← Chapters

အခန်း ၁၄၀၇

Vol. 94 Ch. 1407

အခန်း ၁၄၀၇

Vol. 94 Ch. 1407

အပိုင်း ( 1407 ) သေခြင်းကိုးပါး တစ်ဘဝရှင်သန်။

မကြာမီ၊ မိုင်တစ်ရာကျော် ခရီးနှင်ခဲ့သည်။

သို့သော်လည်း ဤဥမင်လှိုဏ်ခေါင်းက အဆုံးရှိပုံမရဘဲ အံ့ဖွယ်ကောင်းအောင် ရှည်လျားကာ လမ်းဆုံးကို မရောက်သေးပါ။

"ဒီက နံရံတွေကို ကမ္ပည်းတွေနဲ့ ဖုံးထားပုံရတယ်"

ချိုးရင်ရင်က ခပ်တိုးတိုး ပြောလိုက်သည်။

လုမင် လှည့်ကြည့်လိုက်တော့ အမှန်တကယ်ပင် ကမ္ပည်းများ ဖုံးအုပ်ထားကြောင်း မြင်လိုက်၏။ ကမ္ပည်းစာများ၏ ဖွဲ့စည်းပုံက ဆန်းကျယ်ပြီး ပေါင်းစပ်မှုက အလွန်ထူးဆန်းသည်။ ကြည့်ရသည်မှာ အလွန် ထူးဆန်းပေသည်။

ထို့အပြင် သူတို့ ဝင်ရောက်လာကတည်းက ဤကမ္ပည်းများမှာ လှုပ်ရှားမှုမရှိပါ။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီး ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးသွားပုံရလေသည်။

"အစ်ကိုလု၊ သတိထား"

ချိုးရင်ရင် ရုတ်တရက် အော်လိုက်သည်။

လုမင်လည်း တစ်ခုခုကို ခံစားလိုက်ရသည်။ သူ အများကြီး မစဉ်းစားတော့ဘဲ ဘေးသို့ မီတာအနည်းငယ် ရွှေ့လိုက်၏။

"ဝှစ်"

ယခုလေးတင် လုမင်ရပ်နေသောနေရာကို ထူးဆန်းသော အနက်ရောင်ဆူးတစ်ချောင်းက ထိုးဖောက်ဝင်ရောက်သွားတော့သည်။

"ဝှစ်... ဝှစ်..."

ထို့နောက် အနက်ရောင်ဆူးက လုမင်ဆီသို့ ထပ်မံ တိုးဝင်လာ၏။ ထိုမျှသာမကဘဲ ချိုးရင်ရင်နှင့် ချိုးဟောက်ဆီသို့ပါ ဖြတ်သန်းလာပြန်တော့သည်။

"သတိထား"

လုမင် အဆက်မပြတ် လှုပ်ရှားပြီး အနက်ရောင်ဆူး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။

ချိုးရင်ရင်နှင့် ချိုးဟောက်တို့လည်း တိုက်ခိုက်မှုများကို ရှောင်တိမ်းခဲ့၏။ သို့သော်လည်း သူတို့မှာ သရုပ်ပျက်ခဲ့ရလေသည်။

"ရွံစရာကောင်းလိုက်တာ၊ အဲဒါ ရင်ဖုန်းပဲ"

ချိုးရင်ရင် ဒေါသတကြီးဖြင့် ရှေ့ကို စိုက်ကြည့်လိုက်သည်။

လုမင် လှမ်းကြည့်လိုက်တော့ နံရံဘေးမှာရပ်နေသော ရင်ဖုန်းကို တွေ့လိုက်ရသည်။ သူ့လက်ဝါးတစ်ဖက်ကတော့ နံရံကိုအပ်ထားပြီး အလင်းများလည်း တောက်ပနေ၏။ ရင်ဖုန်း လက်ဝါးအပ်ထားသောနံရံမှ အနက်ရောင်ဆူးများ ထွက်လာနေခြင်း ဖြစ်တော့သည်။

