← Chapters

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အပိုင်း ( 1416 ) သိုင်းအုပ်ချုပ်သူ လုမင်။

သို့သော်၊ လုမင် လက်မလျှော့ခဲ့ပေ။ သူ ဆက်လက်ပြီး တောင့်ခံထားခဲ့သည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ။

ဆယ်နာရီ ကြာမြင့်သွားနောက်၊ နောက်ထပ် ဆယ်နာရီကြာသွားသည်။

လုမင်၏ အရိုးများပင်လျှင် ကုန်တော့မည်။ ကစဉ့်ကလျားတာအိုသာ စက်ဝိုင်းသဏ္ဍာန် ဝန်းရံထာဆဲ ဖြစ်သည်။

သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း အလွန်အားနည်းနေပြီ။ အချိန်ကြာလာသည်နှင့်အမျှ အားနည်းသည်ထက် အားနည်းလာသည်။

မူလ လုမင်၏ ဝိညာဉ်နှင့်ယှဉ်လျှင်၊ လက်ရှိ ဝိညာဉ်က ပိုးစုန်းကြူးနှင့် လမင်းပမာ ဖြစ်တော့သည်။

နောက်ထပ် ဆယ်နာရီကြာသွားသည်။

လုမင်ဟာ ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းတွင် နာရီသုံးဆယ်ကြာ ပိတ်မိနေခဲ့သည်။ ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က လုံးဝပျောက်ကွယ်သွားပြီး မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ကို ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းက လုံးဝ သန့်စင်ပစ်လိုက်ပြီ ဖြစ်သည်။

"ဝူး..."

ထိုအချိန်တွင် ကောင်းကင်ယံမှ တိမ်မည်းများက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။ ကမ္ဘာ့သန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းမှာလည်း 'ပေါက်ကွဲသံ' နှင့်အတူ ပျောက်ကွယ်သွား၏။

လုမင် အတွက်တော့ သူ့ကို ဘယ်နေရာမှာမှ မတွေ့ရတော့ပါ။ ကောင်းကင်မှာလည်း မှမရှိပေ။ လုမင်မှာ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ကောင်းကင်ကပ်ဘေးဒုက္ခ ပြီးသွားပြီ။ သူ ဘယ်မှာလဲ"

"မတွေ့တော့ဘူး။ သူလည်း သတ္တမအဆင့် ကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်နိုင်ဘဲ ကမ္ဘာသန့်စင်ခြင်း ခေါင်းလောင်းရဲ့ သန့်စင်ခံလိုက်ရပြီ ထင်တယ်"

"ကောင်းကင်ကပ်ဘေးအောက်မှာ မျိုးဆက်တစ်ခုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင်တစ်ယောက် သေဆုံးခဲ့ရတာ သနားစရာပဲ"

"ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းရှိပါစေ၊ ကြီးပြင်းမလာသေးသရွေ့တော့ အသုံးမဝင်ဘူး"

ပတ်ဝန်းကျင်တွင် သက်ပြင်းချသံများကို ကြားလိုက်ရသည်။ တချို့က လုမင်အတွက် စိတ်မကောင်းဖြစ်ကြ၏။ သို့သော်လည်း ကျေနပ်စွာဖြင့် လှောင်ပြောင် ရယ်မောနေသူများလည်း ရှိသေးသည်။

"သွားကြစို့ရဲ့"

"မဟာဧကရာဇ်ကြီး ကျန်ရစ်ခဲ့တဲ့ ရတနာကိုရှာရအောင်၊ ငါတို့ အချိန်တွေ အများကြီး ဖြုန်းပြီးပြီ"

လူတချို့က ပြောလိုက်သည်။ ခဏကြာတော့ ဤဧရိယာမှာ မည်သူမျှ မကျန်ရှိတော့ပေ။

ကောင်းကင်ကြီးက ကြည်လင်နေခဲ့သည်။ ယခင် ဖြစ်ပျက်ခဲ့သမျှက အိပ်မက်မက်နေသကဲ့သို့ပင်။

နှစ်နာရီအကြာတွင်၊ ကောင်းကင်ကပ်ဘေးဒုက္ခကို လုမင် ဖြတ်ကျော်ခဲ့သောနေရာမှ အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်သွားသည်။

ပထမတော့ အလင်းရောင်က အနည်းငယ် မှိန်နေသေးသည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် ပို၍ပို၍ တောက်ပလာခဲ့သည်။

