← Chapters

အခန်း ၁၄၂၆

Vol. 96 Ch. 1426

အခန်း ၁၄၂၆

Vol. 96 Ch. 1426

အပိုင်း ( 1426 ) ကြောက်စရာကောင်းသော ပိုးကောင်များ။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေရှိ လူတိုင်းက အမွေအနှစ်များကို အရူးအမူး စတင်ရှာဖွေလာကြသည်။

"နောက်အမွေက ငါ့ဥစ္စာဖြစ်ရမယ်"

"ငါ​နောက်​ထပ်​အ​မွေ​ကို​ ရရ​မယ်"

လူငယ်တော်တော်များများက ယုံကြည်မှုအပြည့်ဖြင့် စိတ်ပိုင်းဖြတ်ထားကြတော့သည်။

အထူးသဖြင့် အင်အားစုဆယ့်သုံးခု၏ ပါရမီရှင်ခေါင်းဆောင်များ၊ သူတို့၏ မျက်လုံးများက ဝင်းဝင်းလက်လက် တောက်ပနေတော့သည်။

ဤခေါင်းဆောင်များက မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သော ဤအသုတ်၏ခေါင်းဆောင်များသာ ဖြစ်သည်။ ၎င်းတို့က သက်ဆိုင်ရာဂိုဏ်းများ၏ ပါရမီရှင်ခေါင်းဆောင်များ မဟုတ်ပေ။

အင်အားစုပေါင်းစုံမှ လူငယ်များက မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေအနှံ့သို့ ဖြတ်သန်းသွားကြသည်။ ပါရမီရှင် အများစုလည်း သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်ပြီးသွား၏။ ထိုအထဲတွင် အချို့လူများက အခြားသူများထက် သိသိသာသာ ပိုအားကောင်းပေသည်။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေက ၎င်းတို့၏အခွင့်အရေး ဖြစ်သည်။ အမွေအနှစ်ကို ဆက်ခံနိုင်ပါက အနာဂတ်မှာ မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များနှင့်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်။

လုမင်၊ ချိုးရင်ရင်နှင့် ချိုးဟောက်တို့လည်း ဦးတည်ချက်မဲ့ ပျံသန်းခဲ့ကြသည်။

အမွေများကိုရှာဖွေရန် သူတို့မှာ သဲလွန်စတစ်ခုမှ မရှိသောကြောင့် ကံတရားကိုသာ အားကိုးနိုင်လေသည်။

"ဝှစ်၊ ဝှစ်..."

သူတို့ရှေ့တွင် အလင်းတန်းတချို့က တူညီသော ဦးတည်ရာသို့ ပျံသန်းနေသည်။

သို့သော်၊ သူတို့သုံးယောက် ဂရုမစိုက်တော့ပေ။ ရံဖန်ရံခါ၊ ဦးတည်ရာတစ်ခုသို့ ဦးတည်ပျံသန်းနေသော လူတချို့ကို တွေ့ရတတ်သည်။

ထို့ကြောင့် သူတို့ ဂရုမစိုက်တော့ပါ။

ထိုအချိန်တွင် လူရိပ်တစ်ခုက သူတို့ကို ဖြတ်ပျံသန်းသွားခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်၊ ထိုလူငယ်မှာ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်တစ်ဦး ဖြစ်၏။

"ငါတို့ရှေ့မှာ အမွေတစ်ခု ရှိကောင်းရှိနိုင်တယ်"

ထိုလူငယ်က တစ်ခွန်းပဲပြောကာ အလျင်စလိုဖြစ်နေဟန်ဖြင့် ဆက်လက် ပျံသန်းသွားတော့သည်။

"အမွေလား"

သူတို့ သုံးယောက်စလုံး၏ မျက်လုံးများ တောက်ပလာခဲ့သည်။

နောက်လူတစ်ဦးဦးက အမွေကို ရှာတွေ့ခဲ့ပုံပင်။

"သွားကြည့်ရအောင်"

