← Chapters

အခန်း ၁၄၂၅

Vol. 95 Ch. 1425

အခန်း ၁၄၂၅

Vol. 95 Ch. 1425

အပိုင်း ( 1425 ) သက်တန့်တံတား။

"သွားကြရအောင်။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲမှာတော့ သူ့ကို ထပ်ပြီး မနှောင့်ယှက်နဲ့ဦး။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ပိုပြီး တိုးတက်လာတာနဲ့အမျှ ငါ ယုံကြည်မှု အပြည့်ရှိလိမ့်မယ်"

ဟဲယွိက ရှေ့ကို ဆက်လျှောက်သွားရင်း ပြောလိုက်သည်။

လုမင်လည်း ဟဲယွိနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရုံကြည့်ကာ လိုက်မသွားခဲ့ပေ။

သူက ဟဲယွိကို မကြောက်သော်လည်း မလိုအပ်ဘဲ ပြဿနာမဖြစ်ချင်သေးပါ။

ယခုအချိန်တွင် ချိုးရင်ရင်က အမွေဆက်ခံရန် ကြိုးစားနေရသည်။ ဟဲယွိနှင့် သူ တိုက်ခိုက်ပါက အလွန်အမင်း ရုန်းရင်းဆန်ခတ်ဖြစ်စေပြီး ချိုးရင်ရင်၏ အမွေဆက်ခံခြင်းကို ထိခိုက်စေလိမ့်မည်။

ဟဲယွိနှင့် အခြားသူများ ထွက်သွား‌သည်ကို မြင်သောအခါ ဘေးမှ စောင့်ကြည့်နေသူများလည်း ဆက်မနေဝံ့တော့ပေ။ သူတို့အားလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။ ခန်းမထဲတွင် ချိုးရင်ရင်၊ ချိုးဟောက်နှင့် လုမင်တို့သာ ကျန်တော့သည်။

"လုမင်၊ မင်း ငါတို့ကို ထပ်ပြီး ကယ်တင်ခဲ့ပြန်ပြီ။ ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်"

ချိုးဟောက်က လုမင်အနားသို့ လျှောက်လာကာ လက်ယှက်ပြီး ပြောလိုက်သည်။ သူ့မျက်လုံးများမှာလည်း ကျေးဇူးတင်မှုတို့ ပြည့်နေခဲ့လေသည်။

ဤကာလအတွင်း သူတို့မောင်နှမကို လုမင်က အကြိမ်ကြိမ် ကယ်တင်ခဲ့သည်။ မဟုတ်ပါက သူတို့ဘာဖြစ်သွားမယ်ဆိုတာ သူတို့ကိုယ်တိုင်ပင် မသိပေ။

ဤအတွက် လုမင်ကို သဘာဝအတိုင်း အလွန်ကျေးဇူးတင်နေမိခဲ့သည်။

လုမင် ပြုံးပြီး ပြောလိုက်၏။

"ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား။ မင်းတို့ အခက်အခဲဖြစ်နေတာကို မြင်ရမှတော့ ငါ လက်ပိုက်ကြည့်မနေပါဘူး"

လုမင်က စိတ်ထဲမထားသလို ပြောလိုက်သော်လည်း ချိုးဟောက်ကတော့ ကျေးဇူးတင်နေဆဲပင်။

"ဒါနဲ့၊ လုမင်... ငါ ဒီမှာ သူတော်စင်လက်နက်နှစ်ခု ရခဲ့တယ်။ ဒီဒိုင်းကို မင်းယူလိုက်ပါ"

ချိုးဟောက်က ဒိုင်းကြီးကို လုမင်အား ပေးလိုက်သည်။

"ညီနောင်ချိုး၊ ဒါက မင်းရဲ့ အခွင့်အရေးပဲလေ။ ဘာဖြစ်လို့ ငါ့ကိုပေးရမှာလဲ"

လုမင် ခေါင်းခါယမ်းပြီး ပြုံးလိုက်၏။

သူတော်စင်လက်နက်များက အလွန်တရာ အဖိုးတန်သည်။ ရိုးရိုးသားသားပြောရလျှင် လုမင်သည်လည်း တကယ်ကို သွေးဆောင်ခံခဲ့ရပေသည်။

သို့သော်လည်း ဤသည်မှာ ချိုးဟောက်၏ အခွင့်အရေးဖြစ်သည်။ လုမင်က သဘာဝအတိုင်း မိမိသူငယ်ချင်းထံမှ လုယူမည်မဟုတ်ပေ။

