← Chapters

အခန်း ၁၄၁၉

Vol. 95 Ch. 1419

အခန်း ၁၄၁၉

Vol. 95 Ch. 1419

အပိုင်း ( 1419 ) မြေအောက်နန်းတော်။

"အား... အား"

စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာခဲ့သည်။ လူအများစုမှာ အနက်ရောင်အလင်းတန်းဖြင့် ထိုးဖောက်ခံခဲ့ရ၏။ အော်ဟစ်ညည်းညူရင်း လဲကျ သေဆုံးကုန်တော့သည်။

လူတစ်ဒါဇင်ခန့်သာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။

တခဏချင်းမှာပင် လူတစ်ရာနီးပါး သေဆုံးခဲ့ပေသည်။

ထိုလူတစ်ဝက်လောက်က ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ပြီး သိုင်းအုပ်ချုပ်သူများဖြစ်လာကြောင်း လုမင် မြင်သည်။ သို့တိုင် သူတို့အားလုံး ချက်ချင်း သေဆုံးသွားခဲ့ကြလေသည်။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေက အမှန်တကယ် မရိုးရှင်းပါ။ အန္တရာယ်များက အပြည့်ရှိခဲ့သည်။

သူတို့က အခြားသူများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည့်အပြင် စူးစမ်းလေ့လာရေး လုပ်ငန်းစဉ်တွင်လည်း အန္တရာယ်များ ရှိသေးသည်။

"အထဲမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရတယ်"

"တကယ်ကို တစ်ယောက်ယောက်ရှိပုံရတယ်၊ ဒါပေမဲ့ သူ့မှာ အသက်ဓာတ် အငွေ့အသက် မရှိတော့ဘူးလေ။ သူ သေသွားပြီ"

"အဲဒီအထဲမှာ ရတနာတွေရှိရမယ်"

အသက်ရှင်ကျန်ရစ်သူ လူငယ်များက မထွက်ခွာဘဲ တစ်ဖန် ချဉ်းကပ်သွားကြသည်။

"ဒါက တကယ်အစွမ်းထက်တဲ့ ဝင်္ကပါတစ်ခုပဲ။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာပြီးနောက် ပြီးပြည့်စုံမှု မရှိတော့ဘူး။ ချို့ယွင်းချက်တစ်ခုကို ရှာတွေ့သရွေ့ ငါတို့ ဝင်နိုင်လိမ့်မယ်"

ကမ္ပည်းတာအိုကို လေ့ကျင့်သော လူငယ်တစ်ယောက်က လှည့်ပတ်ကြည့်ရင်း အားနည်းချက်ကို ရှာလိုက်သည်။

လုမင်လည်း နန်းတော်ကို လှည့်ပတ်ကြည့်လိုက်၏။

လုမင်၏ ဒုတိယခန္ဓာက ပြန်လည်ကောင်းမွန်လာသောကြောင့် ကမ္ပည်းမရေးထိုးနိုင်သည့်တိုင် အသိပညာများကို မျှဝေခဲ့သည်။ တစ်နည်းဆိုရသော် သူ၏ မူလခန္ဓာတွင် ဒုတိယခန္ဓာ၏ အသိပညာနှင့် ထိုးထွင်းသိမြင်မှု ရှိပေသည်။ သူက ဝင်္ကပါကို မချိုးဖျက်နိုင်လျှင်ပင် ချို့ယွင်းချက်ကိုတော့ ရှာတွေ့နိုင်ဆဲ ဖြစ်သည်။

"ငါ့နောက်ကလိုက်ခဲ့"

လုမင်က ချိုးရင်ရင်နှင့် ချိုးဟောက်ကို တီးတိုး ပြောလိုက်သည်။

ထို့နောက် သူသည် ရှေ့သို့ လျှောက်သွား၏။ ချိုးရင်ရင်နှင့် ချိုးဟောက်တို့လည်း လုမင်နောက်မှ အနီးကပ်လိုက်သွားကြတော့သည်။

တစ်ဖက်တွင်၊ အခြား လူငယ်များကလည်း ဝင်္ကပါ အားနည်းချက်ကိုရှာပြီး ဝင်ရောက်လာခဲ့ကြသည်။

"လုမင်၊ နင်က ကမ္ပည်းတာအိုကိုလည်း သိတာလား။ ဒါပေမဲ့ နင့်မှာ ဝိညာဉ်မီးရှိတယ်လို့ ငါ မခံစားရဘူး။ ထူးဆန်းလိုက်တာ"

