← Chapters

အခန်း ၁၄၃၀

Vol. 96 Ch. 1430

အခန်း ၁၄၃၀

Vol. 96 Ch. 1430

အပိုင်း ( 1430 ) ဓားတာအို အမွေအနှစ်။

ရှေ့ကို မီတာအနည်းငယ် ပိုရောက်သွားသော လုမင်ကိုကြည့်ရင်း လော့ရှန်း၏ မျက်လုံးများက အရောင်လက်သွားသည်။ ဝမ့်ရှောင်ကတော့ ဒေါသတကြီးဖြစ်ပြီး အံကြိတ်ကာ ရှေ့သို့ ဆက်တိုးလိုက်၏။

"ဝှစ်၊ ဝှစ်"

ထိုစဉ် မျှော်စင်အောက်ခြေမှ လူရိပ်လေးခု ပြေးတက်လာသည်။ ၎င်းတို့က တာအိုနယ်မြေ ဧကရာဇ်သစ်သီးအတွက် လုမင်နှင့် တိုက်ပွဲဝင်ခဲ့သော လူငယ်လေးဦး ဖြစ်၏။

"ဒါက အမွေပဲ"

"ဓားတာအို အမွေအနှစ်"

ဓားသေးသေးလေးကိုမြင်တော့ လောဘအရိပ်အယောင်များ ပေါ်လာပြီး ချက်ချင်း ရှေ့ကိုတိုးလိုက်သည်။

သို့သော်လည်း ဓားအလင်းများ၏ ထိုးနှက်မှုကြောင့် သူတို့၏အမြန်နှုန်းမှာ ခရုထင်ပင် နှေးကွေးသွားတော့သည်။

'ဓားစွမ်းအားက ပိုပြီး အားကောင်းလာတယ်'

လုမင်၏ မျက်နှာက လေးနက်လာသည်။

ဓားနှင့် နီးကပ်လေလေ၊ ဖိအားနှင့် ဓားအလင်း စွမ်းအားများက အားကောင်းလေလေပင်။

ကစဉ့်ကလျားတာအိုနယ်မြေပေါ်ရှိ လှိုင်းဂယက်များက ပိုမို ပြင်းထန်လာခဲ့သည်။

"ဝုန်း"

လုမင်လည်း တာအိုနယ်မြေဖြင့် ကာကွယ်ပြီး ဓားအလင်းများကို ဖယ်ရှားရန် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို စတင် အသုံးပြုခဲ့သည်။

ဤနည်းလမ်းက အမှန်တကယ် အသုံးဝင်၏။ လုမင်၏ အရှိန်က ရုတ်တရက် တိုးလာတော့သည်။

ယင်းကိုမြင်တော့ လော့ရှန်းနှင့် ဝမ့်ရှောင်လည်း စတင် တိုက်ခိုက်လိုက်ကြသည်။ ဓားအလင်းများ ထုတ်ဖော်ပြီး ဓားအလင်းများကို တိုက်ခိုက်လိုက်၏။

သို့သော်လည်း သူတို့၏အရှိန်က လုမင်ထက် နိမ့်ကျနေသေးသည်။

ဓားအလင်းက သူတို့နှင့် မဝေးတော့ပါ။ ခဏအကြာတွင် လုမင်က အလင်းဓားနှင့် နီးကပ်နေပြီဖြစ်သည်။ သူက အလင်းဓားမှ တစ်မီတာအောက်သာ ကွာဝေးတော့၏။ ထိုနေရာတွင် သူ့လက်လှမ်းပြီး ဖမ်းယူနိုင်ပြီ ဖြစ်သည်။

ထိုအချိန်တွင်၊ ဓားအလင်းများ၏ စွမ်းအားကလည်း အံ့မခန်းအဆင့်သို့ ရောက်ရှိသွားနေပြီ။

'ဟင့်အင်း၊ မဟုတ်ဘူး'

ဝမ့်ရှောင် စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ လုမင်မှ အမွေကို သိမ်းယူတော့မည်ကို မြင်လိုက်ရတော့ အတော်ကလေး မနာလိုဖြစ်သွားမိ၏။

သူက ရှေ့ကိုဆက်တိုးရန် အစွမ်းကုန် ကြိုးစားသော်လည်း အလင်းဓားနှင့် နီးကပ်ရန် မဖြစ်နိုင်သေးပေ။

တစ်ဖက်တွင် လုမင်က သူ့လက်ကို ကစဉ့်ကလျားတာအိုနယ်မြေဖြင့် ဖုံးအုပ်ပြီး အလင်းဓားကို အောင်မြင်စွာ ဖမ်းဆုပ်လိုက်သည်။

"ဝမ်"

