← Chapters

အခန်း ၁၄၂၁

Vol. 95 Ch. 1421

အခန်း ၁၄၂၁

Vol. 95 Ch. 1421

အပိုင်း ( 1421 ) သူတော်စင် ဆေးပင်။

ခဏလောက် လှည့်ကြည့်ပြီးနောက် လုမင်ဟာ ထိုနေရာမှ ထွက်ပြီး အခြားကျောက်တုံးအိမ်ဆီသို့ သွားခဲ့သည်။

ထိုကျောက်တုံးအိမ်များမှာလည်း အရိုးစုတချို့ကို တွေ့ခဲ့ရ၏။ သူတို့က သိုင်းအုပ်ချုပ်သူများ၏ အရိုးစုများ ဖြစ်တန်ရာသည်။ သို့သော်လည်း သူတို့၏ သိုလှောင်လက်စွပ်များ မရှိတော့သလို ဘာမျှ လုမင် မတွေ့ခဲ့ရပေ။

လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် လျှို့ဝှက်ခန်းတစ်ခုသို့ လုမင် ရောက်လာခဲ့သည်။ ထိုအခန်းထဲမှာ သေတ္တာလေးများ ရှိ၏။

သေတ္တာတစ်လုံးကို ဖွင့်လိုက်ပြီးနောက် လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။

အတွင်းတွင် လက်နက်သန့်စင်ရန် ပစ္စည်းများ ရှိ၏။

သေသေချာချာ ကြည့်လိုက်ပြီးနောက် လုမင် ဝမ်းသာသွားသည်။

အကြောင်းမူကား၊ ထိုပစ္စည်းများမှာ အဖိုးတန်လွန်းသောကြောင့်ပင်။ ၎င်းတို့အားလုံးက သူတော်စင်များသာ သန့်စင်ရန် အသုံးပြုနိုင်သည့် ပစ္စည်းများ ဖြစ်သည်။ ယင်းကို ထုတ်ယူလိုက်ပါက အဖိုးမဖြတ်နိုင်ပေ။

နောက်ဆုံးတွင် ကောင်းတာတစ်ခုခုကို တွေ့လိုက်ရပြီဖြစ်သောကြောင့် လုမင် ကျေနပ်စွာပြုံးရင်း‌ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ထည့်သိမ်းလိုက်သည်။

ထို့နောက် လုမင်ဟာ ဒုတိယသေတ္တာကို ဖွင့်လိုက်သည်။ ဒုတိယသေတ္တာတွင်လည်ူ သန့်စင်ခြင်းပစ္စည်းများ ရှိ၏။ ၎င်းတို့အားလုံးက အလွန်တန်ဖိုးကြီးပြီး သူတော်စင်လက်နက်များကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည်။

လုမင်လည်း ယင်းတို့ကို သိမ်းဆည်းကာ တတိယသေတ္တာကို ကြည့်လိုက်သည်။

ဤနေရာတွင် သေတ္တာသုံးခုသာ ရှိ၏။

တတိယသေတ္တာက အသေးဆုံးပင်။

'အားလုံးက သန့်စင်ခြင်းပစ္စည်းတွေပဲလား'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ထို့နောက် သေတ္တာကို ဖွင့်လိုက်၏။ သေတ္တာကို ဖွင့်လိုက်သည်နှင့် ထူးဆန်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။

"ဒါက…"

ဤစွမ်းအင်လှိုင်းက ကောင်းကင်တာအို၏ ရောင်ဝါကဲ့သို့ အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းက ရှေးဟောင်းဂူအိမ်တော်တွင် လုမင် မြင်ခဲ့ရသည့် ကောင်းကင်တာအို အမှတ်အသားနှင့် အလွန်ဆင်တူပေသည်။