"လုမင်၊ မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီသူတော်စင်လက်နက်နှစ်ခုကို ငါထိန်းထားနိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး ဒီရွှေခေါင်းလောင်းက ငါနဲ့အရမ်းလိုက်ဖက်ပေမဲ့ ဒိုင်းကတော့ ငါနဲ့သိပ်မလိုက်ဖက်ဘူး။ ဒါက မင်းနဲ့ဆိုရင် ပိုပြီး သင့်တော်လိမ့်မယ်"

ချိုးဟောက်က လုမင်ကို ဒိုင်း ဆက်ပေးလိုက်သည်။

ချိုးဟောက်၏ အမူအရာကိုမြင်တော့ လုမင်လည်း မငြင်းသာတော့ပေ။

"အတော်လေးတာပဲ"

ဒိုင်းကို ယူလိုက်ပြီးနောက် လုမင်ဟာ အနည်းငယ် လေးလံသလို ခံစားလိုက်ရသည်။

လုမင်က နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်ထားပြီး အလွန် အင်အားကြီးသည်။ သို့တိုင် ဤဒိုင်းက သူ့ကို အနည်းငယ်လေးလံသလို ခံစားရစေ၏။ ၎င်း၏ အလေးချိန်က တကယ်ကို အံ့ဩစရာ ဖြစ်သည်။

ဤဒိုင်းက လုမင်ရရှိထားသော အေးခဲလေပုလဲ၊ လဲ့တင်းတို့နှင့် ခပ်ဆင်ဆင်တူသည့် လျှို့ဝှက်ဆန်းကြယ်သော အတက်အကျများ ထွက်ပေါ်နေလေသည်။

"အကာအကွယ် သူတော်စင်လက်နက်က တကယ်ကို ရှားပါးရတနာတစ်ခုပဲ"

လုမင်လည်း အတော် သဘောကျသွားမိသည်။ ဤဒိုင်းက တန်ဖိုးမဖြတ်နိုင်ပေ။

ချက်ခြင်းပင်၊ လုမင်နှင့် ချိုးဟောက်လည်း ချိုးရင်ရင်၏ တစ်ဖက်တစ်ချက်တွင် တင်ပျဉ်ခွေထိုင်ကာ ၎င်းတို့၏ သူတော်စင်ဝိညာဉ်လက်နက်များကို သန့်စင်လိုက်ကြသည်။

ယွမ်ချီစွမ်းအင်က ဒိုင်းထဲသို့ စိမ့်ဝင်လာသည်နှင့် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ ဒိုင်းက စူးရှသောအသံများ ထွက်ပေါ်လာ၏။

မကြာမီပင်၊ ဒိုင်းက လျင်မြန်စွာ ကျုံ့သွားပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပြေးဝင်သွားကာ ပျောက်ကွယ်သွားတော့သည်။

ဒိုင်းကို ကနဦး သန့်စင်ပြီးသွားပြီ။

လုမင်၏ လက်ရှိအင်အားဖြင့် ဒိုင်းကို လုံးလုံးလျားလျားသန့်စင်ရန် မဖြစ်နိုင်သလို ဒိုင်း၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်ရန်လည်း မဖြစ်နိုင်ပေ။

ယင်းက သူတော်စင်ဝိညာဉ်လက်နက် ဖြစ်သည်။

လဲ့တင်းဆိုလျှင်လည်း လုမင် ပိုင်ဆိုင်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် ၎င်း၏ စွမ်းအားအနည်းငယ်ကိုသာ ထုတ်လွှတ်နိုင်သေးသည်။

လုမင် ပြန်ထရပ်လိုက်သည်။ ဤအချိန်တွင် ချိုးဟောက်က ရွှေခေါင်းလောင်းကို သန့်စင်နေဆဲပင်။

ရွှေခေါင်းလောင်းက ချိုးဟောက်၏ ဦးခေါင်းထက်တွင် ရပ်တန့်ကာ ရွှေရောင်အလင်းများ ထုတ်လွှတ်နေခဲ့သည်။ ခဏအကြာတွင် ရွှေခေါင်းလောင်းက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချိုးဟောက် မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်ကာ ပျောက်ကွယ်သွား၏။

သူသည်လည်း ကနဦး သန့်စင်ပြီးသွားပြီ။

"ဝမ်"

ဤအခိုက်အတန့်တွင် ချိုးရင်ရင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အတက်အကျတစ်ခု ဖြစ်ပေါ်လာသည်။

"သန်မာလှချေလား"

ဤအတက်အကျက လုမင်ကို သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရသလို ခံစားစေခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက သူ့ကိုပင် အသက်ရှုကြပ်သလို ခံစားရစေခဲ့သည်။