ရင်ဖုန်းက အထူးနည်းလမ်းကို အသုံးပြုပြီး သူတို့ကိုတိုက်ခိုက်ရန် နံရံပေါ်ရှိ ကမ္ပည်းများအား အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

"အဟက်၊ မင်းကံကောင်းသွားတယ်"

ရင်ဖုန်း လှောင်ပြောင်လိုက်သည်။ သူ့ခန္ဓာကိုယ်က မီးတောက်လာပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

"ရွံ့စရာကောင်းလိုက်တာ၊ သူတော်စင်နယ်ပယ် အကြီးအကဲတွေက မဝင်လာခင်မှာ ငါတို့ကို စည်းလုံးဖို့ ပြောခဲ့ပေမဲ့ ရင်ဖုန်းက ငါတို့ကို သတ်ဖို့ တိတ်တဆိတ် ကြိုးစားနေပြီ"

ချိုးရင်ရင် အံကြိတ်လိုက်သည်။

"တကယ် စက်ဆုပ်စရာပဲ"

ချိုးဟောက်လည်း ဒေါသတကြီး ပြောလိုက်၏။

ယခုလေးတင် သူတို့ အန္တရာယ်ကြုံခဲ့ရသည်။ ထိုအနက်ရောင်ဆူးများက အလွန်ကြောက်စရာကောင်းသည်ဟု သူတို့ ခံစားမိကြ၏။ အကယ်၍ ထိမှန်ပါက အန္တရာယ်များလိမ့်မည်။

လုမင်၏ မျက်လုံးများက အေးစက်စက်ဖြင့် လင်းလက်သွားသည်။ သို့သော်၊ သူ ဘာမျှမပြောတော့ပေ။

ထို့နောက်မှာတော့ သူတို့ဟာ ပိုသတိထားပြီး ရှေ့သို့ ဆက်လာခဲ့ကြသည်။

မိုင်တစ်ရာခန့် ထပ်မံ ဖြတ်သန်းလာခဲ့ပြီးနောက် သူတို့ရှေ့တွင် အလင်းရောင်ကို မြင်လာရသည်။ အရာအားလုံးက အမှောင်အတိဖုံးမနေတော့ပေ။

နောက်ဆုံးတွင် သူတို့၏ နှလုံးသားမှ ဖိအားများ ပေါ့ပါးသွားခဲ့သည်။

အချိန်အတော်ကြာ လျှောက်လာပြီးနောက် အားလုံး ရပ်တန့်သွားကြ၏။

သူတို့ရှေ့တွင် ချောက်တစ်ခုသည်။

ချောက်နက်တစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့ထားပေသည်။

ချောက်အထက်မှာတော့ ချောက်၏တစ်ဖက်ကမ်းကို ဦးတည်သော တံတားဆယ်စင်း ရှိနေသည်။

သို့သော်လည်း ချောက်ရှေ့တွင် စာရေး‌ထားသော ကျောက်စာချပ်တစ်ခု ရှိ၏။ သေခြင်းကိုးပါး တစ်ဘဝရှင်သန်။

ယင်းက ဘယ်အဓိပ္ပာယ်နည်း။

တံတားဆယ်စင်းတွင် ကိုးခုက သေခြင်းဆီသို့ ဦးတည်သွားပြီး တစ်ခုသာ ရှင်သန်စေသည်ဟု ဆိုလိုပါသလော။

သို့ရာတွင် မည်သို့ ဖြတ်ကျော်ရမည်နည်း။

ဘယ်လမ်းက သွားရပါမည်နည်း။

"ငါတို့ ဘာလုပ်သင့်လဲ"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ဒါ လွယ်ပါတယ်၊ လူဆယ်ယောက်ရှာပြီး စမ်းကြည့်လိုက်"

လူအုပ်အတွင်းမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ရင်ဖုန်း ဖြစ်၏။

