အခန်း ၁၄၂၇
Vol. 96 Ch. 1427
အပိုင်း ( 1427 ) အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီး။
"ရှေ့ခရီးက မလုံခြုံတော့ဘူး ထင်တယ်။ တကယ်လို့ ဓားသွားအမြီးပိုးကောင်တွေ အများကြီးနဲ့ ရင်ဆိုင်ရရင် ငါကြောက်တာက ညီနောင်ချိုးနဲ့ ရင်ရင်..."
လုမင်က ဆက်မပြောဘဲ ချိုးရင်ရင်နှင့် ချိုးဟောက်ကို ကြည့်လိုက်သည်။
သူ့အဓိပ္ပါယ်က အလွန် ရှင်းလင်း၏။ ရှေ့ဆက်သွားရန် လမ်းက အန္တရာယ်များလွန်းသည်။ ချိုးရင်ရင်နှင့် ချိုးဟောက်၏ အင်အားဖြင့် အန္တရာယ်ရှိပေလိမ့်မည်။
"လုမင်၊ အစ်ကိုနဲ့ငါ အပြင်မှာပဲ စောင့်နေကြမှာပါ"
ချိုးရင်ရင်က အလွန်ထက်မြက်ပြီး ခပ်သွက်သွက်လေး ပြောလိုက်သည်။
သူမနှင့် ချိုးဟောက်သာ ဆက်လိုက်နေပါက လုမင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည်မှန်း ကောင်းစွာသိပေသည်။
လုမင် တစ်ယောက်တည်းမှသာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်။
"ကောင်းပြီ၊ အပြင်မှာပဲ စောင့်နေကြပါ"
လုမင် ခေါင်းညိတ်လိုက်၏။
"လုမင်... သတိထားပါနော်"
ချိုးရင်ရင်က စိုးရိမ်ပူပန်စွာ ပြောလေသည်။
"စိတ်ချပါ"
လုမင် ပြုံးလိုက်သည်။ ချိုးရင်ရင်နှင့် ချိုးဟောက်လည်း သူတို့လာရာလမ်းအတိုင်း ပြန်သွားကြတော့သည်။
"ဝှစ်"
လုမင် တစ်ယောက်တည်း ထွက်ခဲ့သောအခါ သူ့အရှိန်က ရုတ်တရက် တိုးလာသည်။ ဟင်းလင်းပြင် ခုန်ကျော်သကဲ့သို့ လေထဲတွင် ဖြတ်သန်းသွား၏။
"ရွှစ်..."
အချိန်အတော်ကြာ ပျံသန်းလာပြီးနောက် ရာနှင့်ချီသော ဓားသွားအမြီးပိုးကောင်များက လုမင်ကို တိုက်ခိုက်လာပြန်တော့သည်။
၎င်းတို့က အလွန်သေးငယ်သလောက် မြန်လွန်းသည်။ သာမန်သိုင်းအုပ်ချုပ်သူများပင် ဤတိုက်ခိုက်အောက်မှာ လုံးဝ ရှင်သန်နိုင်မည် မဟုတ်ပေ။
သို့ရာတွင်၊ လုမင်က သာမန်သိုင်းအုပ်ချုပ်သူ မဟုတ်ပါ။
ကစဉ့်ကလျား တာအိုနယ်မြေက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထား ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လာခဲ့သည်။ ဓားသွားအမြီးပိုးကောင်များက လုမင်၏ ကစဉ့်ကလျား တာအိုနယ်မြေကို မဖြတ်ကျော်နိုင်ပေ။
ကစဉ့်ကလျားတာအိုနယ်မြေ တုန်ခါသွားပြီးသည်နှင့် ဆူးများအားလုံး ကြေမွသွားခဲ့သည်။