ယင်းမှာ မိုးနှင့်မြေကြားမှ မဟာတာအို၏ အရှိန်အဝါ ဖြစ်သည်။

လုမင်လည်း သေတ္တာထဲသို့ လှမ်းကြည့်လိုက်သည်။

သေတ္တာအတွင်းတွင် ကစဉ့်ကလျား ရောင်စုံ ကျောက်များစွာ ရှိသည်။ ကျောက်တစ်ခုစီက လက်သီးဆုပ်အရွယ်ခန့်ရှိပြီး စုစုပေါင်း တစ်ရာကျော် ရှိ၏။

တစ်ခုခုကို တွေးမိတော့ လုမင်၏ မျက်ဘုံးများ ပြူးကျယ်လာတော့သည်။ သူ အံ့ဩသွားသည်။

“ဒါတွေက ကောင်းကင်တာအိုကျောက်တွေလား"

လုမင်၏ နှလုံးသားမှာ တဒိန်းဒိန်း အခုန်မြန်သွားသည်။

နာမည်အတိုင်း ကောင်းကင်တာအိုကျောက်များတွင် ကောင်းကင်တာအို၏ အရှိန်အဝါများ ရှိသည်။ ယင်းမှာ ကောင်းကင်နှင့်မြေပြင်ကို စတင် ဖန်တီးစဉ်တွင် ကစဉ့်ကလျားမှ မွေးဖွားလာသည်ဟု ဆိုကြ၏။ ၎င်းတို့တွင် မဟာတာအိုများ ပါ၀င်ပြီး အလွန်အဖိုးတန်သည်။

သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ၎င်းတို့၏ တာအိုနယ်မြေကို တိုးတက်စေရန် ကောင်းကင်တာအိုကျောက်များကို အသုံးပြုကြပေသည်။

သူတော်စင်များပင်လျှင် ကောင်းကင်နှင့်မြေပြင်၏ နိယာမများကို နားလည်ရန် ကောင်းကင်တာအိုကျောက်ကို အသုံးပြုနိုင်သည်။

သို့သော်လည်း ကောင်းကင်တာအိုကျောက်များက အလွန်နည်းပါးသည်။ ၎င်းတို့က ကမ္ဘာဦးအစတွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ အလွန်ရှားပါး၏။ အချိန်ကြာလာသည်နှင့်အမျှ၊ ကောင်းကင်တာအိုကျောက် အရေအတွက်က နည်းပါးလာကာ ၎င်းတို့၏စျေးနှုန်းများသည်လည်း ပို၍ တန်ဖိုးကြီးလာတော့သည်။

"ငါချမ်းသာပြီ၊ ငါချမ်းသာပြီဟေ့။ ဒီမှာ ကောင်းကင်တာအိုကျောက်တွေ အများကြီးပဲ"

လုမင် ပျော်မဆုံးနိုင်ဖြစ်သွားသည်။

သူ ရေကြည့်လိုက်တော့ စုစုပေါင်း တစ်ရာ့ရှစ်ခု ရှိ၏။

'ငါ့ရဲ့ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက လေ့ကျင့်ရတာ ခက်ခဲသလို တိုးတက်ဖို့ကလည်း အတော်နှေးတယ်။ ဒါက အခြား တာအိုနယ်မြေတွေနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုကျောက်နဲ့ဆိုရင်တော့ ငါ့အမြန်နှုန်းက တိုးတက်လာပြီး အခြားသူတွေထက် နှေးတော့မှာမဟုတ်ဘူး'

လုမင်လည်း စိတ်ထဲမှ တွေးလိုက်မိသည်။

ရှေးဦးကစဉ့်ကလျားတာအိုသည် တာအိုအပေါင်းတို့၏ ဧကရာဇ်ဖြစ်သကဲ့သို့ စွမ်းအားကလည်း အံ့မခန်း ဖြစ်သည်။ သို့ရာတွင် အားနည်းချက်တစ်ခု ရှိ၏။ ယင်းကို လေ့ကျင့်ရန်မှာ ခက်ခဲလွန်းလှသည်။

သို့သော်လည်း၊ ကောင်းကင်တာအိုကျောက်များနှင့် လုမင်၏ နားလည်နိုင်စွမ်းက သိသိသာသာ တိုးတက်လာလိမ့်မည်။

