← Chapters

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အပိုင်း ( 1406 ) သင်္ချိုင်းဂူအတွင်းသို့။

နောက်ပိုင်းတွင် ရှဲ့နျန်ကျွင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်ငယ်ဘွဲ့ကို အပ်နှင်းခြင်းခံခဲ့ရသည်။

ယခုဆိုလျှင် သူမက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သောကြောင့် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ မဝင်ရောက်နိုင်တော့ပေ။ ထို့ကြောင့်၊ သူမက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်အချို့အား မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သောအခါ ရန်သူအချို့ကို ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သူတို့ကဲ့သို့ လူများက သူတော်စင်များငယ်ကို မည်သို့ငြင်းဆိုနိုင်မည်နည်း။

"ပင်ခုန်း၊ ရီတျန်၊ ကျစ်ဝူကျိ... မင်းတို့က သူတော်စင်ငယ်နဲ့ တူညီတဲ့တိုက်ကြီးကနေ လာရောက်ခဲ့တာ မဟုတ်လား။ ငါတို့ကို သတ်ဖို့ သူတော်စင်ငယ် တောင်းဆိုလိုက်တဲ့သူက ဘယ်သူလဲ"

နဖူးပေါ်တွင် မီးတောက်အမှတ်အသားရှိသော လူငယ်က ပင်ခုန်း၊ ရီတျန်၊ ကျစ်ဝူကျိနှင့် ကျိဟုန်ချန်တို့ကို ကြည့်လိုက်သည်။

သူတို့လေးယောက်လည်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

ရီတျန်က နှုတ်ဆိတ်နေသည်။ ကျိဟုန်ချန်လည်း ထို့အတူပင်။

"ဂိုဏ်းတူအစ်ကို လျို၊ အဲဒါက သူပါ"

ပင်ခုန်းက လုမင်ကို လက်ညှိုးထိုးပြလိုက်သည်။

"အိုး..အဲဒီကောင်လေးပဲ"

နဖူးပေါ်မှ မီးတောက်အမှတ်အသားပါသော လူငယ်နှင့် အခြားလူငယ်တချို့က လုမင်ကို လှမ်းကြည့်လိုက်၏။

ကျိဟုန်ချန်၏ မျက်နှာလေးမှာတော့ စိုးရိမ်မှုဖြင့် ပြည့်နှက်သွားတော့သည်။

"အဲဒီကောင်က ငါ့အတွက်ပဲ"

နဖူးတွင် မီးတောက်အမှတ်အသားနှင့် လူငယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"လျိုယန်၊ မဖြစ်နိုင်တာမပြောနဲ့။ သူတော််စင်ငယ်ရဲ့ မျက်နှာသာကို မင်းတစ်ယောက်တည်းလိုချင်ရင် ဘယ်ရပါ့မလဲ။ အဲဒီကောင်လေးက ငါတို့ လက်ဝှေ့ယမ်းပြီးတော့တောင် သတ်နိုင်တယ်။ နောက်ဆုံး ဒီကောင်လေးကို ဘယ်သူသတ်နိုင်မယ် ဆိုတာကတော့ ငါတို့ရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်။ ဒါကို မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေအတွက် ကံကောင်းခြင်းလို့လည်း ဆိုနိုင်တယ်"

အခြားလူငယ်က လှောင်ပြောင်လိုက်၏။

"ဟမ့်၊ အဆုံးမှာ ဘယ်သူကံကောင်းမလဲ ကြည့်ရသေးတာပေါ့"

နဖူးပေါ်တွင် မီးလျှံအမှတ်အသားရှိသော လူငယ် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

နဂါးနတ်ဘုရားတောင်ကြားမှ လူအုပ်ကြားတွင်ရှိနေသော လုမင်လည်း ပင်ခုန်းက သူ့ကို လက်ညှိုးထိုးပြသည်ကို သဘာဝအတိုင်း မြင်လိုက်ရသည်။

သို့သော် လုမင် ဂရုမစိုက်ပါ။ ထိုလူများ သူ့ကို လာရန်မလျှင် ကောင်းမည်။ အကယ်၍ ထိုလူများက သေချင်လျှင်တော့ သူက လိုက်ပို့ပေးရန် စိတ်မဝင်စားပေ။

"ဝှစ်"

အဝေးမှ အခြား အင်အားစုကြီးများ ပျံသန်းလာကြသည်။

အချိန်ကြာလာသည်နှင့်အမျှ အင်အားစုကြီးများနှင့် ဂိုဏ်းများ ပိုများလာ၏။ ပတ်ဝန်းကျင်ရှိ လူအရေအတွက်ကလည်း တိုးလာတော့သည်။