"ဝုန်း"
ထို့နောက်၊ လုမင်က ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။ ထိုဓားသွားအမြီး ပိုးကောင်အားလုံး ပြင်းထန်သော လက်သီးအောက်တွင် ပေါက်ကွဲသွားတော့သည်။
လုမင်က ထိုမျှနှင့်မရပ်ဘဲ ရှေ့ကို ဆက်ခဲ့သည်။
လမ်းတစ်လျှောက်တွင် ဓားသွားအမြီးပိုးကောင် တိုက်ခိုက်မှု လှိုင်းလုံးများစွာကို ရင်ဆိုင်ခဲ့ရ၏။ သို့သော်လည်း လုမင်အတွက် အခက်အခဲမရှိဘဲ အားလုံး အမှုန့်ချေခံခဲ့ရပေသည်။
မကြာမီ သူ့ရှေ့တွင် တောအုပ်တစ်ခု ပေါ်လာခဲ့သည်။
"အဲဒါက…"
လုမင်က လေထဲမှ အဝေးကို လှမ်းကြည့်လိုက်သည်။
ထိုတောအုပ်မှာ ဧရိယာ အလွန်ကျယ်ဝန်း၏။
တောအုပ်အလယ်မှာတော့ ဓားတစ်လက်သဏ္ဍာန် မြင့်မားသော မျှော်စင်ကြီးတစ်ခု ရှိနေသည်။ ယင်းက ကောင်းကင်ကို ထိုးဖောက်သွားသည့် နတ်ဓားတစ်လက်ကဲ့သို့ပင်။
မြင့်မားလွန်းသဖြင့် ထင်ပေါ်နေပြီး အဝေးမှပင် မြင်နိုင်သည်။
"ဒါက အမွေခံနေရာလား"
လုမင် ရေရွတ်လိုက်သည်။
"ထွက်သွား"
ရုတ်တရက်၊ မနီးမဝေးတွင် လူတစ်ယောက် ပေါ်လာခဲ့၏။
ထိုလူက အလွန်သန်မာပြီး သန္ဓေဝိညာဉ်ခန္ဓာရှိသူ ဖြစ်သင့်သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ဓားသွားအမြီးပိုးကောင်အုပ်ကြီးက တောအုပ်ထဲမှ ပြေးထွက်လာပြီး ထိုလူကို တိုက်ခိုက်လိုက်၏။ ထိုလူမှာ အစွမ်းကုန် တိုက်ခိုက်ရန် ကြိုးစားသော်လည်း ဓားသွားအမြီးပိုးကောင်များ၏ အတားအဆီးကို လုံးဝ မကျော်လွှားနိုင်ခဲ့ပါ။ သူ့ခန္ဓာမှာပင် အပေါက်ပေါင်းများစွာ ဖြစ်ပေါ်လာပြီး သေလုမျောပါးဖြစ်သွားသည်။ နောက်ဆုံးတွင် အခြေအနေပျက်ပြီး အသည်းအသန် ဆုတ်ခဲ့ရလေသည်။
လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တောထဲတွင် အလောင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
သူတို့အားလုံးက ဓားသွားအမြီးပိုးကောင်များကိုဖြတ်ပြီး တောအုပ်ထဲကိုဝင်ရန် အတင်းအကြပ် ကြိုးစားခဲ့ပုံပင်။
ဤတောအုပ်က ဓားသွားအမြီးပိုးကောင်များ၏ အသိုက်ဖြစ်ပုံရသည်။ ဤတောထဲတွင် ဓားသွားအမြီးပိုးကောင်များ မည်မျှနေထိုင်သည်ကို တွေးကြည့်ရန်ပင် ခက်ခဲ၏။
သို့သော်လည်း ဓားမျှော်စင်သို့ ရောက်ရှိလိုပါက ဤတောကို ဖြတ်သန်းသွားလိမ့်မည်။
"ဝီ၊ ဝီ..."
