← Chapters

အခန်း ၁၄၁၁

Vol. 95 Ch. 1411

အခန်း ၁၄၁၁

Vol. 95 Ch. 1411

အပိုင်း ( 1411 ) သိုင်းအုပ်ချုပ်သူ ကပ်ဘေး။

သန္ဓေဝိညာဉ်ခန္ဓာများက အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သည်။ ၎င်း၏ အသက်စွမ်းအားက အခြားသူများထက် များစွာ အားကောင်း၏။ ဤနေရာတွင် အခြားသူဖြစ်ပါက လုမင်၏ လက်သီးချက်ကြောင့် သေဆုံးသွားရမည် ဖြစ်သည်။ သို့သော်၊ လျိုယန်ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး လွတ်မြောက်နိုင်ခဲ့ပေသည်။

"ဘယ်လောက်တောင် သန်မာလိုက်တဲ့ တိုက်ခိုက်နိုင်စွမ်းလဲ"

ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ ပင့်သက်ရှိုက်လိုက်မိကြသည်။

လျိုယန်တွင် သန္ဓေ မီးလျှံဝိညာဉ်ခန္ဓာ ရှိ၏။ ထို့အပြင် တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်ထားနိင်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဤသို့သော ပါရမီရှင်မျိုးက အဆင့်တူ အခြား ပါရမီရှင်မျိုးကို ကောက်ပင်ရိတ်လှီးသကဲ့သို့ သတ်နိုင်ကြပေသည်။ သို့သော်လည်း လုမင်နှင့် တွေ့ရချိန်မှာတော့ လုံးဝ ချေမှုန်းခံခဲ့ရသည်။

"နေရာတစ်ခုရှာပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို မြန်မြန် ဖြတ်ကျော်ကြရအောင်"

"သူက အခု သန်မာနေတယ်ဆိုရင်တောင် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ပြီးရင် အခြေအနေ မတူတော့ဘူး"

ထို့နောက်မှာတော့ လူငယ်တိုင်းက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် နေရာကောင်းကို ရှာဖွေရန်အလို့ငှာ ထွက်သွားကြတော့သည်။

ဤနေရာတွင် ယွမ်ချီစွမ်းအင်က မယုံနိုင်လောက်အောင် ထူထပ်သည်။ ပြင်ပကမ္ဘာမှ ယွမ်ချီစွမ်းအင်ထက် များစွာ ပိုသိပ်သည်း၏။ ဤနေရာက မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေဖြစ်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

လျိုယန် လွတ်မြောက်သွားပြီးနောက် လုမင်က ပင်ခုန်းရှေ့ကို ခြေတစ်လှမ်းဖြင့် ရောက်လာခဲ့သည်။

"လု... လုမင်၊ ငါ့အသက်ကို ချမ်းသာပေးပါ... "

ပင်ခုန်း အလွန် တုန်လှုပ်သွား၏။ လုမင် ရောက်လာသည်ကို မြင်လိုက်ရသော် ကြောက်အားကြီးစွာဖြင့် အော်လိုက်သည်။

"ဝှစ်"

လုမင်က သူနှင့် အပိုစကားများပြောရန် စိတ်ကူးမရှိပါ။ လက်ဖျစ်တစ်ချက်တီးလိုက်သည်နှင့် လှံတစ်စင်း ထွက်ပေါ်လာပြီး ပင်ခုန်း၏အသက်ကို ခြွေယူသွားခဲ့သည်။

"ဂျိန်း..."

ထိုအချိန်တွင် အဝေးမှ ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ မိုးကြိုးတစ်ခုက ကောင်းကင်နှင့်မြေပြင်ကို ခွဲသွားသကဲ့သို့ မိုင်တစ်သောင်းကို လင်းထိန်သွားစေခဲ့၏။

လုမင် လှမ်းကြည့်လိုက်သောအခါ ကောင်းကင်တွင် စုဝေးနေသော တိမ်မည်းများအား မြင်လိုက်ရသည်။ မှောင်မိုက်သော တိမ်တိုက်များအောက်မှ လျှပ်စီးများကြားမှာလည်း လူရိပ်တစ်ခု ရှိသေးသည်။

"တစ်ယောက်ယောက် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေပြီပဲ"

လုမင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

တစ်စုံတစ်ယောက်က သိုင်းအုပ်ချုပ်သူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် ကြိုးစားနေကြောင်း သိသာထင်ရှားလှပေသည်။

