← Chapters

အခန်း ၁၄၁၂

Vol. 95 Ch. 1412

အခန်း ၁၄၁၂

Vol. 95 Ch. 1412

အပိုင်း ( 1412 ) မိုးကြိုးကပ်ဘေးဒုက္ခဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်း။

လူတစ်ဦးက စွမ်းအားကြီးလေလေ၊ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ပို၍အားကောင်းလေပင်။

သန္ဓေ၀ိညာဉ်ခန္ဓာများများက ကောင်းကင်ဘုံကို အံတုပြီး သေမျိုးခန္ဓာကိုယ်နှင့် မသက်ဆိုင်ပါ။ ထို့ကြောင့်ပင် ကောင်းကင်ကပ်ဘေးဒုက္ခ၏ စွမ်းအားက ကြောက်စရာအကောင်းဆုံး ဖြစ်ခဲ့သည်။

သို့သော်လည်း လုမင်၏ ကပ်ဘေးဒုက္ခတိမ်တိုက် အကွာအဝေးက သာမန် သန္ဓေဝိညာဉ်ခန္ဓာများ၏ အကွာအဝေးထက် ကျော်လွန်နေပြီ။

မကြာမီတွင်၊ လုမင်၏ ကပ်ဘေးဒုက္ခတိမ်တိုက် အကွာအဝေးက မိုင်နှစ်ရာသို့ ရောက်ရှိသွားခဲ့သည်။

ထူထပ်သော တိမ်မည်းများက ကောင်းကင်ကို လွှမ်းခြုံကာ နေကိုပင် ဖုံးလွှမ်းသွား၏။ ကြောက်စရာကောင်းလွန်းသော ဖိအားက လူများကို ဘေးဆိုးအန္တရာယ်ကြီးတစ်ခု ကျရောက်တော့မည်ဟု ခံစားရစေသည်။

မှောင်မိုက်သော တိမ်တိုက်များတွင် လျှပ်စီးကြောင်းများလည်း ပျံဝဲနေသေးသည်။ အချို့သော လျှပ်စီးတို့တို့က တောင်များကဲ့သို့ ကြီးမားသည်။ သူတို့ရှေ့တွင် လုမင်က အလွန်သေးငယ်ပြီး အရေးမပါတော့သလိုပင်။

ဤကပ်ဘေးဒုက္ခ၏ အင်အားကြောင့် အံ့ဩတကြီးဖြစ်ကာ သတိပြုမိသူများ ပို၍ များလာသည်။

လူအုပ်ကြားတွင်၊ ကပ်ဘေးဒုက္ခတိမ်တိုက်အောက်မှ လုမင်အား အေးစက်သောအကြည့်ဖြင့် ကြည့်နေသူတစ်ဦး ရှိ၏။

သူသည်ကား ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လျိုယန် ဖြစ်သည်။

"ဂိုဏ်းတူအစ်ကိုလျိုယန်၊ ခင်ဗျားပြောတာ အဲဒီကောင်လား"

လျိုယန်၏အနားမှ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်တချို့က မေးလိုက်သည်။

"ဟုတ်တယ်၊ သူပဲ။ သူက အုပ်ချုပ်သူကပ်ဘေးကို ဖြတ်ကျော်တော့မှာ။ ဧကရာဇ်မင်းဖြစ်လာတော့မှာ၊ အခု သူ့အိပ်မက်ကို အကောင်အထည် ဖော်ပေးလိုက်ရအောင်"

လျိုယန် အေးစက်စက်ပြောသည်။

"ဂိုဏ်းတူအစ်ကိုလျိုယန်၊ ခင်ဗျားက သူ ကောင်းကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတုန်း သတ်ချင်တာလား။ ဒါက အရမ်းအန္တရာယ်များတယ်နော်"