လုမင်လည်း ကောင်းကင်တာအိုကျောက်များကို သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းထားလိုက်သည်။ တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ထည့်လိုက်ပါက တန်တန်၏လက်ချက်ဖြင့် ကုန်သွားမည်ကို စိုးရိမ်မိလေသည်။

ကောင်းကင်တာအိုကျောက်များကို သိမ်းဆည်းပြီးနောက် လုမင်လည်း ပြန်ထွက်ကာ ရှေ့ကို ခရီးဆက်ခဲ့သည်။

မကြာမီ သူ့ရှေ့တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဆေးမွှေးရနံ့တစ်ခု ထွက်ပေါ်လာ၏။

ဆေးရနံ့ရှိခြင်းက ဝိညာဉ်ဆေးပင်များရှိသော အဓိပ္ပာယ်ပင်။

လုမင်၏ မျက်လုံးများက တောက်ပလာပြီး ခပ်သွက်သွက်လေး လျှောက်သွားသည်။

မျှော်လင့်ထားသည့်အတိုင်း လုမင်ရှေ့တွင် ဆေးဥယျာဉ်တစ်ခု ရှိ၏။ ကြွယ်ဝသော ဆေးမွှေးရနံ့က လုမင်၏နှာခေါင်းထဲကို တိုးဝင်လာတော့သည်။

"ဝိညာဉ်ဆေးပင်တွေ အများကြီးပါလား။ ဒါက နှစ်တစ်ထောင်သစ်သီး၊ ကျောက်စိမ်းနှင်းကြာပန်းပဲ။ ပြီးတော့ အခြားဆေးပင်တွေလည်း အများကြီးရှိသေးတယ်"

လုမင်၏ မျက်လုံးများက ဝင်းဝင်းလက်လက် တောက်ပလာခဲ့သည်။

သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆင့်ကိုး ဆေးပင်ကို မြင်နိုင်သည်။ သူတော်စင်တစ်ပိုင်း ဆေးပင်များပင်လျှင် ရှိသေးသည်။

သူတော်စင်တစ်ပိုင်းဆေးပင်မှာ နောက်တစ်လှမ်း လှမ်းလိုက်ပါက သူတော်စင်ဆေးဖြစ်လာမည် ဖြစ်သည်။

လုမင်သည်လည်း ယခင်က ဝိညာဉ်ပျက်စီးတော့မည့် သူတော်စင်တစ်ပိုင်းဆေးပင်ကို ဝယ်ယူခဲ့ဖူးပေသည်။ ၎င်းကို ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ဘေးတွင် စိုက်ထားခဲ့သည်။ ယခုတော့ ၎င်း၏ မူလတက်ကြွမှုတို့ကို ပြန်လည်ရနေပြီ။

သို့သော် ဤနေရာတွင် အနည်းဆုံး သူတော်စင်တစ်ပိုင်း ဆေးပင်ခုနစ်မျိုး ရှိသည်။

"အဲဒါပဲ"

နောက်ဆုံးတွင် လုမင်က ရှေ့ကို လှမ်းကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အတက်အကျများဖြင့် တောက်ပနေပြီး တစ်မီတာခန့် အမြင့်ရှိသော သစ်ပင်လေးတစ်ပင်ကို မြင်လိုက်ရ၏။

"ထျန်းရဲ့ ရှေးဟောင်းသစ်ပင်"

လုမင် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

ဤသည်မှာ သူတော်စင်ဆေးပင်၊ စစ်မှန်မှန်သော သူတော်စင်ဆေးပင် ဖြစ်သည်။ သူတော်စင်နယ်ပယ် အကျော်အမော်များပင်လျှင် ယင်းကိုမြင်က အပူလုံးကြွရပေလိမ့်မည်။

ထျန်းရဲ့သစ်ပင်၏ အကိုင်းအခက်များနှင့် အရွက်များက ကောင်းကင်အရည်ဟုခေါ်သော ဝိညာဉ်အရည်တစ်မျိုးကို ထုတ်ပေးနိုင်သည်။ ၎င်းက အသက်ရေထက် ပိုတန်ဖိုးကြီးပြီး ပိုလည်းထိရောက်ပေသည်။

