← Chapters

အခန်း ၁၄၁၅

Vol. 95 Ch. 1415

အခန်း ၁၄၁၅

Vol. 95 Ch. 1415

အပိုင်း ( 1415 ) ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်း။

အဝေးမှ ကြည့်နေသူအားလုံး တုန်လှုပ်သွားကြသည်။

မူလက လျိုယန်သည် ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာကို သယ်ဆောင်ပြီး လုမင် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်နေချိန်တွင် သတ်ချင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်၊ လုမင်က ဘာမျှမဖြစ်ခဲ့ပေ။ ထိုအစား သူကိုယ်တိုင်သာ ကောင်းကင်ကပ်ဘေးအောက်တွင် သေခဲ့ရလေသည်။

"ဒီလို မကောင်းဆိုးရွားမျိုးနဲ့ ရင်ဆိုင်ရတဲ့ လျိုယန်ရဲ့ ကံဆိုးတာလို့ပဲ ပြောရမယ်"

တစ်ယောက်က သက်ပြင်းချလိုက်သည်။

အခြားလူ အတော်များများလည်း ခေါင်းညိတ်လိုက်၏။ ယင်းက မမှားပေ။

လျိုယန် ကံမကောင်းခဲ့ခြင်း ဖြစ်သည်။

လုမင်သာ သာမန်ကျင့်ကြံသူဖြစ်လျှင် သို့မဟုတ် သန္ဓေဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်လျှင်ပင် ကောင်းကင်ဘုံကပ်ဘေး၌ လျိုယန်၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

သို့သော်လည်း လုမင်က သာမန်ကျင့်ကြံသူ မဟုတ်ခဲ့ပါ။ သူဟာ ဆဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးကိုပင် ဆွဲဆောင်ခဲ့သော ဘီလူးတစ်ကောင် ဖြစ်သည်။

"ဂိုဏ်းတူအစ်ကို လျိုယန် သေသွားပြီ။ ငါတို့ ဒီကိစ္စကို တခြား ဂိုဏ်းတူအစ်ကိုတွေဆီ သတင်းပို့ရမယ်"

"ဒီကောင်ကို အသက်ရှင်ခွင့် မပြုနိုင်ဘူး"

ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်အချို့က အချင်းချင်း ပြောဆိုလိုက်ကြသည်။ နောက်တော့ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

"ထန်... ထန်"

လုမင်က ကောင်းကင်ကပ်ဘေး လက်နက်များကို လက်သီးနှင့် ထိုးနှက်လိုက်သည်။ ကြောက်စရာကောင်းသော တုန်ခါမှုများကလည်း ကောင်းကင်ယံမှာ ပဲ့တင်ထပ်နေ၏။

ကောင်းကင်တွင် လက်နက်မျိုးစုံက အဆက်မပြတ် ထိုးဆင်းနေသော်လည်း၊ ကောင်းကင်ကပ်ဘေးလက်နက်များ မည်မျှပင်ရှိစေကာမူ လုမင်ကို အနိုင်မယူနိုင်ပေ။

"ဟုတ်တယ်၊ ဒီစွမ်းအားကမှ ပိုတူတာ"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေး၏ စွမ်းအားက သူ၏ ကစဉ့်ကလျား တာအိုနယ်မြေကို အမှန်တကယ် သန့်စင်နိုင်ကြောင်း တွေ့ခဲ့ရပေသည်။

သူက ကောင်းကင်ကပ်ဘေးလက်နက်များကို ခုခံလိုက်တိုင်း၊ မိုးကြိုးများကို တမင်တကာ လွှတ်ပေးကာ သူ၏ဝိညာဉ်ခန္ဓာအား သန့်စင်စေခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲမှာလည်း အစစ်အမှန် နဂါးကြီးတစ်ကောင် နိုးထလာတော့မည်ကဲ့သို့ နဂါးဟိန်းသံများ ထွက်ပေါ်လာတော့သည်။

ကောင်းကင်ကပ်ဘေးလက်နက်နှင့် တိုက်မိလိုက်တိုင်း၊ သူ၏ ကစဉ့်ကလျား တာအိုနယ်မြေက ပို၍ သန့်စင်သွားခဲ့သည်။

သူ၏ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက ပြီးပြည့်စုံသော ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူခံစားနိုင်၏။

ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးက အနည်းဆုံး နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

"ဝမ်"

ရုတ်တရက်၊ လုမင်၏ တာအိုနယ်မြေသန္ဓေက ကျုံ့လာပြီး သူ၏ ဝိညာဉ်နတ်ဘုရားဆီသို့ ပြန်လာခဲ့သည်။