ပထမတော့ အလင်းရောင်မှာ ပိုးစုန်းကြူးလေးနှင့် တူသည်။ တဖြည်းဖြည်း ဖယောင်းတိုင်မီးပမာ ဖြစ်လာခဲ့၏။ ထို့နောက်မှာတော့ ကြယ်များ၊ နေနှင့် လတို့ကဲ့သို့ ဖြစ်လာတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်မှု အင်အားတစ်ခုက အလင်းတန်းမှ ပေါက်ကွဲထွက်လာခဲ့သည်။ မိုင်သောင်းချီ အချင်းဝက်အတွင်းမှ ယွမ်ချီစွမ်းအင်များကလည်း အလင်းတန်းဆီသို့ စုဝေးရောက်ရှိလာ၏။ ထိုအလင်းစက်က တွင်းနက်ကြီးကဲ့သို့ စွမ်းအင်များကို အငမ်းမရ ဝါးမျိုလာတော့သည်။

"ဟူး၊ ဟူး..."

အဆုံးမဲ့ ယွမ်ချီစွမ်းအင်များကို ဝါးမျိုရင်း အလင်းစက်က ဖြည်းညှင်းစွာ အသွင်ပြောင်းလာခဲ့သည်။

၎င်းက လူသားပုံသဏ္ဍာန် နတ်ဘုရားဝိညာဉ် ဖြစ်၏။ လုမင်၏ နတ်ဘုရားဝိညာဉ်လည်း ဖြစ်တော့သည်။

လုမင် မသေပေ၊ သန့်စင်ခံခဲ့ရခြင်း မဟုတ်ပါ။

အစောပိုင်းက ကပ်ဘေးတိမ်တိုက်များနှင့် ကမ္ဘာ့သန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်း ပျောက်ကွယ်သွားခြင်းမှာ လုမင် သန့်စင်ခံရပြီး သေဆုံးသွားသောကြောင့် မဟုတ်ပေ။ ကောင်းကင်ကပ်ဘေးကို လုမင် ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ဤအခိုက်တွင် လုမင်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

စုပ်ယူမှုကလည်း အားကောင်းသည်ထက် အားကောင်းလာ၏။ မိုင်ပေါင်းသောင်းချီအတွင်း ယွမ်ချီစွမ်းအင်က မယုံနိုင်လောက်အောင် ထူထပ်သည်။ တဖြည်းဖြည်းနှင့် လုမင်၏ နတ်ဘုရားဝိညာဉ်ဝန်းကျင်ရှိ ယွမ်ချီစွမ်းအင်က အရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယွမ်ချီစွမ်းအင် အရည်များက လှုပ်ရှားလာပြီး ခန္ဓာကိုယ်တစ်ခုအဖြစ် သိပ်သည်းလာ၏။

လုမင်၏ ရုပ်ခန္ဓာ ဖြစ်တော့သည်။

"ဂါး"

နဂါးဟိန်းသံက ကောင်းကင်ကိုးပါးကို တုန်လှုပ်စေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ကြားတွင် နဝမနဂါးပုံရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် လုမင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏။

နေ့ဝက်ကြာပြီးနောက် လုမင်၏ခန္ဓာကိုယ်ဟာ ကောင်းကင်မှာ ပြန်ပေါ်လာတော့သည်။ ထိုအချိန်တွင် လုမင် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ အတွေးတစ်ခုဖြင့် အဝတ်တစ်ထည်ပေါ်လာပြီး သူ ဝတ်ဆင်လိုက်၏။

"နောက်ဆုံးတော့ ငါ ဖြတ်ကျော်နိုင်ခဲ့ပြီ။ တကယ်ကို ကြောက်စရာကောင်းတဲ့ ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းပဲ"

လုမင်လည်း သက်ပြင်းချလိုက်မိသည်။

ကမ္ဘာသန့်စင်ခြင်း ကပ်လေးခေါင်းလောင်းအောက်တွင် လုမင်က သီသီကလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင်၊ သူ၏ ပြင်းထန်သော စိတ်ဆန္ဒဖြင့် သည်းခံခဲ့ရလေသည်။

ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းက ကမ္ဘာကြီးကိုပင် သန့်စင်နိုင်သည်ဟု ဆိုသည်။ ၎င်း၏ သန့်စင်မှုစွမ်းအားက အလွန်ကြောက်စရာကောင်း၏။ ၎င်းက ရုပ်ခန္ဓာကို သန့်စင်စေရုံသာမက နတ်ဘုရားဝိညာဉ်နှင့် စိတ်ဝိညာဉ်ကိုလည်း သန့်စင်စေနိုင်သည်။

