါတို့လက်မှတ်မထိုးဘူး"

ရုတ်တရက် အသံ ထွက်ပေါ်လာသည်။

လူတိုင်းက အသံလာရာကို ကြည့်လိုက်တော့ ရိုးရှင်းသော အဝတ်အစားများနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။ သူ့ဘေးမှာလည်း ထိုလူငယ်နှင့် ရုပ်ချင်း တစ်ထေရာတည်းတူသော လူငယ်နှစ်ယောက် ရှိသေးသည်။

ညီအကိုသုံးယောက် ဖြစ်မည်။

All Chapters