ယွမ်ချီစွမ်းအင် ပြန်လည်ဖြည့်တင်းချင်းဖြစ်စေ၊ ဒဏ်ရာများကို ကုသရန်ဖြစ်စေ အလွန်ထိရောက်သည်။

ထျန်းရဲ့သစ်ပင်ဘေးမှာတော့ အရိုးစုတစ်ခု ထိုင်နေသည်။ သူ့လက်ထဲမှာလည်း ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ထား၏။ သူ့ကိုကြည့်ရသည်မှာ‌ ကောင်းကင်အရည်များ စုဆောင်းနေပုံရလေသည်။

လုမင်လည်း လျှောက်သွားကာ ကျောက်စိမ်းပုလင်းကို ကောက်ယူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်အရည် ပုလင်းတစ်ဝက် ရှိပေသည်။

"ကောင်းလိုက်တာ"

လုမင် အလွန်ဝမ်းသာသွားသည်။ ထို့နောက်တော့ သူ့ပုံရိပ်က လှုပ်ရှားလာကာ ဆေးဥယျာဉ်အတွင်းမှ အဆင့်ကိုး ဝိညာဉ်ဆေးပင်များနှင့် သူတော်စင်တစ်ပိုင်း‌ ဆေးပင် အားလုံးကို စုဆောင်းခဲ့တော့သည်။

နောက်ဆုံးတွင် သူက ရှေးဟောင်း ထျန်းရဲ့သစ်ပင်ကို အမြစ်မှနှုတ်ယူပြီး တောင်နှင့်မြစ်ပန်းချီကားအတွင်း၌ စိုက်ထားရန် စီစဉ်ခဲ့သည်။

ဝိညာဉ်ဆေးပင်အားလံးကို စုဆောင်းပြီးနောက်၊ လုမင်လည်း အတွေးတစ်ခုဖြင့် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။

ပထမဦးစွာ လုမင်က ဒုတိယခန္ဓာဆီသို့ သွားခဲ့သည်။

လအနည်းငယ်ကြာပြီးနောက် ထိပ်တန်းအဆင့် အသက်ရေပုလင်း အကူအညီဖြင့် သူ့ခန္ဓာကိုယ်မှာ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲပြီ။ သို့သော်လည်း သူ၏ ယွမ်ချီစွမ်းအင်က အပြည့်အဝ ပြန်လည်ကောင်းမွန်မလာသေးဘဲ အနားယူရန် လိုအပ်သည်။

လုမင်က ကောင်းကင်အရည်ပုလင်းကို ထုတ်ယူလိုက်သည်။ ဒုတိယခန္ဓာလုမင်လည်း ယူကာ တစ်ကျိုက်တည်း သောက်လိုက်၏။ ထို့နောက်တော့ မျက်လုံးပြန်မှိတ်ကာ ဆက်လက်၍ ကုသနေတော့သည်။

ထို့နောက် လုမင်က ထွက်ခွါလာကာ တန်တန်နှင့် ပူဖောင်းလေးရှိရာအရပ်သို့ သွားခဲ့သည်။

တောင်ကြားသည် မူလက ဝိညာဉ်ဆေးပင်များနှင့် ပြည့်နေသော်လည်း ယခုအခါ ၎င်းတို့အားလုံးနီးပါး စားခံလိုက်ရပြီ။ တန်တန်နှင့် ပူဖောင်း‌လေးက ထိုနေရာတွင် အိပ်နေခဲ့ကြသည်။

လုမင် ရောက်လာခြင်းကို သတိပြုမိဟန်ဖြင့် တန်တန်က အိပ်ချင်မူးတူး မျက်လုံးများကိုဖွင့်လိုက်လေသည်။