ထိုအချိန်တွင် အခြားဓားသွားအမြီးပိုးကောင် တစ်အုပ်က လုမင်ဆီသို့ ပျံသန်းလာခဲ့သည်။
လုမင်က လက်တစ်ဖက်ဖြင့် ရှေ့သို့ ဖိချလိုက်ရာ ကစဉ့်ကလျားတာအိုနယ်မြေ ထွက်ပေါ်လာ၏။ ထို့နောက်တော့ တုန်ခါမှုနှင့်အတူ၊ ဓားသွားအမြီးပိုးကောင်အားလုံး သေဆုံးပြီး သေဆုံးပြီး မိုးရေစက်များကဲ့သို့ တောထဲကို ပြန်ပြုတ်ကျသွားတော့သည်။
လုမင်လည်း ပြုံးရုံပြုံးပြီး ဓားမျှော်စင်ဆီသို့ ခြေလှမ်းပြင်လိုက်သည်။
"ခဏနေဦး"
ရုတ်တရက်၊ အေးစက်သောအော်သံ ထွက်ပေါ်လာသည်။ အလင်းတန်းနှစ်ခုက လုမင်ဆီသို့ ပျံသန်းလာ၏။ အလင်းရောင်များ မှိန်ဖျော့သွားပြီးနောက် လူနှစ်ယောက် ပေါ်လာတော့သည်။
"မင်းပဲ"
လုမင်၏ မျက်လုံးများ အေးစက်သွားသည်။
၎င်းတို့ထဲမှ တစ်ဦးမှာ ဓားသွားအမြီးပိုးကောင်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် လုမင်နှင့် ချိုးရင်ရင်တို့ကိုပါ ဆွဲချရန် ကြိုးစားခဲ့သူ ဖြစ်သည်။
လုမင်က သူ့ကို လိုက်မရှာခဲ့သော်လည်း ယခု သူ့ဘာသာသူ ပေါ်လာပြီ။
အခြားလူငယ်၏ အရှိန်အဝါသည်လည်း အလွန် သန်မာသည်။ သူကလည်း ဤလူနှင့် အဆင့်တူသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
"မင်းရဲ့ တာအိုနယ်မြေက အရမ်းဆန်းကြယ်တယ်။ အဲဒါက ဓားသွားအမြီးပိုးကောင်တွေကို တကယ် ချေမှုန်းနိုင်တာပဲ။ မင်းမသေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ အခု ငါတို့နှစ်ယောက်ကို အဲဒီနေရာကို ခေါ်သွားစမ်း"
လုမင်တို့ကို ရေထဲဆွဲနှစ်ရန် ကြိုးစားခဲ့သော လူငယ်က အေးစက်စက် ပြောလိုက်သည်။
"မင်း ခေါင်းချောင်နေတာလား"
လုမင် လှောင်ပြောင်လိုက်၏။
"မင်းဘာပြောလိုက်တာလဲ"
ထိုလူငယ်၏ မျက်လုံးများက အေးစက်သွားသည်။
"မင်းက ငါ့ကို ဒုက္ခရောက်အောင် အန္တရာယ်ထဲတောင် ဆွဲချခဲ့ဖူးတယ်။ အခုကျမှ မင်းကို ပြန်ပြီး ခေါ်သွားခိုင်းနေတာလား။ မင်း ခေါင်းချောင်နေတာလား"
လုမင် ဆက်ပြောလိုက်သည်။
"မင်းငါ့ကိုမခေါ်သွားရင် အခုသေရမယ်"
ပြောပြီးသည်နှင့် လူငယ် ခန္ဓာကိုယ်က အေးစက်သော သတ်ဖြတ်ချင်စိတ်တို့ ပြည့်သွားခဲ့သည်။
"ဟုတ်လား။ ဒါဆို... မင်းငရဲကိုသွားနိုင်ပြီ"
လုမင် ပြောပြီးသည်နှင့် လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။
ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေဖြင့် လုမင်၏ လက်သီးအင်အားက လူငယ်ထံ တိုးဝင်သွားတော့သည်။