ချိုးရင်ရင်က လျှောက်လှမ်းနေရင်း လုမင်ကို ထူးဆန်းသလို ကြည့်လိုက်သည်။

လုမင်ကတော့ ပြုံးရုံသာပြုံးပြီး မရှင်းပြတော့ပါ။

သုံးယောက်သား ဆက်လျှောက်သွားကြသည်။ ခဏအကြာတွင်၊ ဝင်္ကပါကို ဖြတ်ကျော်ပြီး နန်းတော်ခန်းမထဲသို့ သူတို့ ဝင်ရောက်ခဲ့ပေသည်။

"တစ်ယောက်ယောက်ရှိနေတယ်"

ချိုးရင်ရင် ပြောလိုက်သည်။

ခန်းမထဲတွင် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက် ရှိ၏။

ယင်းမှာ အသက်လေးဆယ်ကျော်ခန့် ရှိပုံရသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ကံမကောင်းစွာဖြင့်၊ သူမတွင် အသက်ဓာတ် အနည်းငယ်မျှ မရှိခဲ့ပါ။ သူမ သေဆုံးနေခဲ့ပြီ ဖြစ်သည်။

"ဒါ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲက လူတစ်ယောက်လား။ စန်းဧကရာဇ်က လွန်ခဲ့တဲ့ အနှစ်ခြောက်သောင်းလောက်ကတည်းက ပျောက်ဆုံးနေခဲ့တာလို့ ပြောကြတယ်။ ဒါဆိုရင် သူက လွန်ခဲ့တဲ့ အနှစ်ခြောက်သောင်းလောက်ကတည်းက ကွယ်လွန်သွားတာလား"

ချိုးဟောက် မှန်းဆလိုက်သည်။

သူတို့ နှလုံးသားထဲတွင် တုန်လှုပ်သွား၏။ အကယ်၍ ဤလူသည်သာ လွန်ခဲ့သောနှစ်ပေါင်း ခြောက်သောင်းကတည်းက ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ် မပျက်စီးသေးပါက၊ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အံ့မခန်း မြင့်မားခဲ့လိမ့်မည်။

သူတော်စင်။

သူတို့သုံးယောက်စလုံး သူတော်စင်များသာ သူတို့၏ခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာ ဆွေးမြေ့မပျက်စီးဘဲ ထိန်းသိမ်းနိုင်မည်ဟု တွေးမိခဲ့ကြသည်။ ထိုသို့မဟုတ်ပါက၊ သိုင်းအုပ်ချုပ်သူ၏ ခန္ဓာကိုယ်ဖြစ်လျှင်ပင် နှစ်ပေါင်း‌ ခြောက်သောင်း ကြာမြင့်ပြီးနောက် ပျက်စီးသွားလိမ့်မည်။

"သူ ဘယ်လိုသေသွားတာလဲ မသိဘူး။ သူ့ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရှိဘူး"

ချိုးရင်ရင် ပြောလိုက်သည်။

သူတို့ သေချာကြည့်လိုက်တော့ တစ်ဖက်လူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများကို အမှန်တကယ် မမြင်ခဲ့ရပေ။

"သူ့မှာ သိုလှောင်လက်စွပ် မရှိတော့ဘူးပဲ။ သူအသတ်ခံရလို့ သိုလှောင်လက်စွပ်ကို သိမ်းခံလိုက်ရတာ ဖြစ်နိုင်မလား။ ဒါပေမဲ့ ဒီလိုဆိုရင် ဘာဖြစ်လို့ ဒဏ်ရာ မရှိရတာလဲ"

လုမင်လည်း နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။

ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ ခန်းမထဲတွင် ကုလားထိုင်များနှင့် စားပွဲအချို့ရှိခဲ့သော်လည်း နှစ်များစွာကြာပြီးနောက် ဆွေးမြေ့ကာ ပြာဖြစ်သွားကြပြီ ဖြစ်သည်။

နောက်ဆုံးတွင် သူတို့၏ အကြည့်များက အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

သူမက ခရမ်းရောင် ငှက်မွှေးကုတ် ၀တ်စုံကို ၀တ်ထား၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်၊ ယင်းမှာ ရတနာတစ်ခုဖြစ်ကြောင်း မြင်နိုင်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်တွင်ပင် ၎င်းက ဝိညာဉ်အလင်းဖြင့် တောက်ပနေသေးသည်။

သေချာတာကတော့ အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။ ၎င်းကို သူတော်စင်တစ်ပါးမှ ဝတ်ဆင်ထားခြင်းဖြစ်သောကြောင့် သူတော်စင်ရတနာ ဖြစ်လိမ့်မည်။