သို့သော်လည်း ဤအတက်အကျက ထွက်လာပြီးသည်နှင့် တပြိုင်နက်၊ ချိုးရင်ရင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်ဆုတ်ကာ ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် ချိုးရင်ရင်က သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

"ရင်ရင်၊ မင်းအောင်မြင်ပြီလား"

ချိုးဟောက်က ချိုးရင်ရင်ကို မျှော်လင့်ချက်ဖြင့် ကြည့်နေသည်။

"ဟုတ်ပါတယ်"

ချိုးရင်ရင် ခေါင်းညိတ်လိုက်၏။

"လုမင်၊ ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

ချိုးရင်ရင်က လုမင်ကို ဦးညွှတ်လိုက်လေသည်။

အစောပိုင်းက သူသည် အမွေကို လက်ခံနေခဲ့သော်လည်း ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည့်အရာများကိုတော့ ခံစားနိုင်သေးသည်။ လုမင်မှ သူတို့ကို ကယ်တင်ခဲ့မှန်း သူ သိသည်။ မဟုတ်ပါက အမွေကို လက်ခံနိုင်ရန် နေနေသာသာ၊ သူ အသက်ရှင်နိုင်လျှင်ပင် ကံကောင်းသည်ဟု ဆိုရလိမ့်မည်။

"ယဉ်ကျေးလွန်းပါပြီ။ ဒါနဲ့ အရင်က မင်း ဘာဖြစ်လို့ ဒီကိုရုတ်တရက်ဝင်သွားခဲ့တာလဲ။ အဲဒါက ဘာဖြစ်တာလဲ"

လုမင် စိတ်ဝင်တစား မေးလိုက်သည်။

"အဲဒါက ကျောက်စိမ်းပြားတစ်ခုပဲ။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲကို ပထမဆုံးဝင်တုန်းက မတော်တဆ ရခဲ့တာလေ။ ဒါပေမဲ့ ဘယ်လို အသုံးပြုရမယ်မှန်းမသိလို့ ဒီအတိုင်း သိမ်းထားခဲ့တာ။ အဲဒါက ဒီနေရာရဲ့ အမွေဆက်ခံခြင်းအတွက် သော့ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီကျောက်စိမ်းပြားနဲ့ အမွေကို ငါရခဲ့တာ"

ချိုးရင်ရင် ရှင်းပြလိုက်၏။

လုမင်လည်း သက်ပြင်းချလိုက်မိသည်။ ဤသည်က အခွင့်အလမ်းတစ်ခုပင်။

"ရင်ရင်၊ မင်းရဲ့ အမွေကနေ အသုံးဝင်တဲ့ အချက်အလက်တွေများ ရခဲ့သေးလား"

ချိုးဟောက်က စိတ်ဝင်တစား မေးလိုက်သည်။

"ငါက အမွေကို အခုလေးမှ လက်ခံထားတာဆိုတော့ အပြည့်အဝ မကြေညက်သေးလို့ သိပ်မသိဘူး၊ အဲဒါက အဓိပဓိသူတော်စင်အကြီးအကဲတစ်ယောက်ရဲ့ အမွေဆိုတာပဲ ငါ သိတယ်"

ချိုးရင်ရင်က ပြောသည်။

"အဓိပဓိသူတော်စင်လား"

လုမင်နှင့် ချိုးဟောက်တို့ အံ့ဩသွား၏။

အဓိပဓိသူတော်စင်က မဟာဧကရာဇ်ဖြစ်လာရန် နီးစပ်နေပြီ ဖြစ်သည်။ ဤသို့သော ပုဂ္ဂိုလ်ကြီးတစ်ဦး၏အမွေကို ချိုးရင်ရင် လက်ခံနိုင်ခဲ့သည့်အတွက် သူတို့ ဝမ်းသာသွားလေသည်။

"ဒါပေမဲ့၊ အမွေဆက်ခံမှုကနေ အရေးကြီးတဲ့ အချက်အလက်တစ်ခုကို ငါရထားတယ်။ အဲဒါက စန်းဧကရာဇ်ရဲ့ အကြောင်းပဲ"

"အမွေ ခုနစ်မျိုး ပေါ်လာမယ်လို့ ပြောထားတယ်။ သက်တံတံတား ခုနစ်စင်း ပေါင်းစုံတဲ့အခါသွားတဲ့အခါ စန်းဧကရာဇ်ရဲ့ နန်းတော် ပေါ်လာလိမ့်မယ်တဲ့"