"အတင့်ရဲလိုက်တာ၊ မင်း သေချင်...၊ အား...မဟုတ်ဘူး"
လူငယ်မှာ အော်ဟစ်သော်လည်း စကားမဆုံးခဲ့ပေ။ လုမင်၏ လက်သီးချက်က မယုံနိုင်လောက်အောင် ပြင်းထန်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
သူ အစွမ်းကုန်ပေါက်ကွဲပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ သို့သော်လည်း လုမင်၏ လက်သီးအင်အားက ဓားအလင်းကို ချေမှုန်းကာ သူ့အပေါ်သို့ ဆက်လက်ကျရောက်လာတော့သည်။
"ဖောင်း"
သူ့ခန္ဓာကိုယ်တစ်ဝက်လောက် ပေါက်ကွဲသွားသည်။
ထိုလူငယ်၏ တိုက်ခိုက်နိုင်စွမ်းက ရင်ဖုန်းထက် အားမနည်းသော်လည်း၊ ရင်ဖုန်းနှင့် တိုက်ခိုက်ခဲ့စဉ်တွင် လုမင်က ကစဉ့်ကလျား တာအိုနယ်မြေကို မသုံးခဲ့ပါ။ ယခုတော့ ကစဉ့်ကလျား တာအိုနယ်မြေကို သုံးလိုက်ပြီးနောက် ရိုးရိုးရှင်းရှင်း ချေမှုန်းပစ်ခဲ့ပြီ ဖြစ်သည်။
"ဝှစ်"
လုမင်က ထိုလူငယ်၏ ကျန်သော ခန္ဓာတစ်ခြမ်းကို ဖမ်းဆုပ်လိုက်သည်။
"ငါ့ကို ချမ်းသာပေးပါ..."
ထိုလူငယ်မှာ အသက်မသေသေးဘဲ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောင်းပန်လိုက်၏။
"အခုမှ တောင်းပန်ချင်ရင် နောက်ကျနေပြီ"
လုမင်က လူငယ်ကို တောထဲသို့ ပစ်ပေါက်လိုက်သည်။ ရုတ်တရက် တောအုပ်ထဲမှ ဓားသွားအမြီးပိုးကောင် အုပ်လိုက်ကြီး ပျံထွက်လာ၏။
"မဟုတ်ဘူး…"
လူငယ် အော်ဟစ်လိုက်သည်။ သို့သော်လည်း နောက်အခိုက်မှာတော့ ဓားသွားအမြီးပိုးကောင်များက သူ့ခန္ဓာကို သံဇကာပေါက်ဖြစ်အောင် ထိုးဖောက်လိုက်ကာ သေဆုံးသွားရတော့သည်။
"မင်းကို ထွက်သွားလို့ရတယ်လို့ ငါပြောလို့လား"
လုမင်က ခြေတစ်ချက်လှမ်းလိုက်လိုက်သည်နှင့် အလင်းတန်းတစ်ခုကဲ့သို့ ပြေးထွက်သွားသည်။
အခြားလူငယ်မှာ လုမင်၏ တိုက်ခိုက်မှုစွမ်းအားကို မြင်ရပြီးနောက် လိပ်ပြာလွင့်မတတ် ကြောက်သွားသည်။ ထို့ကြောင့် အသည်းအသန် ထွက်ပြေးသွားခြင်း ဖြစ်၏။
သို့သော်လည်း လုမင်၏ အရှိန်က အလွန်လျင်မြန်ပြီး အသက်ရှူချိန် အနည်းငယ်အတွင်း သူ့ကို ဖမ်းမိသွားခဲ့သည်။ ရလဒ်တော့ အထူးပြောရန် မလိုတော့ပေ။ လုမင်၏ လက်သီးတစ်ချက်ဖြင့် ထိုလူငယ်၏ ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲသွားသည်။ ယခင်နည်းအတိုင်း လုမင်က ပြင်းထန်စွာ ဒဏ်ရာရနေသော လူငယ်အား တောထဲသို့ ပစ်ချလိုက်ရာ မရှုမလှ သေဆုံးသွားတော့သည်။
ထို့နောက် လုမင် ရှေ့ဆက်သွားခဲ့သည်။
တောအုပ်ထဲမှ မရေမတွက်နိုင်သော ဓားသွားအမြီးပိုးကောင်တစ်အုပ် ပြေးထွက်လာပြီး လုမင်ကို တိုက်ခိုက်လိုက်၏။