နာရီအနည်းငယ်အကြာတွင် အင်အားစုကြီး ဆယ့်သုံးခုစလုံး ရောက်ရှိလာခဲ့သည်။

ဤဂိုဏ်းနှင့် အင်အားစု ဆယ့်သုံးခုက စန်းပြည်နယ်တွင် အသန်မာဆုံး အင်အားစုကြီး ဆယ့်သုံးခု ဖြစ်ချေသည်။

အင်အားစုတစ်ခုစီတွင် အနည်းဆုံး လူနှစ်သောင်းကျော် ရှိသည်။ စုစုပေါင်း လူဦးရေ သုံးသိန်းကျော် ရှိခဲ့၏။

တစ်နည်းဆိုရသော်၊ ဤတစ်ကြိမ်တွင် မဟာဧကရာဇ် လျှို့ဝှက်နယ်မြေထဲသို့ လူပေါင်း သုံးသိန်းကျော် ဝင်ရောက်မည် ဖြစ်သည်။ ဤအရေအတွက် အံ့မခန်းပင်။

ထို့အပြင် လူတိုင်းက တိုက်ကြီးအသီးသီးမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။

အဓိက အင်အားစုတိုင်းကို သူတော်စင်နယ်ကယ် ကျွမ်းကျင်သူများက ဦးဆောင်ခဲ့ပေသည်။

သူတော်စင်နယ်ပယ် ကဝိဆယ့်သုံးပါက စကားတစ်ခွန်းမှ မပြောဘဲ လေထဲတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

မကြာမီ ညရောက်လာပြီး ကောင်းကင်တွင် လတစ်စင်း ပေါ်လာပြီ။

သွေးလမင်း။ ဤလက အမှန်တကယ် သွေးနီရောင် ဖြစ်နေသည်။

သွေးနီရောင် လအလင်းက သွေးလမင်းမှ ဖြာကျလာခဲ့သည်။

"ဝမ်"

ထိုအချိန်တွင် ကောင်းကင်ယံ၌ လှိုင်းလုံးများ ပေါ်လာသည်။ လှိုင်းလုံးများကဲ့သို့ လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်၏။

ဤအခိုက်အတန့်တွင်၊ သူတော်စင်နယ်ပယ် ကဝိဆယ့်သုံးပါး၏ မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး သူတို့၏ ခန္ဓာကိုယ်မှလည်း ထိတ်လန့်တုန်လှုပ်ဖွယ် ရောင်ဝါတစ်ခု ထွက်ပေါ်လာတော့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ကဝိဆယ့်သုံးပါးက ခြေတစ်လှမ်းတိုးပြီး လှိုင်းဂယက်များ ပေါ်လာသော နေရာတွင် ရပ်လိုက်ကြသည်။

"သတိထားပါ၊ ငါတို့ အခု မဟာဧကရာဇ် လျှို့ဝှက်နယ်မြေတံခါးကို ဖွင့်လိုက်ပြီ"

သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးက ပြောလိုက်သည်။

မတူညီသော ကမ္ဘာဆယ့်သုံးခု ပေါ်လာသကဲ့သို့ သူတော်စင်ဆယ့်သုံးပါးထံမှ အရှိန်အဝါများက ပိုအားကောင်းလာ၏။

တစ်ချိန်တည်းမှာပင် သူတော်စင်ဆယ့်သုံးပါးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ရာ မတူကွဲပြားသော ရောင်စုံအလင်းဆယ့်သုံးခုက ရှေ့သို့တိုးသွားပြီး စုစည်းမိသွားတော့သည်။

"ပွင့်‌စေ"

အစပိုင်းတွင် မှုန်ဝါးနေသေးသော်လည်း တဖြည်းဖြည်းနှင့် ပို၍ ရှင်းလင်းလာခဲ့သည်။

"အဲဒါက…"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

လေထဲတွင် ပေါ်လာသောအရာမှာ သင်္ချိုင်းဂူတစ်ခု၊ အလွန်တရာ ကြီးမားသော သင်္ချိုင်းဂူတစ်ခု ဖြစ်သည်။ ယင်းက တောင်တစ်လုံးထက် ကြီးမားလွန်းပြီး အနည်းဆုံး ပေတစ်ရာမြင့်ပေသည်။