လူတိုင်း တုန်လှုပ်သွားကြသည်။

ဤနည်းလမ်းကို စမ်းသုံးရန် လူဆယ်ဦးကို ရှာဖွေခြင်းက အလွန်ရိုးရှင်းသည်။ သို့ရာတွင် ဤဆယ်ယောက်မှာ ကိုးယောက်က သေရမည် ဖြစ်၏။ ဤနည်းလမ်းကို စမ်းသုံးကြည့်သူတိုင်း အသက်ရှင်ရန် အခွင့်အလမ်းနည်းသည်။

သို့ဖြစ်ပေရာ မည်သူက ကြိုးစားချင်စိတ်ရှိမည်နည်း။

မည်သူမျှ ကိုယ့်ကိုယ်ကိုယ် သွားအသေခံသည်အထိ မမိုက်မဲကြပေ။

"ဒါက လွယ်ပါတယ်။ မင်၊း မင်း၊ မင်းနဲ့ မင်း... သွားလိုက်ကြ"

ရင်ဖုန်းက လက်ညိုးထိုးပြပြီး လူဆယ်ယောက်ကို ရွေးလိုက်သည်။

သူတို့ထဲတွင် လုမင်၊ ချိုးရင်ရင်၊ ချိုးဟောက်နှင့် ရွမ်ညီနောင်သုံးယောက်တို့ ပါဝင်သည်။

"ငါတို့က ဘာဖြစ်လို့ ရှေ့ကဦးဆောင်ရမှာလဲ၊ မဖြစ်နိုင်ဘူး။ မင်း သွားချင်ရင် ကိုယ့်ဘာသာသွား"

ညွှန်ပြခံရသူ တစ်ယောက်က လှမ်းအော်လိုက်သည်။

"ဘာကိုအော်နေတာလဲ။ လူရိုင်းကျွန်းကနေလာတဲ့ နိမ့်ကျတဲ့ ပုရွက်ဆိတ်ကများ၊ ငါတို့ နဂါးနတ်ဘုရားတောင်ကြားက ဝေးလံလွန်းတဲ့ နေရာကိုဖြတ်ကျော်ပြီး မင်းတို့ကို ခေါ်လာခဲ့တာဟာ မဟာဧကရာဇ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ဖို့ပဲ။ မင်းက ဘာမှမလုပ်ရဘဲ ရောက်နိုင်မယ်လို့ ထင်လို့လား။ အခု မင်း တစ်ခုခုလုပ်ရမဲ့အချိန်ရောက်ပြီ"

ရင်ဖုန်း လှောင်ပြောင်လိုက်သည်။

"ဟုတ်တယ်၊ မြန်မြန်တက်ကြစမ်း။ မင်းတို့ရဲ့ခွန်အားနဲ့ တစ်ခုခု လုပ်နိုင်ရမှာပေါ့။ မဟုတ်ရင် ဒီကို ဘာလုပ်ဖို့ လာတာလဲ၊ ထမင်းအလကားစားရဖို့လား"

ရင်ဖုန်းအနားမှ အခြားလူငယ်တစ်ဦးက လှောင်ပြောင်လိုက်၏။

"မဟုတ်ဘူး၊ ငါမသွားဘူး"

ထိုလူငယ်က အော်ဟစ်ပြီး ခေါင်းယမ်းလိုက်သည်။

"မင်း သေချင်နေတာပဲ"

ရင်ဖုန်း၏ မျက်လုံးများ အေးစက်သွားသည်။ သူ့ရုပ်သွင်က ထိုလူငယ်အနားတွင် ရုတ်တရက် ပေါ်လာပြီး လက်သီးဖြင့် ထိုးချလိုက်၏။

"ဝုန်း"

ထိုလူငယ်လေး သွေးအန်ကာ အဝေးသို့ လွင့်စဉ်သွားတော့သည်။ သူ၏ အရှိန်အဝါကလည်း အလွန်အားနည်းသွားခဲ့သည်။