ထိုအချိန်တွင် အလင်းဓားက အနည်းငယ်တုန်ခါပြီး တောက်ပလာ၏။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခု ထွက်လာတော့သည်။

လုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ့လက်ဝါးပေါ်ရှိ ကစဉ့်ကလျားတာအိုနယ်မြေက သည်းမခံနိုင်တော့ဘဲ ပြိုကျလုနီးပါးဖြစ်နေပြီဟု သူ ခံစားမိ၏။

ကြောက်စရာကောင်းသော ဓားအလင်းက လုမင်၏ လက်ဝါးကိုဖြတ်ကာ ဆက်လက် တိုးဝင်လာတော့သည်။

"ဒုန်း"

ဓားအလင်း ထိမှန်ပြီးနောက် လုမင် အနောက်ကို ချက်ချင်း ဆုတ်သွားသည်။ သို့တိုင် သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် မီတာပေါင်းများစွာ လျှောထွက်သွားသေးသည်။

သူကျရှုံးခဲ့သည်။

အလင်းဓားက သူ့ကို အသိအမှတ်မပြုပေ။

သို့သော်လည်း လုမင်က မအံ့ဩဘဲ ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။

ဤနေရာမှ အမွေက ဓားတာအိုအမွေဖြစ်မှန်း သိသာသည်။ သူက ဓားတာအိုကို မလေ့ကျင့်သောကြောင့် အလင်းဓား၏ ငြင်းပယ်ခံရသည်မှာ ပုံမှန်ပင်။

သူက စမ်းကြည့်လိုက်ရုံသာ ဖြစ်သည်။

ဓားတာအိုအမွေကို မရနိုင်ခဲ့လျှင်ပင် လုမင်အတွက် ကောင်းမွန်သော ခရီးတစ်ခုဟု ဆိုနိုင်သေးသည်။

လုမင်အတွက် အလွန်အသုံးဝင်သော တာအိုနယ်မြေ ဧကရာဇ်သစ်သီးသုံးလုံးနှင့် ကောင်းကင်တာအိုကျောက် တစ်ရာကျော်ကို ရခဲ့သည်။

ထို့အပြင်၊ အလွန်‌တန်ဖိုးကြီးသော သူတော်စင်ရတနာ ဓားကိုလည်း ရရှိခဲ့၏။

"ဟားဟားဟား"

လုမင် ဆုတ်သွားရသည်ကိုမြင်တော့ ဝမ့်ရှောင်က ကျေနပ်အားရစွာဖြင့် ရယ်မောကာ ရှေ့သို့ဆက်လျှောက်သွားခဲ့သည်။

သူနှင့် လော့ရှန်းက အလင်းဓားအနီးကို အတူတူ ချဉ်းကပ်ခဲ့၏။

"လော့ရှန်း၊ မင်းကများ ငါနဲ့ပြိုင်ချင်တာလား။ အိပ်မက်မက်နေတာပဲ"

ဝမ့်ရှောင်၏ လက်ထဲတွင် ကြွက်လေးတစ်ကောင် ပေါ်လာသည်။

"ဓားကြွက်"

လော့ရှန်း၏ အမူအရာ ပြောင်းသွားသည်။

"သွား၊ သူ့ကိုတိုက်ခိုက်လိုက်"

ဝမ့်ရှောင်က လော့ရှန်းကို စိုက်ကြည့်လိုက်သည်။

"ကျွိ၊ ကျွိ..."

ကြွက်ကလေးက ကြောက်ရွံ့နေဟန်ဖြင့် အော်ဟစ်လိုက်၏။

"ဝမ့်ရှောင်၊ ဒီနေရာဟာ အစွမ်းထက်တဲ့ ဓားအလင်းတွေနဲ့ ပြည့်နေတာ။ ဓားကြွက်နဲ့ ငါ့ကိုတိုက်ခိုက်ခိုင်းတာက မင်း သူ့ကိုသေခိုင်းနေသလိုပဲ"

လော့ရှန်းက ပြောသည်။

"ဟမ့်၊ မြန်မြန် တိုက်ခိုက်စမ်း။ မဟုတ်ရင် ငါ မင်းကို အခုချက်ချင်း သတ်မယ်"

ဝမ့်ရှောင်က လော့ရှန်းကိုဂရုမစိုက်ဘဲ သတ်ဖြတ်ချင်စိတ်ဖြင့် ဓားကြွက်လေးကို စိုက်ကြည့်လိုက်၏။

"ကျွီ၊ ကျွိ..."