သူတို့၏မျက်လုံးများ တောက်ပလာခဲ့သည်။

ထိုအချိန်တွင် ခြေသံများကြားလာရသည်။ အပြင်မှ လူငယ်အချို့ ပြေးဝင်လာကြ၏။

သူတို့ ဝင်လာပြီးသည်နှင့် သူတို့၏အကြည့်များက အမျိုးသမီး အလောင်းအပေါ်ကို ကျရောက်လာတော့သည်။

"သူတော်စင်ရတနာ၊ ဒါက သူတော်စင်ရတနာပဲ။ အဲဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ"

လူငယ်အချို့၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာခဲ့သည်။ ထို့နောက် လုမင်တို့ကိုမြင်တော့ သူတို့၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာတော့သည်။

"ဒီလူတွေကို သတ်ပြီး အကျိုးအမြတ်ကို အညီအမျှ ခွဲယူကြရအောင်။ မင်းတို့ ဘယ်လိုသဘောရသလဲ"

လူငယ်တစ်ဦးက ပြောလိုက်သည်။

"ငါ သဘောတူတယ်"

"သတ်"

ပြောဆိုပြီးနောက် လူငယ်များက လုမင်တို့ကို ချက်ချင်း တိုက်ခိုက်လိုက်၏။ ပြင်းထန်သော တိုက်ခိုက်မှုများက ခဏချင်း ကျရောက်လာတော့သည်။

ဤလူငယ်များက အတော်သန်မာသည်။ မဟုတ်ပါက၊ ၎င်းတို့သည် အစောပိုင်း ဝင်္ကပါမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ယခုကဲ့သို့၊ ပူးပေါင်းတိုက်ခိုက်သောအခါ သူတို့၏စွမ်းအားက အံ့မခန်း ဖြစ်ခဲ့သည်။

"သေချင်နေပြီ"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ပျံ့နှံ့သွားသည်။

"ဒုန်း... ဒုန်း"

လုမင် လက်သီးချက်အနည်းငယ် ထုတ်ဖော်လိုက်၏။ လူငယ်များ၏ တိုက်ခိုက်မှုများက လုမင်၏ လက်သီးအင်အားအောက်တွင် တိုက်ရိုက် ပြိုကျသွားတော့သည်။

ထို့အပြင်၊ လက်သီးအင်အားက ရပ်တန့်မသွားဘဲ ထိုလူငယ်များကို ဆက်လက် ထိုးနှက်လိုက်သည်။

"မဟုတ်ဘူး…"

လူငယ်များ မျက်နှာပျက်သွား၏။ သူတို့ ရှောင်တိမ်းချင်သော်လည်း နောက်ကျသွားပြီ။ သူတို့၏ အော်ဟစ်သံများက လက်သီးအင်အားကြောင့် နစ်မြုပ် ပျောက်ကွယ်သွားခဲ့သည်။ လက်သီးအင်အားမှ အလင်းများ ပျောက်ကွယ်သွားချိန်မှာတော့ လူငယ်အားလုံးမှာ သေဆုံးနေကြပြီ။

"ရင်ရင်၊ ဒီငှက်မွှေးဝတ်စုံက အမျိုးသမီးတွေအတွက်ပဲ သင့်တော်တယ်။ မင်း ယူလိုက်ပါ"

လုမင် ပြောလိုက်သည်။

"ဒါ... ဒါက ဘယ်လိုသင့်တော်မှာလဲ"

ချိုးရင်ရင် ငြင်းဆန်လိုက်၏။ နောက်ဆုံးတော့ သူတို့က လုမင်နောက်ကို လိုက်နေကြသူများ ဖြစ်သည်။ သူတို့က လုမင်ကို အားကိုးအားထား ပြုရ၏။ လုမင်ကြောင့်သာ ဤခန်းမထဲသို့ ရောက်နိုင်ခဲ့ခြင်း ဖြစ်ချေသည်။

သူမ ဘာမှ မလုပ်ခဲ့သော်လည်း ရတနာကို ပေးလာသည်။ ယင်းကို သူမ မည်သို့ခုခံနိုင်မည်နည်း။

"ကိစ္စမရှိပါဘူး၊ မိန်းမအဝတ်တွေကို ငါလည်းမဝတ်နိုင်ဘူး။ ယူလိုက်"

