← Chapters

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အပိုင်း ( 1404 ) သူတော်စင်နယ်ပယ် တန်ခိုးရှင်။

ကြီးမားကျယ်ပြန့်သော နှင်းတောင်ကြီးတွင်...

လုံယွမ်ရှန်က ဂူတစ်ခုအတွင်းရှိ အဖိုးအိုတစ်ဦး၏ ရှေ့တွင် ရိုကျိုးစွာ ရပ်နေသည်။

"ယွမ်ရှန်၊ ဟွင်းယွမ်တံဆိပ်ပြားကို ရရှိထားတဲ့ ပါရမီရှင်တစ်ယောက်နဲ့ ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ တကယ်တွေ့ခဲ့တာလား"

အဖိုးအိုက မေးလိုက်သည်။

"ဟုတ်ပါတယ်ဆရာ။ ကျွန်တော်ပြန်ရောက်တာနဲ့ အကြောင်းကြားချင်ပေမဲ့ ဆရာ တံခါးပိတ်လေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်သွားလို့ အခုမှ သတင်းပို့ရတာပါ"

လုံယွမ်ရှန်က လေးလေးစားစား ပြောလိုက်သည်။

"အိမ်း၊ ဒီလိုဝေးလံခေါင်သီတဲ့ နေရာမျိုးမှာ ဟွင်းယွမ်တံဆိပ်ပြားကို ရယူနိုင်တာက တကယ့်ကို မဆိုးဘူး။ ငါ့ရဲ့ နဂါးနတ်ဘုရားတောင်ကြားမှာ ဟွင်းယွမ်တံဆိပ်ပြားတစ်ခုရှိပြီ"

အဖိုးအိုက ညင်သာစွာ ပြုံးလိုက်လေသည်။

"ဒါတင်မကသေးဘူးဆရာ၊ အဲဒီကောင်လေးက နဝမနဂါးသွေးမျိုးဆက်ကို နိုးထစေခဲ့သေးတယ်"

လုံယွမ်ရှန်က ပြောသည်။

"အိုး"

ဤတစ်ကြိမ်တွင် အနည်းငယ် အံ့ဩသွားဟန်ဖြင့် အဖိုးအို မျက်ခုံးပင့်လိုက်သည်။

"ဆရာ၊ အဲဒီကောင်လေးက လုမင်တဲ့။ ကျွန်တော် ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ စုံစမ်းခဲ့ပြီးပြီ။ သူက ဖြောင့်မတ်ပြီး စာရိတ္တကောင်းတယ်။ ဆရာ သူ့ကို တပည့်အဖြစ် လက်ခံချင်လား"

လုံယွမ်ရှန် ပြောလိုက်၏။

"ဟားဟားဟား၊ ဆန္ဒမစောပါနဲ့။ တပည့်လက်ခံတာက ကံတရားပေါ်မှာပဲ မူတည်တယ်။ အဲဒါကို အတင်းလုပ်ယူလို့မရဘူး။ အရာအားလုံးက ကံကြမ္မာပေါ်မှာပဲ မူတည်ပါတယ်"

အဖိုးအိုက ရယ်မောလိုက်လေသည်။

"ဟုတ်ကဲ့ပါ ဆရာ"

လုံယွမ်ရှန် ဦးညွှတ်လိုက်သည်။

"အင်း၊ ယွမ်ရှန်... လုမင်က ဟွင်းယွမ်တံဆိပ်ပြားကို ရရှိထားတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး မဟုတ်လား"

အဘိုးကြီးက ရုတ်တရက် မေးလိုက်သည်။

"မပြောခဲ့ပါဘူးဆရာ၊ နဂါးနတ်ဘုရား တောင်ကြားထဲမှာပဲ ဆရာနဲ့ ကျွန်တော်ပဲ သိတယ်"

လုံယွင်ရှန်က ပြောလိုက်သည်။

"ကောင်းတယ်၊ ဒါကို မဖြန့်ပါနဲ့။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျနေသေးတယ်။ သတင်းပြန့်သွားရင် သူ ဒုက္ခရောက်လိမ့်မယ်"

အဘိုးအို ညွှန်ကြားလိုက်၏။

လုံယွမ်ရှန် ခေါင်းညိတ်လိုက်လေသည်။

"ယွမ်ရှန်၊ မင်းလည်း ကောင်းကောင်းလေ့ကျင့်ပြီး သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားပါ။ သူတော်စင်နယ်ပယ်ကို မချိုးဖြတ်ဘူးဆိုရင် ထိပ်ဆုံးရောက်ဖို့ ခက်လိမ့်မယ်"

အဘိုးအို၏ လေသံက ပြောင်းသွားသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်‌တော် သူတော်စင်နယ်ပယ်ကို အမြန်ဆုံး ချိုးဖြတ်နိုင်ဖို့ ကြိုးစားပါ့မယ်"

လုံယွမ်ရှန် ခေါင်းညိတ်လိုက်၏။

"အိမ်း၊ သွားပေဦးတော့"

အဖိုးအို သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။

............