ချိုးရင်ရင် ပြောလိုက်သည်။

“အမွေခုနစ်မျိုး၊ အဲဒါက နားလည်လွယ်ပါတယ် ရင်ရင်။ မင်းကလည်း သူတို့ထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ သက်တံတံတားခုနစ်စင်းက ဘာကိုဆိုလိုတာလဲ"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

ချိုးရင်ရင်လည်း သူမ မသိကြောင်း ခေါင်းကိုသာ ခါယမ်းလိုက်၏။

"သွားကြစို့၊ ဒီကနေပဲ အရင်ထွက်ရအောင်ပါ။ အခုလောက်ဆို တခြားနေရာတွေကို သူများတွေ ရှာပြီးသွားမှာ‌ကြောက်ရတယ်"

လုမင် ပြောလိုက်သည်။

ချက်ခြင်းပင် သူတို့သုံးယောက် ထွက်ခဲ့၏။ လမ်းကြောင်းများစွာကို ဖြတ်ကျော်ပြီးနောက် ခံတပ်မှ သူတို့သုံးဦး ထွက်လာကြတော့သည်။

"ဝုန်း"

သူတို့သုံးယောက် ခံတပ်မှ ထွက်လာသည်နှင့် ခံတပ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ကောင်းကင်မှာလည်း အလင်းတန်းများ လင်းလက်နေ၏။

နောက်ဆုံးတွင်၊ လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များအောက်မှာ အလင်းရောင်များက ခံတပ်ကြီးပေါ်တွင် စုရုံးလာပြီး အလွန်ကြီးမားသော သက်တံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ နောက်တော့ သက်တန့်က လေဟာပြင်ကိုဖြတ်ကာ အမည်မသိနေရာသို့ တိုးဝင်ပြီး ကျယ်ပြောလှသော ကောင်းကင်ယံတွင် ပျောက်ကွယ်သွားတော့သည်။

"သက်တံ့တံတား၊ အဲဒါ သက်တန့်တံတားပဲ"

ချိုးဟောက် အော်ဟစ်လိုက်သည်။

လုမင်၏ မျက်လုံးများလည်း တောက်ပလာ၏။

သက်တန့်တံတား၊ အခုတော့ သူတို့ သဘောပေါက်သွားပြီ။

ဤလျှို့ဝှက်နယ်မြေတွင် အမွေဆက်ခံမှု ခုနစ်မျိုးရှိသည်ဟု ထင်ရသည်။ တစ်စုံတစ်ယောက်က အမွေရသောအခါတိုင်း၊ လေဟာပြင်ထဲသို့ ဦးတည်သွားစေသော သက်တံတံတားတစ်ခု ပေါ်လာလိမ့်မည်။

သက်တံတံတား ခုနစ်စင်း ဆုံသောအခါ၊ စန်းဧကရာဇ်၏နန်းတော် ပေါ်လာမည် ဖြစ်သည်။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

ခံတပ်ကြီး တုန်ခါသွားသဖြင့် ခံတပ်အတွင်းမှ လူငယ်များစွာ ပြေးထွက်လာကြသည်။ ကောင်းကင်မှ သက်တံတံတားကိုမြင်တော့ အားလုံး နားမလည်နိုင်ဘဲ စိတ်ရှုပ်‌ထွေးသွားကြ၏။

"ဘာတွေဖြစ်နေတာလဲ"

လူတော်တော်များများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"သွားစို့၊ အမွေကို သွားရှာကြမယ်"

လုမင် ပြောလိုက်၏။

သူတို့က သဘာဝအတိုင်း တခြားသူများကို ရှင်းပြနေမည် မဟုတ်ပေ။

သုံးယောက်သား ကောင်းကင်ဘုံသို့ ပျံသန်းကာ ထိုနေရာမှ ထွက်ခွာသွားကြသည်။

"ဝမ်"

သူတို့ထွက်သွားပြီး မကြာမီပင် အဝေးမှ သက်တံ့အလင်းတစ်ခု ပေါ်လာသည်။

သက်တံ့တံတား။ နောက်ထပ် သက်တံတံတားတစ်ခု ပေါ်လာပြီ။

တစ်စုံတစ်ယောက်က အမွေကို ရရှိခဲ့ကြောင်း ထင်ရှားသည်။

သက်တံတံတားနှစ်စင်းစလုံးက ဦးတည်ချက်တစ်ခုကိုသာ ပျံသန်းသွား၏။

များမကြာမီပင်၊ သက်တန့်တံတားအကြောင်း လျှို့ဝှက်ချက် ပေါက်ကြားသွားသည်။ ယင်းက မဟာဧကရာဇ်၏ လျှိုဝှက်နယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ လူတိုင်း၏နှလုံးသားကို ပူလောင်လာစေတော့သည်။

All Chapters