ဓားကြွက်ကလေးမှာ ကြောက်လန့်လွန်းသဖြင့် တကိုယ်လုံး တုန်လှုပ်သွားသည်။ သူ့မျက်လုံးတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လွင်လာသော်လည်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်တော့ သူက လော့ရှန်းကို တိုက်ခိုက်လာတော့သည်။

ယခုအချိန်တွင် လော့ရှန်း၏အခြေအနေက ဝမ့်ရှောင်နှင့် တူသည်။ သူဟာ ဓားအလင်းများကို အစွမ်းကုန် ခုခံနေရသောကြောင့် အခြားသူကိုတိုက်ခိုက်ရန် အာရုံမပြောင်းနိုင်တော့ပေ။

"ဝမ်"

ဓားကြွက်က လော့ရှန်း၏ အကာအကွယ်စွမ်းအင်နှင့် တာအိုနယ်မြေကို တိုက်ခိုက်လိုက်သည်။ လော့ရှန်း၏ခန္ဓာကိုယ်က တုန်လှုပ်သွား၏။

သို့သော်လည်း ထိုဓားကြွက်လေးမှာ အဆုံးမဲ့ဓားအလင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဓားအလင်းများအောက်တွင် ဓားကြွက်ကလေး ပြာဖြစ်သွားတော့သည်။

"ဟားဟားဟား၊ နောက်ဆုံးတော့ အခွင့်အရေးကို ငါ ဆုပ်ကိုင်နိုင်ပြီ"

ဝမ့်ရှောင်က ရယ်မောပြီး အလင်းဓားကို ဖမ်းဆုပ်လိုက်သည်။

"အမွေဥစ္စာက ငါ့ဥစ္စာပဲ"

ဝမ့်ရှောင်၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် ဝင်းဝင်းလက်လက် တောက်ပလာသည်။

လုမင်က ဓားတာအိုကျင့်ကြံသူ မဟုတ်သောကြောင့် အလင်းဓား၏ ခွင့်ပြုချက်ကို မရရှိခြင်းမှာ သဘာဝဖြစ်ကြောင်း သူမြင်သည်။

သို့ရာတွင်၊ သူကား ငယ်စဉ်ကတည်းက ဓားတာအိုကို လေ့ကျင့်ခဲ့သူဖြစ်ပြီး ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းတွင် ကျော်ကြားသော ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ အလင်းဓား၏ သဘောတူညီမှုကို သူ မည်သို့ မရရှိဘဲဖြစ်မည်နည်း။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

အလင်းဓားက တစ်ခဏမျှ တုန်လှုပ်သွားပြီး ပြင်းထန်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။ ဝမ့်ရှောင်လည်း လုမင်နည်းတူ လွင့်စဉ်သွားတော့သည်။

"မဟုတ်ဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဝမ့်ရှောင် မယုံနိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည်လည်း အလင်းဓားမှ ငြင်းပယ်ခံခဲ့ရ၏။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

"ဓားတာအိုကို လျှောက်လှမ်းသူဆိုတာ ရဲရင့်ရမယ်၊ ဇွဲလုံ့လရှိပြီး ပြတ်သားရမယ်။ ဒါ့အပြင် ထက်မြက်ပြီး သတ္တိရှိရှိ လုပ်ဆောင်သင့်တယ်။ ဒါပေမဲ့ မင်းက စက်ဆုပ်စရာကောင်းတဲ့သူပဲ။ ဝမ့်ရှောင်... မင်းက ဓားကိုသုံးဖို့ မထိုက်တန်ဘူး"

လော့ရှန်း၏ လျစ်လျူရှုသော အသံ ထွက်ပေါ်လာခဲ့သည်။

"ဒုန်း၊ ဒုန်း"

ထို့နောက်တွင်၊ လော့ရှန်းက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး အလင်းဓားရှေ့သို့ ရောက်ခဲ့သည်။ သူက အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ အလင်းဓားကို ဖမ်းဆုပ်လိုက်၏။

လော့ရှန်း ဆုပ်ကိုင်လာသောအခါ အလင်းဓားက ထူးထူးခြားခြား ငြိမ်သက်သွားသည်။ အစွမ်းထက်သော ဓားအလင်းများက တခဏချင်း ပျောက်ကွယ်သွား၏။ ဤအခိုက်တွင် အလင်းဓားက သိမ်မွေ့သော အိမ်မွေးတိရိစ္ဆာန်ကဲ့သို့ ဖြစ်နေတော့သည်။

"လော့ရှန်းက အလင်းဓားရဲ့ ခွင့်ပြုချက်ကို ရသွားပြီ"

လူငယ်တစ်ဦးက ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး၊ အမွေက ငါ့ဟာပဲ"

ဝမ့်ရှောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤအချက်ကို သူ လုံးဝ လက်မခံနိုင်ပေ။

"ဝမ်"

