← Chapters

အခန်း ၁၄၂၀

Vol. 95 Ch. 1420

အခန်း ၁၄၂၀

Vol. 95 Ch. 1420

အပိုင်း ( 1420 ) ကြောက်စရာကောင်းသော ခံတပ်။

"ကောင်းပြီ၊ ငါသဘောတူတယ်"

"ငါလည်း သဘောတူတယ်"

လူတိုင်းက အော်ဟစ်လိုက်ကြသည်။

ဤအခိုက်တွင် လူတိုင်းက မြေအောက်နန်းတော်ကို စူးစမ်းလိုစိတ် ပြင်းပြနေတော့သည်။

"ကောင်းပြီ၊ ဒါဆိုရင် စလိုက်ရအောင်"

ထို့နောက် စတင် တူးဖော်လိုက်ကြသည်။

သူတို့၏ မြင့်မားသော ကျင့်ကြံခြင်းအခြေခံကြောင့် တူးဖော်ရသည်မှာ‌ အခက်အခဲတော့ မရှိပေ။ သူတို့က မြေပြင်ကို ကြီးကြီးမားမား တူးဖော်ကာ အဝေးသို့ လွှင့်ပစ်လိုက်ကြသည်။

မကြာမီ၊ ကြီးမားသော နန်းတော်တစ်ခုက လူတိုင်းရှေ့မှာ ပေါ်လာတော့သည်။

ယင်းကို နန်းတော်ဟု ခေါ်ဆိုခြင်းထက် ခံတပ်ဟုခေါ်သည်က ပိုသင့်တော်မည်။

ခံတပ်က အနှိုင်းမဲ့ကြီးမားပြီး ခမ်းနားလှပေသည်။ ထိုခံတပ်တွင် နေထိုင်သူက သာမန်မဟုတ်ကြောင်း ထင်ရှားသည်။

"မဟာဧကရာဇ်ရဲ့ နန်းတော်များဖြစ်နိုင်မလား"

တစ်စုံတစ်ယောက်က ခန့်မှန်းခဲ့သည်။

ခံတပ်ရှေ့တွင် ကျောက်တံခါးတစ်ခုရှိသော်လည်း တင်းတင်းကျပ်ကျပ်ပိတ်ထား၏။

"ဒုန်း"

တစ်စုံတစ်ယောက်က ခံတပ်နံရံကို ဓားဖြင့်ခုတ်လိုက်သော်လည်း ဘာမျှမဖြစ်ခဲ့ပေ။ ခြစ်ရာလေးပင် မထင်ကျန်ခဲ့ပါ။

ပုံစံအရတော့ ခံတပ်သို့ဝင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တံခါးပေါက်မှ ဖြစ်တန်ရာသည်။

"ဝုန်း"

တစ်စုံတစ်ယောက်က တံခါးကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။ တံခါးက ပြင်းပြင်းထန်ထန် တုန်ခါသွားသော်လည်း မပွင့်ခဲ့ပေ။

"လူတိုင်းပဲ တံခါးကိုဖွင့်ဖို့ အတူတူ အလုပ်လုပ်ကြရအောင်"

တစ်ယောက်ယောက်က အကြံပြုလိုက်ရာ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

ရုတ်တရက် အလင်းတန်းများက လူအုပ်ထဲမှ ပြေးထွက်လာပြီး ခံတပ်တံခါးကို ထိမှန်သွား၏။

"ဒုန်း"

တံခါးက ပို၍ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။

"အလုပ်ဖြစ်တယ်ဟေ့၊ ဆက်ကြရအောင်"

"တိုက်ခိုက်ကြ"

အလင်းတန်းများနှင့် တိုက်ခိုက်မှုများက တံခါးဆီသို့ တိုးဝင်သွားသည်။

တံခါးက ပို၍ပင် ပြင်းထန်စွာ တုန်ခါလာ၏။

"ဂျုန်း"

နောက်ဆုံးတော့ တံခါးရွက်များ တုန်ခါပြီး ပွင့်လာတော့သည်။

ခဏအကြာတွင် တံခါးက လုံးဝပွင့်သွားသည်။ တံခါး အတွင်းပိုင်းမှာတော့ မည်းမှောင်နေ၏။

ထိုအချိန်တွင် လူအများက ရပ်တန့်သွားပြီး သတိထားလာကြသည်။

ယခုလေးတင် တံခါးကိုဖွင့်ရန် လက်တွဲခဲ့သော်လည်း၊ လူတိုင်းက ရတနာများကို လိုချင်သောကြောင့် မကြာမီ ရန်သူများ ဖြစ်လာကြတော့မည်။