ပုံမှန်အားဖြင့်၊ ကပ်ဘေးဒုက္ခ ဖြတ်ကျော်နေသူတစ်ဦးကို မည်သူမျှ မနှောင့်ယှက်ဝံ့ပေ။ မဟုတ်ပါက သူတို့လည်း ငြိစွန်းသွားနိုင်သည်။

ထို့ကြောင့်ပင် တစ်စုံတစ်ယောက်က ကပ်ဘေးဒုက္ခ ဖြတ်ကျော်လာသောအခါ၊ မည်သူမျှ မနှောင့်ယှက်ဝံ့ဘဲ အဝေးမှာသာ နေကြလေ့ရှိသည်။

"ဂျိန်း... ဂျလိန်း"

တိမ်မည်းများက ပို၍ မှောင်မိုက်လာပြီးနောက် မိုးကြိုးများ ကျဆင်းလာကာ လူရိပ်ကို ဖုံးလွှမ်းသွားတော့သည်။ သိုင်းအုပ်ချုပ်သူကပ်ဘေးဒုက္ခက အလွန်ကြောက်စရာကောင်းသည်။

လူရိပ်က ကောင်းကင်ကိုမော့ပြီး ဟိန်းဟောက်ကာ ခုခံလိုက်၏။

လုမင်လည်း ခဏတာ စောင့်ကြည့်နေပြီးနောက် ထွက်ခဲ့လေသည်။

သူသည်လည်း နေရာရှာပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် လိုသည်။

"ဂျိန်း..."

သူ အဝေးကို မပျံသန်းနိုင်ခင်မှာ သူ့ရှေ့မှ နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မိုးကြိုးလျှပ်စီးများကလည်း တဖျတ်ဖျတ် လင်းလက်နေ၏။ နောက်ထပ် လူတစ်ဦးက သိုင်းအုပ်ချုပ်သူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေပြီ ဖြစ်သည်။

"ဂျိန်း... ဂျလိန်း"

ထို့နောက်၊ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသော မိုးကြိုး ထစ်ချုန်းသံများကို ကြားလိုက်ရပြန်သည်။

သူတို့အားလုံးအားလုံး ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာ သိုင်းအုပ်ချုပ်သူများဖြစ်လာရန် ကြိုးစားနေကြပြီ။

ဤတစ်ကြိမ်တွင် လူပေါင်း တစ်သိန်းခန့် ဝင်ရောက်ခဲ့သည်။ အများစုမှာ အဓိပဓိများ ဖြစ်၏။

အထူးသဖြင့် ဒေသခံလူငယ်များက ၎င်းတို့၏ ကျင့်ကြံခြင်းကို တမင်တကာ ဖိနှိပ်ထားကြခြင်း ဖြစ်သည်။ မဟုတ်လျှင်၊ ဟိုးယခင်ကတည်းက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်သွားလိမ့်မည်။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် သူတို့၏ ကျင့်ကြံခြင်းကို တမင်ဖိနှိပ်ခဲ့ကြသည်။ ယခုတော့ သူတို့အားလုံး လျှို့ဝှက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် ဖိနှိပ်ထားစရာမလိုတော့ပေ။ သူတို့အားလုံး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ စတင် ဝင်ရောက်ခဲ့ကြသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဦးစွာဖြတ်ကျော်နိုင်သူက အသာစီးရလိမ့်မည်။

"သွားစို့"

လုမင်လည်း အလင်းတန်းတစ်ခုကဲ့သို့ ဤနေရာမှ ထွက်ခွာသွားခဲ့သည်။

နှစ်နာရီကျော်ကြာ ပျံသန်းပြီးနောက် လုမင်ဟာ တိတ်ဆိတ်သော‌ တောင်တစ်လုံးသို့ ရောက်လာခဲ့သည်။ တောင်တွင် ဂူတစ်လုံးတူးဖော်ပြီးနောက် ဝင်ပေါက်ကို ပြန်ပိတ်လိုက်၏။ ထို့နောက်မှာတော့ တင်ပျဉ်ခွေထိုင်ကာ စတင် လေ့ကျင့်တော့သည်။

ပထမဦးစွာ လုမင်က သူ့အခြေအနေကို အစွန်းရောက်သည်အထိ ထိန်းညှိရသည်။ ထို့နောက်တွင်ကား သူ၏ ဝိညာဉ်ခန္ဓာကို စုစည်းကာ နောက်နယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းကို ရှာဖွေရလေသည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားတယ်။