လုမင် ပြောလိုက်သည်။

သူတို့သုံးယောက်လည်း ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားတော့သည်။

တစ်နာရီကျော်ကြာ ပျံသန်းလာပြီးနောက် မြေပြင်က တဖြည်းဖြည်း မြေရိုင်းဆန်လာသည်။ မြေပြင်က ညီညာသော်လည်း အပင်များ မရှိပေ။

သုံးယောက်သား ဆက်လက် ပျံသန်းသွားကြသည်။

"ရှေ့မှာ တစ်ယောက်ယောက်ရှိနေတယ်"

ချိုးရင်ရင်က ရှေ့ကို ညွှန်ပြလိုက်သည်။

ထိုနေရာတွင် မလှုပ်မယှက် လဲလျောင်းနေသူတစ်ဦး ရှိ၏။

သုံးယောက်သား ပြေးလာပြီးနောက် အလောင်းတစ်လောင်းဖြစ်ကြောင်း မြင်လိုက်ရလေသည်။ လေထဲမှာလည်း သွေးနံ့များ ထွက်ပေါ်နေသည်။

"ဒီလူ ဘယ်လိုလုပ်ပြီး သေသွားတာလဲ၊ သူ့မှာ ဒဏ်ရာမရှိဘူး"

ချိုးဟောက်က စစ်ဆေးကြည့်ပြီး ပြောလိုက်သည်။

"အဲဒါက သူ့ဒန်တျန်မှာ"

လုမင်ဟာ ထိုလူ၏ ဒန်တျန်နေရာ(ချက်အောက်မှချက္ကရနေရာ) အဝတ်အစားများတွင်‌ သေးငယ်သော အပေါက်တစ်ခုကို တွေ့လိုက်ရသည်။ ကြယ်သီးများကို ဖြုတ်ကြည့်လိုက်တော့ ထိုလူ၏ ဒန်တျန်နေရာတွင် အလွန်သေးငယ်သော အပေါက်တစ်ခုကို တွေ့လိုက်ရ၏။ အလွန်အစွမ်းထက်ပြီး ချွန်ထက်သော လက်နက်တစ်ခုဖြင့် ထိုးနှက်ခံရပုံပေါ်ကာ နတ်ဘုရားဝိညာဉ်တောင်မှ မလွတ်မြောက်ခဲ့ပေ။

သူတို့သုံးယောက်လည်း ထိုလူကို စစ်ဆေးပြီးနောက် ရှေ့ကို ဆက်သွားခဲ့ကြသည်။ သို့သော်၊ သိပ်မကြာမီပင် သူတို့သုံးယောက် ရပ်တန့်သွားပြန်သည်။

အကြောင်းမူ၊ ယခုတစ်ကြိမ်တွင် လူသေအလောင်းများစွာကို တစ်ပြိုင်နက်တည်း တွေ့လိုက်ရသောကြောင့်ပင်။ ၎င်းတို့ကို စစ်ဆေးပြီးနောက် အလောင်းအားလုံး၏ သေဆုံးပုံမှာ တူညီကြောင်း တွေ့ရှိခဲ့ရသည်။ သူတို့၏ဒန်တျန်ကို ချွန်ထက်သောလက်နက်ဖြင့် ထိုးဖောက်ခံရပြီး တစ်ချက်တည်း သတ်ခံခဲ့ကြရခြင်းပင်။