ထိုအချိန်တွင် လုမင်မှာ အကြောင်းတစ်ခုခုကြောင့် ရင်ထိတ်သွားခဲ့သည်။ ဘေးဥပဒ်တစ်ခု ကျရောက်တော့မည်ဟု သူ ခံစားလိုက်မိ၏။

"သတ်၊ သတ်၊ သတ်"

ဤအခိုက်မှာပင် ခံတပ်အတွင်းမှ ကြောက်စရာကောင်းသော အသံတစ်ခုနှင့် နှလုံးခုန်သလို တုန်ခါလှိုင်းများ ထွက်ပေါ်လာတော့သည်။

ရှေ့ဆုံးတွင်ရပ်နေသော လူငယ်အချို့ဆိုလျှင် တုံ့ပြန်ရန်ပင် အချိန်မရှိဘဲ ခန္ဓာကိုယ်များ ပေါက်ကွဲသွားကြသည်။

"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"

လုမင် မျက်နှာပျက်သွားသည်။ သူက ချိုးရင်ရင်နှင့် ချိုးဟောက်ကို ဆွဲထုတ်ပြီး အလောတကြီး ဆုတ်သွားခဲ့၏။

"သတ်၊ သတ်ပစ်၊ သတ်ပစ်"

ခံတပ်အတွင်းမှ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်ဖြင့် ကြွေးကြော်သံများက ထပ်မံ ပေါ်လာသည်။ သူတို့၏ အသံများက အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေခဲ့ပေသည်။

မမြင်နိုင်သော စွမ်းအင်လှိုင်းလုံးကလည်း တံခါးဝမှ ထွက်လာခဲ့သည်။

လူတစ်ယောက်ပြီးတစ်ယောက် ခန္ဓာကိုယ်များ အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။

"ပြေးဟေ့၊ ပြေးကြ"

ကျန်လူများလည်း ကြောက်လန့်တကြားဖြင့် ထွက်ပြေးလိုက်ကြသည်။

သို့သော်၊ မမြင်နိုင်သော လှိုင်းလုံးကြီးက လျင်မြန်စွာ ပျံ့နှံ့သွားသည်။

လူငယ်များ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်လိုက်၏။ အော်ရင်းဟစ်ရင်းမှ သူတို့၏ခန္ဓာကိုယ်များမှာ ပေါက်ကွဲကုန်တော့သည်။

"ဝမ်"

လှိုင်းလုံးများက လုမင်တို့ဆီသို့ပင် ပျံ့နှံ့လာခဲ့သည်။

"ရပ်စမ်း"

လုမင်လည်း ကစဉ့်ကလျား တာအိုနယ်မြေကိုထုတ်ဖော်ပြီး ချိုးရင်ရင်နှင့် ချိုးဟောက်ကိုပါ လွှမ်းခြုံလိုက်၏။ တစ်ချိန်တည်းမှာပင်၊ သူ့မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး မိုးကြိုးဒယ်စောက်အိုးကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာတော့သည်။

"ဒေါင်"

လှိုင်းက လဲ့တင်းကို ပထမဆုံး ထိမှန်ခဲ့သည်။ လဲ့တင်းက ပြင်းပြင်းထန်ထန် တုန်ခါပြီး လွင့်စဉ်သွား၏။

ထို့နောက် ကစဉ့်ကလျား တာအိုနယ်မြေသည်လည်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ကြောက်စရာကောင်းသော အင်အားက ကစဉ့်ကလျား တာအိုနယ်မြေကိုဖြတ်ကျော်ကာ လုမင်၏ ခန္ဓာကိုယ်ကိုပင် ချေမှုန်းလာတော့သည်။

လုမင်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

သူ့အနားမှ ချိုးဟောက်နှင့် ချိုးရင်ရင်လည်း ပါးစပ်ထဲမှ သွေးများ အန်ထွက်လာ၏။ သူတို့မျက်နှာများ ဖြူဖျော့သွားတော့သည်။

သို့သော်လည်း၊ လူအင်အားသက်ရောက်မှုဖြင့် လုမင်တို့သုံးယောက်ဟာ မိုင်ထောင်ပေါင်းများစွာ ဆုတ်ခွာခဲ့ကြသည်။ နောက်ဆုံးတွင် မမြင်နိုင်သော တိုက်ခိုက်မှုလှိုင်းကို ရှောင်တိမ်းနိုင်ခဲ့ပေသည်။