ကောင်းကင်နတ်ဘုရားသခင်ဂိုဏ်းသား တပည့်တစ်ဦးက လေးလေးနက်နက် ပြော၏။

ကောင်းကင်ကပ်ဘေးဒုက္ခတွင် ဝင်ရောက်စွတ်ဖက်ခြင်းက အလွန်အန္တရာယ်များသည်။

"ကိစ္စမရှိဘူး၊ ငါက ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးလို့ သိုင်းအုပ်ချုပ်သူတောင်မှ ဖြစ်နေပြီ။ နောက်ထပ် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခတစ်ခုက ငါ့ကို ဘာမှမလုပ်နိုင်ဘူး။ ဒါ့အပြင် ငါ့မှာ ကောင်းကင်ရတနာတစ်ခု ရှိတယ်။ သူ ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်တာနဲ့ ငါ သူ့ကိုသတ်မယ်"

လျိုယန် အေးစက်စက် ပြောလိုက်သည်။

"ဒါလည်းဟုတ်ပါတယ်၊ ဂိုဏ်းတူအစ်ကို လျိုယန်က သန္ဓေဝိညာဉ်ခန္ဓာနဲ့တောင် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့တာ။ အဲဒီတုန်းကလည်း အရမ်းကြောက်စရာကောင်းတဲ့ ကပ်ဘေးဖြစ်ခဲ့တာပဲလေ။ ကောင်းကင်ရတနာနဲ့ဆိုရင် အဆင်ပြေသွားမှာပါ"

"ဒီကောင် သေပြီပဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်များစွာလည်း ချက်ချင်း မြှောက်ပင့်လိုက်လေသည်။

လျိုယန်၏ မျက်လုံးများကမူ ဒေါသစိတ်ဖြင့် တောက်ပလာခဲ့ပြီ ဖြစ်သည်။

"ဝုန်း"

ကမ္ဘာကြီး တုန်လှုပ်သွားသည်။ မှောင်မိုက်သော တိမ်တိုက်များကြားတွင် လျှပ်စီးများ ပိုများလာပြီး ပြိုးပြိုးပြက်ပြက် လင်းလက်နေတော့၏။

"ဂျိန်း... ဂျလိန်း"

ရုတ်တရက်၊ မိုးကြိုးပစ်ခွင်းသံနှင့် လျှပ်စီးကြောင်းက လုမင်ကို ပစ်ခွင်းလာတော့သည်။

ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီး စတင်ခဲ့ပြီ။

လုမင်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်၍ လျှပ်စီးကြောင်းများ သူ့ကို ရိုက်ခတ်စေခဲ့သည်။

"ဝုန်း"

လျှပ်စီးက သူ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သောအခါ၊ လုမင်လည်း ခန္ဓာကိုယ်အနှံ့ အနည်းငယ်ထုံကျင်သွားသလို ခံစားလိုက်ရသည်။

"ကောင်းတယ်၊ ထပ်လာစမ်း"

လုမင် မော့ကြည့်လိုက်၏။

သူက မိုးကြိုးကို အသုံးပြုပြီး ဝိဥာဉ်ကိုယ်ခန္ဓာကို သန့်စင်လိုခဲ့သည်။

"ဂျိန်း... ဂျလိန်း"

ထို့နောက် ကောင်းကင်ယံမှ လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု လုမင်ဆီသို့ ကျရောက်လာခဲ့သည်။

လျှပ်စီးကြောင်းအချို့က တောင်များကဲ့သို့ ကြီးမားကာ လုမင်ကို လုံးဝမြုပ်သွားစေခဲ့၏။

ပတ်ဝန်းကျင်မှ လူများလည်း တိတ်တဆိတ် ကြည့်နေခဲ့ကြသည်။

ကောင်းကင်ကပ်ဘေးဒုက္ခက အစပိုင်းတွင် အလွန်ပြင်းထန်ခြင်းမရှိကြောင်း သူတို့အားလုံး သိပေသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာပြီး ကြောက်စရာကောင်းလာမည်ဖြစ်သည်။

မရေတွက်နိုင်သော မိုးကြိုးများကြားတွင် လုမင် နစ်မြှုပ်သွားခဲ့သည်။ သူ့ကို မိုးကြိုးမည်မျှ ထိမှန်ခဲ့ပြီမှန်းပင် မသိတော့ပေ။