သို့သော်လည်း ယင်းကို ခံနိုင်ရည်ရှိပြီးနောက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပေသည်။

လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။ သူက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီ။

ယခုအခါ လုမင်က ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းတွင် ဖြစ်သည်။

"ဝုန်း"

လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ ကောင်းကင်ယံ၌ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လက်သီးအင်အားတစ်ခု ပြေးထွက်လာပြီးနောက် တောင်ထိပ်တစ်ခုကို ကြီးမားသော အပေါက်တစ်ခု ဖြစ်စေခဲ့၏။ ထိုအပေါက်ကြီးက တောင်ကို တိုးလျှိုပေါက် ဖြစ်စေခဲ့သည်။

ဤသည်မှာ ယွမ်လုတိုက်ကြီး၊ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် ဖြစ်သည်။ ရှန်းရွှီတိုက်ကြီးနှင့်မတူဘဲ ဤနေရာတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးက အနှိုင်းမဲ့ မာကျောလွန်း၏။ သို့တိုင် လုမင်က တောင်ကို အပေါက်ကြီးဖြစ်စေခဲ့သည်။ ထိုစွမ်းအားက တကယ်ကို ကြောက်စရာပင်။

ထို့အပြင် ၎င်းက သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသက်သက် ဖြစ်သည်။

"တကယ်ကို ငါ့ခန္ဓာကိုယ်ထဲမှာ ကစဉ့်ကလျားစွမ်းအင် ရှိနေတာပဲ"

သေသေချာချာ၊ ခံစားကြည့်ပြီးနောက် လုမင်၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။

သူ၏ ကြွက်သားများနှင့် အရိုးများအတွင်းတွင် ရှေးဦးကစဉ့်ကလျား အငွေ့အသက်တစ်ခု ရှိ၏။ ယင်းက အတော်မှုန်ဝါးသော်လည်း ရှေးဦးကစဉ့်ကလျား ဖြစ်နေဆဲပင်။

လုမင်၏ ဝိညာဉ်ခန္ဓာက မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

၎င်းက နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဖြစ်ချေသည်။

သို့သော်လည်း သူ၏ရုပ်ခန္ဓာရှိ ကစဉ့်ကလျားချီကြောင့် လုမင်၏ ဝိညာဉ်ခန္ဓာမှာ သာမန် မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာထက် ပို၍ အားကောင်းခဲ့သည်။

"ငါ့ဝိညာဉ်က ကြီးကြီးမားမား တိုးတက်လာတာပဲ၊ ပိုလည်း သန့်စင်သွားတယ်"

လုမင်ကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့သည်က သူ့ဝိညာဉ် ဖြစ်သည်။

သူ၏ လက်ရှိစိတ်ဝိညာဉ်က သန့်စင်မှု၊ အင်အား၊ သို့မဟုတ် ဝိညာဉ်စွမ်းအားအရသော်လည်းကောင်း ယခင်ကထက် အဆများစွာ အားကောင်းနေပြီဟု သူခံစားနိုင်ပေသည်။

အနည်းဆုံးတော့ ဆယ်ဆ ပို၍ အားကောင်းသည်။

လုမင်၏ အသိပညာအရ စိတ်ဝိညာဥ်ကို မြှင့်တင်ရန်မှာ အလွန်ခက်ခဲသည်။ သိုင်းပညာကို မြှင့်တင်ခြင်းထက် အဆတစ်ရာ ပိုခက်ခဲ၏။

စိတ်ဝိညာဉ်က အားကောင်းလေ၊ နတ်ဘုရားဝိညာဉ်၏ အသက်ဓာတ်က ပို၍ အားကောင်းလေပင်။ နတ်ဘုရားဝိညာဉ်က ဒဏ်ရာရရှိလျှင်ပင် အလွယ်တကူ သေဆုံးတော့မည် မဟုတ်ပါ။

အတိုချုပ်ပြောရလျှင်၊ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် လုမင်၏အင်အားဟာ ကဏ္ဍပေါင်းစုံမှ သိသိသာသာ တိုးမြင့်လာခဲ့သည်။

"ငါ့ရဲ့ လက်ရှိတိုက်ခိုက်နိုင်စွမ်းက အခု ဘယ်လိုနေမလဲ မသိဘူး"