နောက်ပိုင်း နေ့ရက််များက အတ်ောအေးချမ်းသည်။ ရင်ဖုန်းမှ ပြဿနာရှာရန် မလာသောကြောင့် လုမင်လည်း အေးအေးလူလူ လေ့ကျင့်နေတော့သည်။

မျက်စိတစ်မှိတ်အတွင်း လအနည်းငယ်ကြာသွားသည်။

မဟာဧကရာဇ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရမည့်နေ့ကို ရောက်ချေပြီ။

လအနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် လုမင်၏ တာအိုနယ်မြေသန္ဓေဟာ အမြင့်ဆုံးအထိ လေ့ကျင့်နိုင်ခဲ့သည်။

ဤအချိန်ကာလတစ်လျှောက်တွင် လုမင်က သူ၏ ကျင့်ကြံခြင်းကို ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိစေရန် အကောင်းဆုံး ချိန်ညှိနေခဲ့ပေသည်။

အခြားသော ပါရမီရှင်များလည်း ကြီးမားသော တိုးတက်မှုတို့ ရရှိခဲ့ကြသည်။

ဤနေရာတွင် ကျင့်ကြံမှုပတ်ဝန်းကျင်က ကောင်းလွန်းလှပေသည်။ သူတို့၏ ကျင့်ကြံမှုအရှိန်က အလွန်လျင်မြန်ပြီး အများစုမှာ အဓိပဓိနယ်ပယ်ထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။

သူတို့ထဲမှ အချို့လောက်သာ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ကျန်ရှိနေခဲ့သည်။

"ဒုံ၊ ဒုံ၊ ဒုံ"

ယနေ့တွင် ဗုံတီးသံ ထွက်ပေါ်လာခဲ့သည်။

လူငယ်လေးများလည်း ဂူထဲမှ ထွက်လာကြ၏။ သူတို့ကို လုံယွမ်ချွမ်က စောင့်ကြိုနေလေသည်။

"ကိုင်း၊ မဟာဧကရာဇ် လျှို့ဝှက်နယ်မြေဖွင့်တော့မယ်။ မင်းတို့ရဲ့ စမ်းသပ်မှုနဲ့ အခွင့်အလမ်းက ရောက်လာပြီ။ အခု ငါ့နောက်ကို လိုက်ခဲ့ကြပေတော့"

ပြောပြီးသည်နှင့် လုံယွမ်ချွမ်က လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားသည်။

လူငယ်လေးများလည်း နောက်မှ လိုက်သွားခဲ့လေသည်။

သူတို့က ချိုင့်ဝှမ်းထဲမှ ပျံထွက်လာပြီး မကြာမီ ကြီးမားသော ရင်ပြင်တစ်ခုသို့ ရောက်ရှိခဲ့ကြသည်။

ရင်ပြင်မှာတော့ ကြိုရောက်နေကြသူများ အများကြီးရှိနေပြီ။

လူပေါင်း တစ်ထောင်ကျော် စုဝေးခဲ့ကြသည်။ တစ်ချက်ကြည့်လိုက်ပါက သူတို့အားလုံးမှာ လူငယ်လေးများချည်း ဖြစ်၏။ ထို့အပြင် သူတို့ထဲမှ အများစုက အဓိပဓိအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

"သူတို့က မင်းတို့နဲ့အတူတူပဲ။ တိုက်ကြီးအမျိုးမျိုးကတေ နဂါးနတ်ဘုရားတောင်ကြားက စုဆောင်းထားတဲ့ တပည့်တွေ။ သူတို့လည်း မဟာဧကရာဇ် လျှို့ဝှက်နယ်မြေထဲကို အတူတူဝင်ကြလိမ့်မယ်"

လုံယွမ်ချွမ်က ရင်ပြင်ပေါ်သို့ ဆင်းသက်သွားကာ ပြောလိုက်သည်။

"လူတွေများလှချေလား"

လူတိုင်း ရင်ထဲတွင် တုန်လှုပ်သွား၏။

တစ်ချက်ကြည့်လိုက်ပါက အနည်းဆုံး လူတစ်သောင်းခန့် အဖွဲ့များ ရှိပေသည်။

ထို့အပြင် လူများက တိုးလာနေဆဲ ဖြစ်သည်။

သူတို့အားလုံးက တိုက်ကြီးအသီးသီးမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ နဂါးနတ်ဘုရားတောင်ကြားက လူများစွာကို စုဆောင်းခဲ့၏။