"လုမင်၊ မင်းမှာ ဝိညာဉ်ဆေးပင်တွေရှိသေးလား။ ငါ့ကို နည်းနည်းလောက်ပေးပါကဦး၊ ငါပြန်ကောင်းလာတော့မယ်"

"ဒီမှာ"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရုာ အဆင့်ကိုး ဝိညာဉ်ရေးဆေးပင် တစ်ရာကျော် ထွက်လာခဲ့သည်။

ဤဝိညာဉ်ဆေးပင် တစ်ခုစီက အဆင့်ကိုး ဝိညာဉ်ရေးဆေးပင်များ ဖြစ်၏။ ထို့အပြင် ၎င်းတို့ကို ဆေးဥယျာဉ်တွင် အနည်းဆုံး နှစ်ပေါင်း ခြောက်သောင်းခန့် စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ ဆေးအာနိသင်သည် သာမာန်အဆင့်မြင့် အဆင့်ကိုး ဝိညဥ်ပင်များထက် များစွာ သာလန်ကောင်းမွန်ပေသည်။

"အဆင့် ကိုး ဝိညာဉ်ဆေးပင်တွေ အများကြီးပဲ။ ကောင်လေး၊ မင်း နောက်ထပ် ကံကြမ္မာကောင်းတွေ့ ကြုံခဲ့ရပုံပဲ"

တန်တန်၏ မျက်လုံးများ တောက်ပလာခဲ့သည်။ သူက ဆေးပင်နှစ်ပင်ကို ဖမ်းယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။

"တွိ...."

အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ ပူဖောင်းလေးလည်း နိုးလာခဲ့၏။ သူလည်း ဝိညာဉ်ဆေးပင်အချို့ကို ဖမ်းယူကာ စားလိုက်တော့သည်။

"ဒီဝိညာဉ်ဆေးပင်တွေနဲ့၊ မင်းတို့ ပြန်ကောင်းလာသင့်တယ်မဟုတ်လား"

လုမင် ပြောလိုက်သည်။ သူ့နှလုံးသားမှာတော့ နာကျင်နေ၏။ အကယ်၍ သူသာ ဤဝိညာဉ်ဆေးပင်များကို ရောင်းချခဲ့မည်ဆိုပါက၊ ကျောက်ကြမ်းများစွာကို သေချာပေါက်ရနိုင်လိမ့်မည်။

"အင်း၊ ဒီဝိညာဉ်ဆေးပင်တွေနဲ့ ရသင့်တယ်။ ဒီထက်များမယ်ဆိုရင် ငါအဆင့်တောင်မှ တက်နိုင်မယ်"

တန်က ပြောဆိုရင်း ဆေးပင်ကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"အင်း၊ ဒါဆို ဒါတွေက မင်းတို့အတွက်ပဲ"

လုမင်က သူတော်စင်တစ်ပိုင်းဆေးပင် ခုနစ်ပင်ကို ထုတ်ယူလိုက်သည်။

တန်တတ်နှင့် ပူဖောင်းလေး အဆင့်တက်နိုင်ပါက သူ့အတွက် ကြီးမားသော အထောက်အကူ ဖြစ်လိမ့်မည်။ သဘာဝအရ၊ သူ မတွန့်ဆုတ်တော့ဘဲ ပေးကမ်းလိုစိတ် ရှိခဲ့သည်။

"ဟားဟား၊ ဒါ သူတော်စင်တစ်ပိုင်း ဆေးပင်တွေပဲ။ ပြီးတော့ ခုနစ်ခုတောင်..."

တန်တန်၏ မျက်လုံးများက တောက်ပလာကာ လုမင်ဆီသို့ ပြေးလာခဲ့သည်။

"ခွပ်"

အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။ ပူဖောင်းလေးက လုမင်ပုခုံးပေါ်တွင် ပေါ်လာပြီး တန်တန်ကို ကန်ထုတ်လိုက်၏။ ထို့နောက်တော့ သူတော်စင်ဆေးတစ်ပင်ကို တစ်ကိုက်တည်းဖြင့် မြိုချလိုက်တော့သည်။

All Chapters