လုမင် ပြောလိုက်သည်။

ချိုးရင်ရင်လည်း ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ ထိုနောက်တော့ ထိုအမျိုးသမီးအား ဦးညွှတ်ပြီး ငှက်မွှေးဝတ်ရုံကို ချွတ်ကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။

ထို့နောက် သုံးယောက်သား ခန်းမထဲမှ ထွက်လာခဲ့ကြသည်။

"ရှေ့မှာ မြေအောက်နန်းတော်ရှိတယ်ဟေ့"

"သွားကြည့်ရအောင်။ အဲဒီမှာ ရတနာတွေ အများကြီးရှိရမယ်"

သူတို့သုံးယောက် ခန်းမထဲမှ ထွက်လာသည်နှင့် သတင်းကြားလိုက်ရသည်။ လူရိပ်များစွာက အပျက်အစီးများကို ဖြတ်ကျော်ကာ အဆောက်အဦးများ၏ နက်နဲရာဆီသို့ ပျံသန်းသွား၏။

"မြေအောက်နန်းတော်လား"

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရာ မျှော်လင့်နေသော အရိပ်အယောင်များအား ကိုယ်စီမြင်လိုက်ရသည်။

"ငါတို့သွားကြည့်ကြမလား"

ချိုးဟောက်က ပြောလိုက်သည်။

"သွားကြတာပေါ့"

လုမင် ခေါင်းညိတ်လိုက်၏။ သူတို့ သုံးယောက်လည်း လေထဲသို့ခုန်လွှားကာ နက်နဲရာအရပ်မှ အဆောက်အအုံများဆီသို့ ပျံသန်းသွားတော့သည်။

သူတို့သုံးယောက်က ကျယ်ပြောသော အဆောက်အဦးများကို ဖြတ်သန်းသွားကြသည်။

မကြာမီ၊ သူတို့ သုံးယောက်စလုံး ရှေ့မှလေထဲမှာ လူအုပ်ကြီးကို တွေ့လိုက်ရသည်။ အနည်းဆုံး လူ ထောင်ဂဏန်းခန့် ရှိ၏။

သူတို့ တစ်ဦးစီက အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။

သူတို့ထဲမှ ထက်ဝက်ကျော်က သိုင်းအုပ်ချုပ်သူနယ်ပယ် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။

ယခုအကြိမ်ဝင်ရောက်လာသူ အများစုမှာ အဓိပဓိအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြီ ဖြစ်သည်။ အထူးသဖြင့် ဒေသခံလူငယ်များ ဖြစ်၏။ ထို့ကြောင့်၊ သူတို့အားလုံးမှာ လျှို့ဝှက်နယ်မြေသို့ ဝင်လာပြီးသည်နှင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ကြလေသည်။

ကျန်သူများကတော့ အဓိပဓိအဆင့်၏ အထွတ်အထိပ်သို့ မရောက်သေးသောကြောင့် ဖြတ်ကျော်၍မရသေးပေ။

ထိုလူအုပ်စုက ရှေ့ကို လှမ်းကြည့်နေကြသည်။

လုမင်နှင့် တခြားသူများလည်း ရှေ့တိုးသွားပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။

သူတို့အရှေ့ ကျယ်ပြောသောနယ်မြေတစ်ခုက ပြိုကျနေသည်။ ထိုနေရာတွင် အလင်းတန်းတစ်ခု ထွက်ပေါ်နေ၏။ အဆောက်အဦကြီးတစ်ခု၏ ထောင့်စွန်းတစ်ခု ဖြစ်ချေသည်။

ပုံစံအရတော့ ဧရာမ နန်းတော်ကြီး၏ ထောင့်စွန်းတစ်ခု ဖြစ်သင့်သည်။ ကျန်နန်းတော် အစိတ်အပိုင်းများက မြေအောက်တွင် နစ်မြှုပ်နေဆဲပင်။

ပတ်ဝန်းကျင်မှ လူများ၏ ပြောစကားအရ၊ ဤနေရာတွင် တိုက်ပွဲကြီးတစ်ခုဖြစ်ကာ မြေပြင်ပြိုကျရာမှ ထိုနန်းတော်အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လုမင် သိခဲ့ရသည်။

"လူတိုင်းပဲ၊ ဒီနန်းတော်ဟာ မြေအောက်မှာ နစ်မြုပ်နေပေမဲ့ သာမန်မဟုတ်တာ သေချာတယ်။ ငါတို့ အဲဒါကို ဘာဖြစ်လို့ မတူးဖော်ကြရမှာလဲ"

လူတစ်ယောက်က အကြံပြုလိုက်သည်။

All Chapters