ထိုလှိုင်းလုံးများက ကြောက်စရာကောင်းလွန်းသည်။

ပထမဦးစွာ လဲ့တင်းကို လွင့်စဉ်စေခဲ့သည်။ ထို့နောက် ကစဉ့်ကလျား တာအိုနယ်မြေကိုဖြတ်သွားကာ လုမင်အား ဒဏ်ရာရရှိစေခဲ့၏။

အခြားသူများဆိုလျှင် ပို၍ပင် သနားစရာကောင်းသည်။ မူလက လူထောင်ချီကာ ရှိခဲ့သော်လည်း အားလုံးနီးပါး ထိုတိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ကြပေသည်။

အစွမ်းထက်သော လျှို့ဝှက်နည်းလမ်းများနှင့် အစွမ်းထက် လျှို့ဝှက်ရတနာများ ပိုင်ဆိုင်ထားသူတချို့သာ ရှင်သန်နိုင်ခဲ့သည်။ သူတို့အားလုံး ကြောက်လန့်တကြားဖြင့် ခံတပ်ကို လှမ်းကြည့်လိုက်လေသည်။

ထိုခံတပ်က ရတနာနယ်မြေအစား သူတို့အသက်ကို သတ်နိုင်သော နေရာဆိုးတစ်ခု ဖြစ်နေသည်။

အထဲမှာ ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် ရှိနေခြင်းများ ဖြစ်နိုင်မလား။ ထိုဟိန်းဟောက်သံကကော ဘာလဲ။

သို့သော်လည်း၊ အကြိမ်အနည်းငယ် ဟိန်းဟောက်ပြီးနောက် အသံက ရပ်တန့်သွားကာ ဆက်မလာတော့ပါ။

"ဘာတွေဖြစ်နေတာလဲ"

လူငယ်များလည်း အဝေးတွင်ရပ်ကာ ခံတပ်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

ထိခံတပ်က ထူးဆန်းလွန်းပေသည်။

သူတို့က အချိန်အတော်ကြာအောင် စောင့်ကြည့်ခဲ့သော်လည်း ယခုတော့ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မည်သို့သော လှုပ်ရှားမှုမှ မရှိတော့ပါ။

"ဝမ်"

ထိုအချိန်တွင်၊ ချိုးရင်ရင်၏ ခန္ဓာကိုယ်မှ ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ရုတ်တရက် ပေါ်လာသည်။ ကျောက်စိမ်းတံဆိပ်ပြားက အနည်းငယ်တုန်ခါသွားပြီးနောက်၊ အလင်း ဒိုင်းအလင်းတစ်ခု ဖြစ်ပေါ်လာပြီး ချိုးရင်ရင်ကို ဖုံးအုပ်သွား၏။

"ဘာတွေဖြစ်နေတာလဲ"

ချိုးရင်ရင် တုန်လှုပ်သွားသည်။

"ဝှစ်"

နောက်အခိုက်အတန့်တွင် ကျောက်စိမ်းတံဆိပ်ပြားက ချိုးရင်ရင်ကိုခေါ်ဆောင်ကာ ခံတပ်ဆီသို့ ပျံသန်းသွား၏။ သူမက အံ့မခန်းအရှိန်ဖြင့် ခံတပ်တံခါးကိုဖြတ်ပြေးကာ ပျောက်ကွယ်သွားတော့သည်။

"ရင်ရင်"

ချိုးဟောက် တုန်လှုပ်သွားခဲ့သည်။ သူလည်း လျင်မြန်စွာ ပြေးလိုက်သွားပြီး တံခါးဝမှာ ပျောက်ကွယ်သွား၏။

သို့သော်၊ ဘာမျှ ထူးထူးခြားခြား မဖြစ်ခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ"

လုမင် အံ့သြသွားသည်။

ချိုးရင်ရင်၏ ခန္ဓာကိုယ်မှ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး အဘယ်ကြောင့် သူမကို ခံတပ်ထဲသို့ ခေါ်ဆောင်သွားသနည်း။

အရာအားလုံးက လုမင် အချိန်မီ မတုံ့ပြန်နိုင်လောက်အောင် လျင်မြန်စွာ ဖြစ်ပျက်ခဲ့သည်။

"သွားကြည့်တာပေါ့"