မရေမတွက်နိုင်သော လူများ အံ့သြသွားကြသည်။ ဤအရာက မဟာဧကရာဇ် လျှို့ဝှက်‌နယ်မြေလား၊ သို့တည်းမဟုတ် မဟာဧကရာဇ်၏ သင်္ချိုင်းဂူပဲလား။

"ဂျုန်း"

နောက်ဆုံးတွင် အသံတစ်ချက်နှင့်အတူ ကြီးမားသော သင်္ချိုင်းဂူကြီးက ကောင်းကင်အထက် မြင့်မားသော အရပ်တွင် ပေါ်လာ‌ခဲ့သည်။

လုမင်၏ဘဝတွင် ဤမျှကြီးကျယ်ခမ်းနားသော သင်္ချိုင်းဂူကို တစ်ခါမျှ မမြင်ဖူးပေ။

"ဝမ်"

ဧရာမသင်္ချိုင်းဂသကြီး ပေါ်လာသောအခါ ၎င်းရှေ့ရှိ ဧရာမသင်္ချိုင်းဂူက စတင်ရွေ့လျားလာသည်။

ကြောက်ရွံ့တတ်သူတချို့ဆိုလျှင် အသက်ပြင်းပြင်းရှူရင်း ခြေလှမ်းအနည်းငယ် အလိုလို နောက်ပြန်ဆုတ်သွားမိသည်။

သင်္ချိုင်းဂူက ရွေ့သွားပြီး နောက်ဆုံးတွင် လုံးလုံးလျားလျားပွင့်သွားကာ အတွင်းဘက်တွင် အနက်ရောင် ကွက်လပ်တစ်ခုကို ပေါ်လွင်လာစေခဲ့သည်။ မြင်ကွင်းက အလွန်ကြောက်စရာကောင်းပေသည်။

"ဒါ... ဒါကတော့ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေကိုဝင်ဖို့ ဝင်ပေါက်မဖြစ်နိုင်ဘူး မဟုတ်လား”

တစ်စုံတစ်ယောက်က လေသံ ကတုန်ကယင်နှင့် ပြောလိုက်သည်။

သာမန်သင်္ချိုင်းဂူတစ်ခုဆိုလျှင် မည်သူမျှ ကြောက်မှာမဟုတ်ပါ။ သို့ရာတွင်၊ ဤအရာက မဟာဧကရာဇ်တစ်ပါးနှင့် ပတ်သက်နေသောကြောင့် အနည်းငယ် ကြောက်စရာကောင်းသည်။

"မှန်ပါတယ်၊ ဒါက ဝင်ပေါက်ပဲ။ မြန်မြန်ဝင်လိုက်ကြ၊ မင်းနောက်ကျရင် သင်္ချိုင်းဂူပိတ်သွားလိမ့်မယ်"

သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက ပြောလိုက်သည်။

တကယ်ကြီးပဲ။

လူအချို့၏ နှလုံးသားများ မြင်းပြေးနေသလို ခုန်ပေါက်သွားကြသည်။

"ဟားဟားဟား၊ အဲဒါက သင်္ချိုင်းဂူတစ်ခုပဲ မဟုတ်လား။ ကြောက်တတ်လိုက်တာ"

တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပျံသန်းသွား၏။

"ဝှစ်... ဝှစ်"

နောက်တော့ လူများ ပိုများလာတော့သည်။

"သွားကြစို့"

နဂါးနတ်ဘုရားတောင်ကြားမှ လူပေါင်း နှစ်သောင်းကျော်လည်း သင်္ချိုင်းဂူအဝင်ပေါက်ဆီသို့ ပျံသန်းသွားကြသည်။ လုမင်လည်း လူအုပ်ကြီးနောက်သို့ ပြေးလိုက်သွားလေသည်။

သင်္ချိုင်းဂူဝင်ပေါက်က အလွန် ကြီးမားသောကြောင့် လူများစွာ တစ်ပြိုင်နက်တည်း ဝင်နိုင်သည်။ မကြာမီ လူတိုင်းလိုလို သင်္ချိုင်းဂူထဲသို့ ပြေးဝင်သွားကြတော့သည်။

"ဒုန်း"

လူတိုင်း သင်္ချိုင်းဂူတွင်းသို့ ပြေးဝင်သွားသောအခါ၊ သင်္ချိုင်းဂူက ကျယ်လောင်သော မြည်ဟီးသံနှင့် အလိုအလျောက် ပိတ်သွားသည်။

သင်္ချိုင်းဂူအတွင်းပိုင်းမှာ မည်းမှောင်နေသောကြောင့် သူတို့၏ လက်ချောင်းများကိုပင် မမြင်ရပါ။

သူတို့၏ ကျင့်ကြံခြင်းအခြေခံဖြင့် အမှောင်ထဲမှာပင် မြင်နိုင်သော်လည်း ဤနေရာမှာတော့ သူတို့ ဘာမျှ မတွေ့နိုင်ပေ။

"ဟူး..."