သို့သော်လည်း အချုပ်ကမ္ဘာ မြေပုံတစ်ခုလုံး၏ အကျယ်အဝန်းကို တွေးကြည့်မိသောအခါ လုမင် နားလည်နိုင်ခဲ့သည်။

ယွမ်လုတိုက်ကြီးအပြင်ဘက်၊ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော သမုဒ္ဒရာထဲတွင် ရှမ်းဟွမ်တိုက်ကြီးကဲ့သို့ တိုက်ကြီးများစွာ ရှိသည်။ တိုက်ကြီးများက များလွန်းသောကြောင့် ရေတွက်၍ပင်မရပေ။

ထို့ကြောင့် ထိပ်တန်း ပါရမီရှင် ထောင်ပေါင်းများစွာကို ခေါ်ယူခြင်းသက ပြဿနာ မဟုတ်ပါ။ သမုဒ္ဒရာထဲမှ တစ်စက်မျှသာ ဖြစ်ခဲ့သည်။

လူများ ထပ်မံ ရောက်ရှိလာ၏။

အဆုံးတွင် လူနှစ်သောင်းခန့် ရှိခဲ့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ရုတ်တရက် ကြီးမားသော နှင်းတောင်တန်းများဆီမှ လူအများအပြား ပျံသန်းလာကြသည်။

စုစုပေါင်း ထောင်ဂဏန်းခန့် ရှိ၏။ သူတို့အားလုံးက လူငယ်များဖြစ်ပြီး မြင့်မြတ်သူများကဲ့သို့ ဖြစ်သည်။

သို့သော် ဤလူများက လုမင်၊ အခြားသူများနှင့်အတူ မနေခဲ့ကြပေ။ ယင်းအစား၊ သူတို့ဟာ ရင်ပြင်ထိပ်တွင် ဆင်းသက်ခဲ့ကြသည်။

သူတို့က ဆင်းသက်လာပြီးနောက် လုမင်နှင့် ကျန်လူများကို အကြည့်အမျိုးမျိုးနှင့် ကြည့်ကြ၏။

တစ်ချို့က စူးစမ်းချင်စိတ်ရှိပြီး တစ်ချို့က မထီမဲ့မြင်ပြုကြသည်။ တစ်ချို့ကတော့ မာနကြီးပြီး တစ်ချို့က အထင်မြင်သေးကြပေသည်။

ခံစားချက်အမျိုးမျိုးနှင့် အကြည့်မျိုးစုံ ရှိခဲ့သည်။

"ရင်ဖုန်း"

လုမင် လှမ်းကြည့်လိုက်သောအခါ ရင်ဖုန်းကို လူအုပ်စုကြားတွင် တွေ့လိုက်ရသည်။

နောက်မှရောက်လာသော လူငယ်ထောင်ဂဏန်းက နဂါးနတ်ဘုရားတောင်ကြား၏ ဒေသခံပါရမီရှင်များဖြစ်ကြောင်း လုမင် နားလည်ခဲ့ပေသည်။

"ရင်ဖုန်း၊ လွန်ခဲ့တဲ့လအနည်းငယ်က မင်းကို လူရိုင်းကျွန်းက ကောင်လေးတစ်ယောက်က အနိုင်ယူပြီး မင်းမျက်နှာကိုလည်း ကိုးကြိမ်တိုင်တိုင် တက်နင်းခဲ့တယ်လို့ကြားတယ်။ ဒါ အမှန်ပဲလား"

အနီရောင်ဝတ်ရုံဝတ် လူငယ်တစ်ယောက်က ရင်ဖုန်းဆီသို့ လျှောက်လာကာ ပြုံးလျက် မေးလိုက်သည်။

"ဟမ့်၊ ချီခယ့်၊ ငါ့ကိစ္စက မင်းဂရုစိုက်နေစရာ မလိုဘူး"

ရင်ဖုန်း၏ မျက်နှာက အေးစက်သွားသည်။

"မင်းကိစ္စကို ငါ ဂရုစိုက်ဖို့ မလိုဘူးလား။ ဟားဟားဟား၊ ရင်ဖုန်း... မင်းက တကယ်ကို အမှိုက်ပဲ။ လူရိုင်းကျွန်းက ကောင်လေးတစ်ယောက်ကို အနိုင်မယူနိုင်တဲ့အပြင် မျက်နှာကိုလည်း ကိုးကြိမ်တိုင်အောင်နင်းခံခဲ့ရတယ်။ ရှက်စရာကောင်းလိုက်တာကွာ"

"မင်းသာ ကိုယ့်ကိုကိုယ် အရှက်ခွဲတာဆိုရင် ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ ဒါက နဂါးနတ်ဘုရားတောင်ကြားရဲ့ ဒေသခံပါရမီရှင်တွေကို အရှက်ရစေတယ်။ ငါက ဘာဖြစ်လို့ ဂရုမစိုက်ဘဲ နေရမှာလဲ"