သူတို့၏ အရှိန်အဝါအရတော့ အဓိပဓိအဆင့် ကျင့်ကြံသူများ ဖြစ်သင့်သည်။

သူတို့ သုံးယောက် ထပ်မံခရီးဆက်ခဲ့သော်လည်း မကြာမီပင် တုန်လှုပ်သွားမိ၏။

အလောင်းများ၊ အလောင်းများစွာတို့ လွင့်မျောနေသည်။

တစ်နေရာတည်းတွင် အလောင်း တစ်ထောင်ကျော် ရှိသည်။ အလောင်းအားလုံးက ရှေးနည်းအတိုင်းပင် သေဆုံးခဲ့ကြခြင်း ဖြစ်၏။ သူတို့အားလုံး၏ ဒန်တျန်များ ထိုးဖောက်ခံရပြီး သေဆုံးကြရခြင်း ဖြစ်ချေသည်။ သေဆုံးနေသူများထဲတွင် သိုင်းအုပ်ချုပ်သူတချို့ပင် ရှိသည်။

ရှေ့ကိုဆက်လာလေလေ၊ အလောင်းများကို ပို၍ မြင်လာရလေပင်။ ယခုအချိန်ထိ စုစုပေါင်း အလောင်း ငါးထောင်ကျော်သွားပြီ ဖြစ်သည်။

ထိုလူအားလုံးက ပါရမီရှင်များ ဖြစ်၏။ သူတို့ထဲမှ မည်သူပင်ဖြစ်စေ၊ ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ‌ နေရာချပါက အထွတ်အထိပ် တည်ရှိမှုများ ဖြစ်နိုင်သည်။ သို့သော်လည်း ယခုတော့ သူတို့အားလုံး သေဆုံးသွားကြပြီ။

လုမင်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ယွမ်လုတိုက်ကြီးက ကြွယ်ဝချမ်းသာသော်လည်း ရှန်းရွှီတိုက်အဖွဲ့အစည်းထက် အဆများစွာ ပို၍ အန္တရာယ်များပေသည်။

"ဒီနေရာက ဘာကြီးလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ကြမ်းကကြုတ်ရတာလဲ"

ချိုးရင်ရင်လည်း တုန်လှုပ်လာပြီး မျက်နှာလေးမှာ ဖြူဖျော့သွားခဲ့သည်။

"ဘယ်လိုဖြစ်တည်မှုမျိုးမို့ လူတွေကို ဒီလောက်သေစေနိုင်တာလဲ။ နောက်ပြီး သူတို့ရဲ့ဒဏ်ရာတွေက အတူတူပဲ။ ဒါက မယုံနိုင်စရာကောင်းလွန်းတယ်"

ချိုးဟောက်လည်း တုန်လှုပ်သွားမိ၏။

ထိုကဲ့သို့သော မြင်ကွင်းမျိုးက ဆိုးရွားလွန်းလှသည်။ ဤအခြေ‌အနေမျိုးနှင့် ထိပ်တိုက် တွေ့ရပါက မည်သူမဆို ကြောက်မိကြလိမ့်မည်။

"ဝုန်း"

ရုတ်တရက်၊ သူတို့ရှေ့တွင် ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ လူရိပ်တစ်ခုက ကောင်းကင်သို့ ‌ဒရောသောပါး ပြေးတက်လာ၏။

"ထွက်သွား၊ ငါ့ဆီကနေ ထွက်သွားကြ"

ထိုလူက ဟိန်းဟောက်ပြီး လက်ထဲမှဓားနှင့် အရူးအမူး လွှဲခုတ်လိုက်သည်။ သူ့ထံမှ ထွက်ပေါ်လာသော ဓားအလင်းများက အလွန်အားကောင်း၏။

"သူက အတော်အစွမ်းထက်တာပဲ။ သူက ရင်ဖုန်းထက်တောင် အားမနည်းဘူး"

ချိုးရင်ရင် အံ့အားသင့်စွာ ပြောလိုက်သည်။

ထိုကဲ့သို့ အစွမ်းထက်သော တည်ရှိမှုပင်လျှင် ဤအခိုက်မှာ အသက်အန္တရာယ်ရှိနေပုံရသည်။ သူက ဓားအလင်းများကို အရူးတစ်ယောက်ပမာ ထုတ်ဖော်လိုက်၏။

"ထန်... ထန်"