"အရမ်းကောင်းတာပဲ"

လုမင် ရေရွတ်လိုက်သည်။ ဤအခိုက်တွင်၊ လုမင်က ကစဉ့်ကလျားတာအိုနယ်မြေကို မဆိုးထားနှင့်၊ ခုခံရန် ယွမ်ချီစွမ်းအင်ကိုပင် မဖြန့်ကျက်သေးပါ။ သူ၏ ရုပ်ခန္ဓာသက်သက်နှင့် မိုးကြိုးများကို ခုခံနေခဲ့သည်။ မိုးကြိုးများ ကျရောက်လာသည်နှင့်အမျှ လုမင်၏ ခန္ဓာကိုယ်က ထုံကျင်လာလေသည်။

မိုးကြိုးကပ်ဘေးဒုက္ခ၏ ရိုက်ခတ်မှုအောက်တွင် သူ၏ဝိညာဉ်ခန္ဓာက ပို၍သန့်စင်လာခဲ့သည်။

ခဏအကြာတွင်...

ကောင်းကင်ယံ၌ မိုးကြိုးများကျဆင်းမှု ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သို့သော် ဤအရာက ပြီးသွားသည်ဟု မဆိုလိုပါ။ အမှန်တကယ် အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများ ဆင်းသက်တော့မည်ကို လူတိုင်းသိကြသည်။

ကောင်းကင်အငွေ့အသက်က ပို၍ ဖိအားကြီးလာခဲ့၏။ တိမ်မည်းကြီးများကလည်း တစ်စုံတစ်ခု ပေါက်ကွဲထွက်နေသကဲ့သို့ လှုပ်ရှားနေတော့သည်။

ခဏအကြာတွင်။

"ဂျိန်း..."

နောက်ထပ် မိုးကြိုးတစ်ခု ကျရောက်လာခဲ့သည်။

သို့သော်၊ ယခုတစ်ကြိမ်တွင် မိုးကြိုးက ယခင်မိုးကြိုးများနှင့် အလွန်ကွာခြားသည်။

ဤတစ်ခါ မိုးကြိုးက အရောင်ပိုနက်နဲပြီး ပို၍ ကြောက်စရာကောင်းပေသည်။

"ဝုန်း..."

မိုးကြိုးလျှပ်စီးများကြားတွင် လုမင် နစ်မြုပ်သွားခဲ့သည်။ အပြင်လူများက လုမင်၏ ရုပ်သွင်ကို လုံးဝ မမြင်ရတော့ပေ။ သူတို့မြင်နေရသည်မှာ အဖြူရောင် အလင်းတန်းတစ်ခုသာ ဖြစ်သည်။

သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖျက်ရာတွင် သာမန်ပါရမီရှင်များအတွက် ဤမိုးကြိုးက အလွန်အန္တရာယ်များသည်။ ယင်းကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစားကြရ၏။ ဂရုမစိုက်မိပါက သေရန် အလားအလာအလွန်များသည်။

သာမန်လူများအတွက်တော့ ဤမိုးကြိုးကပ်ဘေးဒုက္ခကို ကျော်ဖြတ်ပြီးနောက် သိုင်းအုပ်ချုပ်သူ ဖြစ်လာနိုင်ကြပြီ။

'ဒီကောင်လေးရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းအားကောင်းတယ်။ နောက်ထပ် ကပ်ဘေးအဆင့်တစ်ခု ရှိဦးမယ်။ ခရမ်းရောင် ကပ်ဘေးဒုက္ခ ရောက်လာတဲ့အချိန်ကမှ ငါ လှုပ်ရှားရမယ့် အချိန်ပဲ'

လူအုပ်ထဲတွင် လျိုယန်က စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

ဤတစ်ကြိမ်တွင်လည်း လုမင်က မခုခံသေးပေ။ မိုးကြိုးကပ်ဘေးဒုက္ခကို တွန်းလှန်ရန် သူ၏ ဝိညာဉ်ခန္ဓာကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို သန့်စင်ရန်အလို့ငှာ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကျင့်စဉ်ကို လှည့်ပတ်လိုက်လေသည်။

