← Chapters

အခန်း ၁၄၀၃

Vol. 94 Ch. 1403

အခန်း ၁၄၀၃

Vol. 94 Ch. 1403

အပိုင်း ( 1403 ) ရင်ဖုန်းကို ချေမှုန်းခြင်း။

"မင်း သေချင်နေတာပဲ"

ရင်ဖုန်း အော်ဟစ်လိုက်သည်။ သူ့ခန္ဓာက ငွေရောင်အလင်းတန်းကဲ့သို့ လုမင်ထံ ပြေးဝင်လာ၏။

"ဝုန်း"

သူက လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ ငွေရောင်လက်သီးအင်အားက လုမင်၏ ဦးခေါင်းဆီသို့ ပေါက်ကွဲလာတော့သည်။

"လုမင် သတိထား"

ချိုးရင်ရင် စိုးရိမ်တကြီးနှင့် နောက်မှ လှမ်းအော်လိုက်သည်။

လုမင် ပြုံးရုံသာပြုံးပြီး လက်သီးတစ်ချက် ပြန်ထိုးလိုက်သည်။

"ဒုန်း"

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံခြင်းက မိုးကြိုးပစ်ခွင်းသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာစေခဲ့၏။ ချိုင့်ဝှမ်းတစ်ခုလုံးသို့ အားကောင်းသော စွမ်းအင်လှိုင်းများက ပျံ့နှံ့ထွက်ပေါ်လာတော့သည်။

ပုံရိပ်တစ်ခုက အဆက်မပြတ် ဆုတ်သွားသည်။ သူ ခြေတစ်ချက်လှမ်းလိုက်တိုင်း မြေပြင်တွင် ကြီးမားသော ခြေရာ တွင်းတစ်ခု ဖြစ်လာခဲ့၏။

ရင်ဖုန်း၊ ဆုတ်သွားရသူမှာ ရင်ဖုန်း ဖြစ်တော့သည်။

"သတ်"

ရင်ဖုန်းက နောက်ပြန်ဆုတ်သွားပြီးနောက် ကောင်းကင်ကိုမော့ကာ အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ငွေရောင်အလင်းက ဖုံးလွှမ်းထားကာ ငွေ‌လူသားတစ်ဦးသဖွယ် ဖြစ်လာခဲ့သည်။ သူက တာအိုနယ်မြေ သန္ဓေနှင့် ဝိညာဉ်ခန္ဓာစွမ်းအားကို အစွန်းရောက် ထုတ်ဖော်လိုက်၏။ သူက အုပ်ချုပ်သူဝိညာဉ်လက်နက် လက်အိတ်တစ်စုံကို ထပ်မံဝတ်ဆင်ကာ လုမင်အား လက်သီးဖြင့် ထိုးလိုက်တော့သည်။

"သန်မာလွန်းတယ်"

ဤလက်သီးမှ အင်အားက အခြားသူများကို တုန်လှုပ်သွားစေခဲ့သည်။

ရင်ဖုန်းသည် အလွန်အားကောင်း၏။ သူတို့သာ ရင်ဖုန်း၏ ဤလက်သီးကိုရင်ဆိုင်ရပါက အရိုးများပင် ကျန်ရစ်လိမ့်မည်မဟုတ်ဟု ခံစားမိခဲ့သည်။

'သူက တကယ် သန်မာတာပဲ'

လုမင်လည်း စိတ်ထဲမှ‌ တွေးလိုက်သည်။

လုမင်သည် ရင်ဖုန်းက ယခင် သူတွေ့ဖူးသော တိရှန်းထက် ပိုသန်မာသည်ဟု ခံစားမိခဲ့သည်။

သို့ရာတွင် လုမင်က မည်သို့ကြောက်ရွံ့ပါမည်နည်း။

ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေက သူ့လက်သီးကို လွှမ်းခြုံသွားခဲ့သည်။ သူက လက်သီးချက်ထုတ်ဖော်လိုက်ရာ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က သူ့လက်သီးပေါ်တွင် ခပ်ဝါးဝါး ပေါ်လာခဲ့၏။

"ဒုန်း"

လက်သီးနှစ်လုံးက ဒုတိယအကြိမ် တိုက်မိသွားခဲ့သည်။

သူတို့နှစ်ယောက် ရင်ဆိုင်သည့်နေရာတွင် စူးရှသောအလင်းရောင်များ ပေါက်ကွဲသွား၏။

လူများစွာလည်း မျက်လုံးများကို ပြူးပြဲကာ သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ကြသည်။

အဆုံးမှာ ဘယ်သူ အနိုင်ရမည်နည်း။

"ဝုန်း"

အလင်းများက ရုတ်တရက် ပေါက်ကွဲသွားသည်။ ချက်ချင်းပင် လူရိပ်တစ်ခုက လွင့်စဉ်သွားပြီး ချိုင့်ဝှမ်း၏ ရေခဲနံရံနှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်မိတော့သည်။