ဓားအလင်း ထုတ်ဖော်လိုက်တိုင်း လေထဲတွင် တစ်ခုခုနှင့် ထိခတ်သံများ ထွက်ပေါ်လာခဲ့သည်။

"အဲဒါက... လိပ်ပြာအမျိုးအစားတစ်မျိုးပဲ"

ချိုးရင်ရင်က ရုတ်တရက် ရှေ့ကို ညွှန်ပြပြီး အော်ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် ချိုးဟောက်နှင့် လုမင်လည်း ၎င်းကို မြင်လိုက်ရသည်။

၎င်းက ထွင်းဖောက်မြင်ရလုနီးပါးရှိသည့် လိပ်ပြာအမျိုးအစား တစ်မျိုး ဖြစ်သည်။ ယင်းက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်ခဲ့၏။ သေသေချာချာ မကြည့်ပါက မြင်ရမှာတောင်မဟုတ်ပေ။

ထို့အပြင်၊ ဤလိပ်ပြာလေး၏ အမြီးတွင် ဓားနှစ်လက်ကဲ့သို့ သေးငယ်သော ဆူးနှစ်ချောင်း ရှိသည်။

ဓားသွား အမြီး ပိုးကောင်။

ထိုစကားသုံးခွန်းက လုမင်၏ စိတ်ထဲတွင် ပေါ်လာသည်။

ဓားသွားအမြီးပိုးကောင်သည် အလွန်ကြောက်စရာကောင်းသော ပိုးကောင်တစ်မျိုး ဖြစ်၏။

ဤပိုးကောင်က ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေပြီး ၎င်းတို့၏ အရှိန်အဟုန်မှာ အံ့မခန်း ဖြစ်သည်။ သူတို့က ရုတ်တရက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားတတ်၏။ ထို့အပြင် ၎င်းတို့၏အမြီးများတွင် ဓားနှင့်တူသော ဆူးနှစ်ချောင်း ရှိသေးသည်။ ဤဆူးများက အလွန်ထက်မြိပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းနှင့် ထိုးဖောက်နိုင်စွမ်း ရှိသည်။ ထို့အပြင် ၎င်းတို့က အလွန်လျင်မြန်၏။ သာမာန်လူများဆိုပါက ၎င်းတို့အား ရှာမတွေ့နိုင်မီပင် ဆူးဖြင့် ထိုးခံရပြီး နေရာမှာ ချက်ချင်း အသက်ပျောက်သွားနိုင်သည်။

ထို့ကြောင့် ဓားသွားအမြီးပိုးကောင်ဟူသော အမည်နာမကို ရရှိခဲ့ခြင်း ဖြစ်ချေသည်။

နောက်ဆုံးဆော့ ထိုလူများ မည်သို့မည်ပုံ သေဆုံးသွားသည်ကို လုမင် သိလိုက်ပြီ ဖြစ်သည်။ ၎င်းတို့ကို ဓားသွားအမြီးပိုးကောင်များက သတ်ဖြတ်ခဲ့ခြင်းပင်။

ဤအခိုက်တွင် သူတို့ရှေ့မှလူကို ရာနှင့်ချီသော ဓားသွားအမြီး ပိုးကောင်များက ဝန်းရံထားသည်။

ထိုလူငယ်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေရ၏။ လုမင်တို့ကို လှမ်းမြင်ရပြီးနောက် သူ့မျက်လုံးများက တောက်ပလာပြီး လုမင်တို့ထံ ပြေးလာတော့သည်။

"ဒီကောင် ငါတို့ကို သူနဲ့အတူ ဆွဲချချင်နေတာပဲ"

ချိုးဟောက် ပြောလိုက်သည်။ ရွှေရောင်ခေါင်းလောင်းတစ်ခုက သူ့ဦးခေါင်းထက်တွင်ပေါ်လာသည်။ ရွှေရောင်အလင်းလွှာတစ်ခုကလည်း သူ့ကို ချက်ချင်း ဖုံးအုပ်သွား၏။