'ဒီလိုစွမ်းအားမျိုးကမှ ပိုတူတာ၊ အရင်က အားနည်းလွန်းတယ်'

မိုးကြိုးများကြားတွင် လုမင် တစ်ယောက်တည်း တွေးလိုက်သည်။

ထိုစကားကိုသာ အခြားသူများကြားလျှင်တော့ သွေးအန်ကုန်လိမ့်မည်။

ဤသည်မှာ လူအတော်များများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ သို့ရာတွင် လုမင်အတွက်တော့ မထူးဆန်းပေ။ လုံးဝ မခုခံဘဲ သူ့ခန္ဓာကိုယ်သက်သက်ဖြင့် ပိတ်ဆို့နိုင်သည်။

ခဏအကြာတွင် ဤမိုးကြိုးလှိုင်းလုံးကြီး ပြီးဆုံးသွားလေသည်။

"ဝုန်း"

ကောင်းကင်ယံမှာတော့ တိမ်မည်းများက စုဝေးနေဆဲ ဖြစ်သည်။ လျှပ်စီးလက်လိုက်တိုင်း ခရမ်းရောင်အလင်းတစ်ခုလည်း ပျံ့နှံ့သွား၏။

"နောက်ထပ်လှိုင်းက ခရမ်းရောင်မီး မိုးကြိုးကပ်ဘေးဒုက္ခပဲ။ ဒီကောင်က အရမ်းသန်မာတယ်။ သူက မိုးကြိုးကပ်ဘေးဒုက္ခ တတိယအဆင့်ကိုတောင် ကျော်ဖြတ်ရတော့မယ်"

"သန္ဓေဝိညာဉ်ခန္ဓာတွေက ကပ်ဘေးလေးဆင့်ကို ဖြတ်ကျော်ရတယ်လို့ ငါကြားဖူးတယ်။ ဒီလူလည်း မိုးကြိုးကပ်ဘေးဒုက္ခ စတုတ္ထအဆင့်ကို ကျော်ဖြတ်နိုင်မလားလို့ ငါသိချင်မိတယ်"

"မသိသေးဘူး၊ အခုထိတော့ သူ့ရဲ့ ကပ်ဘေးတိမ်တိုက်က အချင်းဝက် မိုင်နှစ်ရာလောက် ဖုံးလွှမ်းနေတယ်။ အဲဒါက သန္ဓေဝိဥာဉ်ခန္ဓာရဲ့ တိမ်တိုက်တွေထက်တောင် ပိုကြီးသေးတယ်။ သူ ကပ်ဘေးဒုက္ခ စတုတ္ထအဆင့်ကို ကျော်ဖြတ်ရသင့်ပါတယ်"

ပတ်ဝန်းကျင်တွင် ဆွေးနွေးသံများ ထွက်ပေါ်နေခဲ့သည်။

ဤတစ်ခါတော့ ကပ်ဘေးတိမ်တိုက်မှ အရှိန်ယူခြင်းမှာ အချိန်ပိုကြာသည်။

နာရီဝက်ကြာသွားပြီ။

"ဂျိန်း..."

ခရမ်းရောင် မိုးကြိုးတစ်ခုက ကောင်းကင်ကို ဖြတ်၍ လုမင်ဆီသို့ ကျရောက်လာခဲ့သည်။

ဤမိုးကြိုးကို ခရမ်းရောင်မီးအလွှာဖြင့် ဖုံးလွှမ်းထား၏။ ဤသည်မှာ ခရမ်းရောင်မီး ကပ်ဘေးဒုက္ခ အမျိုးအစား ဖြစ်သည်။ ၎င်းက ပုံမှန် မိုးကြိုးကပ်ဘေးဒုက္ခထက် ပို၍ အားကောင်းလှပေသည်။