"ဒါက ရင်ဖုန်းပဲ"

"ဒါ သူပဲ၊ သူရှုံးသွားပြန်ပြိ"

နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

တစ်ဖက်တွင် ရင်ဖုန်း၊ ရင်ဖေးကျန်းနှင့် ကျန်လူငယ်မှာ မယုံကြည်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားကြသည်။ အိပ်မက်မက်နေသည်ဟုပင် ခံစားမိလိုက်ကြလေသည်။

ရင်ဖုန်းက နဂါးနတ်ဘုရားတောင်ကြားတွင် ထင်ရှားသော ပါရမီရှင် ဖြစ်သည်။ သူဟာ သန္ဓေဝိညာဉ်ခန္ဓာဖြင့် မွေးဖွားလာခဲ့သူဖြစ်ပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း တုနှိုင်းမယှဉ်နိုင်‌သာပေ။ ပုံမှန်အားဖြင့် တူညီသောအဆင့်တွင် သူ့ကို ယှဉ်နိုင်သူ အများအပြားမရှိပါ။

ယခုမူကား လူရိင်းကျွန်းမှ လာရောက်သူတစ်ဦး၏ ဖိနှိပ်ခံနေရပြီ ဖြစ်သည်။

ထို့အပြင် တစ်ဖတ်သက် ချေမှုန်းခြင်းလည်း ဖြစ်၏။

လူရိုင်းကျွန်းမှ လူတစ်ယောက်က ဘယ်လိုများ ဤမျှသန်မာနိုင်သနည်း။

"သတ်၊ ငါ မင်းကို သတ်မယ်"

ရင်ဖုန်း လုံးဝ ရူးသွပ်သွားသည်။ ငွေရောင်နဂါးတစ်ကောင်က သူ့ခေါင်းထက်မှာ ပေါ်လာခဲ့။ ရင်ဖုန်းက သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ငွေနဂါးအဖြစ်ပြောင်းလဲကာ လုမင်ဆီသို့ တိုးဝင်လာတော့သည်။

"မင်း ရူးသွားပြီလား"

လုမင် လှောင်ပြောင်လိုက်သည်။ သူက ကောင်းကင်သို့ ခုန်တက်သွားပြီး အဆက်မပြတ် ထိုးနှက်လိုက်၏။

"ဒုန်း... ဒုန်း"

ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေသန္ဓေဖြင့် ရစ်ပတ်ထားသော လက်သီးတစ်ချက်စီက ကီလိုဂရမ် သန်းရာနှင့်ချီပြီး လေးလံသည်။ လက်သီးချက်များက ငွေနဂါးကို အဆက်မပြတ် ထိမှန်သွား၏။

ငွေနဂါးကြီးက ဟောက်ပြီး ကောင်းကင်မှာ လူးလှိမ့်လိုက်သည်။ သို့သော် တိုက်ကွက်အနည်းငယ် လှုပ်ရှားပြီးနောက် ငွေနဂါး၏ ခန္ဓာကိုယ်က တုန်ခါလာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ စတင်ပေါ်လာပြီး ရုတ်တရက် ပေါက်ကွဲသွား၏။

ငွေရောင်အလင်းတန်းအတွင်း၌ ရင်ဖုန်း၏ ခန္ဓာကိုယ် ပြန်ပေါ်လာတော့သည်။

"နဝမနဂါးခြေလှမ်း"

လုမင်က အထက်စီးမှကြည့်ကာ ခြေကိုးလှမ်း ဆက်တိုက်နင်းလိုက်သည်။ ခြေလှမ်း ကိုးလှမ်းစလုံးက ရင်ဖုန်း၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး ခြေရာကိုးခု ချန်ထားခဲ့၏။

ရင်ဖုန်း၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားကာ သွေးများ အန်ထွက်လာတော့သည်။

"မင်း ပြောပြောနေတဲ့ ပုရွက်ဆိတ်က အခု မင်း မျက်နှာကို နင်း‌နေပြီ။ မင်း ဘယ်လိုခံစားရလဲ"

လုမင် အေးစက်စက် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ရင်ဖုန်း သူ့ရင်ဘတ်ကို လက်နှင့်ဖိရင်း သွေးများ ထပ်မံအန်ထွက်ပြန်တော့သည်။ သူ့အရှိန်အဝါက အလွန်အားနည်းသွားသည်။

ရင်ဖုန်း၏ တစ်ကိုယ်လုံးက ဒေါသများဖြင့် ပူလောင်နေပုံရသည်။ သူ့စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။