အနီရောင်ဝတ် လူငယ် ချီခယ့်က လှောင်ပြောင်လိုက်သည်။

ဘေးနားမှ တခြားသူများကလည်း လှောင်ပြောင်လိုက်၏။

"ချီးပဲ"

ရင်ဖုန်း၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်လာကာ အံကိုတင်းတင်းကြိတ်ထားတော့သည်။

အရာအားလုံးက လုမင် အပြစ် ဖြစ်သည်။

သူ့ကြောင့်သာမဟုတ်လျှင် သူ့ကို ချီခယ့် လှောင်ပြောင်ခံရမှာ မဟုတ်ပေ။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူဟာ အတော်ကလေး လှောင်ပြောင်ခံခဲ့ရသည်။

လုမင်ကို အမှုန့်ကြိတ်ပစ်ရန် သူ မစောင့်နိုင်တော့ပေ။

'ဒီခွေးကောင်၊ ငါသူ့ကိုသတ်ပစ်ရမယ်'

ရင်ဖုန်း စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ သူ့အကြည့်များက လူအုပ်ကို ဖြတ်ကျော်သွားပြီး လုမင်အပေါ် ကျရောက်သွား၏။

လုမင်လည်း ရင်ဖုန်း၏အကြည့်ကို ခံစားမိသောကြောင့် မထီမဲ့မြင်ပြုသော အပြုံးဖြင့် ပြန်ကြည့်လိုက်လေသည်။

"ဝမ်"

ထိုအချိန်တွင် ရင်ပြင်အထက် ကောင်းကင်ယံ၌ အဖိုးအိုတစ်ဦး ရုတ်တရက် ပေါ်လာသည်။

လုမင်လည်း ဤအဘိုးကြီး မည်သို့မည်ပုံ ပေါ်လာမှန်းကို မသိလိုက်ပေ။

သူ့ပုံစံမှာ ယခင်ကတည်းက ကြိုရောက်နေသကဲ့သို့ ဖြစ်သည်။

ထိုအဘိုးအိုက ထွားကျိုင်းပြီး မုတ်ဆိတ်ရှည်ကြီး ရှိသည်။ သူ့ပုံစံက သာမန်လူတစ်ယောက်လို အလွန်ပင် ရိုးရှင်း၏။

သို့သော်လည်း သူဟာ ထိုနေရာတွင် ပေါ့ပေါ့ပါးပါး ရပ်နေရုံဖြင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ မည်သူမျှ အကြည့်မလွှဲနိုင်တော့ပေ။

ဤအခိုက်တွင် တစ်ကမ္ဘာလုံးမှာ ထိုအဘိုးကြီးတစ်ဦးတည်း ရှိနေပုံရသည်။

'ဒီအရှိန်အဝါက...'

လုမင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤအဘိုးကြီး၏ အရှိန်အဝါမျိုးကို အလွန်ရင်းနှီး၏။

သူ့စိတ်ထဲတွင် ရွှန်ထျန်းသူတော်စင်ကို ချက်ချင်း တွေးလိုက်မိသည်။

သူတို့၏ အရှိန်အဝါများက တူညီလွန်းပေသည်။

သူတော်စင်။

ဤသည်မှာ သူတော်စင်အဆင့် တန်ခိုးရှင်ဖြစ်ကြောင်း လုမင် သေချာသည်။

ဤသည်မှာ အသက်ရှင်နေသော သူတော်စင်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။ လုမင်လည်း မသိစိတ်မှ ဝိညာဉ်အသိကို ထုတ်လွှတ်ကြည့်လိုက်၏။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူ၏ဝိညာဥ်အသိကို အမြန် ပြန်လည်ရုတ်သိမ်းလိုက်ရတော့သည်။

သူ၏ဝိညာဉ်အသိဖြင့် စကင်န်ဖတ်လိုက်သောအခါ၊ သူ့ရှေ့တွင် ကမ္ဘာကြီးတစ်ခုပေါ်လာသည်ကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကလည်း သူ့နှလုံးသားကို သက်ရောက်စေ၏။ အကယ်၍ သူ၏ဝိညာဉ်အသိကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီးတစ်ဖက်လူကလည်း ပစ်မှတ်ထားခြင်း မရှိသောကြောင့် မဟုတ်ပါက ယခုအခါ သူ၏ဝိညာဉ် ဒဏ်ရာရရှိသွားနိုင်သည်။

တန်ခိုးကြီးလွန်းလှပေသည်။

'ဒါက သူတော်စင်နယ်ပယ် တည်ရှိမှုပဲလား။ သူသာ ငါ့ကို သတ်ချင်ရင် အရှိန်အဝါသက်သက်နဲ့ သတ်နိုင်မှာကို ကြောက်ရတယ်'

လုမင်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

All Chapters