"ဝှစ်"
လုမင်က သူ့ခန္ဓာကိုယ်ကို ကစဉ့်ကလျားတာအိုနယ်မြေဖြင့် ဖုံးအုပ်ပြီး လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုခဲ့သည်။ အစွန်းရောက်အမြန်နှုန်းဖြင့် ပြေးသွားသော သူ့ပုံရိပ်က လှံရှည်ကြီးတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပုံရ၏။
လုမင် ဖြတ်သွားသည့် နေရာတိုင်းမှ ဓားသွားအမြီးပိုးကောင်အားလုံး ပေါက်ကွဲသွားကြရသည်။ ထူထဲသော ဓားသွားအမြီးပိုးကောင်အုပ်ကြားတွင် လမ်းကြောင်းတစ်ခုပင် ပေါ်လာတော့သည်။
ဓားသွားအမြီး ပိုးကောင်များက လုမင်ကို အနည်းငယ်မျှ မတားဆီးနိုင်ခဲ့ပေ။
မကြာမီပင် လုမင်က ဓားမျှော်စင်အနီးသို့ ချဉ်းကပ်ခဲ့သည်။
တစ်ခုထူးဆန်းသည်မှာ၊ သူက ဓားမျှော်စင်အနီးသို့ ပြေးဝင်လာသည်နှင့် တပြိုင်နက် ဓားသွားအမြီးပိုးကောင်အားလုံး လိုက်ဖမ်းခြင်းမှ ရပ်တန့်သွားကာ နောက်ဆုတ်သွားခြင်း ဖြစ်ချေသည်။
"ဝုန်း"
"ချွမ်"
ဓားမျှော်စင်နှင့် မနီးမဝေးသို့ ရောက်လာသည်နှင့် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက် တိုက်ခိုက်နေကြပြီ။
"ထွက်သွား၊ အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီးက ငါ့အတွက်ပဲ"
"မင်းကများ အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီးကို လိုချင်နေတာလား။ အိပ်မက်မက်နေလိုက်"
"ဟာ၊ သေစမ်းကွာ"
ဒေါသတကြီး ကြိမ်းမောင်းသံ၊ တိုက်ခိုက်သံများက ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။ ထိုနေရာတွင် လူလေးယောက် တိုက်ခိုက်နေကြ၏။
ဤလူလေးယောက်၏ တိုက်ခိုက်နိုင်စွမ်းက အလွန် ကြောက်စရာကောင်းပြီး ရင်ဖုန်းထက်ပင် သန်မာသည်။
သူတို့က ဓားသွားအမြီးပိုးကောင်များကို ဖြတ်ကျော်ပြီး ဤနေရာအထိ ဖြတ်လာနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။
"အုပ်ချုပ်သူ တာအိုနယ်မြေ သစ်သီး"
လုမင် စိတ်လှုပ်ရှားသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သစ်သီးပင် သုံးပင်ကို တွေ့ရသည်။ သစ်ပင်တစ်ပင်စီတွင် အသီးတစ်လုံးစီ ရှိနေ၏။ အသီးတစ်လုံးစီကလည်း တဖျပ်ဖျပ် တောက်ပနေပြီး ၎င်းပတ်ပတ်လည်တွင် မဟာတာအို၏ အငွေ့အသက်များ ရစ်ပတ်နေလေသည်။
"ဒါက တကယ်ကို အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီးပဲ"
လုမင်၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။