မိုးကြိုးနှင့်မီး ပေါင်းစပ်မှုကြောင့် အဖျက်စွမ်းအားမှာ ပို၍ အံ့မခန်း ဖြစ်ခဲ့ရသည်။

"ဝုန်း"

မိုးကြိုးက လုမင်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။ လုမင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသော်လည်း လျှပ်စီးကြောင်းကို တားဆီးလိုက်၏။ ထိုအခါ မိုးကြိုးက ပျောက်ကွယ်သွားသော်လည်း လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်မီးအလွှာတစ်ခု ပြင်းထန်စွာလောင်ကျွမ်းလာတော့သည်။

ဤသည်မှာ ကပ်ဘေးဒုက္ခမီး၏ ကြောက်စရာပုံ ဖြစ်သည်။

မိုးကြိုးကပ်ဘေးဒုက္ခကို ငြိမ်းသတ်နိုင်သော်လည်း ကပ်ဘေးမီးတောက်က ငြိမ်းရန် ခက်ခဲသည်။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သူ၏ ခန္ဓာကိုယ် မီးလောင်ပြာကျသွားသည်အထိ တွယ်ကပ်နေလိမ့်မည်။

လုမင်လည်း ယွမ်ချီစွမ်းအင်ဖြင့် ကပ်ဘေးမီးကို တွန်းလှန်လိုက်ရသည်။

"ဂျိန်း... ဂျလိန်း"

ထိုနောက်တော့ ခရမ်းရောင်မီး မိုးကြိုးကပ်ဘေးဒုက္ခက အဆက်မပြတ် ရိုက်ခတ်လာကာ လုမင် နစ်မြှုပ်သွားတော့သည်။

ဤအခိုက်အတန့်တွင်၊ လုမင် မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသောနေရာသို့ လူရိပ်တစ်ခု ပြေးသွားသည်။ ထိုမြင်ကွင်းကြောင့် လူများစွာတို့ အံ့သြတုန်လှုပ်သွား၏။

"သူဘယ်သူလဲဟ။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ"

"အဲဒါ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လျိုယန်ပဲ"

"သူက သူများရဲ့ ကပ်ဘေးဒုက္ခနယ်မြေထဲကို ပြေးချင်နေတာလား"

လျိုယန်၏ ရုတ်တရက် လှုပ်ရှားမှုက လူအများကို အံ့အားသင့်စေခဲ့သည်။

"ဝှစ်"

လျိုယန်က ကပ်ဘေးတိမ်တိုက်များ ဖုံးလွှမ်းနေသော ဧရိယာထဲကို တိုက်ရိုက် ပြေးဝင်သွားသည်။

သူ ပြေးဝင်လာသည်နှင့် တပြိုင်နက် ခရမ်းရောင်မိုးကြိုးတစ်ခုက လျိုယန်ဆီသို့ ကျရောက်လာ‌၏။ သို့သော်၊ လျိုယန်က သူ့လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ပြီး ခရမ်းရောင်မိုးကြိုးကို ဖျက်ဆီးပစ်လိုက်တော့သည်။

သူဟာ မိုးကြိုးကပ်ဘေးဒုက္ခကို မကြာသေးခင်ကမှ ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤခရမ်းရောင်မီး ကပ်ဘေးဒုက္ခက သူ့အား မည်သို့မျှ မထိခိုက်စေနိုင်ပေ။

ချက်ချင်းပင်၊ ပို၍များပြားသော ခရမ်းရောင်မိုးကြိုးများက လျိုယန်ဆီသို့ ကျရောက်လာခဲ့သည်။

သို့သော်၊ လျိုယန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ မီးတောက်အလွှာများ ထွက်ပေါ်လာပြီး မိုးကြိုးများကို တွန်းလှန်လိုက်၏။

လျိုယန်က မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရင်း လုမင်ထံ ချဉ်းကပ်လာတော့သည်။

"လျိုယန်"

လုမင်၏ မျက်လုံးများ အေးစက်သွားသည်။

လျိုယန်က သူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတုန်း အမှန်တကယ် သတ်ချင်နေခဲ့သည်။

All Chapters