"မင်းမသွားရင် အခု ငါ သတ်မယ်"

လုမင်နှင့် ကျန်လူများကို စူးစူးစိုက်စိုက်ကြည့်ရင်း ရင်ဖုန်း၏ မျက်လုံးများက အေးစက်သွားသည်။

"အရူး"

လုမင် နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။

လုမင်က သူ့အသံကို မလျှော့သောကြောင့် အဝေးကို ပျံ့လွင့်သွား၏။

"မင်းဘာပြောလိုက်တာလဲ"

ရင်ဖုန်း လုမင်ကို စိုက်ကြည့်လိုက်သည်။

"မင်းက ရူးနေတဲ့အပြင် နားကလည်း ကန်းနေသေးတာပဲ"

လုမင်က ရင်ဖုန်းကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။

"ကောင်လေး၊ မင်းက နဂါးနတ်ဘုရားတောင်ကြားကို ကောင်းကျိုးဆောင်ဖို့ ရောက်လာခဲ့ရတာ။ မြန်မြန်သွားစမ်း။ မင်းကို လူအများကြီး စောင့်နေတာမျိုး ဖြစ်စေချင်လို့လား။ နဂါးနတ်ဘုရားတောင်ကြားအရင် အခြား အင်အားစုတွေက အရင်ရောက်ရောက်ပြီး ရတနာတွေ ယူသွားတဲ့အခါကျရင် မင်း တာဝန်ခံနိုင်လို့လား"

ရင်ဖုန်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ဒေသခံ ပါရမီရှင်တချို့ကလည်း လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်သည်။

အခြားသော တိုက်ကြီးများမှ လူငယ်များကလည်း အေးစက်စက်ဖြင့် ကြည့်နေကြ၏။

သူတို့အတွက်တော့ လုမင်တက်သွားလျှင် အကောင်းဆုံး ဖြစ်သည်။ အနည်း‌ဆုံးတော့ သူတို့ စွန့်စားရတော့မှာ မဟုတ်ပေ။ အကယ်၍ လုမင် မသွားလို့ သူတို့ကို ရင်ဖုန်းတွေ့သွားရင် ဘယ်လိုလုပ်မလဲ။

"မင်းသာ နဂါးနတ်ဘုရားတောင်ကြားကို ကောင်းကျိုးဆောင်ချင်တာမှန်ရင် ဘာလို့ ကိုယ်တိုင်မတက်သွားတာလဲ။ ဒါက ပိုပြီးထိရောက်မှာမဟုတ်ဘူးလား"

လုမင် လှောင်ပြောင်လိုက်၏။

"မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ။ မင်းဘဝက ငါ့နဲ့ ယှဉ်လို့ရမလား“

ရင်ဖုန်း အေးစက်စက် အော်လိုက်သည်။

"ရင်ဖုန်း၊ မင်း ဘာဖြစ်လို့ သူနဲ့ အချိန်ဖြုန်းနေတာလဲ။ သူ မတက်ချင်ရင် သူ့ကို ပစ်ထည့်လိုက်"

ရင်ဖုန်းအနားမှ လူငယ်က အေးစက်စက် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ခြေလှမ်းကျဲကျဲဖြင့် လုမင်ဆီသို့ လျှောက်သွား၏။

"ကောင်လေး၊ ငါ မင်းနဲ့ အပိုစကားတွေပြောဖို့ အချိန်မရှိဘူး။ အခု မင်းဘာသာသွားမလား၊ ဒါမှမဟုတ် ငါ မင်းကို ပစ်ထည့်လိုက်ရမလား"

ထိုလူငယ်က ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့မျက်နှာမှာ အေးစက်နေသည်။ သူက လက်ဆန့်ပြီး လုမင်ကို ဖမ်းဆုပ်လိုက်သည်။