လုမင် ယင်းကို မျှော်လင့်‌နေမိသည်။

ယခုနေ ရှန်းရွှီတိုက်အဖွဲ့အစည်းကို ပြန်လာပါက၊ ရှန်းရွှီတိုက်အဖွဲ့အစည်းမှ အဆင့်လေး သိုင်းအုပ်ချုပ်သူများကို သတ်ဖြတ်ရန်မှာ သူ့အတွက် ထမင်းစား ရေသောာက် ဖြစ်လာမည်ဟု ယုံကြည်ခဲ့ပေသည်။

ဟုတ်သည်၊ ယွမ်လုမှ သိုင်းအုပ်ချုပ်သူများက ရှန်းရွှီတိုက်အဖွဲ့အစည်းမှ လူများထက် များစွာ အားကောင်းသည်။ လုမင်သည် ယခင်က သူတို့နှင့် မတိုက်ခိုက်ဖူးသောကြောင့် မခန့်မှန်းနိုင်သေးပေ။

"ဝုန်း…"

လုမင်က လက်ဝါးတစ်ဖက်ဖြန့်ပြီး လေထဲကို ဖမ်းဆုပ်လိုက်သည်။

"ဝူး…"

ရုတ်တရက် လုမင်၏ လက်ဖဝါးမှ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ မိုးနှင့်မြေကြားရှိ ယွမ်ချီစွမ်းအင်များက လုမင်ဆီသို့ အရူးအမူး စီးဝင်လာတော့သည်။

နဝမနဂါး၏ ဝါးမျိုခြင်း စွမ်းအား။

နဝမနဂါး တိုက်ခိုက်ရေးခန္ဓာ၏ မှတ်တမ်းများအရ နဝမနဂါးမှ ဖွဲ့စည်းထားသော နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာသည် ဝါးမျိုခြင်းစွမ်းအားကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်။

ယခုဆိုလျှင် လုမင်၏ ခန္ဓာကိုယ်က ဝါးမျိုခြင်းစွမ်းအားကို အချိန်မရွေး ပေါက်ကွဲနိုင်နေပြီ။ ယင်းက ယခင်ကထက် ပို၍ အဆင်ပြေသည်။

"ဒီနည်းနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းက ပိုမြန်လိမ့်မယ်"

လုမင် ပြုံးလိုက်သည်။ အတွေးတစ်ခုဖြင့် သူ၏ ဝါးမျိုခြင်းစွမ်းအားများ ပျောက်ကွယ်သွားလေသည်။

"မဟာဧကရာဇ် လျှို့ဝှက်နယ်မြေထဲကို ငါဝင်ခဲ့တာ ဆယ်ရက်ကျော်ပြီပဲ။ ငါလှုပ်ရှားဖို အချိန်တန်ပြီ။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေကို အချည်းနှီး အဖြစ်မခံနိုင်ဘူး"

လုမင်လည်း တစ်ချက်ပြုံးပြီး လေထဲသို့ ခြေလှမ်းကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေက ဂြိုလ်တစ်စင်း ဖြစ်သည်။ မြင့်မားပြီး အကန့်အသတ်မရှိ ကျယ်ပြောသော တောင်တန်းများက နေရာတိုင်းတွင် ရှိပေသည်။

လုမင်၏အရှိန်က အလွန်မြန်ပြီး သူ့အောက်မှ တောင်တန်းများကို လျှပ်တပြက် ဖြတ်ကျော်သွားခဲ့သည်။

"အဲ၊ ဟိုမှာ အဆောက်အဦးတစ်ခု"

ရုတ်တရက်၊ လုမင်သည် တောင်ပေါ်မှ အဆောက်အအုံတစ်ခုကို လှမ်းတွေ့လိုက်ရသည်။ လုမင် ပြေးဆင်းသွား၏။

နန်းတော်တစ်ခု ဖြစ်သည်။ နန်းတော်က အလွန်ဟောင်းနွမ်းသော်လည်း သပ်ရပ်ပေသည်။ အတိတ်မှာ တစ်စုံတစ်ယောက် နေထိုင်ခဲ့ကြောင်း ထင်ရှားသည်။

လုမင် ဝင်လာပြီးနောက် နန်းတော်တစ်ခုလုံး တိတ်ဆိတ်ကာ ဗလာကျင်းနေကြောင်း တွေ့လိုက်ရသည်။ လုမင် လှည့်ပတ်ကြည့်သော်လည်း ဘာမျှမတွေ့ပေ။

"ဒီမှာ တစ်ခုခုရှိခဲ့ရင်တောင် တခြားတစ်ယောက်ယောက်က ယူသွားလောက်ပြီပေါ့"

လုမင်လည်း ပြုံးပြီး ပြန်ထွက်ခဲ့သည်။

All Chapters