အမှန်တကယ်ပင် ပုရွက်ဆိတ်တစ်ကောင်က သူ့မျက်နှာကို နင်းထားသည်။ ဤသတင်း ပြန့်သွားပါက နဂါးနတ်ဘုရားတောင်ကြားတွင် ရယ်စရာတစ်ခုဖြစ်လာကာ သူ့ပြိုင်ဘက်များ၏ လှောင်ပြောင်ခံရလိမ့်မည်။

ဤအရာအားလုံးက လုမင်ကြောင့် ဖြစ်သည်။ လုမင်ကို အစိတ်စိတ်အမြွှာမြွှာ ကိုက်ဖြတ်ရန် သူ မစောင့်နိုင်တော့ပေ။

"အခု ငါ့ရှေ့ကနေ ထွက်သွားတော့"

လုမင် အေးစက်စက် ပြောလိုက်သည်။

ဤသည်မှာ နဂါးနတ်ဘုရားတောင်ကြား မဟုတ်ပါက ရင်ဖုန်းကို လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ သူတို့အားလုံးကို တစ်ခါတည်းသတ်လိုက်မည် ဖြစ်သည်။

သို့သော်လည်း ဤသည်မှာ နဂါးနတ်ဘုရားတောင်ကြားဖြစ်သည့်အပြင် လုမင်က ယခုမှ ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့အပြင် ရင်ဖုန်း၏ နောက်ခံက မရိုးရှင်းပေ။ လုမင်သာ ရင်ဖုန်းကို ပေါ်တင်သတ်လိုက်ပါက ဆိုးရွားသော ကလဲ့စားချေမှုတို့နှင့် ရင်ဆိုင်ရမည်မှာ သေချာသည်။

ထို့ကြောင့်ပင် လုမင်က ရင်ဖုန်းကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

"ခွေးကောင်၊ မင်းငါ့ကို စောင့်နေပါ။ မင်းစောင့်နေလိုက်"

ရင်ဖုန်း ကြိမ်းမောင်းလိုက်သည်။ ထို့နောက်မှာတော့ ရင်ဖေးကျန်းတို့နှင့်အတူ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

"လုမင်၊ နင် ရင်ဖုန်းကို ဒီလိုမျိုး စော်ကားခဲ့တာ နင့်ကို လက်စားချေလာတော့မှာ ကြောက်ရတယ်"

ချိုးရင်ရင်က စိုးရိမ်တကြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါက ရင်ဖုန်းကို မသတ်ဘူးလေ။ သူ ထိခိုက်ဒဏ်ရာ ရသွားခဲ့ရုံပဲ။ ဒါ့အပြင် ဒါက မျိုးဆက်သစ်တွေကြားက ပြိုင်ဆိုင်မှုဖြစ်လို့ အကြီးအကဲတွေက ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး လှုပ်ရှားကြမှာ မဟုတ်ဘူး။ ငါ့ကို ကလဲ့စားချေချင်ရင်တောင် မျိုးဆက်သစ်တွေပဲ ရှိလိမ့်မယ်။ ငါသတိထားနေသရွေ့တော့ အဆင်ပြေမှာပါ"

လုမင် ပြုံးလိုက်သည်။

"ဟားဟားဟား၊ နောက်ဆုံးတော့ လွတ်လပ်ပြီ"

"သွေးသစ္စာ ပျက်စီးသွားပြီ"

ဤအခိုက်တွင် မနီးမဝေးမှ စိတ်လှုပ်ရှားစွာ ရယ်မောသံများကို ကြားလိုက်ရသည်။

သွေးသစ္စာစာချုပ်တွင် လက်မှတ်ရေးထိုးထားကြသူတိုင်း ဝမ်းသာသွားကြ၏။

လုမင်က သွေးသစ္စာစာချုပ်ကို ဖျက်ဆီးလိုက်သောကြောင့် သွေးသစ္စာသည် သဘာဝအတိုင်း အသုံးမဝင်တော့ပေ။

သို့သော်လည်း လုမင်ကို ကြည့်မိသောအခါ စိုးရိမ်မှုများက သူတို့၏ မျက်လုံးထဲတွင် ပေါ်လာသည်။ သူ့ကို ကျေးဇူးတင်ရန် မည်သူမျှ ထွက်မလာတော့ပါ။

သူတို့က ရင်ဖုန်းကို သတိထားနေခြင်း ဖြစ်သည်။

လုမင်က ရင်ဖုန်းကို စော်ကားခဲ့သောကြောင့် သေချာပေါက် လက်စားချေခြင်း ခံရလိမ့်မည်။ သူတို့သာ ရင်ဖုန်းနှင့် အလွန်နီးကပ်နေပါက သူတို့လည်း ငြိတွယ်သွားနိုင်သည်။

ထို့ကြောင့် သူတို့မျက်လုံးများ အရောင်လက်သွားပြီး လုမင်နှင့် ခပ်ဝေးဝေးနေရန် ရွေးချယ်ကာ ဂူအိမ်များသို့ အလျှိုလျှို ပြန်သွားကြတော့သည်။