သို့သော်လည်း နောက်အခိုက်တွင် ပြန့်ကားလာ၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ကစဉ့်ကလျား တာအိုနယ်မြေက သန္ဓေသားပုံစံမဟုတ်တော့ဘဲ ပြီးပြည့်စုံသော ကစဉ့်ကလျားနယ်မြေ ဖြစ်နေပြီ။

နောက်ဆုံးတွင် ကစဉ့်ကလျားတာအိုနယ်မြေသန္ဓေက ပြီးပြည့်စုံသော တာအိုနယ်မြေတစ်ခု ဖြစ်လာပြီ ဖြစ်သည်။

"ဝုန်း"

ပြီးပြည့်စုံသော ကစဉ့်ကလျားတာအိုနယ်မြေက လုမင်ကို လွှမ်းခြုံသွားသည်။ လုမင်က လက်သီးချက်ထုတ်ဖော်လိုက်ရာ ကစဉ့်ကလျားအလင်းတစ်ခု ထွက်ပေါ်လာပြီး ကပ်ဘေးလက်နက်များ ပေါက်ကွဲသွား၏။

"ဘယ်လောက်တောင် စွမ်းအားကြီးလိုက်ပါလိမ့်"

လုမင် စိတ်လှုပ်ရှားသွားသည်။

ပြီးပြည့်စုံသော ကစဉ့်ကလျား တာအိုနယ်မြေက အားကောင်းလွန်းသည်။ ၎င်းက ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေထက် များစွာပို၍ အစွမ်းထက်ပေသည်။

ထိုအချိန်တွင်၊ ကောင်းကင်ယံရှိ အခြားသော ကောင်းကင်ကပ်ဘေး လက်နက်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။

"ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ပြီးသွားပြီလား"

လူတိုင်း၏ စိတ်ထဲတွင် တူညီသော မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။

"ဟူး ဟူး..."

ထိုအချိန်တွင် ကောင်းကင်ယံမှ တိမ်တိုက်များက ကျုံ့သွားပြီး အလယ်ဗဟိုဆီသို့ စုလာသည်။

"သူ မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသွားပုံပါပဲ။ ဒီလူက တကယ်ကို မယုံနိုင်စရာကောင်းလွန်းတယ်။ သူက ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေးဒုက္ခကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့တယ်လေ"

"ဒါက တကယ်ကို အထင်ကြီးစရာကောင်းပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ပထမအဆင့် သိုင်းအုပ်ချုပ်သူပဲ ဖြစ်သေးတယ်။ သူနဲ့ တကယ့် ပါရမီရှင်တွေကြားမှာ ကွာခြားချက်က ကြီးမားသေးတယ်လေ။ သူ့ကိုယ်သူ ပိုပြီး သန်မာလာအောင် မလုပ်နိုင်ရင် လမ်းတစ်ဝက်မှာတင် သေရလိမ့်မယ်"

နောက်ဆုံးတွင်၊ ကောင်းကင်ဘုံကပ်ဘေးကို လုမင် ဖြတ်ကျော်ပြီးပြီဟုတွေးရင်း လူအများက စတင် ဆွေးနွေးလိုက်ကြသည်။

သို့သော် လုမင်ကတော့ ထိုသို့မထင်ပါ။

ကောင်းကင်ကို မော့ကြည့်လိုက်ရင်း သူ့မျက်လုံးများက တောက်ပလာသည်။

အကြောင်းမူ၊ ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးထက် အဆများစွာ ပိုမိုပြင်းထန်သော ဖိအားကို သူခံစားခဲ့ရခြင်းကြောင့်ပင်။

"နောက်ထပ်ရှိသေးတယ်"

လုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဟူး ဟူး..."

မိုင်ရာဂဏန်းအကွာအဝေးရှိသော ကပ်ဘေးတိမ်တိုက်များက အချင်းဝက် မိုင်သုံးဆယ်ရှိသော ကပ်ဘေးတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဂျိန်း... ဂျလိန်း"

လျှပ်စီးတဖျတ်ဖျတ်လက်ပြီး မိုးကြိုးထစ်ချုန်းသံများကလည်း ကောင်းကင်တွင် ထွက်ပေါ်လာ၏။

ထိုအချိန်မှသာ လူအများလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိသွားကြတော့သည်။

"ဘာတွေဖြစ်နေတာလဲဟ။ ကပ်ဘေးတိမ်တိုက်တွေက အခုထိ မပျောက်ကွယ်ဘဲ စုရုံးနေသေးတယ်"

"ဒီအတက်အကျမျိုးက ကြောက်စရာပဲ"