"လူကို ပစ်ထည့်လိုက်တာက အကြံကောင်းတစ်ခုလို့ ငါထင်တယ်"

လုမင် လှောင်ပြောင်လိုက်သည်။ ကစဉ့်ကလျား တာအိုနယ်မြေက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီးနောက် ခရမ်းရောင်ဝတ် လူငယ်ကို လက်သီးဖြင့် ထိုးလိုက်၏။

"ဝုန်း"

ခရမ်းရောင်ဝတ် လူငယ်လေး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။ သူ လွင့်စဉ်သွားခါနီးတွင် လုမင်က ခြေတစ်လှမ်း လှမ်းပြီး ခရမ်းရောင်၀တ်လူငယ်၏ ပါးကို ရိုက်ချလိုက်သည်။

"ဖြန်း... ဘုန်း"

ကျယ်လောင်သော ပါးရိုက်သံနှင့် လူငယ်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ တစ်ဆက်တည်းမှာပင် အရိုးကျိုးသံများကို ကြားလိုက်ရ၏။

မြေပြင်က မည်သည့်အရာဖြစ်သည်ကို မသိကြသော်လည်း မယုံနိုင်လောက်အောင် မာကျောသည်။ ယင်းကို ပျက်စီးစေရန် မဖြစ်နိုင်ပေ။

ခရမ်းရောင်ဝတ်လူငယ်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သေလုမြောပါး ခွေးတစ်ကောင်ကဲ့သို့ ညည်းညူရလေသည်။

"ဟေ့ကောင်၊ မင်း အတင့်ရဲလှချေလား"

"ရဲတင်းလိုက်တာ၊ မင်း ပုရွက်ဆိတ်ကောင် သေချင်နေပြီ"

လုမင်က ခရမ်းရောင်ဝတ်လူငယ်ကို သေလုမျောပါးအခြေအနေအထိ ရိုက်နှက်လိုက်ကြောင်း မြင်ရပြီးနောက် လူတိုင်း လန့်ဖျတ်သွားကြသည်။ ယင်းနောက်မှ သတိပြန်ဝင်လာကာ ဒေသခံ လူငယ်ဆယ်ဦးကျော်က အော်ဟစ်လိုက်၏။ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာပြီးနောက် လုမင်ကို ချက်ချင်း ဝိုင်းထားလိုက်တော့သည်။

သူတို့အမြင်တွင် လူရိုင်းကျွန်းမှ လာရောက်သော ပုရွက်ဆိတ်တစ်ကောင်က သူတို့ကို တိုက်ခိုက်ဝံ့ခြင်းမှာ သေချင်၍ ဖြစ်မည်။

"ကြည့်ရတာ တံတားဆယ်စင်းကို စမ်းသပ်ဖို့ လူအလုံအလောက်ရှိပြီပဲ"

လုမင် လှောင်ပြောင်လိုက်သည်။

"မင်းဘာပြောတယ်ကွ၊ အရှက်မရှိ ကြွားချင်တဲ့ကောင် သေစမ်းကွာ"

လူငယ်တစ်ဦးက အော်ဟစ်ပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။

နောက်အခိုက်အတန့်တွင်...

"ဒုန်း"

လုမင်၏ လက်သီးက သူ့ဒန်တျန်ပေါ်သို့ ကျရောက်သွားသည်။ ထိုလူငယ် အသံနက်ကြီးဖြင့် အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်နိုင်တော့ပေ။

"ဝှစ်... ဝှစ်..."

"ဖြောင်း... ခွပ်...၊ အား"

ထို့နောက် လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ် လှုပ်ရှားသွားသည်နှင့် အော်သံများ ထွက်ပေါ်လာ၏။ ထို့နောက်မှာတော့ လုမင်ကို ဝန်းရံလိုသော လူငယ်အားလုံး မြေပြင်ပေါ်တွင် လဲကျကာ အော်ဟစ်ညည်းညူနေရတော့သည်။

All Chapters