နောက်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် မီးတောက်တစ်ခု ထုတ်ဖော်လိုက်သောကြောင့် သင်္ချိုင်းဂူတွင်း၌ အလင်းရောင်မှိန်ပျပျ ပေါ်လာသည်။

လုမင်၏ လက်ထဲတွင် မီးတောက်တစ်ခုပေါ်လာပြီး ပတ်ဝန်းကျင် မီတာဒါဇင်အနည်းငယ်ခန့်ကို မြင်နိုင်ခဲ့လေသည်။

"အစ်ကိုလု"

ချိုးရင်ရင်၏အသံ ထွက်ပေါ်လာပြီး လုမင်ဆီသို့ လျှောက်လာခဲ့သည်။

"ချိုးမိန်းကလေး၊ ညီနောင်ချိုး"

လုမင်လည်း သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်၏။

"ကောင်းကင်ဘုရင်နန်းတော်၊ ဒီမှာစုဝေးကြ"

"ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ဒီမှာစုဝေးမယ်"

"နဂါးနတ်ဘုရားတောင်ကြား၊ ဒီကိုလာကြချေ"

"..."

အမှောင်ထဲတွင် အင်အားစုဆယ့်သုံးခုမှ တူညီရာတပည့်များကို စုဝေးနေသော အသံများကို ကြားလိုက်ရသည်။

ဤအခြေအနေမျိုးတွင် အတူတူစုဝေးနေမှသာ လုံခြုံမှုကို ခံစားရလိမ့်မည်။

လုမင်တို့သုံးယောက်လည်း နဂါးနတ်ဘုရားတောင်ကြားဘက်သို့ ရောက်ရှိလာကြသည်။

"ဘေးမှာ လမ်းတွေအများကြီး ရှိနေသလိုပဲ"

ချိုးရင်ရင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် လူများစွာက မီးတောက်များကို ထုတ်ဖော်ထားကြပြီး ဖြစ်သည်။ မရေမတွက်နိုင်သော မီးလျှံများက ညကောင်းကင်မှ ကြယ်များကဲ့သို့ ပတ်ဝန်းကျင်ကို အလင်းဆောင်ခဲ့ပေသည်။

ထိုအခါ သူတို့အားလုံးက ကြီးမားသော ကျောက်အခန်းတစ်ခုတွင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤကျောက်အခန်းက အလွန်ကြီးမားသောကြောင့် လူသိန်းပေါင်းများစွာ ချောင်ချောင်ချိချိ နေနိုင်ကြပေသည်။

ကျောက်အခန်း ပတ်ပတ်လည်မှာတော့ ကြီးမားကျယ်ဝန်းသော လမ်းကြောင်းများစွာ ရှိသည်။

သို့သော်လည်း အဝင်ဝတွင် မည်သည့်အရိပ်အယောင်မှ မတွေ့ရသောကြောင့် ထိုလမ်းကြောင်းများမှာ မည်သည့်နေရာသို့ ဦးတည်သွားမှန်း တစ်ဦးမျှ မသိခဲ့ကြပေ။

"ကောင်းကင်ဘုရင်နန်းတော်ရဲ့ တပည့်တို့၊ ဒီလမ်းကို သွားကြစို့"

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေ၊ ဒီလမ်းကိုသွားကြမယ်"

"...."

အဆုံးတွင် အင်အားစုသုံးဆယ်ခုက လမ်းကြောင်းတစ်ခုစီကို ရွေးချယ်ခဲ့ကြသည်။

နဂါးနတ်ဘုရားတောင်ကြားမှ လူများက ဘယ်ဘက်မှ လမ်းကြောင်းကို ရွေးချယ်ပြီး ရှေ့သို့ သတိထားကာ လျှောက်သွားကြလေသည်။

ထိုလမ်းကလည်း ကြီးမားသောကြောင့် သောင်းနှင့်ချီသော လူများ အတူတကွ လျှောက်သွားနေသည့်တိုင် လွတ်လွတ်လပ်လပ် ရှိနေသည်။

သို့သော်လည်း လူတိုင်းက သတိကြီးကြီးထားခဲ့ကြပေသည်။

All Chapters