လုမင်က ကျောက်တုံးတစ်တုံးကဲ့သို့ ထိုနေရာမှာပင် မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကလည်း ပို၍ အားကောင်းသန့်စင်လာပြီ။

သို့သော်၊ လုမင်သည် အဆင့်တက်ရန် အခွင့်အလမ်းကို ရှာမတွေ့သေးပေ။

'ဟွင်းယွမ်ကျမ်းအရ ရှေးဦးကစဉ့်ကလျားတာအို အောင်မြင်မှုဟာ တခြားသူတွေထက် ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပိုခက်ခဲတယ်တဲ့။ ထားပါ၊ ငါလည်း အလျင်မလိုသေးဘူး။ ဖြည်းဖြည်းချင်းပဲ သွားတော့မယ်'

လုမင် စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ စိုးရိမ်ပူပန်နေသော နှလုံးသားကလည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီး ထူးကဲသော အခြေအနေသို့ ရောက်ရှိသွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ခုနစ်ရက်ကြာသွားသည်။

ရုတ်တရက်၊ လုမင် မျက်လုံးဖွင့်လိုက်၏။

"ပြီးပြီ"

လုမင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ချက်ချင်းပင်၊ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကို စတင်လိုက်သည်။

"ဂါး"

နဝမနဂါးသွေးမျိုးဆက် ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ နဝမနဂါးက လုမင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားတော့သည်။

နဝမနဂါး၏ ခန္ဓာကိုယ်မှ သွေးအလင်းလွှာတစ်ခု ထုတ်လွှတ်လာခဲ့သည်။ ဤသွေးအလင်းလွှာက လုမင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်နေ၏။

လုမင်က နဝမနဂါးသွေးမျိုးဆက်ကိုစုစည်းပြီး နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကိုလေ့ကျင့်ရန် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုသည်။

ထို့နောက် နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကျင့်စဉ်ကို အသက်သွင်းလိုက်ရာ နဝမနဂါး သွေးမျိုးဆက်စွမ်းအားက လုမင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစပ်လာတော့သည်။

သွေးမျိုးဆက်က အားကောင်းလေလေ၊ ပေါင်းစပ်ရန် ပို၍ ခက်ခဲလေ ဖြစ်သည်။

ထို့အပြင်၊ အန္တရာယ်အချို့ ရှိ၏။ ဤအချိန်တွင် သွေးမျိုးဆက်က အလွန်အားကောင်းနေပြီဖြစ်သောကြောင့် ခန္ဓာကိုယ် အလွယ်တကူ ပေါက်ကွဲသွားနိုင်သည်။

ဤသည်မှာ လူအတော်များများ လျှောက်ရန်မလွယ်သော ခြေလှမ်းတစ်ခုလည်း ဖြစ်ချေသည်။

ကံကောင်းထောက်မစွာဖြင့် လုမင်က သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ထားကာ တစ်ရာ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။ သန့်စင်သောဝိညာဉ်ခန္ဓာ အုတ်မြစ်ဖြင့် ဤအဆင့်က လုမင်အတွက် မခက်ခဲတော့ပေ။

နဝမနဂါးသွေးများက သွေးအလင်းရောင်အဖြစ်သို့ အဆက်မပြတ်ပြောင်းလဲကာ လုမင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။ အလွန်မြန်သည်။ တစ်နာရီမပြည့်မီတွင် နဝမနဂါးသွေးမျိုးဆက်၏ သွေးအလင်းများ လုံးဝ မှိန်ဖျော့သွား၏။ ထို့နောက်မှာတော့ ပေါက်ကွဲသံနှင့်အတူ နဝမနဂါး ပြိုကျသွားကာ သွေးအလင်းတစ်ခုအဖြစ် လုမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားတော့သည်။

နဝမနဂါး သွေးမျိုးဆက်က လုမင်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသောအခါ၊ နဂါးစွမ်းအင်ကိုးခုကလည်း သဘာဝအတိုင်း လုမင်၏ အင်အား တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။

"ဂါး..."