"မဖြစ်နိုင်ဘူး၊ သတ္တမမြောက် မိုးကြိုးကပ်ဘေးဒုက္ခ တကယ်ရှိသေးတာလား"

အဖြေကို ခန့်မှန်းမိပြီးနောက် အားလုံး အံ့ဩသွားကြသည်။

ကောင်းကပ်ဘေးဒုက္ခက မပြီးဆုံးသေးဘဲ သတ္တမြောက် ကောင်းကင်ကပ်ဘေးကြီးလာပြီ။

ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

စန်းပြည်နယ်တွင်၊ နှစ်ပေါင်းသောင်းချီအတွင်း သတ္တမမြောက် မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့သူအား မကြားခဲ့ဖူးပါ။

ဒဏ္ဍာရီများအရ သတ္တမမြောက် သတ္တမြောက် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်သူများဟာ အုပ်ချုပ်သူဖြစ်လာရန် အလားအလာရှိသည်။

ယင်းက အလားအလာသာဖြစ်သော်လည်း အံ့မခန်း ဖြစ်နေပြီ။

စန်းဧကရာဇ် ပျောက်ဆုံးပြီးကတည်းက ကျယ်ပြောလှသော စန်းစီရင်စုတွင် ဧကရာဇ်တစ်ဦးမျှ မမွေးဖွားခဲ့ပါ။

ဧကရာဇ်တိုင်းက ကမ္ဘာပေါ်ရှိ ဒဏ္ဍာရီများ ဖြစ်ကြသည်။ သူတို့က နယ်မြေကြီးတစ်ခုကို အုပ်စိုးပြီး ကမ္ဘာကို ချုပ်ကိုင်ထားသူများ ဖြစ်ချေသည်။

ထိုအဆင့် ပုဂ္ဂိုလ်ကြီးများက အလွန်တရာ သက်တမ်းရှည်လျားပြီး မသေမျိုးဖြစ်လုနီးနီး ဖြစ်သည်။

ကျင့်ကြံသူတိုင်း၏ အဆုံးစွန် ရည်မှန်းချက်မှာလည်း မဟာဧကရာဇ်များ ဖြစ်လာနိုင်ရန်ပင်။

"ဘုရားရေ၊ နဂါးနတ်ဘုရားတောင်ကြားမှာ ဒီလိုမကောင်းဆိုးရွားမျိုး တကယ်ပေါ်လာတယ်။ ဒီကပ်ဘေးဒုက္ခကို သူ ကျော်ဖြတ်နိုင်မလား မသိဘူး"

"ကြည့်ကြစမ်း၊ အဲဒါ ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်း မဟုတ်လား"

"သိုင်းအုပ်ချုပ်သူ ကပ်ဘေးဒုက္ခရဲ့ သတ္တမအဆင့်မှသာ ကမ္ဘာသန့်စင်ခြင်း ‌ကပ်ဘေးခေါင်းလောင်း ထွက်ပေါ်လာမယ်လို့ ကောလဟာလတွေရှိထားတာ၊ အခုတော့ တကယ်ဖြစ်နေပုံပဲ"

ရှေ့ကို စိုက်ကြည့်ရင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ကပ်ဘေးတိမ်တိုက်များက လုမင်၏ ဦးခေါက်းထက်တွင် စုရုံးလာကာ မရေမတွက်နိုင်သော မိုးကြိုးများကလည်း ခေါင်းလောင်းတစ်ခုအဖြစ် စုစည်းလာကြတော့သည်။

ယင်းမှာ ဧရာမ မိုးကြိုးကပ်ဘေး ခေါင်းလောင်း ဖြစ်သည်။

"ဝမ်"

ဧရာမ ခေါင်းလောင်းကြီးက တုန်ခါပြီး ကောင်းကင်မှ ဆင်းသက်လာကာ လုမင်ကို ဖုံးအုပ်သွားသည်။

လုမင်လည်း ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းကို မရှောင်လွှဲနိုင်ခဲ့ပါ။ ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းက လုမင်ကို ဖုံးအုပ်သွားခဲ့သည်။

လုမင်ကို ဖုံးအုပ်ထားသော ခေါင်းလောင်းအတွင်း၌ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ရှိ၏။ ယင်းက လုမင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်နိုင်သော သန့်စင်သည့် စွမ်းအားတစ်ခု ဖြစ်တော့သည်။

လုမင်လည်း တင်ပျဉ်ခွေထိုင်ကာ ယွမ်ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ဤသန့်စင်မှုစွမ်းအားကို ပိတ်ဆို့လိုက်၏။