ချိုးရင်ရင်ကိုလည်း သူမဝတ်ဆင်ထားသော ငှက်မွှေးဝတ်ရုံက အလင်းရောင်များ ထုတ်လွှတ်ကာ ဖုံးလွှမ်းလိုက်တော့သည်။

"ပြန်သွားစမ်း"

လုမင် အေးစက်စက်‌ ငေါက်ပြီး လူငယ်ကို လက်သီးနှင့်ထိုးလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက လူငယ်ထံ တိုးဝင်သွားသည်။

"မင်း လုပ်ဝံ့တယ်လား"

လူငယ်က ဒေါသတကြီး အော်လိုက်၏။

လုမင် နှုတ်ခမ်းကိုမဲ့လိုက်သည်။ ဤလူငယ်က သူတို့ကို သူနှင့်အတူ ဆွဲချချင်နေပြီးမှ လုမင် ပြန်မတိုက်ခိုက်ဘူးဟု ထင်နေပါသလော။

"ဝုန်း"

လူငယ်လည်း ရွေးချယ်စရာမရှိတော့ဘဲ လက်သီးအင်အားကို ဓားနှင့်ခုတ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ လူငယ်မှာ အနောက်ကို ပြန်လွင့်သွား၏။

"ဖောက်၊ ဖောက်"

တစ်ချိန်တည်းမှာပင်၊ ဓားသွားအမြီးပိုးကောင်၏ ဆူးများက ထိုလူငယ်၏ ခန္ဓာကိုယ်တွင် အပေါက်ငယ်များစွာအဖြစ် ဖောက်သွားခဲ့ကြသည်။ သို့သော်၊ ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အစိတ်အပိုင်းများကို မထိခဲ့ပေ။

လူငယ်လည်း အဝေးသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။ သူ့အသံက အဝေးမှ ပျံ့လွင့်ထွက်ပေါ်လာ၏။

ထို့နောက်မှာတော့ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားတော့သည်။ ဓားသွားအမြီးပိုးကောင် အုပ်စုတစ်စုကလည်း သူ့နောက်ကို လိုက်သွားခဲ့ကြသည်။

သို့သော်လည်း လူငယ်ဟာ လုမင်တို့ကို သူနှင့်အတူ အောင်မြင်စွာ ဆွဲချနိုင်ခဲ့သည်။

လူငယ်ကို တိုက်ခိုက်နေသည့် ဓားသွားအမြီးပိုးကောင် ထက်ဝက်ခန့်က လုမင်တို့ကို တိုက်ခိုက်လာတော့သည်။

"ဝှစ်... ဝှစ်"

ရာနှင့်ချီသော ဆူးများက လုမင်တို့ထံသို့ ပစ်လွင့်လာခဲ့သည်။

"ဝမ်"

လုမင်က ကစဉ့်ကလျား တာအိုနယ်မြေကို အသက်သွင်းလိုက်သည်။ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက ဖြန့်ကျက်ပြီး ဓားသွားအမြီး ပိုးကောင်အားလုံးကို ဖုံးအုပ်သွား၏။

ထို့နောက် လုမင်က လက်ဝါးတစ်ဖက်ဖြင့် ဖိချဟန်ပြုလိုက်ရာ ကြောက်စရာကောင်းသော အဖျက်စွမ်းအားများက ဓားသွားအမြီး ပိုးကောင်များဆီသို့ ကျရောက်လာတော့သည်။

ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက ပေါင်သန်းပေါင်းများစွာ လေးလံသည်။ ထိုဖိအားက အံ့မခန်း ဖြစ်၏။

ဆူးများက လေထဲတွင် ပေါက်ကွဲသွားပြီး ဓားသွားအမြီးပိုးကောင်များလည်း ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေတွင် တိုက်ရိုက် အမှုန့်ချေခံလိုက်ရတော့သည်။

All Chapters