ဤအခိုက်တွင် လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

သို့သော်လည်း နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကို အောင်မြင်စွာ မလေ့ကျင့်နိုင်သေးပါ။

ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရန် လိုအပ်နေသေးသည်။ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးမှသာ အောင်မြင်သည်ဟု ယူဆနိုင်မည် ဖြစ်သည်။

"ဝှစ်"

လုမင်က အင်အားအပြည့်ဖြင့် ဂူထဲမှ ပြေးထွက်လာခဲ့သည်။

"စလိုက်ရအောင်"

ကောင်းကင်ကို မော့ကြည့်ရင်း လုမင်၏မျက်လုံးများက အရောင်လက်သွား၏။

"ဝမ်"

မူလ ကြည်လင်နေသော ကောင်းကင်တွင် တိမ်မည်းကြီးများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ဤတိမ်မည်းများက လေထုထဲမှ ရုတ်ချည်း ထွက်ပေါ်လာပုံရသည်။

"ကလစ်..."

လျှပ်စီးများက တိမ်မည်းများကြားတွင် တဖျတ်ဖျတ်လက်လာသည်။ မရေတွက်နိုင်သော လျှပ်စီးကြောင်းများက ငွေရောင်မြွေများကဲ့သို့ တိမ်မည်းများကြားတွင် ပျံဝဲနေ၏။ ပြင်းထန်သော ဖိအားတစ်ခုက ပျံ့နှံ့သွားပြီး ကမ္ဘာကြီးမှာ ဖိနှိပ်မှု အငွေ့အသက်တို့ ပြည့်နေတော့သည်။

ယင်းက ကြီးစွာသော ကပ်ဘေးဒုက္ခကြီး ကျရောက်တော့မည်ဟု လူတို့အား ခံစားရစေခဲ့သည်။

"ဂျိန်း..."

မိုးကြိုး ထစ်ချုန်းသံနှင့်အတူ တိမ်မည်းများက ပို၍ ပြန့်ကားလာပြီး မိုင်တစ်ရာကျော် ဧရိယာကို ဖုံးလွှမ်းလာတော့သည်။

'ဒီလောက်ထိ ကြီးတာလား'

လုမင် တိတ်တဆိတ် တုန်လှုပ်သွားမိသည်။

ယခင်က၊ ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသော လူဆယ်ဦးထက်မက သူ မြင်ဖူးသည်။ သူတို့၏ အုပ်ချုပ်သူကပ်ဘေးဒုက္ခမှ တိမ်မည်းများက များသောအားဖြင့် ဆယ်မိုင်ခန့်သာ ရှိပေသည်။

သို့သော်လည်း၊ လုမင်၏ ကပ်ဘေးဒုက္ခက မိုင်တစ်ရာ ဧရိယာကို လွှမ်းခြုံထားသည့်တိုင် ဆက်လက် ပြန့်ကားလာနေဆဲ ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ"

"တစ်ယောက်ယောက်တော့ သိုင်းအုပ်ချုပ်သူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်တော့မယ်။ ဒါပေမဲ့ ဒီတိမ်တိုက်တွေက ဘယ်လိုဖြစ်ရတာလဲ။ ကြီးလှချေလား"

"တကယ်ကြီး မိုင်တစ်ရာကျော်ဝေးနေပြီ။ ဒီကပ်ဘေးဒုက္ခကို ဘယ်သူကျော်ဖြတ်နေတာလဲ။ အဲဒါက သန္ဓေဝိညာဉ်ခန္ဓာပဲလား"

လုမင်၏ ကပ်ဘေးဒုက္ခက အငွေ့အသက်က အံ့ဖွယ်ကောင်းလွန်းသည်။ ယင်းက မိုင်တစ်ရာကျော် ဧရိယာကို လွှမ်းခြုံထားသော်လည်း ဖိအားမူကား မိုင်တစ်ထောင်အထိ ပျံ့နှံ့သွားခဲ့ပေသည်။

ယင်းကြောင့် လူတော်တော်များများ သတိပြုမိသွားကာ အံ့ဩတကြီးဖြင့် ပျံတက်လာကြတော့သည်။

"ဒါက တကယ်ကို သန္ဓေ ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ အခုထိ တိုးလာနေသေးတာလဲ။ သန္ဓေဝိညာဉ်ခန္ဓာ ကပ်ဘေးဒုက္ခဖြစ်‌ရင်တောင် အကွာအဝေးက ဒီလောက်ထိ ကြောက်စရာမကောင်းနိုင်ဘူး၊ ဟုတ်တယ် မဟုတ်လား"

တစ်ယောက်က အဝေးတွင်ရပ်ကာ လှမ်းကြည့်လိုက်သည်။

All Chapters