သို့သော်လည်း ဤသန့်စင်ခြင်းစွမ်းအားက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက အင်အားအများစုကို ပိတ်ဆို့ထားသော်လည်း အနည်းငယ်သော အစိတ်အပိုင်းများက သူ၏ နတ်ဘုရားဝိညာဉ်ဆီသို့ပင် ဝင်ရောက်လာသေးသည်။

လုမင် မျက်နှာပျက်သွားသည်။

နတ်ဘုရားဝိညာဉ်က လူတကိုယ်လုံးတွင် အားအနည်းဆုံး အစိတ်အပိုင်း ဖြစ်၏။ အရေးကြီးဆုံးအပိုင်းလည်း ဖြစ်သည်။

နတ်ဘုရားဝိညာဉ် ဖျက်ဆီးခံရခြင်းက သေဆုံးခြင်းနှင့် မခြားပေ။

သန့်စင်ခြင်းစွမ်းအားက နတ်ဘုရားဝိညာဉ်သို့ ကျရောက်လာခဲ့သည်။ ချက်ခြင်းပင်၊ နတ်ဘုရားဝိညာဉ်မှ ပြင်းထန်သော ဝေဒနာတစ်ခု ထွက်ပေါ်လာ၏။

ဤဝေဒနာမှာ ရုပ်ခန္ဓာကို ညှဉ်းပန်းခြင်းထက် အဆပေါင်း ရာနှင့်ချီ၍ ပြင်းထန်သည်။

သန့်စင်ခြင်း စွမ်းအားက နတ်ဘုရားဝိညာဉ်ကိုပင် အမှန်တကယ် သန့်စင်နိုင်ပေသည်။

"တားဆီးစမ်း"

လုမင် ဟိန်းဟောက်လိုက်သည်။

သူ မထိန်းနိုင်ဘဲ နတ်ဘုရားဝိညာဉ် ပြိုလဲပါက၊ ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းဖြင့် လုံးဝသန့်စင်ခံရမည်မှန်း နားလည်ပေသည်။

ကောင်းကင်ကပ်‌ဘေးဒုက္ခကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။

လုမင်က ခေါင်းလောင်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ အစွမ်းကုန် တွန်းလှန်လိုက်သည်။

အပြင်ဘက်မှာတော့ ကြည့်ရှုနေသူများ အနည်းဆုံး ရာနှင့်ချီကာ ရှိနေပြီ။

သူတို့အားလုံး သတ္တမမြောက် ကပ်ဘေးဒုက္ခကို လုမင် ကျော်ဖြတ်နိုင်မလားဟု သိချင်နေကြသည်။

"သတ္တမမြောက် ကပ်ဘေးဒုက္ခ၊ ကမ္ဘာ့သန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းက အရမ်းကြောက်စရာကောင်းတယ်။ အဲဒါက အရာအားလုံးကို သန့်စင်ပေးနိုင်တယ်လေ။ စန်းပြည်နယ်ရဲ့ သောင်းစုနှစ်တွေအတွင်းမှာ သတ္တမမြောက်‌ ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတဲ့ ပါရမီရှင်တွေရှိပေမဲ့ သူတို့အားလုံးကို ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းမှာ ကျဆုံးခဲ့ရတယ်"

"မှန်ပါတယ်။ သတ္တမမြောက် ကပ်ဘေးဒုက္ခက ကျော်ဖြတ်ဖို့ အရမ်းခက်ခဲတယ်"

လူတချို့က သက်ပြင်းချလိုက်ကြသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီ။

တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ…

မျက်စိတစ်မှိတ်အတွင်း၊ ဆယ်နာရီကျော်သွားသည်။

ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းအတွင်းမှာတော့ လုမင်က အံကိုတင်းတင်းကြိတ်ကာ ခုခံနေဆဲ ဖြစ်သည်။

သို့သော်လည်း လုမင်၏ အသွင်အပြင်မှာ အလွန်ကြောက်စရာကောင်းနေပြီ။ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး မရှိတော့ဘဲ အရိုးစုတစ်ခုသာ ကျန်ရှိတော့သည်။

သန့်စင်ခြင်းစွမ်းအားကလည်း မရပ်တန့်ဘဲ သူ၏အရိုးများကိုပင် စတင်သန့်စင်လာခဲ့သည်။

သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း မှိန်ဖျော့နေပြီး အလင်းရောင်မရှိတော့ပေ။ လုမင်၏ နတ်ဘုရားဝိညာဉ်က လေပြင်းကြားမှ ဖယောင်းတိုင်မီးတောက်လေးကဲ့သို့ဖြစ်ပြီး အချိန်မရွေး ငြိမ်းသွားနိုင်သည်။

All Chapters