နောက်ဆုံးတော့၊ လုမင် အံကြိတ်လိုက်သည်။ လဲ့တင်းကို သူ့ဦးခေါင်းအထက်တွင်ထားကာ သူ့ခန္ဓာကိုယ်ကိုလည်း ကစဉ့်ကလျားတာအိုနယ်မြေဖြင့် ဖုံးအုပ်လိုက်၏။ ထို့နောက်တောပ ခံတပ်တံခါးဆီသို့ ပြေးသွားတော့သည်။ ထူးခြားသည်၊ ဤတစ်ခါ ဘာမျှ ထူးခြားမှုမရှိခဲ့ပေ။

လုမင်လည်း ရပ်တန့်မနေဘဲ တံခါးပေါက်ထဲသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်တော့ အခြားသူများလည်း အံ့ဩသွားခဲ့ကြလေသည်။

"ဘာတွေဖြစ်နေတာလဲဟ။ သူတို့ကျတော့ ပြေးဝင်သွားတာ ဘာမှမဖြစ်ပါလား"

"ဖြစ်ကောင်းဖြစ်နိုင်တာတော့ အခု ဘာမှ မဖြစ်လောက်တော့ဘူး"

တစ်ယောက်က ပြောလိုက်သည်။

သို့သော်လည်း အချိန်အတော်ကြာသည်အထိ မည်သူမျှ မဝင်ဝံ့ခဲ့ပေ။

ခဏအကြာတွင် တစ်စုံတစ်ယောက်က နောက်ဆုံး အံကြိတ်ပြီး တံခါးဆီသို့ ပြေးသွားခဲ့သည်။ ထိုလူလည်း တံခါးဝသို့ ပြေးဝင်ကာ ပျောက်ကွယ်သွား၏။ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပေ။

ဤမြင်ကွင်းကိုမြင်တော့ အခြားသူများလည်း ရဲတင်းလာကာ ပျံသန်းသွားကြသည်။

ထို့အပြင် အဝေးမှ ပျံသန်းလာနေသူများလည်း ရှိသေးသည်။

ခံတပ်က အလွန်ကြီးမားပြီး ကျယ်ဝန်းသည်။

တံခါးဝသို့ ပြေးလာပြီးနောက် လုမင်ရှေ့တွင် ရှည်လျားသော လမ်းကြောင်းတစ်ခု ပေါ်လာခဲ့၏။ ဖြတ်ကာ ပျံသန်းပြီးနောက် လမ်းဆုံလမ်းခွများနှင့် လမ်းကြောင်းအချို့ကို သူတွေ့လိုက်ရသည်။

"ရင်ရင်တို့ ဘယ်လမ်းကို ပျံသန်းသွားကြတာပါလိမ့်"

လုမင်လည်း မျက်မှောင်ကြုတ်ပြီး လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ကာ ရှေ့သို့ လျှောက်သွားတော့သည်။

လမ်း၏ တစ်ဖက်တစ်ချက်စီမှာတော့ ကျောက်တုံးအိမ်များ ရှိသည်။

လုမင်က ပထမကျောက်တုံးအိမ်ထဲသို့ လျှောက်သွားပြီး ကြည့်လိုက်သော်လည်း ဘာမျှမတွေ့ပေ။

ဒုတိယကျောက်တုံးအိမ်သို့ လျှောက်သွားသောအခါမှာတော့ နောက်ဆုံးတွင် တစ်စုံတစ်ခုကို တွေ့ခဲ့သည်။

အရိုးစုတစ်ခု။ အရိုးစုတစ်ခုကို လုမင် တွေ့ရှိခဲ့ရ၏။

ထိုအရိုးစု၏ အရိုးများက ကျောက်စိမ်းကဲ့သို့ ကြည်လင်သည်။ ၎င်းက ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေခြင်း ဖြစ်၏။ သူ့ကိုကြည့်ရသည်မှာ တင်ပျဉ်ခွေထိုင် လေ့ကျင့်နေရင်း ရုတ်တရက် သေဆုံးသွားပုံရလေသည်။

လုမင်လည်း ထိုသူကို သိုင်းအုပ်ချုပ်သူတစ်ဦး ဖြစ်သင့်သည်ဟု မှန်းဆမိခဲ့သည်။

သို့ရာတွင်၊ လုမင် သေသေချာချာ ရှာကြည့်ပြီးနောက် ထိုလူ၏ သိုလှောင်လက်စွပ်လည်း ပျောက်ဆုံးနေတာကို တွေ့လိုက်ရပေသည်။

All Chapters