“ဒီလူတွေက တကယ်ကို ကျေးဇူးကန်းတာပဲ…”

ချိုးရင်ရင်က စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။

လုမင်ကတော့ ပြုံးရုံသာပြုံးပြီး စိတ်ထဲမထားပါ။

ဤသည်မှာ လူ့သဘာဝ ဖြစ်သည်။ ယခုလေးတင် လုမင်က သူတို့ကို ရင်ဖုန်း၏ ကျွန်မဖြစ်စေရန် ကူညီခဲ့သည်။ ဤသို့ဖြင့် မဟာဧကရာဇ် လျှို့ဝှက်နယ်မြေတွင် သူတို့အသက်ကို ကယ်တင်နိုင်ပေမည်။ သို့သော် ဤလူများက ဤအရာအားလုံးကို လျစ်လျူရှုခဲ့သည်။

ရင်ဖုန်း၏ လက်စားချေမှု ဖြစ်နိုင်ခြေနှင့် နှိုင်းယှဉ်ပါက၊ လုမင်၏ကြင်နာမှုကို လျစ်လျူရှုပြီး သူနှင့် ခပ်ဝေးဝေးနေရန် ရွေးချယ်ခဲ့ခြင်းမှာ အကောင်းဆုံးပင်။

တစ်ခါတရံမှာ လူများက လက်တွေ့ဆန်ကြသည်။

"ဒီကညီနောင်၊ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ထိုအချိန်တွင် ညီအကိုသုံးယောက်က ရောက်လာသည်။ သူတို့ထဲမှ တစ်ယောက်က လုမင်ကို ကျေးဇူးတင်စကား ပြောလိုက်၏။

ကျန်နှစ်ယောက်ကလည်း ဘာမျှမပြောသည့်တိုင် လက်ယှက်ပြလိုက်ကြလေသည်။

"ယဉ်ကျေးလွန်းပါပြီ၊ ဒီက ညီနောင်တို့ကို ဘယ်လိုခေါ်ရမလဲ"

လုမင် ပြုံးလိုက်သည်။

ဤညီနောင်သုံးယောက်၏ အညံ့ခံခြင်းထက် အသေခံလိုသော စရိုက်က လုမင်ကို သဘောကျစေခဲ့ပေသည်။

"ငါက အစ်ကိုအကြီးဆုံး ရွမ်ထျန်းပါ။ သူက ဒုတိယညီ ရွမ်တိ၊ ပြီးတော့ ညီလေး ရွမ်ရမ်။ သူတို့ နှစ်ယောက်က စကားမပြောတတ်ဘူး"

ရွမ်ထျန်းက မိတ်ဆက်ပေးလိုက်သည်။

"စကားမပြောတတ်ဘူးလား"

လုမင်၊ ချိုးရင်ရင်နှင့် ချိုးဟောက်တို့ အံ့အားသင့်သွား၏။

ကျင့်ကြံသူများတွင် စကားမပြောတတ်သူက အလွန်တရာ ရှားပါးသည်။

အကြောင်းမူကား၊ ကျင့်ကြံသူများဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုမြင့်မားပြီး သူတို့၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းက မယုံနိုင်စရာကောင်းအောင် မြင့်မားသောကြောင့်ပင်။

သေမျိုးများ၏ နာတာရှည် ဝေဒနာများက ကျင့်ကြံသူများအတွက်တော့ လုံးဝ ပြဿနာမရှိပါ။

ထို့ကြောင့်ပင် ဆွံ့အနေသော ကျင့်ကြံသူက မယုံနိုင်စရာ ဖြစ်ရပ်တစ်ခု ဖြစ်သည်။

သူတို့လူစုလည်း ခဏကြာ စကားပြောနေပြီးမှ ကိုယ်စီဂူများသို့ ပြန်လာခဲ့လေသည်။

ရွမ်ညီအစ်ကိုများက သူတို့၏ဒဏ်ရာများကို ကုသရန် လိုအပ်သည်။

လုမင်ကတော့ သူ့လှိုဏ်ဂူသို့ ပြန်လာပြီး လေ့ကျင့်ခဲ့သည်။

ယခုအခါ ကစဉ့်ကလျားတာအိုနယ်မြေသန္ဓေက ၎င်း၏ကန့်သတ်ချက်ဆီသို့ နီးကပ်လာလေပြီ။ လုမင်ဟာ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေထဲသို့ မဝင်မီ ၎င်းကို ကန့်သတ်ချက်အထိ လေ့ကျင့်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

ဤနည်းအားဖြင့် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချက်ချင်းဖြတ်ကျော်ပြီး အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်လိမ့်မည်။

All Chapters