အလင်းဓားက တုန်လှုပ်သွားပြီး ဝမ့်ရှောင်ထံသို့ အားကောင်းသော ဓားအလင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် အလင်းဓားက လော့ရှန်း၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။

"ဝှစ်"

လော့ရှန်းလည်း ဓားမျှော်စင်မှ ခုန်ဆင်းကာ ပြေးထွက်သွားတော့သည်။

ထိုအချိန်တွင် ဓားမျှော်စင်ကြီး လှုပ်ခါလာသည်။

"သွားကြစို့"

လုမင်လည်း မျှော်စင်ပေါ်မှ ခုန်ချပြီး‌ ဓားမျှော်စင်ထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ ဝမ့်ရှောင်လည်း အခြားသူများနှင့်အတူ မျှော်စင်အတွင်းမှ ပြေးထွက်လာကြ၏။ သို့ရာတွင် သူ့မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေတော့သည်။

"ဝမ်"

ဓားမျှော်စင်က တုန်ခါသွားသည်။ ထို့နောက် သက်တန့်တံတားတစ်စင်း ထွက်ပေါ်လာ၏။ သက်တန့်တံတားက ကောင်းကင်ကိုဖြတ်၍ အဆုံးမဲ့ဟင်းလင်းပြင်သို့ ပြေးဝင်က အခြားသက်တန့်တံတားနှစ်စင်းနှင့် ချိတ်ဆက်လိုက်တော့သည်။

ထိုအချိန်တွင် ဓားအလင်းတစ်ခုက အဝေးသို့ ပျံသန်းသွားခဲ့သည်။ လော့ရှန်း ဖြစ်၏။ သူဟာ အမွေကို ယခုမှ ရရှိခဲ့ခြင်းဖြစ်ပြီး ချေဖျက်ရန် အချိန်လိုအပ်သည်။

"လော့ရှန်း၊ ဓားအမွေကို ဆက်ခံဖို့ စဥ်းတောင် မစဉ်းစားနဲ့"

ဝမ့်ရှောင်၏ မျက်လုံးများက အေးစက်စက်အလင်းများ တောက်ပလာ၏။ သူက ဓားအလင်းတစ်ခုကဲ့သို့ လော့ရှန်းနောက်ကို လိုက်သွားတော့သည်။

လုမင် ခေါင်းခါယမ်းလိုက်သည်။ ဝမ့်ရှန်းသည် အလွန် အမြင်ကျဉ်း၏။ ဓားတာအိုအမွေကို သူ မရနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပါ။ လော့ရှန်းနှင့်ယှဉ်လျှင် သူက သိသိသာသာ နိမ့်ကျသည်။

လုမင်လည်း ဤကိစ္စကို ဂရုမစိုက်တော့ဘဲ ထွက်ခဲ့လေသည်။

မကြာခင်မှာပဲ လုမင်ဟာ ဓားသွားအမြီးပိုးကောင် တောအုပ်ထဲမှ အမြန်ထွက်ပြီး သူလာခဲ့သောနေရာသို့ ပြန်ရောက်ခဲ့သည်။

ဤနေရာမှ ဓားတာအိုအမွေကို မရခဲ့သော်လည်း လုမင် သိပ်ပြီးဂရုမစိုက်ပေ။

သူ့တွင် နဝမနဂါးနှင့် ဟွင်းဧကရာဇ်၏ အမွေများ ရှိသည်။ နဝမနဂါးနှင့် ဟွင်းဧကရာဇ်က ကမ္ဘာပေါ်တွင် အထွတ်အထိပ် တန်ခိုးရှင်များ ဖြစ်၏။ မဟာဧကရာဇ်များကြားတွင်ပင် ၎င်းတို့က အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဤအမွေလေးများကို သူက လုံးဝ ဂရုမစိုက်ပါ။

အကယ်၍ ရခဲ့လျှင်ပင် လုမင်အတွက် သိပ်ပြီး အသုံးမဝင်နိုင်ပေ။

လုမင်က ကောင်းကင်တာအိုကျောက်ကဲ့သို့ ရတနာများကိုသာ ပို၍ လိုချင်သည်။ ထိုအရာများကမှ လုမင်အတွက် အလွန် အသုံးဝင်ပေသည်။

မကြာမီပင် ချိုးရင်ရင်၊ ချိုးဟောက်တို့နှင့် လုမင် ပြန်တွေ့ခဲ့သည်။

"လုမင်၊ အမွေက ဘယ်လိုလဲ"

ချိုးရင်ရင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

သက်တံတံတားကို မြင်လိုက်ရသောကြောင့် အမွေတစ်ခု မွေးဖွားလာပြီမှန်းသိသော်လည်း မည်သူ ရရှိသွားသလဲဆိုတာကို သိချင်မိလေသည်။

All Chapters